Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 16:13

Common Language Bible

ထို​အ​ခါ​ဟာ​ဂ​ရ​က``ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ကို​အ​ကယ်​ပင်​ဖူး​မြင်​ရ​ပြီး​နောက် အ​သက်​ရှင်​သေး​ပါ​တ​ကား'' ဟု​ဆို​ပြီး လျှင်​သူ့​အား​ထို​သို့​မိန့်​ကြား​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို``မြင်​တော်​မူ​သော​ဘု​ရား'' ဟူ​သော​နာ​မည်​ဖြင့်​ခေါ်​ဝေါ်​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ရှု​ရ​မြို့​သို့​သွား​ရာ​လမ်း၊ တော​ကန္တာ​ရ​ထဲ ရှိ​စမ်း​ရေ​တွင်း​အ​နီး​တွင်​ဟာ​ဂ​ရ​ကို​တွေ့ လျှင်၊-

အာ​ဗြ​ဟံ​သည်​ထို​အ​ရပ်​ကို``ထာ​ဝ​ရ​ဘု​ရား ပြင်​ဆင် ပေး​သည်'' ဟု​သ​မုတ်​လေ​၏။ ယ​နေ့​ထက်​တိုင်​လူ တို့​က``တောင်​ပေါ်​မှာ​ထာ​ဝ​ရ​ဘု​ရား​ပြင်​ဆင် ပေး​လိမ့်​မည်'' ဟူ​၍​ပြော​ဆို​လေ့​ရှိ​ကြ​၏။

သူ​သည်​ကြောက်​ရွံ့​လျက်``ဤ​အ​ရပ်​သည်​ကြောက်​မက် ဖွယ်​ကောင်း​သော​အ​ရပ်​ဖြစ်​ပါ​သည်​တ​ကား။ ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော်​မူ​ရာ​ဗိ​မာန်​ကောင်း​ကင်​ဘုံ တံ​ခါး​ဝ​ပင်​ဖြစ်​ပါ​သည်​တ​ကား'' ဟု​ဆို​လေ​၏။

အ​ကယ်​၍​အာ​ဗြ​ဟံ​နှင့်​ဣ​ဇာက်​တို့​ကိုး​ကွယ် သော​ဘု​ရား​သ​ခင်​သည်​ကျွန်ုပ်​တို့​နှင့်​အ​တူ မ​ရှိ​ခဲ့​လျှင် သင်​သည်​ကျွန်ုပ်​ကို​လက်​ချည်း​သက် သက်​စေ​လွှတ်​လိုက်​မည်​ဖြစ်​၏။ သို့​သော်​လည်း ဘု​ရား​သ​ခင်​သည်​ကျွန်ုပ်​ခံ​ရ​သော​ဆင်း​ရဲ ခြင်း၊ ပင်​ပန်း​စွာ​လုပ်​ကိုင်​ရ​ခြင်း​တို့​ကို​သိ မြင်​တော်​မူ​သ​ဖြင့်​ယ​မန်​နေ့​ည​က​သင့်​ကို ဆုံး​မ​တော်​မူ​ပြီ'' ဟု​လာ​ဗန်​အား​ဆို​လေ​၏။

ယာ​ကုပ်​က``ငါ​သည်​ဘု​ရား​သ​ခင်​ကို​မျက်​နှာ ချင်း​ဆိုင်​ဖူး​တွေ့​ရ​သော်​လည်း အ​သက်​ချမ်း သာ​ရ​လျက်​ရှိ​သေး​၏'' ဟု​ဆို​၍​ထို​အ​ရပ် ကို​ပေ​နွေ​လ​ဟု​သ​မုတ်​လေ​၏။-

ယာ​ကုပ်​သည်​ပေ​နွေ​လ​အ​ရပ်​မှ​ထွက်​ခွာ​လာ သော​အ​ခါ​နေ​ထွက်​ပြီ​ဖြစ်​၏။ သူ​သည်​ခါး​ဆစ် ဒဏ်​ရာ​ကြောင့်​ထော့​နဲ့​ကျိုး​နင်း​သွား​ရ​လေ​သည်။-

ဘု​ရား​သ​ခင်​သည်​ဣသ​ရေလ​အ​မျိုး​သား​ခေါင်း ဆောင်​တို့​အား​ဘေး​ဥ​ပဒ်​ရောက်​စေ​တော်​မ​မူ။ သူ​တို့​သည် ဘု​ရား​သ​ခင်​အား​ဖူး​မြင်​ပြီး နောက်​အ​တူ​တ​ကွ​စား​သောက်​ကြ​၏။

ထာဝရဘုရား၏မျက်စိတော်သည် ခပ်သိမ်း သောအရပ်၌ရှိ၍၊ ကောင်းမကောင်းကို ကြည့်ရှုတော်မူ ၏။

လူသွားလာသမျှသော လမ်းတို့သည် ထာဝရ ဘုရားမျက်မှောက်တော်၌ ရှိကြ၍၊ သွားလာသမျှသော အခြင်းအရာတို့ကို စူးစမ်းတော်မူ၏။

ဂိ​ဒေါင်​သည်​ထို​အ​ရပ်​၌​ထာ​ဝ​ရ​ဘု​ရား အ​ဖို့​ယဇ်​ပလ္လင်​တစ်​ခု​တည်​ဆောက်​၍``ထာ​ဝ​ရ ဘု​ရား​သည်​စိတ်​အေး​ချမ်း​ခြင်း​ဖြစ်​တော်​မူ​၏'' ဟူ​သော​အ​မည်​ဖြင့်​မှည့်​ခေါ်​လေ​သည်။ (ထို ယဇ်​ပလ္လင်​သည်​အ​ဗျေ​ဇာ​သား​ချင်း​စု​ပိုင် သြ​ဖ​ရ​ရွာ​၌​ယ​နေ့​တိုင်​အောင်​တည်​ရှိ သ​တည်း။)




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ