Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 15:5

Common Language Bible

အာ​ဗြံ​ကို​အ​ပြင်​သို့​ခေါ်​ဆောင်​လျက်``မိုး​ကောင်း ကင်​ကို​မော်​ကြည့်​၍​ကြယ်​များ​ကို​ရေ​တွက်​လော့။ သင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​ထို​မျှ​လောက်​များ ပြား​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​သင်​၏​သား​မြေး​တို့​ကို​များ​ပြား​စေ မည်။ သူ​တို့​အား​လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ သည်​သင့်​ကို​ကောင်း​ချီး​ပေး​၍​သင်​၏​နာ​မ ကို​ကြီး​မြတ်​စေ​သ​ဖြင့် လူ​တို့​သည်​သင့်​အား ဖြင့်​ကောင်း​ချီး​ခံ​စား​ရ​ကြ​မည်။

မြေ​ကြီး​ပေါ်​ရှိ​မြေ​မှုန့်​ကို​ရေ​တွက်​နိုင်​ပါ​မှ သင်​၏​အ​ဆက်​အ​နွယ်​များ​ကို​ရေ​တွက်​နိုင်​မည်။-

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် က``သင်​၏​အ​မျိုး​အ​နွယ်​ကို​မ​ရေ​မ​တွက် နိုင်​အောင်​များ​ပြား​စေ​မည်။-

သင်​နှင့်​ပ​ဋိ​ညာဉ်​ပြု​၍ သင်​၏​အ​မျိုး​အ​နွယ် ကို​များ​ပြား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။-

သင်​၏​အ​ဆက်​အ​နွယ်​ကို​မိုး​ကောင်း​ကင်​ရှိ ကြယ်​များ​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ ရှိ​သဲ​ပွင့်​များ​ကဲ့​သို့​လည်း​ကောင်း​များ​ပြား စေ​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​သူ​တို့ ၏​ရန်​သူ​များ​ကို​တိုက်​ခိုက်​အောင်​မြင်​လိမ့် မည်။-

သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို​ကောင်း​ကင်​ကြယ် ကဲ့​သို့​များ​ပြား​စေ​၍ သူ​တို့​အား​ဤ​ဒေ​သ အား​လုံး​ကို​ပေး​မည်။ သင်​၏​အ​ဆက်​အ​နွယ် တို့​အား​ငါ​ကောင်း​ချီး​ပေး​သည့်​နည်း​တူ ကမ္ဘာ ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​က​လည်း​ငါ့​ထံ မှ​ကောင်း​ချီး​ကို​တောင်း​လျှောက်​ကြ​လိမ့် မည်။-

သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​မြေ​မှုန့်​ကဲ့​သို့ များ​ပြား​လိမ့်​မည်။ သူ​တို့​၏​နယ်​မြေ​သည်​အ​ရပ် လေး​မျက်​နှာ​သို့​ကျယ်​ပြန့်​လိမ့်​မည်။ ငါ​သည် သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ဖြင့် ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား​ကောင်း ချီး​ပေး​မည်။-

ယာ​ကုပ်​သည်​ထို​အ​ရပ်​တွင်​တစ်​ည​တည်း​ခို ပြီး​နောက် အစ်​ကို​ဧ​သော​အား​လက်​ဆောင်​ပေး ရန် မိ​မိ​၏​တိ​ရစ္ဆာန်​အုပ်​ထဲ​မှ​ဆိတ်​မ​နှစ်​ရာ နှင့်​ဆိတ်​ထီး​နှစ်​ဆယ်၊ သိုး​မ​နှစ်​ရာ​နှင့်​သိုး ထီး​နှစ်​ဆယ်၊ နို့​စား​ကု​လား​အုတ်​မ​သုံး​ဆယ် နှင့်​သား​ကောင်​ငယ်​များ၊ နွား​မ​လေး​ဆယ်​နှင့် နွား​ထီး​ဆယ်​ကောင်၊ မြည်း​မ​နှစ်​ဆယ်​နှင့် မြည်း​ထီး​ဆယ်​ကောင်​တို့​ကို​ရွေး​ယူ​လေ​၏။-

ယ​ခု​အ​ခါ​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ရွေး​ချယ် တော်​မူ​သော​လူ​မျိုး​ကြီး​အ​လယ်​တွင်​ရှိ​ပါ​၏။ ထို​သူ​တို့​သည်​ရေ​တွက်​၍​မ​ရ​နိုင်​အောင်​ပင် များ​ပြား​ပါ​၏။-

ထာ​ဝ​ရ​ဘု​ရား​က ဣ​သ​ရေ​လ​ပြည်​သား​တို့ အား ကောင်း​ကင်​ကြယ်​များ​ကဲ့​သို့​များ​ပြား စေ​တော်​မူ​မည်​ဟု​က​တိ​တော်​ရှိ​သ​ဖြင့် ဒါ​ဝိဒ်​မင်း​သည်​အသက်​နှစ်​ဆယ်​အောက်​ရှိ သူ​တို့​အား​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ တော်​မ​မူ။-

ကိုယ်​တော်​သည်​သူ​တို့​အား ကောင်း​ကင်​ကြယ်​များ​ကဲ့​သို့​များ​ပြား​သည့် သား​သ​မီး​များ​ကို​ပေး​သ​နား​တော်​မူ​ပါ​၏။ ထို​နောက်​သူ​တို့​ဘိုး​ဘေး​များ​အား ကိုယ်​တော်​က​တိ​ထား​တော်​မူ​သော​ပြည်​တော်​ကို သိမ်း​ပိုက်​စေ​ကာ​ထို​ပြည်​တွင်​နေ​ထိုင်​စေ​တော် မူ​ပါ​၏။

မိုဃ်းကောင်းကင်ကိုမျှော်၍၊ သင့်ထက်မြင့်သော မိုဃ်းတိမ်တို့ကို ကြည့်ရှုလော့။

ကိုယ်​တော်​သည်​ကြယ်​တာ​ရာ​များ​၏​အ​ရေ အ​တွက်​ကို သတ်​မှတ်​တော်​မူ​၍​ကြယ်​တစ်​လုံး​စီ​ကို​နာ​မည် မှည့်​ခေါ်​တော်​မူ​၏။

ကိုယ်​တော်​၏​ကျွန်​အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့် ယာ​ကုပ်​တို့​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ ပါ။ ကိုယ်​တော်​သည်​သူ​တို့​၏​အ​ဆက်​အ​နွယ် တို့​ကို​မိုး​ကောင်း​ကင်​ကြယ်​များ​ကဲ့​သို့ ပွား များ​စေ​မည်​ဖြစ်​ကြောင်း​နှင့်​ကိုယ်​တော်​ရှင် က​တိ​ထား​တော်​မူ​သော ထို​ပြည်​အား​လုံး ကို​သူ​တို့​၏​အ​ဆက်​အ​နွယ်​တို့​အား ထာ​ဝ​စဉ်​ပိုင်​ဆိုင်​ရန်​ပေး​မည်​ဖြစ်​ကြောင်း ကို​သ​တိ​ရ​တော်​မူ​ပါ။-''

သင်​တို့​၏​ဘိုး​အေ​အာ​ဗြ​ဟံ​နှင့်​ဘွား​အေ​စာ​ရာ​တို့​၏ အ​ကြောင်း​ကို​အောက်​မေ့​ဆင်​ခြင်​ကြ​လော့။ အာ​ဗြ​ဟံ​အား​ငါ​ခေါ်​ယူ​စဉ်​အ​ခါ​က သူ့​မှာ​သား​သမီး​မ​ရှိ။ သို့​ရာ​တွင်​ငါ​သည်​သူ့​အား​သား​သ​မီး​များ​ဖြင့် ကောင်း​ချီး​ပေး​၍၊ သူ​၏​အ​ဆက်​အ​နွယ်​တို့​ကို​များ​ပြား​စေ​တော်​မူ​၏။

ငါ​သည်​မိုး​ကောင်း​ကင်​ကြယ်​တာ​ရာ​များ​နှင့် ပင်​လယ်​ကမ်း​ခြေ​သဲ​လုံး​များ​ကဲ့​သို့​ရေ​တွက် ၍​မ​ရ​နိုင်​အောင် ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​၏​သား မြေး​များ​နှင့်​ငါ​၏​အ​မှု​တော်​ဆောင်​လေ​ဝိ အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ရေ အ​တွက်​ကို​တိုး​ပွား​များ​ပြား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။

အာ​ဗြ​ဟံ​သည်​မျှော်​လင့်​စ​ရာ​မဲ့​သော​အ​ခြေ အ​နေ​၌​ပင်​လျှင်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် ခဲ့​၏။ သို့​ဖြစ်​၍​သူ​သည်​လူ​မျိုး​အ​မြောက်​အ​မြား တို့​၏​အ​ဖ​ဖြစ်​လာ​၏။ ကျမ်း​စာ​တော်​တွင်``သင် ၏​အ​မျိုး​အ​နွယ်​တို့​သည်​ကြယ်​ကဲ့​သို့​များ ပြား​လိမ့်​မည်'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း ဖြစ်​၏။-

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​ရှိ​ကြယ်​များ​နှင့်​အ​မျှ​သင်​တို့ ကို​များ​ပြား​စေ​တော်​မူ​ပြီ။-

သင်​တို့​၏​ဘိုး​ဘေး​တို့​သည် အီ​ဂျစ်​ပြည်​သို့ သွား​စဉ်​က​လူ​ဦး​ရေ​အား​ဖြင့်​ခု​နစ်​ဆယ် မျှ​သာ​ရှိ​၏။ သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ယ​ခု​အ​ခါ သင်​တို့​ကို​မိုး​ကောင်း​ကင်​ကြယ်​နှင့်​အ​မျှ လူ​ဦး​ရေ​များ​ပြား​စေ​တော်​မူ​ပြီ။''

အာ​ဗြ​ဟံ​သည်​သူ​သေ​နှင့်​မ​ထူး​ခြား သော်​လည်း သူ​တစ်​ယောက်​မှ​ပေါက်​ဖွား​လာ သော​သား​မြေး​များ​မှာ​ကောင်း​ကင်​ကြယ် များ​ကဲ့​သို့​လည်း​ကောင်း၊ မ​ရေ​မ​တွက်​နိုင် သော​ပင်​လယ်​ကမ်း​ခြေ​သဲ​လုံး​များ​ကဲ့​သို့ လည်း​ကောင်း​များ​ပြား​သ​တည်း။

ငါ​သည်​သင်​တို့​၏​ဘိုး​ဘေး​အာ​ဗြ​ဟံ​ကို ဥ​ဖ​ရတ်​မြစ်​တစ်​ဘက်​ရှိ​ဒေ​သ​မှ​ခေါ်​ဆောင် ပြီး​လျှင် ခါ​နာန်​ပြည်​အ​ရပ်​ရပ်​သို့​ပို့​ဆောင်​၍ သူ​၏​အ​ဆက်​အ​နွယ်​ကို​များ​ပြား​စေ​ခဲ့ သည်။ သူ​၌​သား​ဣ​ဇာက်​ထွန်း​ကား​စေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ