ကမ္ဘာဦး 11:8Common Language Bibleထို့ကြောင့်ထာဝရဘုရားသည်သူတို့အား ကမ္ဘာ အရပ်ရပ်သို့ကွဲလွင့်စေသဖြင့် လူတို့သည်မြို့ တည်ခြင်းကိုရပ်ဆိုင်းထားရကြလေသည်။- အခန်းကိုကြည့်ပါ။ |
ထိုသူအပေါင်းတို့သည်ပင်လယ်ကမ်းခြေတစ် လျှောက်နှင့် ကျွန်းများပေါ်တွင်အနှံ့အပြားနေ ထိုင်သူတို့၏ဖခင်များဖြစ်ကြ၏။ ဤလူမျိုး အားလုံးတို့သည်ယာဖက်မှပေါက်ဖွားဆင်း သက်လာသောသားစဉ်မြေးဆက်တို့ဖြစ်၍ လူ အမျိုးမျိုးကွဲပြားလျက်အပြည်ပြည်တို့ ၌နေထိုင်ပြီးလျှင် လူမျိုးစုအလိုက်သီးခြား ဘာသာစကားများကိုပြောဆိုကြ၏။