Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 13:14

Common Language Bible

လော​တ​နှင့်​အာ​ဗြံ​တို့​ခွဲ​ခွာ​သွား​ကြ​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​က​အာ​ဗြံ​အား``သင်​ရှိ​ရာ​မှ​အ​ရပ်​လေး​မျက်​နှာ​သို့​ကြည့်​ရှု​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​လော​တ​သည်​ပတ်​ဝန်း​ကျင်​သို့​လှည့်​ကြည့်​ရာ​ဇော​ရ​မြို့​သို့​တိုင်​အောင် ယော်​ဒန်​မြစ်​ဝှမ်း​တစ်​လျှောက်​လုံး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဥ​ယျာဉ်​တော် ကဲ့​သို့​လည်း​ကောင်း၊ အီ​ဂျစ်​ပြည်​ကဲ့​သို့​လည်း​ကောင်း​ရေ​ပေါ​များ​ကြောင်း​တွေ့​ရ​လေ​သည်။ (ထာ​ဝ​ရ​ဘု​ရား​သည်​သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကို​မ​ဖျက်​ဆီး​မီ​က​အ​ခြေ​အ​နေ​ဖြစ်​၏။-)

သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​မြေ​မှုန့်​ကဲ့​သို့ များ​ပြား​လိမ့်​မည်။ သူ​တို့​၏​နယ်​မြေ​သည်​အ​ရပ် လေး​မျက်​နှာ​သို့​ကျယ်​ပြန့်​လိမ့်​မည်။ ငါ​သည် သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ဖြင့် ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား​ကောင်း ချီး​ပေး​မည်။-

သင်​၏​ပတ်​ဝန်း​ကျင်​တွင်​အ​ဘယ်​သို့​ဖြစ်​ပျက် လျက် ရှိ​သည်​ကို​လှည့်​၍​ကြည့်​ပါ​လော့။ သင်​၏​အ​မျိုး​သား​တို့​သည်​စု​ရုံး​လျက် မိ​မိ​တို့​ပြည်​သို့​ပြန်​လာ​နေ​ကြ​၏။ ငါ​သည်​အ​သက်​ရှင်​တော်​မူ​သည့်​ဘု​ရား ဖြစ်​တော်​မူ​သည်​နှင့်​အ​ညီ၊ သင်​သည်​ကျောက်​မျက်​ရ​တ​နာ​များ​ကို ဝတ်​ဆင်​ထား​သည့် မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကဲ့​သို့​မိ​မိ​၏ အ​မျိုး​သား​များ​အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား ရ​လိမ့်​မည်။

သင်​၏​ပတ်​ဝန်း​ကျင်​တွင်​အ​ဘယ်​သို့​ဖြစ်​ပျက်​လျက် ရှိ​သည်​ကို​ကြည့်​ရှု​လော့။ သင်​၏​အ​မျိုး​သား​များ​သည်​မိ​မိ​တို့​ပြည်​သို့ ပြန်​လာ​ရန်​စု​ရုံး​လျက်​ရှိ​ကြ​၏။ သင်​၏​သား​တို့​သည်​ရပ်​ဝေး​မှ​ပြန်​လာ​ကြ လိမ့်​မည်။ သင်​၏​သ​မီး​များ​အား​ပွေ့​ချီ​လျက်​လာ​ကြ လိမ့်​မည်။

ပိ​သ​ဂါ​တောင်​ထိပ်​ပေါ်​သို့​တက်​၍​အရှေ့၊ အ​နောက်၊ တောင်၊ မြောက်​သို့​ကြည့်​လော့။ သင်​သည်​ယော်ဒန်​မြစ် တစ်​ဘက်​သို့​ကူး​ရ​မည်​မ​ဟုတ်​သော​ကြောင့် သင် မြင်​သ​မျှ​ကို​သေ​ချာ​စွာ​ကြည့်​ရှု​လော့။-

ထို​နောက်​မော​ရှေ​သည်​မော​ဘ​လွင်​ပြင်​မှ ယေ​ရိ ခေါ​မြို့​အ​ရှေ့​ဘက်​ရှိ​နေ​ဗော​ခေါ်​ပိ​သ​ဂါ​တောင် ထိပ်​ပေါ်​သို့​တက်​လေ​၏။ ထို​အ​ရပ်​တွင်​ထာ​ဝ​ရ ဘု​ရား​သည် မြောက်​ဘက်​ရှိ​ဒန်​မြို့​အ​ထိ​ကျယ် ပြန့်​သော​ဂိလဒ်​ပြည်​နယ်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ