ကမ္ဘာဦး 20:6Common Language Bibleအိပ်မက်ထဲ၌ပင်ဘုရားသခင်က``သင်သည် စိတ်သဘောရိုးသားစွာဖြင့် ဤအမှုကိုကြံ စည်မိခြင်းဖြစ်ကြောင်းငါသိ၏။ သို့ဖြစ်၍သင် သည်ငါ့ကိုမပြစ်မှားမိစေခြင်းငှာ ထိုမိန်းမ ကိုလက်ရောက်မကူးလွန်ရန်ငါတားဆီးခဲ့ပြီ။- အခန်းကိုကြည့်ပါ။ |
ဤအိမ်တွင်သခင်၏သြဇာညောင်းရသကဲ့သို့ ကျွန်တော်၏သြဇာလည်းညောင်းရပါသည်။ သခင်သည်သခင်မမှလွဲလျှင်ကျွန်တော်၏ လက်သို့မအပ်သောအရာဟူ၍မရှိပါ။ သို့ ဖြစ်၍ကျွန်တော်သည်အဘယ်သို့လျှင် ဤမျှ ဆိုးယုတ်သောအမှုကိုပြု၍ဘုရားသခင် ကိုပြစ်မှားနိုင်ပါမည်နည်း'' ဟုပြောလေ၏။-
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားပြစ်မှား ပါပြီ။ ကိုယ်တော်ရှင်ကိုသာလျှင်ပြစ်မှားပါပြီ။ ကိုယ်တော်ရှင်၏ရှေ့တော်၌ဒုစရိုက်ကို ပြုပါပြီ။ သို့ဖြစ်၍ကျွန်တော်မျိုးအားကိုယ်တော်ရှင် တရားစီရင်တော်မူသည်မှာလျော်ကန်ပါ၏။ ကျွန်တော်မျိုးအားအပြစ်ဒဏ်ပေးတော်မူ သည်မှာ တရားပါ၏။
ရန်သူများကိုအရှင်ကိုယ်တိုင်သတ်ဖြတ်၍ လက် စားချေမှုကိုမပြုရန်ဆီးတားတော်မူသူမှာ ထာဝရဘုရားဖြစ်တော်မူပါ၏။ အရှင်၏ ရန်သူများသည်လည်းကောင်း၊ အရှင့်အားဘေး အန္တရာယ်ပြုလိုသူအပေါင်းတို့သည်လည်း ကောင်း နာဗလကဲ့သို့ပင်အပြစ်ဒဏ်စီရင် ခြင်းကိုခံရကြပါစေသောဟု အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ၍ကျွန်မကျိန်ဆိုပါ၏။-
ထာဝရဘုရားသည်သင့်အားဘေးအန္တရာယ် မပြုမိစေရန်လည်း ငါ့အားဆီးတားတော်မူ လေပြီ။ သို့ရာတွင်အကယ်၍သင်သည်ငါ့ထံ သို့အလျင်အမြန်မရောက်လာပါမူ နက်ဖြန် နံနက်မတိုင်မီနာဗလ၏လူအပေါင်းတို့အား ငါသတ်မိမည်ဖြစ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါကျိန် ဆို၏'' ဟုပြော၏။-