ကမ္ဘာဦး 16:6Common Language Bibleအာဗြံက``သူသည်သင်၏ကျွန်မဖြစ်၍သင့် လက်ထဲ၌ရှိသည်။ သူ့အားသင်ပြုလိုရာပြု နိုင်သည်'' ဟုပြန်ပြော၏။ ထိုအခါစာရဲသည် ဟာဂရအားမနေနိုင်လောက်အောင်ညှင်းဆဲ သဖြင့် ဟာဂရထွက်ပြေးလေသည်။ အခန်းကိုကြည့်ပါ။ |
ဖာရောဘုရင်သည်ထိုသတင်းကိုကြားရသော အခါ မောရှေအားသတ်ရန်ကြံစည်လေ၏။ သို့ ရာတွင်မောရှေသည်ထွက်ပြေး၍မိဒျန်ပြည် ၌နေထိုင်လေ၏။ တစ်နေ့သ၌မောရှေသည်ရေတွင်းအနီး၌ထိုင် နေစဉ် မိဒျန်ပြည်၌နေထိုင်သောယဇ်ပုရောဟိတ် ယေသရော၏သမီးခုနစ်ယောက်တို့သည် ဖခင် ၏သိုးနှင့်ဆိတ်များအတွက်ရေတွင်းမှရေခပ် ပြီးလျှင် ရေသောက်ခွက်တွင်ရေဖြည့်ရန်လာ ကြ၏။-
ထိုနည်းတူစွာခင်ပွန်းတို့၊ သင်တို့သည်မိမိတို့ ဇနီးများအားနွဲ့သူများဖြစ်သည်ကိုထောက်၍ သူတို့နှင့်ပေါင်းသင်းနေထိုင်ရကြမည်။ သူတို့ သည်သက်ဆိုင်ရာဆုကျေးဇူးကိုသင်တို့နှင့် အတူခံစားရကြမည့်သူများဖြစ်သဖြင့် သင်တို့သည်သူတို့ကိုလေးစားစွာဆက်ဆံ ရကြမည်။ သို့မှသာသင်တို့၏ပတ္ထနာများ ကိုအဆီးအတားရှိမည်မဟုတ်။