Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 18:2

Common Language Bible

မျက်​နှာ​ကို​မော်​ကြည့်​လိုက်​ရာ လူ​သုံး​ဦး​ရပ်​နေ​သည် ကို​တွေ့​မြင်​ရ​လေ​သည်။ အာ​ဗြ​ဟံ​သည်​သူ​တို့​ကို မြင်​လျှင် ခ​ရီး​ဦး​ကြို​ဆို​ခြင်း​ငှာ​ပြေး​သွား​လေ​၏။ သူ​သည်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​သည်​မျက်​နှာ​ကို​မြေ​ကြီး​နှင့်​ထိ​အောင် ပျပ်​ဝပ်​၍ နေ​စဉ်​ဘု​ရား​သ​ခင်​က၊-

ထို​သူ​တို့​သည်​ထွက်​ခွာ​၍ သော​ဒုံ​မြို့​ကို​မြင်​နိုင် သော​နေ​ရာ​သို့​ရောက်​ကြ​၏။ အာ​ဗြ​ဟံ​သည် လည်း သူ​တို့​အား​ပို့​ရန်​လိုက်​ပါ​လာ​ခဲ့​သည်။-

ထို​သူ​တို့​သုံး​ဦး​ထဲ​မှ​နှစ်​ဦး​သည် သော​ဒုံ​မြို့ ဘက်​သို့​ထွက်​ခွာ​သွား​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား က​မူ အာ​ဗြ​ဟံ​နှင့်​အ​တူ​နေ​ရစ်​ခဲ့​လေ​သည်။-

``အ​ရှင်​သ​ခင်​တို့၊ အ​ရှင်​တို့​အား​ဧည့်​ဝတ်​ပြု ပါ​ရ​စေ။ အ​ကျွန်ုပ်​၏​အိမ်​သို့​မ​ဝင်​ဘဲ​မ​နေ ပါ​နှင့်။-

ထို​နေ့​ည​၌​ကောင်း​ကင်​တ​မန်​နှစ်​ပါး​တို့​သည် သော​ဒုံ​မြို့​သို့​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ လော​တ​သည်​မြို့​တံ​ခါး​ဝ​မှာ​ထိုင်​လျက်​ရှိ​၏။ ကောင်း​ကင်​တ​မန်​တို့​ကို​မြင်​လျှင် သူ​သည်​ထ​၍​ခ​ရီး​ဦး​ကြို​ပြု​လေ​၏။ သူ​သည်​သူ​တို့​ရှေ့​တွင်​ဦး​ညွှတ်​လျက်၊-

အာ​ဗြ​ဟံ​သည်​လည်း​မြို့​သား​တို့​ရှေ့​တွင်​ဦး​ညွတ်​၍၊-

ထို​အ​ခါ​အာ​ဗြ​ဟံ​သည်​သူ​တို့​ရှေ့​တွင်​ဦး​ညွှတ်​၍၊

ည​နေ​ချမ်း​အ​ချိန်​၌​သူ​သည်​လယ်​ကွင်း​ထဲ တွင်​ကု​လား​အုတ်​များ​လာ​နေ​သည်​ကို​မြင် ရ​လေ​၏။-

ယာ​ကုပ်​က​မူ​တစ်​ယောက်​တည်း​နေ​ရစ်​ခဲ့​လေ သည်။ ထို​အ​ခါ​လူ​တစ်​ယောက်​သည်​မိုး​လင်း​အံ့​ဆဲ ဆဲ​တိုင်​အောင်​သူ​နှင့်​န​ပန်း​လုံး​လေ​၏။-

အီ​ဂျစ်​ပြည်​ဘု​ရင်​ခံ​ဖြစ်​သူ​ယော​သပ်​သည် အ​ပြည် ပြည်​မှ​စ​ပါး​ဝယ်​လာ​သော​သူ​တို့​အား​စပါး​ရောင်း ချ​လျက်​ရှိ​၏။ ယော​သပ်​၏​အစ်​ကို​တို့​သည်​လည်း ရောက်​ရှိ​လာ​ကြ​၍​ယော​သပ်​၏​ရှေ့​မှောက်​တွင် ပျပ်​ဝပ်​ကြ​လေ​၏။-

ယော​သပ်​အိမ်​သို့​ပြန်​လာ​သော​အ​ခါ​သူ​တို့ သည် မိ​မိ​တို့​နှင့်​ပါ​လာ​သော​လက်​ဆောင်​များ ကို​အိမ်​ထဲ​သို့​ယူ​ဆောင်​လာ​ပြီး​လျှင် ယော​သပ် အား​ဆက်​သ​၍​သူ​၏​ရှေ့​တွင်​ပျပ်​ဝပ်​ကြ လေ​သည်။-

သူ​တို့​က``အရှင့်​ကျွန်၊ ကျွန်​တော်​တို့​၏​အ​ဖ​သည် ကျန်း​မာ​၍​အ​သက်​ရှင်​လျက်​ရှိ​ပါ​၏'' ဟု​ဖြေ ကြ​၏။ ထို​နောက်​သူ​တို့​သည်​ယော​သပ်​အား ဦး​ညွှတ်​ရှိ​ခိုး​ကြ​၏။

ယု​ဒ​နှင့်​ညီ​များ​တို့​သည် ယော​သပ်​၏​အိမ်​သို့ ရောက်​ရှိ​ကြ​သော​အ​ခါ ယော​သပ်​သည်​အိမ်​၌ ရှိ​နေ​သေး​၏။ သူ​တို့​သည်​ယော​သပ်​၏​ရှေ့​တွင် ပျပ်​ဝပ်​ကြ​၏။-

ထို​နောက်​မိ​မိ​၏​သား​တို့​ကို​အဖ​၏​ဒူး​များ ကြား​မှ​ထုတ်​ပြီး​နောက် ယော​သပ်​သည်​အ​ဖ ၏​ရှေ့​၌​ဦး​ညွှတ်​ချ​လေ​၏။

ယေ​ရိ​ခေါ​မြို့​မှ​ပ​ရော​ဖက်​ငါး​ကျိပ်​တို့​သည် ဧ​လိ​ရှဲ​ကို​မြင်​သ​ဖြင့်``ဧ​လိ​ယ​၏​တန်​ခိုး​ကို ဧ​လိ​ရှဲ​ခံ​ယူ​ရ​ရှိ​လေ​ပြီ'' ဟု​ဆို​ကြ​၏။ သူ တို့​သည်​ဧ​လိ​ရှဲ​အား​လာ​ရောက်​ကြို​ဆို​ကာ သူ​၏​ရှေ့​တွင်​ဦး​ညွှတ်​ကြ​ပြီး​နောက်၊-

ဆင်း​ရဲ​သော​တ​ပည့်​တော်​တို့​အား​ပေး​ကမ်း ကြ​လော့။ ဧည့်​သည်​ဝတ်​ကို​ပြု​ကြ​လော့။

ဧည့်​သည်​ဝတ်​ကို​ပြု​ရန်​မ​မေ့​ကြ​နှင့်။ ယင်း သို့​ဧည့်​ဝတ်​ကို​ပြု​သော​သူ​အ​ချို့​တို့​သည် ကောင်း​ကင်​တ​မန်​များ​ကို​အ​မှတ်​မ​ထင် ဧည့်​ခံ​ခဲ့​ကြ​ပေ​သည်။-

ယော​ရှု​သည်​ယေ​ရိ​ခေါ​မြို့​အ​နီး​သို့​ရောက်​ရှိ လာ​စဉ် မိ​မိ​ရှေ့​တွင်​ဋ္ဌား​လွတ်​ကိုင်​သူ​တစ်​ဦး ရပ်​နေ​သည်​ကို​ရုတ်​တ​ရက်​မြင်​ရ​သည်။ ယော​ရှု သည်​ထို​သူ​ထံ​သို့​ချဉ်း​ကပ်​၍``သင်​သည်​ငါ​တို့ ဘက်​တော်​သား​လော၊ ရန်​သူ​လော'' ဟု​မေး​၏။

သင်​တို့​သည်​မ​ညည်း​မ​ညူ​ဘဲ​အ​ချင်း​ချင်း အား​ကျေ​ပွန်​စွာ​ဧည့်​ဝတ်​ပြု​ကြ​လော့။-

ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ထို အ​မျိုး​သ​မီး​၏​ရှေ့​တွင်​ပေါ်​လာ​၍``သင်​သည် အ​ဘယ်​အ​ခါ​မျှ​သား​သ​မီး​မ​ရ​နိုင်​ခဲ့ သော်​လည်း မ​ကြာ​မီ​ကိုယ်​ဝန်​ဆောင်​၍​သား ယောကျာ်း​ကို​ဖွား​မြင်​လိမ့်​မည်။-

ရု​သ​သည်​မြေ​သို့​တိုင်​အောင်​ဦး​ညွှတ်​ပျပ်​ဝပ် လျက် ဗော​ဇ​အား``အ​ရှင်​သည်​အ​ဘယ်​ကြောင့် ကျွန်​မ​ကဲ့​သို့​နိုင်​ငံ​ခြား​သူ​တစ်​ဦး​ကို ဤ​မျှ ဂ​ရု​တ​စိုက်​ပြု​၍​သ​နား​ကြင်​နာ​ပါ​သ​နည်း'' ဟု​ဆို​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ