ကမ္ဘာဦး 19:5Common Language Bibleသူတို့သည်လောတကိုဟစ်ခေါ်လျက်``သင့်ထံ၌ဤညတည်းခိုရန်ရောက်ရှိလာသူများအဘယ်မှာနည်း။ သူတို့ကိုထုတ်ပေးပါ'' ဟုတောင်းဆိုကြလေသည်။ သောဒုံမြို့သားတို့က ထိုဧည့်သည်တို့နှင့်ကာမစပ်ယှက်လိုကြ၏။ အခန်းကိုကြည့်ပါ။ |
အဆိုးရွားဆုံးအပြုအမူမှာ ရုပ်တုကိုးကွယ် ဝတ်ပြုရာဌာနများတွင်ပြည့်တန်ဆာအလုပ် ကိုအမျိုးသား၊ အမျိုးသမီးများလုပ်ကိုင် ကြခြင်းပင်ဖြစ်၏။ ပြည်တော်သို့ဣသရေလ အမျိုးသားတို့ချီတက်ဝင်ရောက်လာချိန်၌ ထာဝရဘုရားနှင်ထုတ်တော်မူလိုက်သော ပြည်သူပြည်သားတို့ပြုကျင့်ခဲ့သည့်စက် ဆုပ်ရွံရှာဖွယ်ရာအလေ့ဟူသမျှကို ယုဒ ပြည်သူတို့သည်ပြုကျင့်ကြကုန်၏။
သူတို့၏မျက်နှာအမူအရာကသူတို့တွင် အပြစ်ရှိကြောင်းဖော်ပြသက်သေခံလျက် ရှိပေသည်။ သောဒုံမြို့မှလူများကဲ့သို့သူ တို့သည်အပြစ်ကိုပေါ်လွင်ထင်ရှားစွာပြု ကြ၏။ သူတို့သည်အမင်္ဂလာရှိကြ၏။ မိမိ တို့ပျက်စီးရာပျက်စီးကြောင်းကိုသူတို့ ကိုယ်တိုင်ပင်ဖန်တီးပေးကြလေပြီ။
သူတို့သည်စက်ဆုတ်သည့်အမှုတို့ကိုပြုကျင့် သည့်အတွက်ရှက်ကြပါသလော။ အလျှင်း မရှက်ကြ။ ရှက်သွေးရောင်ပင်မသန်းကြ။ သို့ ဖြစ်၍သူတို့သည်အခြားသူများနည်းတူ ပြိုလဲရကြလိမ့်မည်။ ငါအပြစ်ဒဏ်ခတ်သော အခါသူတို့သည်ဆုံးခန်းသို့ရောက်ကြလိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
``ရှမာရိမြို့သည်သင်ပြုခဲ့သည့်ဒုစရိုက်၏ ထက်ဝက်ကိုပင်မပြု။ သင်သည်သူပြုသမျှ သောအမှုအပေါင်းတို့ထက် ပို၍စက်ဆုပ်ဖွယ် ကောင်းသည့်အမှုကိုပြုလေပြီ။ သင်သည်စက် ဆုပ်ရွံရှာဖွယ်ကောင်းလှသဖြင့် သင့်ညီအစ်မ တို့ကားသင်နှင့်စာသော်အပြစ်မဲ့သူများဟု ပင်ထင်မှတ်ရ၏။-
အကျင့်စာရိတ္တပျက်ပြားသူများ၊ လိင်တူ ချင်းကာမဆက်ဆံတတ်သူများ၊ ပြန်ပေး ဆွဲသူများ၊ လိမ်လည်ပြောဆိုတတ်သူများ၊ မမှန်သောသက်သေကိုခံတတ်သူများနှင့် မှန်ကန်သောအယူဝါဒနှင့် ဆန့်ကျင်၍ပြု လုပ်တတ်သူများအတွက်သာလျှင် ပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်းငါတို့သိမှတ်ရကြ ပေမည်။-
သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုလည်း ကောင်း၊ ထိုမြို့များ၏ပတ်ဝန်းကျင်ရှိမြို့များ ကိုလည်းကောင်းသတိရကြလော့။ ထိုမြို့ တို့မှမြို့သူမြို့သားတို့သည်အဆိုပါ ကောင်းကင်တမန်များကဲ့သို့ ကာမဂုဏ် လိုက်စား၍သဘာဝနှင့်ဆန့်ကျင်သည့် အပျော်အပါးကိုလိုက်စားခဲ့ကြ၏။ လူ အပေါင်းတို့အားရှင်းလင်းပြတ်သားစွာ သတိပေးသည့်အနေဖြင့် သူတို့သည် ထာဝရတောက်လောင်သောမီးတွင်အပြစ် ဒဏ်ကိုခံရကြသည်။