ကမ္ဘာဦး 15:2Common Language Bibleသို့ရာတွင်အာဗြံက``အရှင်ထာဝရဘုရား အကျွန်ုပ်တွင်သားမထွန်းကားသဖြင့် ကိုယ် တော်၏ဆုကိုအဘယ်သို့ခံစားရပါမည်နည်း။ ဒမာသက်မြို့သားဧလျာဇာသည်သာလျှင် အကျွန်ုပ်၏အမွေခံဖြစ်ပါ၏။- အခန်းကိုကြည့်ပါ။ |
ဤအိမ်တွင်သခင်၏သြဇာညောင်းရသကဲ့သို့ ကျွန်တော်၏သြဇာလည်းညောင်းရပါသည်။ သခင်သည်သခင်မမှလွဲလျှင်ကျွန်တော်၏ လက်သို့မအပ်သောအရာဟူ၍မရှိပါ။ သို့ ဖြစ်၍ကျွန်တော်သည်အဘယ်သို့လျှင် ဤမျှ ဆိုးယုတ်သောအမှုကိုပြု၍ဘုရားသခင် ကိုပြစ်မှားနိုင်ပါမည်နည်း'' ဟုပြောလေ၏။-
ငါ၏ထံမှသားသမီးများထက်မွန်မြတ် သည့်ဆုကျေးဇူးကိုခံစားရကြလိမ့်မည်။ ငါ၏ဗိမာန်တော်၌လည်းကောင်း၊ ငါ၏လူ မျိုးတော်ထဲ၌လည်းကောင်းမမေ့မပျောက် နိုင်သောအမည်နာမကိုခံယူရရှိကြလိမ့် မည်။ လူတို့သည်သင်တို့ကိုအဘယ်အခါ ၌မျှမေ့လျော့ကြလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည်ဒမာသက်မြို့ကိုရည် မှတ်၍မိန့်တော်မူသည်မှာ``ဟာမတ်မြို့နှင့်အာ ပဒ်မြို့မှလူတို့သည်သတင်းဆိုးကိုကြား ရကြသဖြင့် ပူပန်သောကဖြစ်ကာစိတ်ဆင်း ရဲလျက်နေကြ၏။ စိုးရိမ်ပူပန်မှုသည်ပင်လယ် လှိုင်းလုံးများသဖွယ် သူတို့အပေါ်သို့လှိမ့်၍ လာသဖြင့်သူတို့သည်ဆောက်တည်ရာမရ နိုင်ကြ။-
ထိုအခါကကိုယ်တော်သည်အာဗြဟံ အား ထိုပြည်တွင်ပစ္စည်းဥစ္စာတစ်စုံတစ်ရာ ကိုမျှပေးတော်မမူ။ မြေတစ်ပေပတ်လည် ကိုပင်ပေးတော်မမူ။ သို့ရာတွင်ထိုပြည်ကို သူ့အားလည်းကောင်း၊ သူ့နောက်တွင်သူ၏ သားမြေးများအားလည်းကောင်း အပိုင်ပေး တော်မူမည်ဟူ၍ကတိပြုတော်မူ၏။ ထို သို့ကတိပြုစဉ်အခါ၌အာဗြဟံတွင် သားသမီးမရှိသေးချေ။-
ဟန္နက``အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ကျွန်မကိုရှုမြင်တော်မူပါ။ ကိုယ်တော်ရှင်ကျွန်မ၏ဒုက္ခကိုရှုမှတ်တော် မူလျက်အောက်မေ့သတိရတော်မူပါ။ မေ့ လျော့တော်မမူပါနှင့်။ ကိုယ်တော်ရှင်သည် ကိုယ်တော်၏ကျွန်မအားသားဆုကိုပေး တော်မူလျှင် သူ့ကိုအသက်ရှင်သမျှကာလ ပတ်လုံးကိုယ်တော်ရှင်အားဆက်ကပ်ပူဇော် ပါမည်။ သူ၏ဆံပင်ကိုလည်းအဘယ် အခါ၌မျှမဖြတ်မရိတ်စေပါ'' ဟုကျိန်ဆိုကတိပြုလေ၏။