သူတို့နေထိုင်ရာအရပ်သည် မေရှမြို့မှအရှေ့ဘက် တောင်ထူထပ်သောဒေသရှိသေဖာမြို့တိုင်အောင် ကျယ်ပြန့်သည်။-
သြဖိရလူမျိုး၊ ဟဝိလလူမျိုးနှင့်ယောဗပ်လူမျိုး များဖြစ်ကြ၏။ ထိုလူမျိုးအားလုံးတို့သည်ယုတ္တန် မှဆင်းသက်လာကြသည်။-
ဤလူမျိုးတို့သည်ကားလူအမျိုးမျိုးကွဲပြား လျက် အပြည်ပြည်တို့၌နေထိုင်၍ လူမျိုးစုအလိုက် သီးခြားဘာသာစကားများကိုပြောဆိုကြ သောရှေမ၏အဆက်အနွယ်များဖြစ်ကြ၏။
ထိုအခါဗာလမ်သည်အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆို၏။ ``မောဘပြည်ဘုရင်ဗာလက်ကရှုရိပြည်တည်ရာ အရှေ့တောင်တန်းများမှငါ့အားခေါ်ဆောင်ခဲ့လေ ပြီ။ ဘုရင်က`လာ၍ယာကုပ်အဆက်အနွယ်တို့ကို ကျိန်ဆဲပါလော့။ လာ၍ဣသရေလအမျိုးသားတို့ကို ရှုတ်ချပါလော့' ဟုဆို၏။