ကမ္ဘာဦး 17:6Common Language Bibleငါသည်သင်၏အမျိုးအနွယ်ကိုများပြားစေ မည်။ သင်၏အမျိုးအနွယ်ထဲမှမင်းများပေါ် ထွန်းစေမည်။ သင်၏အဆက်အနွယ်တို့သည် အလွန်များပြားကြသဖြင့်လူအမျိုးမျိုး ဖြစ်ပွားလာမည်။ အခန်းကိုကြည့်ပါ။ |
ဣရှမေလအတွက်သင်၏လိုအင်ဆန္ဒကိုလည်း ငါကြားရပြီ။ ထို့ကြောင့်ငါသည်သူ့ကိုကောင်း ချီးပေး၍ သူ၌သားသမီးများစွာထွန်းကား စေမည်။ သူ၏အဆက်အနွယ်တို့ကိုများပြား စေမည်။ သူသည်မင်းသားတစ်ဆယ့်နှစ်ပါးတို့ ၏ဖခင်ဖြစ်လိမ့်မည်။ သူ၏အဆက်အနွယ်တို့ ကိုလူမျိုးကြီးဖြစ်စေမည်။-
တစ်ဖန်ဣဇာက်သည်ထိုအရပ်မှပြောင်း၍အခြား တစ်နေရာ၌ရေတွင်းတစ်တွင်းတူးပြန်လေသည်။ ထိုရေတွင်းနှင့်ပတ်သက်၍အငြင်းပွားမှုမရှိ သဖြင့်``လွတ်လပ်ခြင်း'' ဟုနာမည်မှည့်လေသည်။ ဣဇာက်က``ထာဝရဘုရားသည်ဤပြည်၌ငါ တို့အားလွတ်လပ်စွာနေထိုင်ခွင့်ပေးတော်မူပြီ ဖြစ်၍ငါတို့စီးပွားတိုးတက်မည်'' ဟုဆိုလေ၏။