တိရစ္ဆာန်အရိုင်းအမျိုးမျိုးနှင့်ငှက်အမျိုးမျိုး တို့စားရန်အတွက် အပင်အမျိုးမျိုးကိုငါ ပေး၏'' ဟုမိန့်တော်မူသည့်အတိုင်းဖြစ် လေ၏။-
သင်တို့နှင့်တိရစ္ဆာန်များအတွက်အစား အစာအမျိုးမျိုးကိုယူဆောင်လော့'' ဟု မိန့်တော်မူ၏။-
သင်တို့သည်ထိုသတ္တဝါနှင့်အသီးအရွက်တို့ကိုစားသုံးနိုင်ကြ၏။ ထိုအရာအားလုံးကိုသင်တို့စားသုံးရန်ငါပေး၏။-
သူ၏သားငယ်တို့သည် အသွေးကို သောက်တတ်၏။ အသေကောင်ရှိရာအရပ်၌ ထိုငှက်ရှိသည်ဟု မိန့်တော်မူ၏။
သားငယ်တို့သည် ကျန်းမာ၍၊ လွင်ပြင်၌ ကြီးပွါး တတ်ကြ၏။ အခြားသို့သွား၍ အမိထံသို့ပြန်မလာဘဲ နေတတ်ကြ၏။
တောင်ရိုး၌ ကျက်စား၍၊ စိမ်းသော အပင် အမျိုးမျိုးကို ရှာတတ်၏။
သင်နှင့်အတူ ငါဖန်ဆင်းသော ဗေဟမုတ်ခြင်း ကို ကြည့်ရှုလော့။ နွားကဲ့သို့ မြက်ကို စားတတ်၏။
မြေတိရစ္ဆာန်အပေါင်းတို့ ကစားရာတောင်ရိုး သည် သူ၏ကျက်စားရာအရပ်ဖြစ်၏။
ကိုယ်တော်သည်တောတိရစ္ဆာန်များစားဖို့ မြက်များကိုလည်းကောင်း၊ လူတို့သုံးဖို့ကောက်ပင်များကိုလည်း ကောင်း ပေါက်စေတော်မူပါ၏။ သို့ဖြစ်၍လူသည်သီးနှံပင်များကိုစိုက်ပျိုး နိုင်လျက်
ကိုယ်တော်သည်တိရစ္ဆာန်များအား အစာရေစာကိုပေးတော်မူ၏။ ကျီးသားငယ်တို့အော်သောအခါ ကျွေးမွေးတော်မူ၏။