ကမ္ဘာဦး 18:23Common Language Bibleအာဗြဟံသည်ထာဝရဘုရားထံချဉ်းကပ် ၍``ကိုယ်တော်သည်အပြစ်မဲ့သူတို့ကို အပြစ် ရှိသူတို့နှင့်အတူအမှန်ပင်သေကြေပျက်စီး စေတော်မူမည်လော။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည်အပြစ်မဲ့သူများကို အပြစ်ရှိ သူတို့နှင့်ရော၍သုတ်သင်ပစ်မည်လော။ ထိုသို့ မဖြစ်နိုင်ပါ။ ကိုယ်တော်သည်ထိုသို့မပြုနိုင် ပါ။ ကိုယ်တော်သည်ထိုသို့ပြုလျှင် အပြစ်မဲ့သူ တို့သည်အပြစ်ရှိသူတို့နှင့်အတူဒဏ်ခံရ ကြပါမည်။ ထိုသို့မဖြစ်ပါစေနှင့်။ ကမ္ဘာမြေ ကြီးတစ်ခုလုံးကိုတရားစီရင်သောအရှင် သည် တရားမျှတစွာစီရင်တော်မူမည်မဟုတ် ပါလော'' ဟုလျှောက်လေ၏။
လူတို့အားဒဏ်ခတ်သောကောင်းကင်တမန် ကိုဒါဝိဒ်မြင်သောအခါ``အပြစ်ရှိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ ဒုစရိုက်ပြုမိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ ဤသူတို့သည်အဘယ် ပြစ်မှုကိုပြုမိကြပါသနည်း။ ကိုယ်တော် ရှင်သည်အကျွန်ုပ်နှင့်အိမ်ထောင်စုကိုသာ အပြစ်ပေးတော်မူသင့်ပါ၏'' ဟုထာဝရ ဘုရားအားလျှောက်၏။
သူတို့ကိုအုပ်စိုးမည့်သူသည်သူတို့လူမျိုးမှ ပေါ်ထွန်းရလိမ့်မည်။ သူတို့၏မင်းသည်သူတို့အမျိုးသားများ အထဲမှပေါ်ထွန်းရလိမ့်မည်။ ငါဖိတ်ခေါ်သောအခါထိုသူသည်ငါ့ထံသို့ ချဉ်းကပ်လိမ့်မည်။ ငါမဖိတ်မခေါ်ဘဲအဘယ်သူသည်ငါ့ထံသို့ ချဉ်းကပ်ဝံ့သနည်း။ သူတို့သည်ငါ၏လူမျိုးတော်ဖြစ်ကြလျက် ငါသည်လည်းသူတို့၏ဘုရားဖြစ်လိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။