ကမ္ဘာဦး 14:1Common Language Bibleဘုရင်လေးပါးဖြစ်ကြသောဗာဗုလုန်ဘုရင် အံရဖေလ၊ ဧလာသာဘုရင်အာရုတ်၊ ဧလံ ဘုရင်ခေဒေါရလောမာနှင့်ဂေါအိမ်ဘုရင် တိဒလတို့သည်၊- အခန်းကိုကြည့်ပါ။ |
ထိုနေ့ရက်ကာလကျရောက်လာသောအခါ ထာဝရဘုရားသည် မိမိတန်ခိုးတော်ကို အသုံးပြုတော်မူလျက်အာရှုရိပြည်၊ အီဂျစ် ပြည်၊ ပါသရုပြည်၊ ဆူဒန်ပြည်၊ ဧလံပြည်၊ ဗာဗုလုန်ပြည်၊ ဟာမတ်ပြည်၊ ပင်လယ်ကမ်း ခြေဒေသများနှင့်ကျွန်းများတွင် ကျန်ရှိ နေသေးသောဣသရေလအမျိုးသားတို့ အားမိမိတို့ဌာနေသို့ပြန်လည်ပို့ဆောင် တော်မူလိမ့်မည်။-
ရက်စက်ကြမ်းကြုတ်မှုများ၊ သစ္စာဖောက်မှု နှင့်သုတ်သင်ဖျက်ဆီးမှုတို့ကိုဗျာဒိတ် ရူပါရုံတွင်ငါမြင်ရပြီ။ အို ဧလံတပ်မတော်သားတို့၊ တိုက်ခိုက်ကြ လော့။ အို မေဒိတပ်မတော်သားတို့၊ မြို့များ ကိုဝိုင်းရံထားကြလော့။ ဘုရားသခင်သည် ဗာဗုလုန်မြို့သားတို့ပေးသည့်ဆင်းရဲဒုက္ခ ကိုချုပ်ငြိမ်းစေတော်မူလိမ့်မည်။
``ဧလံသည်မိမိစစ်သူရဲတို့၏သင်္ချိုင်းများ ခြံရံလျက် ထိုအရပ်တွင်ရှိ၏။ သူတို့အား လုံးပင်စစ်ပွဲတွင်ကျဆုံးခဲ့သူများဖြစ်၍ အရေဖျားလှီးမင်္ဂလာမခံဘဲမရဏာ နိုင်ငံသို့ဆင်းသက်သွားသူများဖြစ်ကြ၏။ အသက်ရှင်စဉ်အခါကသူတို့သည်သူ တစ်ပါးတို့အား ထိတ်လန့်တုန်လှုပ်အောင် ပြုခဲ့ကြသော်လည်းယခုအခါ၌မူ မရဏာနိုင်ငံသို့ဆင်းသက်သူများ နှင့်အတူအသရေပျက်၍သေရကြ လေပြီ။-
ထာဝရဘုရားသည်နေဗုခဒ်နေဇာအား ယောယကိမ်မင်းကိုဖမ်းဆီးခွင့်နှင့်ဗိမာန်တော်ဘဏ္ဍာအချို့ကိုသိမ်းယူခွင့်ပေးတော်မူ၏။ နေဗုခဒ်နေဇာသည်သုံ့ပန်းများကိုဗာဗုလုန်ပြည်ရှိ မိမိ၏ဘုရားဝတ်ကျောင်းသို့ခေါ်ဆောင်သွားပြီးလျှင် ဖမ်းဆီးသိမ်းယူခဲ့သည့်ဘဏ္ဍာများကိုဝတ်ကျောင်းဘဏ္ဍာတိုက်တွင်ထားတော်မူ၏။