Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 13:9

Common Language Bible

ထို့​ကြောင့်​သင်​နှင့်​ငါ​ခွဲ​ခွာ​ကြ​ပါ​စို့။ သင့်​ရှေ့​မှောက်​တွင်​မြေ​တစ်​ပြင်​လုံး​ရှိ​၏။ သင်​ကြိုက်​နှစ်​သက်​ရာ​ကို​ရွေး​ယူ​လော့။ သင်​က​တစ်​ဘက်​သို့​သွား​လျှင်​ငါ​က​တ​ခြား​တစ်​ဘက်​သို့​သွား​မည်'' ဟု​ပြော​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​လော​တ​သည်​ပတ်​ဝန်း​ကျင်​သို့​လှည့်​ကြည့်​ရာ​ဇော​ရ​မြို့​သို့​တိုင်​အောင် ယော်​ဒန်​မြစ်​ဝှမ်း​တစ်​လျှောက်​လုံး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဥ​ယျာဉ်​တော် ကဲ့​သို့​လည်း​ကောင်း၊ အီ​ဂျစ်​ပြည်​ကဲ့​သို့​လည်း​ကောင်း​ရေ​ပေါ​များ​ကြောင်း​တွေ့​ရ​လေ​သည်။ (ထာ​ဝ​ရ​ဘု​ရား​သည်​သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကို​မ​ဖျက်​ဆီး​မီ​က​အ​ခြေ​အ​နေ​ဖြစ်​၏။-)

ထို​အ​ခါ​အာ​ဗြံ​က​လော​တ​အား``ငါ​တို့​သည်​ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​ကြ​၍ သင့်​လူ​စု​နှင့်​ငါ့​လူ​စု​တို့​သည်​ခိုက်​ရန်​ဖြစ်​ပွား​နေ​ရန်​မ​သင့်​ချေ။-

အ​ဘိ​မ​လက်​က``ငါ​၏​တိုင်း​ပြည်​တစ်​ဝန်း လုံး​တွင် သင်​ကြိုက်​ရာ​အ​ရပ်​၌​နေ​လော့'' ဟု အာ​ဗြ​ဟံ​အား​မိန့်​ကြား​၏။-

သင်​တို့​ဤ​ပြည်​၌​ငါ​တို့​နှင့်​အ​တူ​နေ​ထိုင်​ကြ ပါ။ ကြိုက်​နှစ်​သက်​ရာ​အ​ရပ်​ကို​ရွေး​၍​နေ​ကြ ပါ။ လွတ်​လပ်​စွာ​ရောင်း​ဝယ်​ဖောက်​ကား​ကြ​ပါ။ ပစ္စည်း​ဥစ္စာ​ကို​လည်း​ပိုင်​ဆိုင်​ကြ​ပါ'' ဟု​ဆို လေ​၏။

ငါ​သည်​ငြိမ်း​ချမ်း​ရေး​အ​ကြောင်း​ပြော​ဆို သော​အ​ခါ သူ​တို့​က​စစ်​တိုက်​ရန်​ပြော​ဆို​ကြ​၏။

ယ​ခု​သင်​၏​လက်​ကောက်​ဝတ်​မှ​သံ​ကြိုး​များ ကို​ငါ​ဖြုတ်​ပေး​မည်။ သင်​သည်​ငါ​နှင့်​အ​တူ ဗာ​ဗု​လုန်​မြို့​သို့​လိုက်​လို​က​လိုက်​ပါ​လော့။ သင့်​အား​ကောင်း​စွာ​ငါ​ကြည့်​ရှု​ပါ​မည်။ သင် မ​လိုက်​လို​လျှင်​နေ​နိုင်​ပါ​သည်။ တစ်​ပြည် လုံး​မှ​သင်​ကြိုက်​ရာ​အ​ရပ်​သို့​သင်​သွား နိုင်​သည်'' ဟု​ပြော​၏။

လူ​တိုင်း​နှင့်​တတ်​နိုင်​သ​မျှ​ငြိမ်း​ချမ်း​စွာ​နေ ထိုင်​ကြ​လော့။-

ဤ​သို့​အ​ချင်း​ချင်း​တ​ရား​စွဲ​ဆို​ခြင်း​သည် သင် တို့​၏​အ​တွက်​ဆုံး​ရှုံး​မှု​ဖြစ်​စေ​၏။ တ​ရား​စွဲ​ဆို မည့်​အ​စား မ​တ​ရား​ပြု​ခြင်း​ကို​ခံ​သည်​က​ပို ၍​မ​ကောင်း​ပါ​လော။ လု​ယက်​ခြင်း​ခံ​ရ​သည် က​ပို​၍​မ​ကောင်း​ပါ​လော။-

လူ​တိုင်း​နှင့်​ငြိမ်း​ချမ်း​စွာ​နေ​နိုင်​ရန်​ကြိုး​စား ကြ​လော့။ မြင့်​မြတ်​သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​ကို ရှာ​ကြ​လော့။ ထို​ပါ​ရ​မီ​မ​ရှိ​လျှင်​အ​ဘယ် သူ​မျှ​ဘု​ရား​သ​ခင်​ကို​ဖူး​မြင်​ရ​လိမ့်​မည် မ​ဟုတ်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ