အာဗြဟံသည်အဘိမလက်၏ကျွန်တို့က အတင်းအဋ္ဌမ္မသိမ်းယူသောရေတွင်းအကြောင်း ကိုအဘိမလက်အားတိုင်ကြားလေ၏။-
သို့ဖြစ်၍အာဗြံ၏တိရစ္ဆာန်များကိုထိန်းကျောင်းသူများနှင့် လောတ၏တိရစ္ဆာန်များကိုထိန်းကျောင်းသူတို့အချင်းချင်းခိုက်ရန်ဖြစ်ပွားကြလေသည်။ (ထိုအချိန်၌ခါနာန်အမျိုးသားနှင့်ဖေရဇိအမျိုးသားတို့သည်လည်း ထိုပြည်တွင်နေထိုင်လျက်ရှိကြသေး၏။)
အာဗြဟံကလည်း``ထိုအတိုင်းငါကတိ သစ္စာဆိုပါ၏'' ဟုဆို၏။
ထိုအခါအဘိမလက်က``မည်သူဤသို့ ပြုလုပ်သည်ဟူ၍ငါမသိရ။ သင်ကငါ့ကို ယခင်ကမပြောသဖြင့် ဤကိစ္စအကြောင်း ကိုယခုမှငါသိရသည်'' ဟုဆိုလေ၏။-
ထိုအခါသူတို့က``ကျွန်ုပ်တို့ထိုသို့မပြု လုပ်နိုင်ပါ။ သိုးအုပ်အားလုံးဤအရပ်သို့ ရောက်ရှိ၍ကျောက်တုံးကိုရွှေ့ပြီးမှသိုးတို့ ကိုရေတိုက်ရပါသည်'' ဟုပြန်ဖြေကြ၏။
မိုက်သောသူသည် ဒဏ်ချက်တရာကို အမှုထား သည်ထက်၊ ပညာရှိသောသူသည် ဆုံးမသော စကားကို သာ၍ အမှုထားတတ်၏။
ထင်ရှားစွာဆုံးမ ပြစ်တင်ခြင်းသည် တိတ်ဆိတ် စွာ ချစ်ခြင်းထက် သာ၍ကောင်း၏။
``သင်၏ညီအစ်ကိုသည်သင့်ကိုပြစ်မှားလျှင်သူ့ အပြစ်ကိုဖော်ပြရန်သူ့ထံသို့သွားလော့။ သို့ရာ တွင်သင်တို့နှစ်ယောက်တည်းသာတွေ့ဆုံ၍ပြော ဆိုလော့။ သင်၏စကားကိုနားထောင်လျှင်ထို ညီအစ်ကိုနှင့်သင်သည်ပြန်၍သင့်မြတ်သွား လေပြီ။-
``ကျွန်မအားဖခင်ပေးထားသည့်မြေယာ သည်ခြောက်သွေ့သည့်အရပ်တွင်တည်ရှိပါ သည်။ သို့ဖြစ်၍ကျွန်မအားစမ်းရေတွင်းတို့ ကိုလည်းပေးစေချင်ပါသည်'' ဟုဆို၏။ ထို အခါကာလက်သည်သူ့အားအထက်စမ်း ရေတွင်းများနှင့်အောက်စမ်းရေတွင်းများ ကိုပေးလေသည်။