Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 19:7

Common Language Bible

အ​ဆွေ​တို့၊ ဤ​ကဲ့​သို့​ယုတ်​မာ​သော​အ​မှု​ကို​မ​ပြု​ရန် တောင်း​ပန်​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဧည့်​သည်​များ​အိပ်​ရာ​မ​ဝင်​မီ​ယောကျာ်း​အ​ကြီး​အ​ငယ်​အ​ပါ​အ​ဝင် သော​ဒုံ​မြို့​သား​အ​ပေါင်း​တို့​သည်​လော​တ​၏​အိမ်​ကို​ဝိုင်း​ထား​ကြ​၏။-

လော​တ​က​အိမ်​အ​ပြင်​သို့​ထွက်​၍ တံ​ခါး​ကို​ပိတ်​လျက်၊-

ကျွန်ုပ်​၌​အ​ပျို​စင်​သ​မီး​နှစ်​ယောက်​ရှိ​ပါ​၏။ ထို​သ​မီး​တို့​ကို​သင်​တို့​ပြု​လို​သ​မျှ​အ​တိုင်း​ပြု​နိုင်​ရန် ထုတ်​ပေး​ပါ​မည်။ ဤ​သူ​တို့​ကို​ကား​ချမ်း​သာ​ပေး​ကြ​ပါ။ သူ​တို့​သည်​အ​ကျွန်ုပ်​၏​ဧည့်​သည်​ဖြစ်​၍ သူ​တို့​အား​စောင့်​ရှောက်​ရန်​အ​ကျွန်ုပ်​မှာ​တာ​ဝန်​ရှိ​ပါ​သည်'' ဟု​တောင်း​ပန်​လေ​၏။

ယောကျာ်း​ခြင်း​ကာ​မ​စပ်​ယှက်​ခြင်းမ​ပြု​ရ။ ဘု​ရား​သ​ခင်​သည်​ထို​အ​ကျင့်​ကို​စက်​ဆုပ် ရွံ​ရှာ​တော်​မူ​၏။-

ယောကျာ်း​ချင်း​ကာ​မ​ဆက်​ဆံ​သူ​တို့​သည်​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​ကို​ပြု​လုပ်​သ​ဖြင့် နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​တို့​သည်​သေ​ထိုက်​သော​အ​ပြစ်​ကို​ကူး​လွန်​ကြ​၏။-

ကိုယ်​တော်​သည်​ဦး​စွာ​ပ​ထ​မ​လူ​တစ်​ယောက် ကို​ဖန်​ဆင်း​တော်​မူ​၍ ထို​လူ​မှ​လူ​မျိုး​တ​ကာ တို့​အား​ဆင်း​သက်​လာ​စေ​ပြီး​လျှင်​ကမ္ဘာ​အ​ရပ် ရပ်​တွင်​နေ​ထိုင်​စေ​တော်​မူ​၏။ ထို​လူ​မျိုး​အ​သီး သီး​တို့​သက်​ရှင်​နေ​ထိုင်​ရာ​အ​ချိန်​ကာ​လ​နှင့် ဒေ​သ​များ​ကို​ကြို​တင်​ပိုင်း​ခြား​သတ်​မှတ်​ပေး တော်​မူ​၏။-

ထို​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင်​သည်​ထို​သူ တို့​အား မိ​မိ​တို့​၏​ကိ​လေ​သာ​စိတ်​ဆွဲ​ဆောင်​ရာ သို့​လိုက်​ပါ​စေ​ရန်​လည်း​ကောင်း၊ အ​ချင်း​ချင်း အား​ကိုယ်​ခန္ဓာ​အ​သ​ရေ​ပျက်​စေ​ရန်​လည်း ကောင်း​စွန့်​ပစ်​၍​ထား​တော်​မူ​၏။-

``ဣ​သ​ရေ​လ​လူ​မျိုး​ထဲ​မှ​ယောကျာ်း​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ​ကိုး​ကွယ်​ရာ​ဌာ​န​ဆိုင်​ရာ ပြည့်​တန်​ဆာ​အ​လုပ်​ကို​မ​လုပ်​ရ။-

သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကို​လည်း ကောင်း၊ ထို​မြို့​များ​၏​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ ကို​လည်း​ကောင်း​သ​တိ​ရ​ကြ​လော့။ ထို​မြို့ တို့​မှ​မြို့​သူ​မြို့​သား​တို့​သည်​အ​ဆို​ပါ ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့ ကာ​မ​ဂုဏ် လိုက်​စား​၍​သ​ဘာ​ဝ​နှင့်​ဆန့်​ကျင်​သည့် အ​ပျော်​အ​ပါး​ကို​လိုက်​စား​ခဲ့​ကြ​၏။ လူ အ​ပေါင်း​တို့​အား​ရှင်း​လင်း​ပြတ်​သား​စွာ သ​တိ​ပေး​သည့်​အ​နေ​ဖြင့် သူ​တို့​သည် ထာ​ဝ​ရ​တောက်​လောင်​သော​မီး​တွင်​အ​ပြစ် ဒဏ်​ကို​ခံ​ရ​ကြ​သည်။

သို့​ရာ​တွင်​အ​ဖိုး​အို​သည်​အိမ်​ပြင်​သို့​ထွက် ၍``မိတ်​ဆွေ​တို့၊ ကျေး​ဇူး​ပြု​၍​ဤ​သို့​ဆိုး​ညစ် ဟော့​ရမ်း​သည့်​အ​မှု​ကို​မ​ပြု​ကြ​ပါ​နှင့်။ ဤ သူ​သည်​ငါ​၏​ဧည့်​သည်​ဖြစ်​ပါ​သည်။-

ထို​အ​ခါ​၌​ဧ​ဗက်​၏​သား​ဂါ​လ​သည်​မိ​မိ​ညီ အစ်​ကို​များ​နှင့်​အ​တူ ရှေ​ခင်​မြို့​သို့​ရောက်​ရှိ​လာ ၏။ ရှေ​ခင်​မြို့​သား​တို့​က​လည်း​သူ့​အား​ယုံ​ကြည် အား​ကိုး​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ