အာဗြံသည်ထာဝရဘုရားမိန့်မှာသည့်အတိုင်း ခါရန်မြို့မှထွက်ခွာသောအခါ အသက်ခုနစ် ဆယ့်ငါးနှစ်ရှိ၏။ လောတသည်သူနှင့်အတူ လိုက်ပါခဲ့၏။-
တေရ၏သားစဉ်မြေးဆက်တို့ကိုဖော်ပြပေအံ့။ တေရသည် အာဗြံ၊ နာခေါ်နှင့်ခါရန်တို့၏ဖခင် ဖြစ်၏။ ခါရန်သည်လောတ၏ဖခင်ဖြစ်၏။-
တေရသည်သူ၏သားအာဗြံ၊ မြေးလောတ တို့နှင့်ချွေးမစာရဲတို့ကိုခေါ်ဆောင်၍ ခါနာန် ပြည်သို့သွားရန်ဗာဗုလုန်ပြည်၊ ဥရမြို့မှ ထွက်ခွာခဲ့ရာခါရန်မြို့သို့ဆိုက်ရောက်လာ၍ ထိုမြို့တွင်အခြေချနေထိုင်၏။-
အာဗြံနှင့်အတူလိုက်ပါလာသောလောတသည်လည်း သိုး၊ ဆိတ်စသည့်တိရစ္ဆာန်တို့အပြင်ကျေးကျွန်များကိုပိုင်၏။-
ထိုသားဖွားသောအချိန်၌ အာဗြံသည်အသက် ရှစ်ဆယ့်ခြောက်နှစ်ရှိသတည်း။
စာရဲသည်ဟာဂရကိုသူ့လက်သို့အပ်လေ၏။ (အာဗြံသည်ခါနာန်ပြည်တွင်ဆယ်နှစ်နေထိုင် ပြီးနောက် ဟာဂရကိုမယားငယ်အဖြစ် သိမ်းပိုက်ခဲ့လေသည်။-)
အာဗြဟံသည်အသက်တစ်ရာ့ခုနစ်ဆယ်ငါး နှစ်ရှိသော်အိုမင်းလျက်၊ နေ့ရက်ကာလများစွာ ပြည့်စုံခြင်းနှင့်တကွ၊ နောက်ဆုံးထွက်သက်ကို ရှူ၍မိမိလူမျိုးစုနှင့်စုဝေးခွင့်ရလေ၏။-
ယာကုပ်သည်ဗေရရှေဘအရပ်မှခါရန် မြို့သို့ခရီးထွက်ခဲ့လေသည်။-
ထိုအခါအာဗြဟံသည်ခါလဒဲပြည်မှ ထွက်ခွာ၍ ခါရန်မြို့သို့သွားရောက်နေထိုင်၏။ သူ၏ဖခင်သေလွန်သောအခါသူ့အား ထို မြို့မှယခုသင်တို့နေထိုင်ရာပြည်သို့ဘုရား သခင်ပြောင်းရွှေ့စေတော်မူ၏။-
အာဗြဟံသည်ဘုရားသခင်ခေါ်တော်မူ သောအခါ ကိုယ်တော်၏စကားကိုနားထောင်၍ မိမိအားကတိထားတော်မူသောပြည်သို့ ယုံကြည်ခြင်းအားဖြင့်ထွက်ခွာသွား၏။ သူ သည်အဘယ်အရပ်သို့သွားရမည်ကို မသိဘဲ မိမိ၏ရပ်ရွာကိုစွန့်ခဲ့ပေသည်။-
အာဗြဟံသည်စိတ်ရှည်စွာစောင့်ဆိုင်းနေခဲ့ သဖြင့် ကတိတော်အတိုင်းခံစားရလေသည်။-