Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 12:18

Common Language Bible

ထို​အ​ခါ​၌​ဘု​ရင်​သည်​အာ​ဗြံ​ကို​ဆင့်​ခေါ် ၍``သင်​သည်​ငါ့​အား​အ​ဘယ်​သို့​ပြု​သ​နည်း။ စာ​ရဲ​သည်​သင်​၏​မ​ယား​ဖြစ်​ကြောင်း​ကို ငါ့ အား​အ​ဘယ်​ကြောင့်​မ​ပြော​ပြ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သူ့​ကို​ငါ​၏​မယား​အ​ဖြစ်​သိမ်း​ပိုက်​စေ​ရန် သူ သည်​သင်​၏​နှ​မ​ဖြစ်​သည်​ဟု​အ​ဘယ်​ကြောင့် သင်​ဆို​သ​နည်း။ ယ​ခု​ပင်​သင်​၏​မ​ယား​ကို ခေါ်​၍​ထွက်​သွား​လော့'' ဟု​အ​မိန့်​ပေး​၏။-

ည​အ​ခါ​အိပ်​မက်​ထဲ​၌​ဘု​ရား​သ​ခင်​က``သင် သည်​ဤ​မိန်း​မ​ကို​သိမ်း​ပိုက်​သ​ဖြင့်​သေ​ရ​မည်။ သူ​သည်​လင်​ရှိ​မ​ယား​ဖြစ်​သည်'' ဟု​အ​ဘိ မ​လက်​အား​မိန့်​တော်​မူ​၏။

မိုး​လင်း​ချိန်​ရောက်​မှ​ယာကုပ်​သည်​မိ​မိ​၏​မယား​မှာ လေ​အာ​ဖြစ်​ကြောင်း​သိ​ရ​လေ​သည်။ သူ​သည်​လာ​ဗန် ထံ​သို့​သွား​၍``အ​ဘယ်​ကြောင့်​ထို​သို့​ပြု​လုပ်​ရ​ပါ သ​နည်း။ ကျွန်ုပ်​သည်​ရာ​ခေ​လ​ကို​ရ​ရန်​အ​တွက် အ​လုပ်​လုပ်​ခဲ့​ပါ​သည်။ ကျွန်ုပ်​ကို​အ​ဘယ်​ကြောင့် လှည့်​စား​ပါ​သ​နည်း'' ဟု​မေး​လေ​၏။

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သခင်​က​မိန်း​မ​အား``သင် သည်​အ​ဘယ်​ကြောင့်​ထို​သို့​ပြု​ရ​သ​နည်း'' ဟု မေး​တော်​မူ​လျှင် ``မြွေ​က​ကျွန်​မ​ကို​လှည့်​စား သ​ဖြင့်​စား​မိ​ပါ​သည်'' ဟု​ပြန်​လည်​လျှောက် လေ​၏။

လာ​ဗန်​က``သင်​သည်​အ​ဘယ်​ကြောင့်​ငါ့​ကို လှည့်​စား​၍ ငါ​၏​သ​မီး​များ​ကို​စစ်​သုံ့​ပန်း များ​ကဲ့​သို့​ခေါ်​ဆောင်​သွား​ရ​ပါ​သ​နည်း။-

ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​အ​ဘယ်​ကြောင့် ဤ​ဆိုး​ယုတ်​သော​အ​မှု​ကို​ပြု​ရ​သ​နည်း။ သင့် ညီ​အ​သွေး​၏​အ​သံ​သည်​မြေ​ထဲ​မှ ငါ့​ထံ​သို့ အော်​ဟစ်​လျက်​ရှိ​သည်​တ​ကား။-

ယော​သပ်​က``သင်​တို့​အ​ဘယ်​ကြောင့်​ဤ​သို့​ပြု ဘိ​သ​နည်း။ ငါ​သည်​သင်​တို့​ပြု​သ​မျှ​တို့​ကို နိ​မိတ်​ဖတ်​ခြင်း​ဖြင့်​သိ​နိုင်​စွမ်း​ရှိ​ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော'' ဟု​ဆို​လေ​၏။

ထို​အ​ခါ​သူ​သည်​ဘု​ရင့်​ထံ​သို့​သွား​၍``အ​ရှင် အ​ဘယ်​သို့​ပြု​တော်​မူ​ပါ​သ​နည်း။ အာ​ဗ​နာ​သည် အ​ရှင့်​ထံ​သို့​ရောက်​ရှိ​လာ​သော်​လည်း အ​ရှင်​သည် အ​ဘယ်​ကြောင့်​သူ့​အား​ဤ​သို့​ပြန်​၍​လွှတ်​တော် မူ​ပါ​သ​နည်း။-

မော​ရှေ​က​အာ​ရုန်​အား``ဤ​သူ​တို့​သည်​သင့် ကြောင့်​ထို​မျှ​လောက်​ကြီး​လေး​သော​အ​ပြစ် ကို​ပြု​မိ​ရန် သူ​တို့​သည်​သင့်​အား​အ​ဘယ် သို့​ပြု​ကြ​သ​နည်း'' ဟု​မေး​၏။

ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ ဖြစ်၍၊ ထာဝရဘုရား၏ လက်တော်၌ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့်စေတော်မူ၏။

ယော​ရှု​က​သူ့​အား``ငါ့​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​တွင်​မှန်​ရာ​ကို​ပြော​၍​ဝန်​ခံ လော့။ သင်​ပြု​ခဲ့​သည့်​အ​မှု​ကို​မ​ထိမ်​မ​ချန် ဘဲ​ငါ့​အား​ထုတ်​ဖော်​ပြော​ကြား​လော့'' ဟု ဆို​လေ​၏။

သင်​တို့​သည်​ဤ​ပြည်​တွင်​နေ​ထိုင်​သူ​တို့​နှင့် အ​ဘယ်​သို့​မျှ​ပ​ဋိ​ညာဉ်​မ​ပြု​ရ။ ထို​သူ တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ချ​ရ​ကြ​မည် ဟု​သင်​တို့​အား​ငါ​မိန့်​မှာ​ခဲ့​၏။ သို့​ရာ​တွင် သင်​တို့​သည်​ငါ​၏​အ​မိန့်​ကို​မ​နာ​ခံ​ကြ။ အ​ဘယ်​ကြောင့်​ဤ​သို့​ပြု​ဘိ​သ​နည်း။-

ထို​အ​ခါ​ရှော​လု​သည်​ယော​န​သန်​အား``သင် အ​ဘယ်​အ​မှု​ကို​ပြု​သ​နည်း'' ဟု​မေး​၏။ ယော​န​သန်​က``အ​ကျွန်ုပ်​သည်​ပျား​ရည်​အ​နည်း ငယ်​ကို​စား​မိ​ပါ​၏။ အ​မိန့်​တော်​အ​တိုင်း​သေ ဒဏ်​ခံ​ရန်​အ​ကျွန်ုပ်​အ​သင့်​ရှိ​ပါ​၏'' ဟု​လျှောက် လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ