သူတို့နှစ်ဦးတွင်တိရစ္ဆာန်များ၍စားကျက်မလုံလောက်သည့်အတွက်ကြောင့် အတူတူနေထိုင်ရန်မဖြစ်နိုင်တော့ချေ။-
သူ့အတွက်ကြောင့်ဘုရင်သည်အာဗြံအား ကောင်းစွာပြုစု၍သိုး၊ နွား၊ ဆိတ်၊ မြည်း၊ ကျေး ကျွန်နှင့်ကုလားအုတ်များကိုဆုချပေး သနားတော်မူ၏။
အာဗြံသည်မယားစာရဲ၊ တူလောတ၊ ရှိသမျှ သောဥစ္စာပစ္စည်းနှင့်တကွ ခါရန်မြို့၌ရရှိသော ကျေးကျွန်အားလုံးတို့ကိုခေါ်ဆောင်၍ ခါနာန် ပြည်သို့ခရီးထွက်ခဲ့လေသည်။ ခါနာန်ပြည်သို့ရောက်ကြသောအခါ၊-
အာဗြံသည် သိုး၊ နွား၊ ဆိတ်၊ ရွှေ၊ ငွေစသည်တို့ကိုပိုင်သဖြင့်အလွန်ကြွယ်ဝချမ်းသာသူဖြစ်၏။-
ချမ်းသာကြွယ်ဝလိုသူတို့သည်အပြစ်သွေး ဆောင်ခြင်းကိုခံရကြ၏။ သူတို့သည်မိုက်မဲ ၍အကျိုးယုတ်စေတတ်သည့်စွဲလမ်းတပ်မက် မှုတို့ဖြင့်ကျော့မိကြ၏။ ထိုစွဲလမ်းတပ်မက်မှု များသည်သူတို့အားပျက်စီးဆုံးရှုံးစေ တတ်၏။-