လူသည်တိရစ္ဆာန်နှင့်ငှက်အားလုံးတို့အားနာ မည်မှည့်ခေါ်သော်လည်း ၎င်းတို့အနက်မှလူ ကိုကူညီရန်သင့်တော်သောအဖော်မပေါ် မရှိ။
ထိုနောက်ထာဝရအရှင်ဘုရားသခင်က``လူ သည်တစ်ယောက်တည်းနေထိုင်ရန်မသင့်။ သူ့ အားကူညီရန် သင့်တော်သောအဖော်ကိုငါ ဖန်ဆင်းပေးမည်'' ဟုမိန့်တော်မူ၏။-
ထို့ကြောင့်ထာဝရအရှင်ဘုရားသခင်သည် လူကိုနှစ်ခြိုက်စွာအိပ်မောကျစေတော်မူ၏။ အိပ်နေစဉ်နံရိုးတစ်ချောင်းကိုထုတ်ယူပြီး လျှင် အသားကိုပြန်၍ပိတ်တော်မူ၏။-
ကိုယ်တော်ဖန်ဆင်းတော်မူသောသိုး၊နွား၊ တောတိရစ္ဆာန်၊ငှက်၊ငါးနှင့် ပင်လယ်ရေသတ္တဝါတို့ကိုအုပ်စိုးခွင့်ပေးတော် မူ၏။