အာဗြဟံနှင့်စာရာတို့သည်အရွယ်လွန်ကြ ပြီဖြစ်၍ စာရာ၌သွေးဆုံးနေပြီဖြစ်သည်။-
အာဗြဟံသည်မျက်နှာကိုမြေကြီးနှင့်ထိ အောင်ပျပ်ဝပ်နေစဉ်``အသက်တစ်ရာရှိသူ၌ ကလေးရနိုင်ပါဦးမည်လော။ အသက်ကိုး ဆယ်ရှိသူစာရာ၌ကလေးမွေးနိုင်ပါဦး မည်လော'' ဟုတွေးတောမိသဖြင့်ရယ်လေ သည်။-
အာဗြဟံသည်အရေဖျားလှီးခြင်းကိုခံချိန် တွင် အသက်ကိုးဆယ့်ကိုးနှစ်ရှိ၍၊-
စာရာကဆက်လက်၍``စာရာသည်သားကိုနို့ တိုက်မည်ဟုမည်သူကအာဗြဟံအားပြောမည် နည်း။ ယခုမူကားအသက်အရွယ်ကြီးရင့်သော အချိန်၌ငါသည်သူ့အတွက်သားကိုဖွားပြီ'' ဟုဆိုလေ၏။
ထိုအချိန်၌အာဗြဟံသည်အသက်အရွယ် အလွန်ကြီးရင့်လာပြီဖြစ်၏။ ထာဝရဘုရား သည်အရာရာ၌သူ့အားကောင်းချီးပေးတော် မူခဲ့၏။-
ကျွန်ုပ်သခင်၏မယားစာရာသည်အရွယ်အို မှသားတစ်ယောက်ကိုဖွားမြင်ခဲ့သည်။ ကျွန်ုပ် ၏သခင်သည်ထိုသားအားမိမိပိုင်ဆိုင်သမျှ တို့ကိုပေးအပ်ထားပါသည်။-
ရာခေလကလည်း``ကျွန်မသည်မိန်းမတို့၏ ဋ္ဌမ္မတာဖြစ်ပေါ်နေချိန်ဖြစ်၍ဖခင်၏ရှေ့မှာ မတ်တပ်မရပ်နိုင်သည်ကိုသည်းခံခွင့်လွှတ် ပါ'' ဟုဆိုလေ၏။ လာဗန်သည်ဘုရားရုပ်တု များကိုရှာသော်လည်းမတွေ့ရချေ။
အမျိုးသမီးတစ်ယောက်သည်ရာသီသွေး ပေါ်လျှင် သူသည်ခုနစ်ရက်မသန့်စင်ဘဲရှိ လိမ့်မည်။ သူ့ကိုထိကိုင်မိသောသူသည် ည ဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
ဇာခရိက ``ဤသို့ဖြစ်မည်ကိုအဘယ်သို့သိ နိုင်ပါမည်နည်း။ အကျွန်ုပ်သည်အိုမင်းသူဖြစ် ပါ၏။ အကျွန်ုပ်၏ဇနီးမှာလည်းအသက်ကြီး ရင့်ပါပြီ'' ဟုကောင်းကင်တမန်အားပြန် ပြော၏။
သင့်ဆွေမျိုးဖြစ်သောဧလိရှဗက်သည်လည်း အိုမင်းခါမှ သားရတနာကိုကိုယ်ဝန်ဆောင် လျက်ရှိ၏။ အမြုံမဟုအခေါ်ခံရသူသည် ကိုယ်ဝန်ဆောင်၍ဆဋ္ဌမလသို့ရောက်လေပြီ။-
သို့သော်ဧလိရှဗက်သည်အမြုံဖြစ်၍သားသမီး မရ။ သူတို့နှစ်ဦးလုံးပင်အသက်ကြီးရင့်ကြ လေပြီ။-
ဣဇာက်အားသေရာမှဘုရားသခင်ပြန်၍ ရှင်စေတော်မူနိုင်ကြောင်းကိုသူသည်မှတ်ယူ ၏။ အမှန်စင်စစ်အားဖြင့်သူသည်မိမိ၏ သားကိုသေရာမှပြန်၍ရသည်ဟုဆိုနိုင် လေသည်။
ယောရှုသည်အသက်အရွယ်ကြီးရင့်လာ ပြီဖြစ်သည်။ ထာဝရဘုရားကယောရှု အား``သင်သည်အသက်အရွယ်ကြီးရင့် လာပြီ။ သိမ်းယူရမည့်နယ်မြေများစွာ ကျန်ရှိနေသေးသည်။-