Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 14:21

Common Language Bible

သော​ဒုံ​ဘု​ရင်​က``ကိုယ်​တော်​သိမ်း​ယူ​ခဲ့​သ​မျှ သော​ပစ္စည်း​များ​ကို​အ​ပိုင်​ယူ​ပါ။ ကျွန်ုပ်​၏​လူ တို့​ကို​သာ​ပြန်​ပေး​ပါ'' ဟု​အာ​ဗြံ​အား​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​သည်​မ​ယား​စာ​ရဲ၊ တူ​လောတ၊ ရှိ​သ​မျှ သော​ဥစ္စာ​ပစ္စည်း​နှင့်​တ​ကွ ခါ​ရန်​မြို့​၌​ရ​ရှိ​သော ကျေး​ကျွန်​အား​လုံး​တို့​ကို​ခေါ်​ဆောင်​၍ ခါ​နာန် ပြည်​သို့​ခ​ရီး​ထွက်​ခဲ့​လေ​သည်။ ခါ​နာန်​ပြည်​သို့​ရောက်​ကြ​သော​အ​ခါ၊-

ထို​ချိုင့်​ဝှမ်း​တွင်​ကတ္တ​ရာ​တွင်း​များ​ပြည့်​နှက်​လျက် ရှိ​ရာ သော​ဒုံ​ဘု​ရင်​နှင့်​ဂေါ​မော​ရ​ဘု​ရင်​တို့​သည် စစ်​ရေး​မ​လှ​သ​ဖြင့် ထွက်​ပြေး​ကြ​သော​အ​ခါ ထို​တွင်း​များ​ထဲ​သို့​ကျ​ကြ​ကုန်​၏။ ကျန်​သော ဘု​ရင်​သုံး​ပါး​တို့​သည်​တောင်​များ​ပေါ်​သို့​ထွက် ပြေး​ကြ​လေ​သည်။-

အောင်​ပွဲ​ရ​ဘု​ရင်​လေး​ပါး​တို့​သည်​သော​ဒုံ​မြို့ နှင့်​ဂေါ​မော​ရ​မြို့​များ​မှ စား​နပ်​ရိက္ခာ​နှင့်​တ​ကွ ရှိ​သ​မျှ​ပစ္စည်း​တို့​ကို​သိမ်း​ယူ​၍​ထွက်​ခွာ​သွား ကြ​သည်။-

သင်​၏​ရန်​သူ​များ​ကို​အောင်​စေ​သည့်​အ​မြင့်​ဆုံး သော​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ​သ​တည်း'' ဟု​မြွက်​ဆို​လေ​၏။ အာ​ဗြံ​က​လည်း​မိ​မိ​သိမ်း​ယူ​ခဲ့​သော​ပစ္စည်း အား​လုံး​မှ​ဆယ်​ပုံ​တစ်​ပုံ​ကို ယဇ်​ပု​ရော​ဟိတ် မင်း​အား​ပေး​လှူ​လိုက်​လေ​၏။

ထို​အ​ခါ​အာ​ဗြံ​က``သင်​၏​ဥစ္စာ​ဟူ​၍​အပ်​ချည် တစ်​မျှင်၊ ခြေ​နင်း​ကြိုး​တစ်​စ​ကို​မျှ​ငါ​မ​ယူ​လို။ သို့​မှ​သာ​လျှင်​အာ​ဗြံ​အား​ကြွယ်​ဝ​ချမ်း​သာ​စေ သော​သူ​ကား ငါ​ပင်​ဖြစ်​၏​ဟု​သင်​မ​ဆို​နိုင်။ ငါ့ အ​တွက်​မည်​သည့်​ပစ္စည်း​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ယူ။ ငါ​၏​လူ​များ​သုံး​စွဲ​ပြီး​သ​မျှ​တို့​ကို သာ ငါ​ယူ​သည်​ဟု​ထင်​မှတ်​ပါ​လော့။ သို့​ရာ​တွင် ငါ​၏​မ​ဟာ​မိတ်​များ​ဖြစ်​ကြ​သော​အာ​နေ​ရ၊ ဧ​ရှ​ကော​လ​နှင့်​မံ​ရေ​တို့​ကို​မူ​ကား​သူ​တို့ ၏​ဝေ​စု​ကို​ခွဲ​ယူ​ကြ​ပါ​စေ။ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​သော အ​မြင့်​ဆုံး သော​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကို​တိုင် တည်​၍ ငါ​မြွက်​ဆို​ပါ​သည်'' ဟု​ဖြေ​ကြား လေ​၏။

စ​ပါး​ရိတ်​သိမ်း​သည့်​အ​ခါ​ငါး​ပုံ​တစ်​ပုံ​ကို ဘု​ရင့်​ထံ​ဆက်​ရ​မည်။ ကျန်​သော​စပါး​ကို​မျိုး စပါး​အ​တွက်​နှင့်​သင်​တို့​နှင့်​မိ​သား​စု​စား​သုံး ရန်​အ​တွက်​အ​သုံး​ပြု​ကြ​လော့'' ဟု​ဆို​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ