ကမ္ဘာဦး 10:19Common Language Bibleဇိဒုန်မြို့မှတောင်ဘက်ရှိဂါဇမြို့အနီးဂေရာ မြို့သို့လည်းကောင်း၊ အရှေ့ဘက်ရှိသောဒုံမြို့၊ ဂေါ မောရမြို့၊ အာဒမာမြို့နှင့်လာရှမြို့အနီး ဇေဘိုင်မြို့သို့လည်းကောင်းအနှံ့အပြား ရောက်ရှိနေထိုင်ကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုသူတို့ကိုအာသနှင့်သူ၏တပ်သားတို့ သည်ဂေရာမြို့တိုင်အောင်လိုက်လံတိုက်ခိုက် ကြလေသည်။ ဆူဒန်အမျိုးသားအမြောက် အမြားကျဆုံးသဖြင့်သူတို့သည်ပြန်လည် တိုက်ခိုက်ရန်စုရုံးနိုင်စွမ်းမရှိကြတော့ချေ။ ထာဝရဘုရားနှင့်ယုဒတပ်မတော်၏လက် တွင်အရေးရှုံးနိမ့်ကြလေ၏။ ယုဒတပ်မ တော်သားတို့သည်လည်းလက်ရပစ္စည်းအမြောက် အမြားကိုသိမ်းယူရရှိကြလေသည်။-
အို ဇိဒုန်မြို့၊ သင်သည်အသရေပျက်လေပြီ။ ပင်လယ်နှင့်သမုဒ္ဒရာကြီးများ၏နက်နဲရာ အရပ်က``ငါ့မှာအဘယ်အခါကမျှသား သမီးများမရှိခဲ့။ ငါသည်ဘယ်သောအခါ ကမျှသားများကိုသော်လည်းကောင်း၊ သမီး များကိုသော်လည်းကောင်းမမွေးဖွားမပြု စုခဲ့'' ဟုဆိုကာသင့်ကိုစွန့်လွှတ်လိုက်လေပြီ။
``အို ဣသရေလငါသည်သင့်ကိုအဘယ်သို့ ပစ်ပယ်နိုင်မည်နည်း။ ငါသည်သင့်ကိုအဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ ငါသည်အာဒမာမြို့ကိုဖျက်ဆီးသကဲ့သို့ လည်းကောင်း၊ ဇေဘိုင်မြို့ကိုပျက်သုဉ်းစေသကဲ့သို့လည်း ကောင်း၊ သင့်ကိုအဘယ်သို့သုတ်သင်ဖျက်ဆီးနိုင်မည် နည်း။ သင်တို့အပေါ်၌ငါ့မေတ္တာကရုဏာသည် ကြီးမားလှသောကြောင့်၊ ငါ၏စိတ်နှလုံးသည်ထိုသို့မပြုရက်နိုင်။