အောင်ပွဲရဘုရင်လေးပါးတို့သည်သောဒုံမြို့ နှင့်ဂေါမောရမြို့များမှ စားနပ်ရိက္ခာနှင့်တကွ ရှိသမျှပစ္စည်းတို့ကိုသိမ်းယူ၍ထွက်ခွာသွား ကြသည်။-
အာဗြံသည်မယားစာရဲ၊ တူလောတ၊ ရှိသမျှ သောဥစ္စာပစ္စည်းနှင့်တကွ ခါရန်မြို့၌ရရှိသော ကျေးကျွန်အားလုံးတို့ကိုခေါ်ဆောင်၍ ခါနာန် ပြည်သို့ခရီးထွက်ခဲ့လေသည်။ ခါနာန်ပြည်သို့ရောက်ကြသောအခါ၊-
ထိုချိုင့်ဝှမ်းတွင်ကတ္တရာတွင်းများပြည့်နှက်လျက် ရှိရာ သောဒုံဘုရင်နှင့်ဂေါမောရဘုရင်တို့သည် စစ်ရေးမလှသဖြင့် ထွက်ပြေးကြသောအခါ ထိုတွင်းများထဲသို့ကျကြကုန်၏။ ကျန်သော ဘုရင်သုံးပါးတို့သည်တောင်များပေါ်သို့ထွက် ပြေးကြလေသည်။-
သောဒုံမြို့တွင်နေထိုင်သောအာဗြံ၏တူ လောတနှင့်တကွ သူ၏ပစ္စည်းရှိသမျှတို့ ကိုဖမ်းဆီးယူဆောင်သွားကြလေသည်။
သိမ်းယူသွားသောပစ္စည်းအားလုံးကိုပြန်လည် ရရှိလေသည်။ တူလောတနှင့်သူ၏ပစ္စည်းများ ကိုလည်းကောင်း၊ အမျိုးသမီးများနှင့်အခြား အဖမ်းခံရသူများကိုလည်းကောင်း ပြန်လည် ခေါ်ဆောင်ခဲ့လေသည်။
သောဒုံဘုရင်က``ကိုယ်တော်သိမ်းယူခဲ့သမျှ သောပစ္စည်းများကိုအပိုင်ယူပါ။ ကျွန်ုပ်၏လူ တို့ကိုသာပြန်ပေးပါ'' ဟုအာဗြံအားဆို၏။
သင်၏နွားကိုသင့်မျက်စိရှေ့တွင်သတ်သော် လည်း သင်သည်အသားကိုမစားရ။ သင်၏ မြည်းများခိုးယူသွားသည်ကိုမျက်စိဖြင့် မြင်ရသော်လည်း မြည်းများကိုပြန်မရ။ သင်၏သိုးများရန်သူ့လက်သို့ကျရောက် လိမ့်မည်။ သို့ရာတွင်သင့်အားကူညီမည့် သူရှိလိမ့်မည်မဟုတ်။-
သင်တို့၏ခြေထောက်များတွင်နာကျင်၍ မပျောက်နိုင်သောအနာများပေါက်လိမ့်မည်။ သင်၏တစ်ကိုယ်လုံးတွင်အနာစိမ်းများ ပေါက်လိမ့်မည်။
သူတို့သည်သင်တို့၏အစားအစာဖြစ် သောသိုးနွားများနှင့် အသီးအနှံများကို စားသုံးကြသဖြင့်သင်တို့သည်အစာငတ် ၍သေကြေပျက်စီးကြလိမ့်မည်။ သင်တို့၏ စပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ သိုးနွားတို့ ကိုအကုန်စားသုံးလိုက်ကြသဖြင့် သင် တို့အစာငတ်၍သေရကြလိမ့်မည်။-