Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 15:17

Common Language Bible

နေ​ဝင်​၍​မှောင်​ကျ​လာ​သော​အ​ခါ​မီး​ခိုး​ထွက် သော​မီး​လင်း​ဖို​နှင့်​မီး​လျှံ​တောက်​သော​မီး​တိုင် သည် ရုတ်​တ​ရက်​ပေါ်​လာ​ပြီး​လျှင်​အ​သား​ခြမ်း များ​အ​ကြား​ဖြတ်​သွား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ထို တိ​ရစ္ဆာန်​များ​ကို​ယူ​ခဲ့​ပြီး​လျှင် ၎င်း​တို့​ကို​ထက် ဝက်​စီ​ခြမ်း​၍​တစ်​ဘက်​တစ်​ခြမ်း​စီ​နှစ်​တန်း​ဆိုင် လျက်​ချ​ထား​၏။ ငှက်​များ​ကို​မူ​ကား​မ​ခြမ်း ဘဲ​ထား​သည်။-

နှာ​ခေါင်း​တော်​ထဲ​မှ​မီး​ခိုး​များ​သည်​လည်း​ကောင်း၊ ခံ​တွင်း​တော်​ထဲ​မှ​ကျွမ်း​လောင်​စေ​တတ်​သည့် မီး​လျှံ​နှင့်​မီး​ကျီး​ခဲ​များ​သည်​လည်း​ကောင်း ထွက်​လေ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ကို​ချ​ပေး​တော်​မူ​သ​ဖြင့် ယဇ်​ပူ​ဇော်​သကာ​နှင့်​တ​ကွ​ထင်း​နှင့်​ကျောက်​တုံး​များ ပါ​ကျွမ်း​လောင်​သွား​သည့်​အ​ပြင် မြေ​ကြီး​သည်​လည်း မီး​ကျွမ်း​၍​မြောင်း​ထဲ​ရှိ​ရေ​ကို​ခန်း​ခြောက်​စေ​၏။-

ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင်​ကို​တည် တော်​မူ​ပြီး​လျှင် မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ ယ​ယဇ်​တို့​ကို​ပူ​ဇော်​တော်​မူ​၏။ မင်းကြီး ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည်​ပလ္လင်​ပေါ်​ရှိ​ယဇ်​ကောင်​များ ကို​မီး​ရှို့​ရန်​အ​တွက် ကောင်း​ကင်​မှ​မီး​ကို ချ​ပေး​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​မင်း ကြီး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ်​သို့ မီး​တောက်​မီး​လျှံ​အ​သွင်​ဖြင့်​ကြွ​ဆင်း​လာ သည်​ဖြစ်​၍၊ တောင်​တစ်​ခု​လုံး​မီး​ခိုး​ဖြင့်​ဖုံး လွှမ်း​လျက်​ရှိ​လေ​၏။ မီး​ဖို​မှ​မီး​ခိုး​တက် သ​ကဲ့​သို့​မီး​ခိုး​သည်​အထက်​သို့​တက်​၍ တစ်​တောင်​လုံး​ပြင်း​စွာ​မြေ​င​လျင်​လှုပ် လေ​၏။-

လူ​အ​ပေါင်း​တို့​သည်​မိုး​ချုန်း​သံ၊ တံ​ပိုး​မှုတ်​သံ နှင့်​လျှပ်​စစ်​ပြက်​ခြင်း၊ တောင်​မှ​မီး​ခိုး​ထွက်​ခြင်း တို့​ကို​ကြား​ရ​မြင်​ရ​သော​အ​ခါ ကြောက်​ရွံ့ တုန်​လှုပ်​လျက်​အ​ဝေး​၌​ရပ်​နေ​ကြ​၏။-

ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အား​ပေး​စ​ကား ဖွင့်​ဟ​ပြော​ဆို​မည်။ ထို​မြို့​သည်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​၍​သူ​၏ အောင်​မြင်​ခြင်း​သည် မီး​ရှူး​တိုင်​သ​ဖွယ်​ထွန်း​တောက်​၍ မ​လာ​မ​ချင်း၊ငါ​သည်​ဇိ​အုန်​မြို့​အ​တွက် ဆိတ်​ဆိတ်​နေ​လိမ့်​မည်​မ​ဟုတ်။

ထို​ပ​ဋိ​ညာဉ်​သည်​သူ​တို့​၏​ဘိုး​ဘေး​များ​အား သံ​မီး​ဖို​ကြီး​နှင့်​တူ​သော​အီ​ဂျစ်​ပြည်​မှ ငါ ထုတ်​ဆောင်​လာ​စဉ်​အ​ခါ​က​ချုပ်​ဆို​ခဲ့​သည့် ပဋိ​ညာဉ်​ဖြစ်​၏။ ငါ​သည်​ထို​သူ​တို့​အား​ငါ့ စ​ကား​ကို​နား​ထောင်​ကြ​ရန်၊ ငါ​ခိုင်း​စေ​သ​မျှ သော​အ​မှု​တို့​ကို​ပြု​လုပ်​ကြ​ရန်​မှာ​ကြား​ခဲ့ ၏။ အ​ကယ်​၍​သူ​တို့​သည်​ငါ​၏​စ​ကား​ကို နား​ထောင်​ကြ​မည်​ဆို​ပါ​မူ ငါ​၏​လူ​မျိုး တော်​ဖြစ်​ရ​ကြ​လျက်၊ ငါ​သည်​လည်း​သူ​တို့ ၏​ဘုရား​ဖြစ်​တော်​မူ​မည်။-

သင်​တို့​သည်​ကား​မီး​ပြင်း​ဖို​သ​ဖွယ်​ဖြစ် သော​အီ​ဂျစ်​ပြည်​ထဲ​မှ ထာ​ဝ​ရ​ဘု​ရား​ထုတ် ဆောင်​ခဲ့​သော​လူ​မျိုး​ဖြစ်​၏။ ကိုယ်​တော်​၏​လူ မျိုး​တော်​ဖြစ်​စေ​ရန် သင်​တို့​ကို​ထုတ်​ဆောင်​ခဲ့ တော်​မူ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ကိုယ်​တော် ၏​လူ​မျိုး​တော်​အ​ဖြစ် ယ​နေ့​ရပ်​တည်​လျက် ရှိ​ကြ​သည်။-

ယဇ်​ပလ္လင်​မှ​မီးလျှံ​များ​အ​ထက်​သို့​တက်​လျက်​နေ စဉ် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည်​မီး လျှံ​ထဲ​မှ​နေ​၍ ကောင်း​ကင်​ဘုံ​သို့​တက်​သွား​သည် ကို​မာ​နော်​တို့​ဇ​နီး​မောင်​နှံ​တွေ့​မြင်​ရ​ကြ​လေ သည်။ ထို​အ​ခါ​ကျ​မှ​ထို​သူ​သည်​ကောင်း​ကင် တ​မန်​ဖြစ်​ကြောင်း​ကို​မာ​နော်​သိ​ရှိ​ရ​သ​တည်း။ သို့​ဖြစ်​၍​သူ​တို့​ဇ​နီး​မောင်​နှံ​နှစ်​ယောက်​သည် မြေ​ပေါ်​သို့​ပျပ်​ဝပ်​လိုက်​ကြ​၏။ ထို​ကောင်း​ကင် တ​မန်​ကို​မူ​ကား​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ ၌​မျှ​သူ​တို့​မ​တွေ့​မ​မြင်​ရ​ကြ​တော့​ချေ။

ထို​အ​ခါ​ကောင်း​ကင်​တ​မန်​သည်​လက်​ကို​ဆန့်​၍ မိ​မိ​ကိုင်​ထား​သည့်​တုတ်​ဖျား​ဖြင့်​ဆိတ်​သား​နှင့် မုန့်​တို့​ကို​တို့​ထိ​လိုက်​ရာ ကျောက်​ထဲ​မှ​မီး​လျှံ ထွက်​၍​ဆိတ်​သား​နှင့်​မုန့်​တို့​ကို​ကျွမ်း​လောင် စေ​၏။ ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ပျောက် ကွယ်​သွား​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ