ချစ်သူရေ၊ ခရစ်တော်က သင်းတော်ကိုချစ်ပြီး အသက်စွန့်ခဲ့သလိုမျိုး ကိုယ့်ဇနီးမယားကို ချစ်ပေးပါ။ ခရစ်တော်ရဲ့ မေတ္တာကို နမူနာယူကြရအောင်။ ကျမ်းစာထဲမှာ ယေရှုခရစ်ပေးခဲ့တဲ့ ဆုံးမဩဝါဒတွေကို လိုက်နာရင် ဘဝရဲ့ အရာရာဟာ အောင်မြင်တိုးတက်လာမှာပါ။ အိမ်ထောင်ရေးမှာလည်း ဒီအတိုင်းပါပဲ။
အိမ်ထောင်ရေးမှာ ငြိမ်းချမ်းသာယာဖို့ ဘယ်သူက ဦးဆောင်မှုပေးရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိထားဖို့ အရေးကြီးပါတယ်။ ကိုယ်နဲ့ ကိုယ့်မိသားစုအတွက် အကောင်းဆုံးဖြစ်စေမယ့် ဘုရားသခင်ရဲ့ လမ်းညွှန်မှုကို ရှာဖွေပါ။ နေ့စဉ် ဆုတောင်းပြီး ကျမ်းစာဖတ်ရှုလေ့လာပါ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နားထောင်ပြီး ခမည်းတော်ရဲ့ အလိုတော်အတိုင်း နေထိုင်ပါ။ ဒီလိုနေထိုင်မှသာ ခရစ်တော်ရဲ့ ငြိမ်းချမ်းမှု ပြည့်စုံတဲ့ အိမ်ထောင်ရေးဖြစ်လာမှာပါ။
ကိုယ့်ဇနီးမယားကို ကြမ်းတမ်းစွာ မဆက်ဆံပါနဲ့။ သူ့ကို ပိုပြီး ဂရုစိုက်ပေးပါ။ အဲဒီလို နေထိုင်မှသာ ယေရှုခရစ်ရဲ့ နာမ၌ ဆုတောင်းတဲ့အခါ အဖြေရရှိမှာပါ။ ယောက်ျားတွေအနေနဲ့ ယေရှုခရစ်လို နေထိုင်ဖို့ မမေ့ပါနဲ့။ ဘာလို့လဲဆိုတော့ ကိုယ်လုပ်တဲ့အကျင့်တွေအတွက် ဘုရားသခင်ထံမှာ တာဝန်ခံရမှာပါ။ ကောင်းမွန်ပြီး ချီးမွမ်းထိုက်တဲ့ အကျင့်တွေနဲ့ ကောင်းကင်ဘုံရှိ ခမည်းတော်ကို နှစ်သက်စေမယ့် အကျင့်တွေကိုသာ ကျင့်ကြံပါ။
လင် ဖြစ် သူ တို့၊ ခ ရစ် တော် သည် အ သင်း တော် ကို မင်္ဂ လာ ခံ ချက် နှင့် တ ကွ သုံး သပ် ရေ၌ သန့် ရှင်း စင် ကြယ် စေ၍ အ စွန်း အ ကွက် အ တွန့် အ ရှုန့် ကင်း လျက် သန့် ရှင်း စင် ကြယ် သော အ ဖြစ် ဖြင့် ကိုယ် တော် တိုင် အား ဘုန်း ကြီး စွာ ဆက် သ အံ့ သော ငှါ ချစ် ခင်၍ ကိုယ် ကို စွန့် တော် မူ သည့် နည်း တူ မ ယား ကို ချစ် ကြ လော့။
အ သို့ ဆို သော် ခ ရစ် တော် သည် ကိုယ် ခ န္ဓာ တည်း ဟူ သော အ သင်း တော် ကို ကယ် တင်၍ ထို အ သင်း တော်၏ အ ထွဋ် အ ထိပ် ဖြစ် တော် မူ သည့် နည်း တူ၊ မ ယား၏ အ ထွဋ် အ ထိပ် ကား လင် ဖြစ် သ ဖြင့်၊
မည် သူ မ ဆို ကိုယ့် အိမ် သူ အိမ် သား တို့ မှ စ၍ ဆွေ မျိုး သား ချင်း တို့ ကို မ ကြည့် ရှု လျှင် ယုံ ကြည် ခြင်း တ ရား ကို ငြင်း ဆန် သူ၊ သာ သ နာ ပ ထက် ဆိုး သူ ဖြစ် လေ ပြီ။
သင် တို့ လျှောက် စာ ပါ အ ကြောင်း အ ရာ များ ကို ရည် လျက် ဆို ဦး အံ့။ ယောက်ျား သည် မိန်း မ နှင့် မ ဆက် ဆံ ဘဲ နေ သော် ကောင်း ၏။ခင် ပွန်း ရှိ သူ တို့ အား ငါ ဆင့် ဆို ရာ တွင် ငါ မ ဟုတ်၊ အ ရှင် ဘု ရား မိန့် မှာ တော် မူ သည် ကား မ ယား သည် လင့် ထံ မှ မ ခွာ မ သွား စေ နှင့်။ခွာ မိ လျှင် မူ ကား အိမ် ထောင် မ ပြု ဘဲ နေ စေ။ သို့ မ ဟုတ် လင့် ထံ ပြန် စေ။လင် လည်း မ ယား ကို မ ကွာ စေ နှင့်။ ကြွင်း သူ တို့ အား အ ရှင် ဘု ရား မ ဟုတ်၊ ငါ ဆို သည် ကား ညီ အစ် ကို တစ် ဦး၌ မ ယုံ ကြည် သော မ ယား ရှိ ရာ ထို မိန်း မ သည် အ တူ နေ ထိုင် ရန် သ ဘော ရှိ လျှင် မ ကွာ စေ နှင့်။မိန်း မ တစ် ဦး၌ လည်း မ ယုံ ကြည် သော လင် ရှိ ရာ ထို ယောက်ျား သည် အ တူ နေ ထိုင် ရန် သ ဘော ရှိ လျှင် မ ကွာ စေ နှင့်။အ သို့ ဆို သော် မ ယုံ ကြည် သော လင် သည် မ ယား အား ဖြင့်လည်းကောင်း၊ မ ယုံ ကြည် သော မ ယား သည် ထို ညီ အစ် ကို အား ဖြင့် လည်းကောင်း၊ သီး သန့် ရာ ရောက် ပြီ။ အ ကယ်၍ မ ဟုတ် လျှင် သင် တို့၏ သား သ မီး များ သည် ယ ခု ကဲ့ သို့ သီး သန့် ရာ မ ရောက် ဘဲ မ သန့် ရာ အ ဖြစ် နေ ကြ လေ ပြီ။သို့ ရာ တွင် ထို သို့ သော အ မှု မျိုး နှင့် စပ်၍ ညီ အစ် ကို ဖြစ် စေ၊ ညီ အစ် မ ဖြစ် စေ၊ ချဥ် နှောင် ခြင်း မ ရှိ သော ကြောင့် မ ယုံ ကြည် သူ ကွာ သွား လို လျှင် ကွာ သွား စေ။ ဘု ရား သ ခင် သည် ငါ တို့ ကို ငြိမ် သက် ခြင်း၌ ခေါ် ထား တော် မူ ပြီ။အ ချင်း မ ယား ဖြစ် သူ၊ လင် ကို သင် ကယ် တင် မည်၊ မ ကယ် တင် မည် ကို မည် သို့ သိ နိုင် သ နည်း။ အ ချင်း လင် ဖြစ် သူ၊ မ ယား ကို သင် ကယ် တင် မည်၊ မ ကယ် တင် မည် ကို မည် သို့ သိ နိုင် သ နည်း။ထို မှ တစ် ပါး အ သင်း တော် ရှိ သ မျှ အား ငါ စီ မံ သည် မှာ လူ အ သီး အ သီး သည် အ ရှင် ဘု ရား ဝေ ငှ တော် မူ သော အ ဖြစ် အ နေ ဘု ရား သ ခင် ခေါ် ထား တော် မူ ရင်း အ ဖြစ် အ နေ၌ ရှောက် လိုက် စေ။လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ ပြီး အ ဖြစ် အ နေ၌ ခေါ် ထား တော် မူ သ လော။ ထို မင်္ဂ လာ လ က္ခ ဏာ ကို မ ပျက် စေ နှင့်။ ထို မင်္ဂ လာ မဲ့ အ ဖြစ် အ နေ၌ ခေါ် ထား တော် မူ သ လော။ မ ခံ စေ နှင့်။ထို မင်္ဂ လာ ရှိ ခြင်း မ ရှိ ခြင်း သည် ပ ဓာ န မ ဟုတ်၊ ဘု ရား သ ခင့် ပ ညတ် တော် များ ကို စောင့် ရှောက် ခြင်း သာ ပ ဓာ န ဖြစ်၏။သို့ ရာ တွင် မ တ ရား သော မေ ထုန် မှု ဖြစ် တတ် သည် ကို ထောက်၍ ယောက်ျား အ သီး အ သီး ၌ မ ယား၊ မိန်း မ အ သီး အ သီး၌ လင် ရှိ စေ လော့။
ထို သို့ ပင် လင် ဖြစ် သူ တို့ သည် ကိုယ့် ခ န္ဓာ အ ဖြစ် မ ယား ကို ချစ် သင့်၏။ မ ယား ကို ချစ် သူ သည် ကိုယ် ကို ချစ် ရာ ရောက် ၏။
နေ အောက် တွင် ပေး သ နား တော် မူ သော၊ အ ချည်း အ နှီး အ သက် ရှည် သ မျှ အ တွင်း၊ ချစ် ခင် သည့် ကြင် ဘက် နှင့် အ တူ မွေ့ လျော် နေ ထိုင် လော့။ ဤ သည် ကား၊ နေ အောက် တွင် အ သက် ရှင် စဉ်၊ ကြိုး ပမ်း စွာ လုပ် ကိုင် သ မျှ သော အ ကျိုး ဆက် ဖြစ် သ တည်း။
ထို အ ကြောင်း ကြောင့် ယောက်ျား သည် မိ ဘ ထံ မှ ထွက် ခွာ ၍ မ ယား နှင့် စုံ ဖက် သ ဖြင့် ထို သူ တို့ သည် တစ် သား တည်း ဖြစ် ရ လိမ့် မည်။
ထို နည်း တူ လင် ဖြစ် သူ တို့ သင် တို့ ပ ဌ နာ များ ကို ကန့် ကွက် ခြင်း မ ရှိ စေ ရန် အား နည်း သူ အ ဖြစ် မိန်း မ နှင့် အ တူ အ သိ ပ ညာ အ လျောက် နေ ထိုင်၍ အ သက် ဆိုင် ရာ ကျေး ဇူး တော် ကို အ မွေ စား ဘက် အ ဖြစ် ထောက် ထား၍ လေး မြတ် ကြ လော့။
ဥ ပ မာ ဆို လျှင် လင် အ သက် ရှင် စဉ် မိန်း မ သည် တ ရား အ တိုင်း လင်၌ ချည် နှောင် လျက် ရှိ၏။ လင် သေ လျှင် မူ ကား လင့် ဝတ် တ ရား နှင့် ကင်း လွတ်၏။
ကိုယ် တော် က မည် သူ မ ဆို မ ယား ကို ကွာ၍ တစ် ပါး သော မိန်း မ နှင့် အိမ် ထောင် ဖက် ပြု လျှင် မ ယား ကို ပြစ် မှား သူ ဖြစ် ၏။
သင် တို့ ရှိ သ မျှ တွင် အိမ် ထောင် ပြု ခြင်း အ မှု ကို ဂုဏ် တင် လျက် ဆက် ဆံ ခြင်း ဝတ် ကို စင် ကြယ် စေ ကြ လော့။ မ တ ရား မေ ထုန် ပြု သူ တို့ နှင့် သူ့ သား အိမ် ရာ ပြစ် မှား သူ တို့ ကို ကား ဘု ရား သ ခင် စီ ရင် တော် မူ လိမ့် မည်။
မ ယား ကို ရ သော သူ သည်၊ ကောင်း သော အ ရာ ကို ရ၍၊ ထာ ဝ ရ ဘု ရား ထံ မှ ကျေး ဇူး တော် ကို ခံ ရ ၏။
ထာ ဝ ရ ဘု ရား သ ခင် က လည်း လူ သည် တစ်ယောက် တည်း မ နေ စ ကောင်း။ သူ့ အ ဖို့ တော် သော အ ထောက် အ မ ကို ငါ ဖန် ဆင်း ဦး မည် ဟု မိန့် တော် မူ ၏။
ဇီ ဝ အ သက် ကို အ ကြွင်း မဲ့ ပိုင် ရှင် တစ် ဆူ တည်း သာ၊ ဖန် ဆင်း တော် မူ သည် မ ဟုတ် လော။ ထို အ ရှင် ဖန် ဆင်း တော် မူ သည် မှာ၊ ကြည် ညို သော အ နွယ် ကို လို တော် မူ သော ကြောင့် တည်း။ သို့ ဖြစ်၍ ကိုယ့် စိတ် ကို သ တိ မူ လျက်၊
မ ယား ဖြစ် သူ သည် လင် အ သက် ရှင် သ မျှ ကာ လ အ တွင်း ချည် နှောင် လျက် ရှိ၏။ လင် သေ လျှင် မူ ကား အ ရှင် ဘု ရား၌ ဖြစ် က အ လို ရှိ သူ နှင့် အိမ် ထောင် ပြု ရန် လွတ် လေ ပြီ။
သို့ ရာ တွင် သင် တို့ သိ စေ လို သည် မှာ ယောက်ျား တိုင်း၏ အ ထွဋ် အ ထိပ် သည် ခ ရစ် တော်၊ မိန်း မ ၏ အ ထွဋ် အ ထိပ် သည် ယောက်ျား၊ ခ ရစ် တော်၏ အ ထွဋ် အ ထိပ် သည် ဘု ရား သ ခင် ပေ တည်း။
သို့ ရာ တွင် မ တ ရား သော မေ ထုန် မှု ဖြစ် တတ် သည် ကို ထောက်၍ ယောက်ျား အ သီး အ သီး ၌ မ ယား၊ မိန်း မ အ သီး အ သီး၌ လင် ရှိ စေ လော့။
သို့ ဖြစ်၍ သင်း အုပ် သည် အ ပြစ် တင် ခွင့် မဲ့ သူ၊ မ ယား တစ် ယောက် နှင့် သာ အိမ် ထောင် ပြု သူ၊ သ တိ ရှိ သူ၊ ဣ န္ဒြေ စောင့် သူ၊ သင့် လျော် စွာ ပြု သူ၊ ဧည့် ဝတ် ကြေ သူ၊ သင် ကြား တတ် သူ၊
ထို သို့ ပင် လင် ဖြစ် သူ တို့ သည် ကိုယ့် ခ န္ဓာ အ ဖြစ် မ ယား ကို ချစ် သင့်၏။ မ ယား ကို ချစ် သူ သည် ကိုယ် ကို ချစ် ရာ ရောက် ၏။ကိုယ် ခ န္ဓာ တွင် အင်္ဂါ များ ဖြစ် သော အ သင်း တော် ကို ခ ရစ် တော် မွေး မြူ ပြု စု တော် မူ သ ကဲ့ သို့ လူ တိုင်း ကိုယ့် အ သား ကို မ မုန်း ဘဲ မွေး မြူ ပြု စု တတ် ၏။
အ ကယ်၍ လူ တစ် ဦး သည် မိန် မ ကို ဆောင် ယူ လျှင်၊ တစ် နှစ် အ တွင်း စစ် ချီ ခြင်း၊ အ မှု ထမ်း ခြင်း ကင်း လျက်၊ ဆောင် ယူ သော မိန်း မ ရွှင် လန်း စေ ရန် အိမ်၌ နေ စေ။
မေတ္တာ သည် စိတ် ရှည် လျက် ကျေး ဇူး ပြု တတ်၏။ မေ တ္တာ သည် ငြူ စူ ခြင်း၊ ထောင် လွှား ခြင်း၊ ဝင့် ဝါ ခြင်း၊မ သင့် မ လျော် ပြု ကျင့် ခြင်း၊ ကိုယ့် အ ကျိုး ကို ရှာ ခြင်း၊ စိတ် တို ခြင်း၊ နစ် နာ မှု ကို အ ရေး ယူ ခြင်း များ နှင့် ကင်း သည့် ပြင်၊အ ဓ မ္မ ကြောင့် မ ရွှင် လန်း ဘဲ သ မ္မာ ဓ မ္မ ကြောင့် ရွှင် လန်း၍ အ ရာ ရာ ကို ရပ် ခံ လျက်၊အ ရာ ရာ ကို ယုံ ကြည် လျက်၊ အ ရာ ရာ ကို မြော် လင့် လျက်၊ အ ရာ ရာ ကို သည်း ခံ လျက် နေ၏။
များ စွာ သော လူ တို့ သည်၊ ကျေး ဇူး ပြု တတ် သူ နှင့် တွေ့ ကြုံ ရ သော် လည်း၊ သ စ္စာ ရှိ သူ့ ကို ကား၊ မည် သူ တွေ့ နိုင် အံ့ နည်း။
ကျွန် မ ကို၊ အ ရှင့် နှ လုံး ပေါ်၌လည်း ကောင်း လက် ရုံး တော် ပေါ်၌လည်း ကောင်း၊ တံ ဆိပ် ကဲ့ သို့ ဆောင် တော် မူ ပါ။ အ သို့ ဆို သော်။ မေတ္တာ သည် သေ ခြင်း နှင့် အ မျှ တန် ခိုး ကြီး ပါ၏။ မ ရှု ဆိတ် နိုင် ခြင်း လည်း၊ မ ရ ဏာ့ နိုင် ငံ နှင့် အ မျှ ရက် စက် လျက်၊ အ ရှိန် လည်း၊ မီး အ ရှိန်၊ ထာ ဝ ရ ဘု ရား၏ အ ရှိန် တော် ဖြစ်၏။ရေ များ သည်၊ မေ တ္တာ ရှိန် ကို မ သတ် နိုင်။ ရေ အ ယဉ် လည်း မ လွှမ်း မိုး နိုင်။ လူ သည်၊ မေ တ္တာ ကို ပိုင် သ မျှ ဥ စ္စာ ပ စ္စည်း များ နှင့် လဲ လှယ် ခဲ့ လျှင်၊ မု ချ မ ထီ မဲ့ မြင် ပြု ရာ ရောက် လိမ့် မည်။
ညီ အစ် ကို တို့၊ လွတ် ခွင့် အ ဖို့ သင် တို့ ကို ခေါ် ထား တော် မူ သည် မှန်၏။ သို့ ရာ တွင် ထို လွတ် ခွင့် ကို ရုပ် ခ န္ဓာ သွေး ဆောင် ရာ သွေး ဆောင် ကြောင်း မ ဖြစ် စေ ဘဲ ချစ် ခြင်း မ တ္တာ အား ဖြင့် အ ချင်း ချင်း တို့ ထံ ကျွန် ခံ ကြ လော့။
ဣ ဇာက် သည် အ မိ စာ ရာ၏ တဲ သို့ ရေ ဗက္က ကို၀င် စေ၍ သ မီး ခင် ပွန်း ဖြစ် ကြ၏။ မ ယား ကို ချစ် မြတ် နိုး သ ဖြင့် အ မိ ကို လွမ်း ဆွတ် ခြင်း မှ ပြေ ငြိမ်း လေ ၏။
နှ လုံး ရည် ကောင်း သော မိန်း မ ကို၊ မည် သူ တွေ့ ရ သ နည်း။ ထို မိန်း မ သည် ပ တ္တ မြား ထက် လွန်၍ ထိုက် တန်၏။ခင် ပွန်း သည်၊ သူ၌ စိတ် ချ သ ဖြင့်၊ အ မြတ် နှင့် ပြည့် စုံ လိမ့် မည်။ခင် ပွန်း အား လည်း၊ အ ဆိုး မ ဖက်၊ တစ် သက် လုံး ကောင်း စား စေ တတ်၏။
သင် တို့ အ သီး အ သီး မှာ မူ မ ယား ကို ကိုယ် နှင့် အ မျှ ချစ် ကြ လော့။ မ ယား လည်း လင် ကို ရို သေ ကြ စေ။
အ ထူး ဆို သော် စုံ လင် ခြင်း အ ဖွဲ့ အ နှောင် တည်း ဟူ သော မေ တ္တာ တ ရား ကို ဝတ် ဆင် ကြ လော့။
ညီ အစ် ကို ချင်း အ ဖြစ် သင်္ဂ ဟ ဝတ် အ တိုင်း တစ် ယောက် ကို တစ် ယောက် ချစ်၍ ကိုယ့် ထက် ဂုဏ် တင် လျက်၊
ဝိ ညာဉ် တော့် ဆိုင် ရာ အ သီး မူ ကား ချစ် ခြင်း၊ ရွှင် လန်း ခြင်း၊ ငြိမ် သက် ခြင်း၊ စိတ် ရှည် ခြင်း၊ က ရု ဏာ ပြ ခြင်း၊ ကျေး ဇူး ပြု ခြင်း၊ သစ္စာ တည် ခြင်း၊ သိမ် မွေ့ ခြင်း၊ ကိုယ် ကို ချုပ် တည်း ခြင်း များ တည်း။ထို သို့ သော ပါ ရ မီ နှင့် ဆန့် ကျင် သော တ ရား မ ရှိ။
သို့ ဖြစ်၍ အ ချင်း ချင်း နှစ် သိမ့် စေ လျက် တစ် ဦး ကို တစ် ဦး ဆောက် တည် ရင်း အ တိုင်း ဆောက် တည် ကြ ဦး လော့။
ဖီ ဆန် ဝါ ကြွား လို သော သ ဘော နှင့် မည် သည် ကို မျှ မ ပြု ဘဲ တစ် ယောက် ကို တစ် ယောက် ကိုယ့် ထက် ကောင်း သည် ဟု စိတ် နှိမ့် ချ စွာ မှတ် ယူ လော့။သူ သည် ငါ့ အ ဖို့ သင် တို့ ထောက် ပံ့ မှု တွင် လို သ မျှ ကို ဖြည့် စွက် ရာ၌ ခ ရစ် တော်၏ အ မှု တော် ကြောင့် သေ ခြင်း သို့ ရောက် လု သည့် တိုင် အောင် ကိုယ့် အ သက် ကို စွန့် စား လေ ပြီ။ကိုယ့် အ မှု အ ရေး များ ကို သာ ဂ ရု မ ပြု ဘဲ တစ် ပါး သူ့ အ မှု အ ရေး များ ကို လည်း ဂ ရု ပြု ကြ လော့။
မေ တ္တာ ကျေးဇူး နှင့် သ စ္စာ တ ရား ကို မ စွန့် မ ကွာ စေ ဘဲ၊ လည် ၌ ဆွဲ ချည် ၍၊ နှ လုံး တည်း ဟူ သော ပု ရ ပိုက် ပေါ် တွင် ရေး သား လော့။သင်၌ အ ဆိုး မ ပြု သူ့ ကို၊ အ ကြောင်း မဲ့ ခိုက် ရန် မ ပြု လင့်။ကြမ်း ကြုတ် သူ ကို မ ငြူ စူ ဘဲ၊ သူ့ အ ကျင့် တစ် စုံ တစ် ရာ ကို လည်း မ ရွေး မလိုက် နှင့်။လိမ် လည် သော သူ တို့ သည်၊ ထာ ဝ ရ ဘု ရား ၏ မျက် မှောက် တော် တွင် စက် ဆုပ် ရွံ ရှာ ဖွယ် ဖြစ် လျက်၊ ဖြောင့် မှန် သော သူ တို့ ကား၊ ကိုယ် တော် နှင့် အ ကျွမ်း ဝင် ကြ ၏။ဆိုး သွမ်း သူ တို့ ၏ အိမ် ၌ ထာ ဝ ရ ဘု ရား ထံ မှ အ မင်္ဂ လာ တည်၏။ ဖြောင့် မတ် သူ တို့၏ နေ ထိုင် ရာ ကို ကား၊ မင်္ဂ လာ ပေး တော် မူ ၏။မ ထီ လေး စား ပြု သူ တို့ အား၊ လေး စား တော် မ မူ။ စိတ် နှိမ့် ချ သူ တို့ ကို ကား၊ ကျေး ဇူး သ နား တော် မူ ၏။ပ ညာ ရှိ တို့ သည် ဘုန်း အ သ ရေ ကို အ ပိုင် ရ၍၊ လူ မိုက် တို့၌ ချီး မြှောက် ခြင်း ကား၊ ရှုတ် ချ ခြင်း သာ ဖြစ် ရ လိမ့် မည်။သို့ မှ ဘု ရား သ ခင် ရှေ့၊ လူ့ ရှေ့ မှာ၊ မျက် နှာ သာ ရ ၍၊ ဂုဏ် အ သ ရေ ရှိ လိမ့် မည်။
ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ခ မည်း တော် ဘု ရား သ ခင် ဘုန်း တော် ကို တစ် စိတ် တည်း၊ တစ် သံ တည်း ချီး မွမ်း ခွင့် ရှိ စေ ခြင်း ငှါ တည် ကြည် ခြင်း နှင့် နှစ် သိမ့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သင် တို့ အား ခ ရစ် တော် ယေ ရှု၏ ပုံ စံ တော် အ လိုက် တစ် သ ဘော တည်း အ ဖြစ် ကို သ နား တော် မူ ပါ စေ သော။