Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 20:1

Common Language Bible

အာ​ဗြ​ဟံ​သည်​မံ​ရေ​အ​ရပ်​မှ​ခါ​နာန်​ပြည်​တောင် ပိုင်း​သို့​ပြောင်း​ရွှေ့​ခဲ့​ပြီး​လျှင် ကာ​ဒေ​ရှ​မြို့​နှင့်​ရှု​ရ မြို့​စပ်​ကြား​ရှိ​အ​ရပ်​တွင်​နေ​ထိုင်​လေ​၏။ သူ​သည် ဂေ​ရာ​မြို့​၌​နေ​ထိုင်​စဉ်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ဇိ​ဒုန်​မြို့​မှ​တောင်​ဘက်​ရှိ​ဂါဇ​မြို့​အ​နီး​ဂေ​ရာ မြို့​သို့​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ရှိ​သောဒုံ​မြို့၊ ဂေါ မော​ရ​မြို့၊ အာ​ဒ​မာ​မြို့​နှင့်​လာ​ရှ​မြို့​အ​နီး ဇေ​ဘိုင်​မြို့​သို့​လည်း​ကောင်း​အ​နှံ့​အ​ပြား ရောက်​ရှိ​နေ​ထိုင်​ကြ​၏။-

ထို​မှ​တစ်​ဖန်​သူ​သည်​အ​ဆင့်​ဆင့်​ပြောင်း​ရွှေ့ လာ​ခဲ့​ရာ ခါ​နာန်​ပြည်​၏​တောင်​ပိုင်း​သို့​ရောက် ရှိ​လေ​သည်။

အာ​ဗြံ​ဇ​နီး​မောင်​နှံ​တို့​သည်​ပိုင်​သ​မျှ​ပစ္စည်း​တို့​ကို​ယူ​၍ အီ​ဂျစ်​ပြည်​မြောက်​ပိုင်း​မှ​ခါ​နာန်​ပြည်​တောင်​ပိုင်း​သို့​ထွက်​ခွာ​ခဲ့​သည်။ လော​တ​လည်း​လိုက်​ပါ​လာ​ခဲ့​လေ​သည်။-

ထို​နောက်​အ​ပြန်​ခ​ရီး​တွင်​ကာ​ဒေ​ရှ​မြို့(ထို​စဉ်​က အင်​မိ​ရှ​ပတ်​ဟု​တွင်​သည်) သို့​ရောက်​ပြီး​လျှင် အာ​မ​လက်​ပြည်​တစ်​ခု​လုံး​နှင့်​ဟာ​ဇ​ဇုန္တာ​မာ မြို့​၌​နေ​ထိုင်​ကြ​သော အာ​မော​ရိ​အ​မျိုး​သား တို့​ကို​တိုက်​ခိုက်​အောင်​မြင်​လေ​သည်။

အာ​ဗြံ​၏​မ​ယား​စာ​ရဲ​တွင်​သား​တစ်​ယောက်​မျှ မ​ထွန်း​ကား​ချေ။ စာ​ရဲ​၌​ဟာ​ဂ​ရ​အ​မည်​ရှိ သော​အီ​ဂျစ်​ပြည်​သူ​ကျွန်​မ​တစ်​ယောက်​ရှိ​၏။-

ထို​အ​ကြောင်း​ကြောင့်​ကာ​ဒေ​ရှ​မြို့​နှင့်​ဗေ​ရက် မြို့​စပ်​ကြား​ရှိ​ရေ​တွင်း​ကို``ငါ့​ကို​မြင်​တော်​မူ သည့်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင်​၏​ရေ​တွင်း'' ဟု​ခေါ်​တွင်​လေ​သည်။

ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ရှု​ရ​မြို့​သို့​သွား​ရာ​လမ်း၊ တော​ကန္တာ​ရ​ထဲ ရှိ​စမ်း​ရေ​တွင်း​အ​နီး​တွင်​ဟာ​ဂ​ရ​ကို​တွေ့ လျှင်၊-

ထာ​ဝ​ရ​ဘု​ရား​သည်​မံ​ရေ​ပိုင်​သော​သစ်​ပင်​များ ရှိ​ရာ​အ​ရပ်​တွင် အာ​ဗြ​ဟံ​အား​ကိုယ်​ထင်​ပြ တော်​မူ​၏။ နေ​အ​လွန်​ပူ​ပြင်း​သော​အ​ချိန်​၌ အာ​ဗြ​ဟံ​သည်​မိ​မိ​၏​တဲ​ဝ​မှာ​ထိုင်​နေ​စဉ်၊-

ထို​နောက်​အာ​ဗြ​ဟံ​သည်​ဖိလိတ္တိ​ပြည်​တွင် ကြာ​မြင့်​စွာ​နေ​ထိုင်​လေ​သည်။

ဣ​ဇာက်​သည်``ငါ့​ကို​မြင်​တော်​မူ​သည့်​အ​သက်​ရှင် တော်​မူ​သော​အ​ရှင်​၏​ရေ​တွင်း'' ဟူ​သော​နာ​မည် ရှိ​ရာ​တော​ကန္တာရ​သို့​ရောက်​လာ​၍ ခါ​နာန်​ပြည် တောင်​ပိုင်း​တွင်​နေ​ထိုင်​လျက်​ရှိ​၏။-

ဣ​ရှ​မေ​လ​၏​အ​ဆက်​အ​နွယ်​တို့​သည်​အီ​ဂျစ် ပြည်​အ​ရှေ့​ဘက်​အာ​ရှု​ရိ​ပြည်​သို့​သွား​ရာ​လမ်း တွင် ဟ​ဝိ​လ​မြို့​နှင့်​ရှု​ရ​မြို့​အ​ကြား​ရှိ​ဒေ​သ တွင်​နေ​ထိုင်​ကြ​သည်။ သူ​တို့​သည်​အာ​ဗြ​ဟံ​၏ အ​ခြား​သော​အ​ဆက်​အ​နွယ်​တို့​နှင့်​တ​သီး တ​ခြား​နေ​ထိုင်​ကြ​လေ​သည်။

ထို​ပြည်​တွင်​အာ​ဗြ​ဟံ​လက်​ထက်​က​ကဲ့​သို့ အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ဆိုက်​ရောက်​လာ​ရာ ဣ​ဇာက်​သည်​ဖိ​လိတ္တိ​ဘု​ရင်​အ​ဘိ​မ​လက် နန်း​စိုက်​ရာ​ဂေ​ရာ​မြို့​သို့​သွား​လေ​၏။-

ဂေ​ရာ​မြို့​မှ​သိုး​ထိန်း​တို့​က``ဤ​ရေ​တွင်း​ကို ကျွန်ုပ်​တို့​ပိုင်​သည်'' ဟု​ဆို​၍​ဣ​ဇာက်​၏​သိုး​ထိန်း တို့​နှင့်​အ​ငြင်း​ပွား​ကြ​၏။ ထို့​ကြောင့်​ဣ​ဇာက်​က ထို​ရေ​တွင်း​ကို``အ​ငြင်း​အ​ပွား'' နာ​မည်​ဖြင့် မှည့်​ခေါ်​လေ​၏။

အ​ဘိ​မ​လက်​ဘု​ရင်​သည်​အ​တိုင်​ပင်​ခံ​အ​ဟု ဇတ်​နှင့်​ဗိုလ်​ချုပ်​ဖိ​ကော​လ​တို့​လိုက်​ပါ​လျက် ဂေ​ရာ​မြို့​မှ​ဣ​ဇာက်​ထံ​သို့​ရောက်​ရှိ​လာ​ကြ ၏။-

ထို့​ကြောင့်​ဣ​ဇာက်​သည်​ဂေ​ရာ​မြို့​မှာ​နေ​ထိုင်​လေ​၏။-

ကိုယ်​တော်​၏​အ​သံ​တော်​သည်​တော​ကန္တာ​ရ​ကို တုန်​လှုပ်​စေ​တော်​မူ​၏။ ကိုယ်​တော်​သည်​ကာ​ဒေ​ရှ​တော​ကန္တာ​ရ​ကို တုန်​လှုပ်​စေ​တော်​မူ​၏။

ထို​နောက်​မော​ရှေ​သည်​ဣသ​ရေ​လ​အ​မျိုး​သား တို့​ကို ပင်​လယ်​နီ​မှ​ရှု​ရ​ဟု​ခေါ်​သော​တော ကန္တာ​ရ​သို့​ခေါ်​ဆောင်​သွား​လေ​၏။ သူ​တို့​သည် တော​ကန္တာ​ရ​ထဲ​တွင်​သုံး​ရက်​ခ​ရီး​သွား​ခဲ့ ရ​သော်​လည်း​လမ်း​တွင်​ရေ​ကို​မ​တွေ့​ရ။-

မော​ရှေ၊ အာ​ရုန်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​စ​ခန်း​ချ​ရာ​ပါ​ရန် တော​ကန္တာ​ရ ရှိ​ကာ​ဒေ​ရှ​စ​ခန်း​သို့​ပြန်​လာ​ကြ​လေ​သည်။ သူ​တို့​သည်​ထို​ပြည်​၌​တွေ့​မြင်​ခဲ့​သ​မျှ​ကို ပြန်​ကြား​၍ သူ​တို့​ယူ​ဆောင်​ခဲ့​သော​သစ်​သီး များ​ကို​ပြ​ကြ​၏။-

အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​အ​ကူ အ​ညီ​တောင်း​ခံ​လျှောက်​ထား​သော​အ​ခါ ကိုယ် တော်​သည်​နား​ညောင်း​တော်​မူ​၍​ကောင်း​ကင် တ​မန်​ကို​စေ​လွှတ်​လျက် ကျွန်ုပ်​တို့​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​၏။ ယ​ခု​အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​၏​နယ်​စပ်​တွင်​တည်​ရှိ သော​ကာ​ဒေ​ရှ​မြို့​သို့​ရောက်​ရှိ​နေ​ပါ​သည်။-

``ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း ငါ​တို့​လိုက်​နာ​ကြ​၏။ ငါ​တို့​သည်​သိ​နာ​တောင်​မှ​ထွက်​ခွာ​ခဲ့​ပြီး နောက် အ​ပြော​ကျယ်​၍​ကြောက်​မက်​ဖွယ်​ကောင်း သော​တော​ကန္တာ​ရ​ကို​ဖြတ်​သန်း​လျက် တောင် ထူ​ထပ်​သော​အာ​မော​ရိ​ပြည်​သို့​ဦး​တည် ခ​ရီး​ပြု​ခဲ့​ကြ​၏။ ငါ​တို့​သည်​ကာ​ဒေ​ရှ ဗာ​နာ​အ​ရပ်​သို့​ရောက်​သော​အ​ခါ၊-

အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​နှစ်​ဦး​စ​လုံး သည် ဇိ​န​တော​ကန္တာ​ရ​ရှိ​ကာ​ဒေ​ရှ​မြို့​အ​နီး မေ​ရိ​ဘ​စမ်း​သို့​ရောက်​စဉ်​အ​ခါ​က ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ရှေ့​တွင် ငါ့​အား​မ​ရို မ​သေ​ပြု​ကြ​သော​ကြောင့်​ဖြစ်​၏။-

ရှော​လု​သည်​ဟ​ဝိ​လ​မြို့​မှ​အီ​ဂျစ်​ပြည်​၏ အ​ရှေ့​ဘက်​၌​ရှိ​သော ရှု​ရ​မြို့​တိုင်​အောင်​အာ မ​လက်​အ​မျိုး​သား​တို့​အား​လိုက်​လံ​တိုက် ခိုက်​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ