Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 18:8

Common Language Bible

ထို​နောက်​မ​လိုင်၊ နို့​နှင့်​အ​မဲ​ဟင်း​တို့​ကို​ဧည့်​သည် များ​ရှေ့​၌​တည်​ခင်း​သည်။ သူ​ကိုယ်​တိုင်​ထို​သူ​တို့ အား​သစ်​ပင်​အောက်​တွင်​ဧည့်​ခံ​ကျွေး​မွေး​သ​ဖြင့် သူ​တို့​သည်​စား​သုံး​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​သည်​နွား​အုပ်​ရှိ​ရာ​သို့​ပြေး​ပြီး​လျှင် ဆူ​ဖြိုး​နု​နယ်​သော​နွား​က​လေး​တစ်​ကောင်​ကို ရွေး​လျက် ကျွန်​တစ်​ဦး​၏​လက်​သို့​အပ်​၍​ဟင်း လျာ​ကို​အ​လျင်​အ​မြန်​ပြင်​ဆင်​စေ​၏။-

သူ​တို့​က``သင်​၏​မ​ယား​စာ​ရာ​အ​ဘယ်​မှာ​ရှိ သ​နည်း'' ဟု​မေး​၏။ အာ​ဗြ​ဟံ​က``တဲ​ထဲ​မှာ​ရှိ​ပါ​သည်'' ဟု​ပြန် ဖြေ​၏။

ဧည့်​သည်​နှစ်​ဦး​တို့​သည်​လော​တ​အ​ဖန်​တ​လဲ​လဲ​ခေါ်​ဖိတ်​ခြင်း​ကြောင့် သူ​၏​အိမ်​သို့​လိုက်​လာ​ကြ​၏။ လော​တ​သည်​သူ​၏​အ​စေ​ခံ​တို့​အား​မုန့်​ဖုတ်​စေ​၍ စား​ဖွယ်​ကောင်း​များ​ကို​ပြင်​ဆင်​စေ​၏။ ထို့​နောက်​ဧည့်​သည်​တို့​သည်​သုံး​ဆောင်​ကြ​၏။

ထို​ကာ​လ​၌​နှစ်​စဉ်​အ​သီး​အ​နှံ​ဦး​များ​နှင့်​အ​ဦး​မှည့်​သည့်​သစ်​သီး​များ​၏​ဆယ်​ဖို့​တစ်​ဖို့​နှင့်​အ​ခြား​အ​လှူ​များ​ထား​ရှိ​ရာ​ပစ္စည်း​သို​လှောင်​ခန်း​များ​အ​တွက်​တာ​ဝန်​ခံ​ပစ္စည်း​ထိန်း​တို့​ကို​ခန့်​ထား​ကြ​၏။ ဤ​သူ​တို့​သည်​ပ​ညတ်​ကျမ်း​တွင်​ပြ​ဋ္ဌာန်း​ထား​သည့်​အ​တိုင်း ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​တွက်​အ​လှူ​များ​ကို​မြို့​ရွာ​များ​အ​နီး​ရှိ​လယ်​ယာ​အ​သီး​သီး​မှ​ကောက်​ခံ​ရန်​တာ​ဝန်​ယူ​ကြ​ရ​လေ​သည်။ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် သန့်​စင်​မှု​မင်္ဂ​လာ​နှင့်​အ​ခြား​ဘု​ရား​သ​ခင်​မိန့်​မှာ​တော်​မူ​သည့်​အ​ခြား​ဘာ​သာ​ရေး​ဝတ်​များ​ကို​လည်း​ပြု​ကြ​သည်​ဖြစ်​၍ ယု​ဒ​ပြည်​သူ​များ​သည်​အား​ရ​ဝမ်း​မြောက်​ကြ​၏။ ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ​နှင့်​အ​စောင့်​တပ်​သား​များ​က​လည်း ဒါ​ဝိဒ်​မင်း​နှင့်​သား​တော်​ရှော​လ​မုန်​စီ​ရင်​တော်​မူ​ခဲ့​သည့်​အ​တိုင်း မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​ကြ​လေ​သည်။

ထို​သူ​ငယ်​သည်​အ​ရွယ်​ရောက်​၍​စဉ်း​စား ဆုံး​ဖြတ်​တတ်​ချိန်​ရောက်​သည့်​အ​ခါ နို့​နှင့် ပျား​ရည်​ကို​သာ​စား​သုံး​လိမ့်​မည်။-

သူ​သည်​မိ​မိ​စား​သုံး​ရန်​လို​သ​မျှ​သော​နို့ များ​ကို​ရ​ရှိ​လိမ့်​မည်။ ထို​ပြည်​တွင်​မ​သေ​ဘဲ ကျန်​ရစ်​သ​မျှ​သော​လူ​တို့​သည်​နို့​နှင့်​ပျား ရည်​ကို​စား​သုံး​ရ​ကြ​လိမ့်​မည်။

အ​စေ​ခံ​တို့​စောင့်​မျှော်​နေ​ကြ​သည်​ကို သ​ခင် ပြန်​ရောက်​ချိန်​၌​တွေ့​ရှိ​ရ​၏။ ထို​အ​စေ​ခံ​တို့ သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​အား​အ​မှန် အ​ကန်​ငါ​ဆို​သည်​ကား သ​ခင်​သည်​ထို အ​စေ​ခံ​တို့​ကို​ဧည့်​သည်​များ​အ​ဖြစ်​စား ပွဲ​တွင်​ထိုင်​စေ​လျက် မိ​မိ​ကိုယ်​တိုင်​ခါး​ကို စည်း​ကာ​ဧည့်​ခံ​ကျွေး​မွေး​လိမ့်​မည်။-

ထို​သို့​ဆို​မည့်​အ​စား `ငါ​၏​အ​တွက်​ည​စာ​ကို ပြင်​လော့။ ငါ​စား​သောက်​စဉ်​ခါး​ကို​စည်း​၍​ငါ့ အား​လုပ်​ကျွေး​လော့။ ပြီး​မှ​သင်​စား​သောက်​လော့' ဟူ​၍​သာ​ဆို​မည်​မ​ဟုတ်​လော။-

စား​ပွဲ​တွင်​သူ​တို့​နှင့်​အ​တူ​ထိုင်​တော်​မူ​လျက် မုန့်​ကို​ယူ​၍​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော် မူ​၏။ ထို​နောက်​မုန့်​ကို​ဖဲ့​၍​သူ​တို့​အား​ပေး တော်​မူ​၏။-

ကိုယ်​တော်​သည်​ယူ​၍​သူ​တို့​၏​ရှေ့​တွင်​သုံး​ဆောင် တော်​မူ​၏။

ကိုယ်​တော်​အား​ည​စာ​ဖြင့်​ဧည့်​ခံ​ရာ​၌​မာ​သ​က ဧည့်​ဝတ်​ကို​ပြု​၏။ ကိုယ်​တော်​နှင့်​အ​တူ​စား​ပွဲ​တွင် ထိုင်​ကြ​သူ​များ​အ​ထဲ​တွင်​လာ​ဇ​ရု​လည်း​ပါ​၏။-

လူ​တိုင်း​ကိုယ်​တော်​ကို​ဖူး​မြင်​ခွင့်​ရ​ကြ​သည် မ​ဟုတ်။ အ​သိ​သက်​သေ​များ​အ​ဖြစ်​ဖြင့်​ဘု​ရား သ​ခင်​ကြို​တင်​ရွေး​ချယ်​ထား​သူ​ငါ​တို့​သာ လျှင်​ဖူး​မြင်​ရ​ကြ​၏။ ငါ​တို့​သည်​ကိုယ်​တော် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီး​နောက် ကိုယ်​တော်​နှင့်​အ​တူ​စား​သောက်​ခဲ့​သူ​များ​ဖြစ် ကြ​၏။-

ညီ​အစ်​ကို​တို့၊ လွတ်​လပ်​မှု​ရ​စေ​ရန်​ဘု​ရား​သ​ခင် သည်​သင်​တို့​ကို​ရွေး​ကောက်​တော်​မူ​ပေ​သည်။ သို့ ရာ​တွင်​လွတ်​လပ်​မှု​ကို​အ​ကြောင်း​ပြ​၍ လူ့​ဇာ​တိ အ​လို​သို့​မ​လိုက်​ကြ​ဘဲ​မေတ္တာ​ဖြင့်​အ​ချင်း ချင်း​ကျေး​ဇူး​ပြု​ကြ​လော့။-

သူ​တို့​၏​ဆိတ်​များ​နွား​များ​မှ​နို့​လှိုင်​လှိုင် ထွက်​၏။ မျိုး​အ​ကောင်း​ဆုံး​သိုး​ဆိတ်​နွား​များ​ကို​ပိုင်​၍ မျိုး​အ​သန့်​ဆုံး​ဂျုံ​နှင့်​အ​ကောင်း​ဆုံး​စ​ပျစ် ရည်​ကို စား​သုံး​ရ​ကြ​၏။

နား​ထောင်​လော့။ ငါ​သည်​တံ​ခါး​ရှေ့​တွင်​ရပ်​၍ တံ​ခါး​ခေါက်​လျက်​နေ​၏။ ငါ​၏​အ​သံ​ကို​ကြား ၍​တံ​ခါး​ကို​ဖွင့်​သော​သူ​၏​အိမ်​သို့​ငါ​ဝင်​ပြီး လျှင်​သူ​နှင့်​အ​တူ​စား​သောက်​မည်။ သူ​သည် လည်း​ငါ​နှင့်​အ​တူ​စား​သောက်​ရ​လိမ့်​မည်။-

မာ​နော်​သည်​ထို​သူ​မှာ​ကောင်း​ကင်​တ​မန်​ဖြစ် ကြောင်း​ကို​မ​သိ​သ​ဖြင့်​သူ့​အား``ကျေး​ဇူး​ပြု ၍​မ​သွား​ပါ​နှင့်​ဦး။ သင့်​အ​တွက်​ဆိတ်​ငယ် တစ်​ကောင်​ကို​အ​ကျွန်ုပ်​တို့​ချက်​ပြုတ်​ပါ​ရ စေ'' ဟု​ဆို​၏။ သို့​သော်​ကောင်း​ကင်​တ​မန်​က``အ​ကယ်​၍​ငါ သည်​မ​သွား​ဘဲ​နေ​လျှင်​လည်း သင်​၏​အ​စား အ​စာ​ကို​စား​လိမ့်​မည်​မ​ဟုတ်။ အ​ကယ်​၍​ထို အ​စား​အ​စာ​တို့​ကို​သင်​ပြင်​ဆင်​လို​သည် ဆို​ပါ​မူ ယင်း​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လော့'' ဟု ဆို​လေ​သည်။

သိ​သ​ရ​သည်​ရေ​ကို​တောင်း​သော်​လည်း​ယေ​လ​က နို့​ကို​ပေး​၏။ လှ​ပ​သော​ခွက်​ဖ​လား​ဖြင့်​နို့​ကို​ပေး​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ