အာဗြံသည်စာရဲနှင့်ထိမ်းမြား၍နာခေါ်သည် ခါရန်၏သမီးမိလခါနှင့်ထိမ်းမြား၏။-
ဘုရားသခင်က``သင်၏မယားကိုစာရဲဟု မခေါ်တော့ဘဲ ယခုမှစ၍သူ၏နာမည်မှာ စာရာဟူ၍ဖြစ်စေရမည်။-
စင်စစ်အားဖြင့်သူသည်ကျွန်ုပ်၏နှမဖြစ်ပါ၏။ သူသည်ကျွန်ုပ်နှင့်ဖအေတူ၊ မအေကွဲနှမဖြစ် သည့်အပြင်ကျွန်ုပ်၏မယားလည်းဖြစ်ပါသည်။-
မကြာမီအာဗြဟံသည်သူ၏ညီနာခေါ်၏ မယားမိလခါတွင်သားရှစ်ယောက်ထွန်းကား ကြောင်းကြားသိရလေသည်။-
ဗေသွေလသည်ရေဗက္က၏ဖခင်ဖြစ်၏။ အာဗြဟံ ၏ညီနာခေါ်၏မယားမိလခါသည်ထိုသား ရှစ်ယောက်တို့ကိုဖွားမြင်လေသည်။-
အာဗြဟံ၏ပစ္စည်းဥစ္စာကိုအုပ်ထိန်းရသော ထိုအစေခံသည် မိမိသခင်၏ကုလားအုတ် များထဲမှကုလားအုတ်ဆယ်စီးကိုယူ၍ မက်ဆိုပိုတေးမီးယားပြည်မြောက်ပိုင်းရှိ နာခေါ်နေထိုင်ရာမြို့သို့ခရီးထွက်ခဲ့လေသည်။-
သူဆုတောင်း၍မဆုံးမီ၊ ရေဗက္ကဆိုသူအမျိုး သမီးသည်ရေခရားကိုပခုံးပေါ်တင်လျက် ရောက်ရှိလာလေသည်။ သူသည်အာဗြဟံ၏ညီ နာခေါ်နှင့်မယားမိလခါတို့၏သားဗေသွေ လ၏သမီးဖြစ်သည်။-
``ကျွန်မသည်နာခေါ်နှင့်မိလခါတို့၏မြေး၊ ဗေသွေလ၏သမီးဖြစ်ပါ၏။-