သင် တို့ အ သီး အ သီး မှာ မူ မ ယား ကို ကိုယ် နှင့် အ မျှ ချစ် ကြ လော့။ မ ယား လည်း လင် ကို ရို သေ ကြ စေ။
မ ယား ကို ရ သော သူ သည်၊ ကောင်း သော အ ရာ ကို ရ၍၊ ထာ ဝ ရ ဘု ရား ထံ မှ ကျေး ဇူး တော် ကို ခံ ရ ၏။
သင် တို့ ရှိ သ မျှ တွင် အိမ် ထောင် ပြု ခြင်း အ မှု ကို ဂုဏ် တင် လျက် ဆက် ဆံ ခြင်း ဝတ် ကို စင် ကြယ် စေ ကြ လော့။ မ တ ရား မေ ထုန် ပြု သူ တို့ နှင့် သူ့ သား အိမ် ရာ ပြစ် မှား သူ တို့ ကို ကား ဘု ရား သ ခင် စီ ရင် တော် မူ လိမ့် မည်။
မေတ္တာ သည် စိတ် ရှည် လျက် ကျေး ဇူး ပြု တတ်၏။ မေ တ္တာ သည် ငြူ စူ ခြင်း၊ ထောင် လွှား ခြင်း၊ ဝင့် ဝါ ခြင်း၊မ သင့် မ လျော် ပြု ကျင့် ခြင်း၊ ကိုယ့် အ ကျိုး ကို ရှာ ခြင်း၊ စိတ် တို ခြင်း၊ နစ် နာ မှု ကို အ ရေး ယူ ခြင်း များ နှင့် ကင်း သည့် ပြင်၊
နှ လုံး ရည် ကောင်း သော မိန်း မ ကို၊ မည် သူ တွေ့ ရ သ နည်း။ ထို မိန်း မ သည် ပ တ္တ မြား ထက် လွန်၍ ထိုက် တန်၏။ခင် ပွန်း သည်၊ သူ၌ စိတ် ချ သ ဖြင့်၊ အ မြတ် နှင့် ပြည့် စုံ လိမ့် မည်။
လင် သည် မ ယား အား ပြု သင့် ရာ ဝတ် ကို လည်းကောင်း၊ မ ယား သည် လင် အား ပြု သင့် ရာ ဝတ် ကို လည်း ကောင်း ပြု ကြ စေ။
ထို အ ကြောင်း ကြောင့် ယောက်ျား သည် မိ ဘ ထံ မှ ထွက် ခွာ ၍ မ ယား နှင့် စုံ ဖက် သ ဖြင့် ထို သူ တို့ သည် တစ် သား တည်း ဖြစ် ရ လိမ့် မည်။
လင် ဖြစ် သူ တို့၊ ခ ရစ် တော် သည် အ သင်း တော် ကို မင်္ဂ လာ ခံ ချက် နှင့် တ ကွ သုံး သပ် ရေ၌ သန့် ရှင်း စင် ကြယ် စေ၍ အ စွန်း အ ကွက် အ တွန့် အ ရှုန့် ကင်း လျက် သန့် ရှင်း စင် ကြယ် သော အ ဖြစ် ဖြင့် ကိုယ် တော် တိုင် အား ဘုန်း ကြီး စွာ ဆက် သ အံ့ သော ငှါ ချစ် ခင်၍ ကိုယ် ကို စွန့် တော် မူ သည့် နည်း တူ မ ယား ကို ချစ် ကြ လော့။
ထို နည်း တူ လင် ဖြစ် သူ တို့ သင် တို့ ပ ဌ နာ များ ကို ကန့် ကွက် ခြင်း မ ရှိ စေ ရန် အား နည်း သူ အ ဖြစ် မိန်း မ နှင့် အ တူ အ သိ ပ ညာ အ လျောက် နေ ထိုင်၍ အ သက် ဆိုင် ရာ ကျေး ဇူး တော် ကို အ မွေ စား ဘက် အ ဖြစ် ထောက် ထား၍ လေး မြတ် ကြ လော့။
သို့ ရာ တွင် မိန်း မ သည် ယောက်ျား မှ ဖြစ် သည့် နည်း တူ ယောက်ျား လည်း မိန်း မ အား ဖြင့် ဖြစ် သည့် ပြင် ဘု ရား သ ခင့် အ ထံ တော် မှ အ ရာ ခပ် သိမ်း ဖြစ် သည့် အ လျောက် အ ရှင် ဘု ရား၌ မိန်း မ သည် ယောက်ျား မ ပါ ဘဲ မ တည် မ နေ။ ယောက်ျား လည်း မိန်း မ မ ပါ ဘဲ တည် နေ သည် မ ဟုတ်။
ကြီး ကျယ် သော အိမ် တွင်၊ ရန် ပြု တတ် သော မိန်း မ နှင့် အ တူ နေ သည် ထက်၊ အိမ် မိုး ပျဉ် တွင် နေ ရ သော်၊ သာ၍ ကောင်း၏။
အ ထူး ဆို သော် မေ တ္တာ သည် များ ပြား သော အ ပြစ် ကို ဖုံး အုပ် သည် ဖြစ်၍ အ ချင်း ချင်း မေ တ္တာ သ ဘော ကို တောင့် တ ကြ လော့။
သင် တို့ မူ ကား ယေ ရှု၌ သ မ္မာ တ ရား တည် သည် နှင့် အ ညီ ကိုယ် တော့် အ ကြောင်း ကြား နာ ခြင်း၊ ကိုယ် တော့် အား ဖြင့် သင် ကြား ခြင်း ခံ ခဲ့ သည် မှန် လျှင်၊ထို သို့ မ သင် ကြား ဘဲ အ ထက် အ ပြု အ ကျင့် ဖြစ် သော လှည့် စား ခြင်း လော ဘ အ လိုက် ပျက် ယွင်း တတ် သော လူ ဟောင်း ကို ချွတ် ပယ် စေ ရန် လည်း ကောင်း၊စိတ် အ ကြံ အ စည် အ သစ် ရ စေ ရန် လည်း ကောင်း၊သ မ္မာ တ ရား ဆိုင် ရာ ဖြောင့် မတ် သန့် ရှင်း ခြင်း အား ဖြင့် ဘု ရား သ ခင့် အ လို တော် နှင့် အ ညီ ဖန် ဆင်း သော လူ သစ် ကို ဝတ် ဆင် စေ ရန်လည်း ကောင်း သင် ကြား ကြ လေ ပြီ။သို့ ဖြစ်၍ ငါ တို့ သည် ကိုယ် အင်္ဂါ ချင်း ဖြစ် ကြ သော ကြောင့် မု သာ ကို စွန့် ပယ် လျက်၊ သ စ္စာ စ ကား ကို အ ချင်း ချင်း ပြော ဆို ကြ လော့။စိတ် ဆိုး သည် တွင် အ ပြစ် မ သင့် စေ နှင့်။ မာရ် နတ် ကို အ ခွင့် မ ပေး ဘဲ၊ နေ မ ဝင် မီ စိတ် ပြေ ကြ လော့။ခိုး ဖူး သူ သည် ထပ် မံ မ ခိုး ဘဲ ဆင်း ရဲ သူ့ အား ပေး ကမ်း နိုင် ရန် ကောင်း သော အ လုပ် ကို ကိုယ့် လက် ဖြင့် ကြိုး စား လုပ် ကိုင် စေ။သင် တို့ နှုတ် မှ အ လ ဇ္ဇီ စ ကား မ ထွက် စေ ဘဲ၊ ကြား နာ သူ တို့၌ အ ကျိုး ကျေး ဇူး ဖြစ် စေ ရန်၊ ဆောက် တည် ဖွယ် ကောင်း သော စ ကား ကို သာ ထွက် စေ ကြ လော့။
ငါ၏ ချစ် ဆွေ၊ သင် သည် အ ဆင်း လှ ပေ၏။ အ လွန် လှ ပေ၏။ စ က္ခု လည်း ချိုး မျက် စိ နှင့် တူ ၏။ကျွန် မ၏ ချစ် သူ၊ အ မောင် သည်၊ အ ဆင်း လှ၍ နှစ် သက် ဖွယ် ဖြစ်၏။ အ ကျွန်ုပ် တို့ အိပ် ရာ သည် စိမ်း လန်း၏။
မိတ် ဆွေ ဖြစ် သူ သည်။ အ ခါ ခပ် သိမ်း ချစ် တတ်၏။ ညီ အစ် ကို လည်း၊ ဒု က္ခ ကို ကွယ် ကာ ရန် မွေး ဖွား ပြီး ဖြစ်၏။
မေ တ္တာ နှင့် ကောင်း မှု ကို လုံ့ လ ထုတ် အံ့ သော ငှာ တစ် ယောက် ကို တစ် ယောက် ထောက် ထား ခြင်း၊
ငါ့ နှ မ၊ ငါ့ ကြင် ရာ၊ ငါ့ ဥ ယျာဉ် ထဲ သို့ ငါ ဝင် လာ ပြီ။ မု ရန် နှင့် ဒန်း ခိုင် ကို ငါ ဆွတ် ယူ ပြီ။ ငါ့ ပျား ရည် နှင့် ပျား လ ပို့ ကို စား၍၊ နို့ ရည် နှင့် စ ပျစ် ရည် ကို သောက် လေ ပြီ။ ငါ့ အ ဆွေ တို့၊ စား ကြ လော့။ ငါ့ မိတ် ဆွေ တို့၊ သောက် ကြ လော့။ ဝ စွာ သောက် ကြ လော့။
နံ့ သာ ဆီ နှင့် အ ထုံ သည်၊ စိတ် ကို ရွှင် လန်း စေ သ ကဲ့ သို့၊ အ ပေါင်း အ ဖော် ပေး သော အ ကြံ လည်း၊ စိတ် ကို အေး စေ တတ်၏။
အိမ့် အ တွင်း တွင်၊ မ ယား သည် အ သီး သီး သော စ ပျစ် ပင် ကဲ့ သို့ လည်း ကောင်း၊ စား ပွဲ ပတ် လည် တွင်၊ သား သ မီး တို့ သည် သံ လွင် အနွယ် များ ကဲ့ သို့လည်း ကောင်း၊ ဖြစ် ကြ ပါ စေ သော။
မုန်း ထား ခြင်း သည်၊ ရန် ဖြစ် စေ ရန် မွှေ နှောက် တတ်၏။ ချစ် ခြင်း မေ တ္တာ မူ ကား၊ လွန် ကျူး မှု ရှိ သ မျှ ကို ဖုံး အုပ် တတ်၏။
သား သ မီး ဖြစ် သူ တို့၊ သင့် လျော် သည့် အ တိုင်း အ ရှင် ဘု ရား အ လို တော် နှင့် အ ညီ မိ ဘ စ ကား ကို နား ထောင် ကြ လော့။
သူ တို့ နှင့် အ နည်း ငယ် လွန် မှ၊ နှစ် သက် မြတ် နိုး ရာ အ ရှင် ကို ကျွန် မ တွေ့ လျှင်၊ အ ရှင် ကို ဆွဲ ကိုင် လျက်၊ ကျွန် မ ကို သ န္ဓေ လွယ် သော မိ ခင်၏ တိုက် ခန်း သို့ မ ခေါ် မ သွင်း မှီ မ လွှတ် ချေ။
ပါ ရ မီ သုံး ပါး တည်း ဟူ သော ယုံ ကြည် ခြင်း၊ မြော် လင့် ခြင်း၊ ချစ် ခြင်း မူ ကား တည် လျက် နေ၏။ ထို သုံး ပါး တွင် ချစ် ခြင်း မေ တ္တာ သည် အ ထူး အ မြတ် ဖြစ် သ တည်း။
ထို ကြောင့် ချစ် တော် မူ သော သား သ မီး များ အ ဖြစ် ဘု ရား သ ခင့် ပုံ စံ တော် ကို လိုက် လျက်၊မည် သည့် အ ရာ ကို အ ရှင် ဘု ရား နှစ် သက် တော် မူ ကြောင်း စံ ချ လျက်၊အ ကျိုး မဲ့ သော မှောင် မိုက် အ ကျင့် များ နှင့် မ ဆက် ဆံ သည် သာ မ က ၎င်း အ ပြစ် ကို ဖော် ပြ ကြ လော့။ထို သူ တို့ သည် လျှို့ တ ဝှက် ပြု ကျင့် တတ် သော အ မှု များ ကို ပြော ရုံ မျှ ပင် ရှက် ဖွယ် ဖြစ်၏။သို့ ရာ တွင် မည် သည့် အ မှု မ ဆို အ ပြစ် ပေါ် သည့် ကာ လ အ လင်း အား ဖြင့် ထင် ရှား၏။ ထင် ရှား စေ သော အ ရာ ခပ် သိမ်း သည် အလင်း ဖြစ်၏။သို့ နှင့် အ ညီ အိပ် နေ သူ နိုး၍ သူ သေ တို့ အ ထဲ မှ ထ မြောက် လော့။ ခ ရစ် တော် သည် သင့် အ ပေါ် တွင် ထွန်း လင်း တော် မူ လိမ့် မည် ဟု အ ဆို ရှိ၏။သို့ ဖြစ်၍ မည် သို့ ကျင့် ကြံ ပြု မူ သည် ကို ပ ညာ မဲ့ သူ ကဲ့ သို့ မ ဟုတ်၊ ပ ညာ ရှိ သူ ကဲ့ သို့ သ တိ နှင့် ကြည့် ရှု လျက်၊ယ ခု ခေတ် ကာ လ ဆိုး သွမ်း သော ကြောင့် အ ခါ အ ခွင့် ကို ဝယ် ယူ ကြ လော့။ဉာဏ် မ မဲ့ ဘဲ အ ရှင် ဘု ရား၏ အ လို တော် မည် သို့ ဖြစ် ကြောင်း နား လည် ကြ လော့။ပျော် ကြူး မှု ဖြစ် စေ တတ် သော စ ပျစ် ရည် နှင့် မူး ယစ် ခြင်း မ ရှိ ဘဲ ဝိ ညာဉ် တော် နှင့် ပြည့် ဝ လျက်၊ကျူး ဧ ချက်၊ ထော မ နာ ပြု ချက်၊ ဓ မ္မ ဂီ တ အ မျိုး မျိုး အား ဖြင့် တစ် ဦး ကို တစ် ဦး ရွတ် ခြင်း၊ အ ရှင် ဘု ရား အား စိတ် မ နော တွင် ကျူး ဧ သီ ဆို ခြင်း၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ နာ မ တော် ကို အ မှီ ပြု၍ အ ဘ ဘု ရား သ ခင့် ကျေး ဇူး တော် ကို အ ရာ ခပ် သိမ်း အ တွက် အ စဉ် ချီး မွမ်း ခြင်း များ ကို ပြု သည့် ပြင်၊သင် တို့ ကို ချစ်၍ ဘု ရား သ ခင့် စိတ် တော် ပြေ ဖွယ် ရ နံ့၊ ပူ ဇော် ရာ အ လှူ ဝ တ္ထု အ ဖြစ် ငါ တို့ အ တွက် ကိုယ် ကို စွန့် တော် မူ သော ခ ရစ် တော့် နည်း တူ မေ တ္တာ တ ရား၌ ကျင့် ကြံ ကြ လော့။
အ ကယ်၍ လူ တစ် ဦး သည် မိန် မ ကို ဆောင် ယူ လျှင်၊ တစ် နှစ် အ တွင်း စစ် ချီ ခြင်း၊ အ မှု ထမ်း ခြင်း ကင်း လျက်၊ ဆောင် ယူ သော မိန်း မ ရွှင် လန်း စေ ရန် အိမ်၌ နေ စေ။
သူ ငယ် ကို၊ သွား အပ် သော လမ်း၌ စ ထွင် လေ့ ကျက် စေ လျှင်၊ အို သော အ ခါ၌ ပင်၊ မ လွှဲ ဘဲလျှောက် လိုက် လိမ့် မည်။
နေ အောက် တွင် ပေး သ နား တော် မူ သော၊ အ ချည်း အ နှီး အ သက် ရှည် သ မျှ အ တွင်း၊ ချစ် ခင် သည့် ကြင် ဘက် နှင့် အ တူ မွေ့ လျော် နေ ထိုင် လော့။ ဤ သည် ကား၊ နေ အောက် တွင် အ သက် ရှင် စဉ်၊ ကြိုး ပမ်း စွာ လုပ် ကိုင် သ မျှ သော အ ကျိုး ဆက် ဖြစ် သ တည်း။
မေ တ္တာ ရှိ လျှင် အ ပေါင်း အ ဖော် အား မည် သည့် မ ကောင်း ကို မျှ ပြု မည် မ ဟုတ်။ သို့ ဖြစ်၍ မေ တ္တာ ရှိ ခြင်း သည် ပ ညတ် တ ရား ကို အ ပြည့် အ စုံ စောင့် ရှောက် ရာ စောင့် ရှောက် ကြောင်း ဖြစ် ၏။
ကျွန် မ၏ ချစ် သူ သည်၊ သ တို့ သား စု ထဲ မှာ၊ တော ပင် စု တွင် သစ် သော့ ပင် ကဲ့ သို့ ဖြစ်၏။ ကျွန် မ သည် သူ၏ အ ရိပ်၌၊ နှစ် သက် ခို ဝင်၍၊ အ သီး ကို မြိန် ရှက် စွာ စား ရ၏။
သို့ ဖြစ်၍ ဘု ရား သ ခင်၏ ဘုန်း တော် ထင် ရှား စေ ရန် ခ ရစ် တော် သည် သင် တို့ ကို လက် ခံ တော် မူ သည့် နည်း တူ အ ချင်း ချင်း လက် ခံ ကြ လော့။
ငါ့ နှ မ၊ ငါ့ ကြင် ရာ သည်၊ စည် ကား သော ဥ ယျာဉ်၊ ကာ ရံ သော စမ်း ပေါက်၊ တံ ဆိပ် ခတ် သော ရေ တွင်း ဖြစ် ပေ၏။
ငါ့ ချစ် ခင် သူ၊ သင် သည် မွေ့ လျော် ရာ အ မျိုး မျိုး ထက် လှ ပ၍၊ နှစ် သက် ဖွယ် ဖြစ် ပေ၏။
ဉာဏ် ပ ညာ အား ဖြင့် အိမ် ကို ဆောက် ရ လျက်၊ ဉာဏ် ပ ဋိ ဘာန် အား ဖြင့် တည် မြဲ စေ ရ၏။ပျင်း ရိ သော သူ၏ လယ် ယာ၊ ဉာဏ် မဲ့ သော သူ၏ စ ပျစ် ခြံ အ နီး၊ ငါ သီ သွား ရာ၊ တစ် ပြင် လုံး ဆူး ပင် နှင့် ပြည့် လျက်၊ဖုန်း ဆိုး ဖြစ် သည့် ပြင်၊ ကျောက် တံ တိုင်း လည်း ပြို လည်း ပြီ တ ကား။ငါ သည် မျက် မှောက် ပြု လျက်၊ နှ လုံး သွင်း၍ ရှု ကြည့် စဉ် တွင်၊ သွန် သင် ခံ ရ သည် မှာ၊ခ ဏ အိပ် လျက်၊ ခ ဏ ပျော် လျက်၊အိပ် ပျော် ခွင့် ရှိ စေ ရန် ခ ဏ လက် ပိုက် လျက် နေ ခိုက်၊ သင်၌ ဆင်း ရဲ ခြင်း သည် ဓား ပြ ကဲ့ သို့လည်း ကောင်း၊ နွမ်း ပါး ခြင်း သည် သူ ရဲ ကဲ့ သို့ လည်း ကောင်း၊ သင့် ရောက် လိမ့် မည် ဟူ၍ တည်း။အ သိ ပ ညာ အား ဖြင့် အ ခန်း များ လည်း၊ ကောင်း မြတ် နှစ် သက် ဖွယ် ရာ ဘ ဏ္ဍာ အ မျိုး မျိုး နှင့် ပြည့် စုံ ရ လိမ့် မည်။
သင် တို့ နူး ညံ့ ခြင်း ကို သူ ခပ် သိမ်း တို့ သိ ကြ စေ အ ရှင် ဘု ရား သည် ရောက် တော် မူ လု ပြီ။
စိတ် ကြီး မ ဝင်၊ ဉာဏ် ကောင်း သည် ဟု မ ထင် ဘဲ အ နိမ့် အ ညံ့ နှင့် ရောင့် ရဲ လျက် အ ချင်း ချင်း တစ် သ ဘော တည်း ရှိ ကြ လော့။
ထို သူ က သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး၊ အ သက် ဝိ ညာဉ်၊ အ စွမ်း သ တ္တိ၊ ဉာဏ် သ တ္တိ အ ကြွင်း မဲ့ ချစ် လော့ ဟူ၍ လည်း ကောင်း၊ အ ပေါင်း အ ဖော် ကို ကိုယ် နှင့် အ မျှ ချစ် လော့ ဟူ၍ လည်း ကောင်း ရေး ထား ပါ သည် ဟု ပြန် ဆို သော်၊
မိန်း မ အား လည်း သင်၌ ကိုယ် ဝန် ဆောင် ခြင်း ဒု က္ခ ကို ငါ အ လွန် များ ပြား စေ မည်။ ဒု က္ခ ဝေ ဒ နာ နှင့် သား ဖွား ရ မည်။ ကိုယ့် ယောက်ျား ကို စုံ မက် ခင် မင်၍ သူ့ အ နော် အ တာ ကို လည်း ခံ ရ မည် ဟု မိန့် တော် မူ ၏။
ပျော် ပွဲ အိမ် သို့ ကျွန် မ ကို ဆောင် သွား၍၊ ကျွန် မ အ ပေါ်၌ မေ တ္တာ တော် အောင် လံ ကို စိုက် ထူ တော် မူ ခဲ့ ပြီ။
ထို ကြောင့် ငါ တို့ သည် ငြိမ် သက် ခြင်း၊ အ ချင်း ချင်း တည် ဆောက် ခြင်း အ မှု များ ကို ကြံ စည် ကြ၏။
ဘု ရား သ ခင် ကို မည် သူ မျှ မ မြင် စ ဘူး သော် လည်း ငါ တို့ အ ချင်း ချင်း ချစ် ကြ လျှင် ဘု ရား သ ခင် သည် ငါ တို့၌ တည် တော် မူ လျက် ကိုယ် တော် ကို ချစ် ခြင်း လည်း ငါ တို့၌ စုံ လင် ပြီ။
ဖွယ် ရာ ခြင်း သည်၊ လှည့် စား၍၊ အ ဆင်း လှ ခြင်း လည်း၊ အ ချည်း နှီး ဖြစ် တတ်၏။ ထာ ဝ ရ ဘု ရား ကို ခန့် ညား သော မိန်း မ မူ ကား၊ ချီး မွမ်း ခံ ရ လိမ့် မည်။
ကျွန် မ သည် မြို့ ရိုး သ ဖွယ်၊ ရင် သား လည်း ရဲ တိုက် သ ဖွယ် ဖြစ် ပါ၍၊ အ ရှင့် မျက် မှောက်၌ ငြိမ် သက် ရာ ရောက်၏။
သင် တို့ ကို ကြောင့် ကြ ရန် အ ကြောင်း များ နှင့် ကင်း လွတ် စေ လို၏။ မ ယား မ ရှိ သူ သည် အ ရှင် ဘု ရား စိတ် တော် နှင့် တွေ့ စေ ရန် အ ရှင် ဘု ရား ဆိုင် ရာ အ မှု အ ရေး များ ကို သာ ကြောင့် ကြ တတ် ၏။မ ယား ရှိ သူ မူ ကား မ ယား စိတ် နှင့် တွေ့ စေ ရန်၊ ဤ လော က ဆိုင် ရာ အ မှု အ ရေး များ ကို လည်း ကြောင့် ကြ လျက် ဒွိ ဟ ရှိ ၏။ထို နည်း တူ လင် မ ရှိ သော မိန်း မ နှင့် သ မီး က ညာ တို့ သည် ကိုယ် စိတ် နှစ် ပါး သန့် ရှင်း စေ ရန် အ ရှင် ဘု ရား ဆိုင် ရာ အ မှု အ ရေး များ ကို သာ ကြောင့် ကြ တတ်၏။ လင် ရှိ သော မိန်း မ မူ ကား လင့် စိတ် နှင့် တွေ့ စေ ရန် ဤ လော က ဆိုင် ရာ အ မှု အ ရေး များ ကို လည်း ကြောင့် ကြ တတ် ကြ ၏။
ထို သို့ ဘု ရား သ ခင် သည် ပုံ သ ဏ္ဌာန် တော် နှင့် အ ညီ လူ ကို ဖန် ဆင်း တော် မူ၏။ ဘု ရား သ ခင်၏ ပုံ သ ဏ္ဌာန် တော် နှင့် အ ညီ လူ ကို ဖန် ဆင်း၍ ယောက်ျား နှင့် မိန်း မ ကို ဖြစ် စေ တော် မူ ၏။
သို့ ရာ တွင် သင် တို့ သိ စေ လို သည် မှာ ယောက်ျား တိုင်း၏ အ ထွဋ် အ ထိပ် သည် ခ ရစ် တော်၊ မိန်း မ ၏ အ ထွဋ် အ ထိပ် သည် ယောက်ျား၊ ခ ရစ် တော်၏ အ ထွဋ် အ ထိပ် သည် ဘု ရား သ ခင် ပေ တည်း။
အ ဆုံး စ ကား မှာ ညီ အစ် ကို တို့၊ ကျန်း မာ ကြ စေ သော ပဲ့ ပြင် ခြင်း၊ နှိုး ဆော် ခြင်း ခံ ကြ လော့။ သ ဘော တစ် မျိုး တည်း နှင့် ငြိမ် သက် စွာ နေ ကြ လော့။ သို့ ပြု လျှင် ချစ် ခြင်း၊ ငြိမ် သက် ခြင်း အ ရှင် ဘု ရား သ ခင် သည် သင် တို့ နှင့် အ တူ တည် နေ တော် မူ လိမ့် မည်။
အ ထူး ဆို သော် စုံ လင် ခြင်း အ ဖွဲ့ အ နှောင် တည်း ဟူ သော မေ တ္တာ တ ရား ကို ဝတ် ဆင် ကြ လော့။
ကျွန် မ၏ ချစ် သူ၊ အ မောင် သည်၊ အ ဆင်း လှ၍ နှစ် သက် ဖွယ် ဖြစ်၏။ အ ကျွန်ုပ် တို့ အိပ် ရာ သည် စိမ်း လန်း၏။
ဘု ရား သ ခင် သည် ထို သူ တို့ အား ကောင်း ကြီး ပေး လျက် များ ပြား စွာ မွေး ဖွား ကြ လော့။ မြေ ကြီး ကို ပြည့် စေ၍ နိုင် နင်း ကြ လော့။ ရေ သ တ္တ ဝါ တို့ ကို လည်း ကောင်း၊ လေ သ တ္တ ဝါ တို့ ကို လည်း ကောင်း၊ မြေ ပေါ် မှာ တွား တတ် သော သက် ရှိ တိ ရ စ္ဆာန် အ ပေါင်း တို့ ကို လည်း ကောင်း အုပ် စိုး ကြ လော့ ဟု မိန့် တော် မူ ၏။
မ ယား ဖြစ် သူ တို့၊ အ ရှင် ဘု ရား၌ သင့် လျော် သည့် အ တိုင်း လင့် အောက် အ နွံ အ တာ ခံ ကြ လော့။
ငါ့ ဉာဏ် မ မီ နိုင် သော အ ရာ သုံး ပါး၊ မု ချ ဆို သော်၊ မ သိ သော အ ရာ လေး ပါး ဟူ မူ ကား၊ကောင်း ကင် ဖြင့် ရွှေ လင်း တ ပျံ ဝဲ ရာ လမ်း၊ ကျောက် ပေါ် တွင် မြွေ တွား ရာ လမ်း၊ ပင် လယ် ပြင်၌ သင်္ဘော လွှင့် ရာ လမ်း၊ အ ပျို နှင့် လူ ပျို ပြု ကျင့် ရာ လမ်း များ တည်း။
ဣ ဇာက် သည် အ မိ စာ ရာ၏ တဲ သို့ ရေ ဗက္က ကို၀င် စေ၍ သ မီး ခင် ပွန်း ဖြစ် ကြ၏။ မ ယား ကို ချစ် မြတ် နိုး သ ဖြင့် အ မိ ကို လွမ်း ဆွတ် ခြင်း မှ ပြေ ငြိမ်း လေ ၏။
သို့ ဖြစ်၍ လင် မ ယား သည် နှစ် ဦး မ ဟုတ်။ တစ် သား တည်း ဖြစ် သည် နှင့် ဘု ရား သ ခင် တွဲ ဖက် တော် မူ သော သူ တို့ ကို လူ မ ခွဲ မ ခွာ ရ ဟု မိန့် တော် မူ ၏။
ပ ညာ ရှိ သော မိန်း မ သည်၊ အိမ် ကို ဆောက် တည် တတ် ၏။ မိုက် မဲ သော မိန်း မ မူ ကား၊ ကိုယ့် အိမ် ကို ကိုယ့် လက် ဖြင့် ဖြို ဖျက် တတ် ၏။
ညီ အစ် ကို ချင်း အ ဖြစ် သင်္ဂ ဟ ဝတ် အ တိုင်း တစ် ယောက် ကို တစ် ယောက် ချစ်၍ ကိုယ့် ထက် ဂုဏ် တင် လျက်၊
သင် တို့၌ ဦး ဆံ ကျစ် ခြင်း ရွှေ ဆင် ခြင်း အ ဝတ် ကောင်း ဝတ် ခြင်း ဟူ သော အ ပြင် တန် ဆာ မ ဆင် ဘဲဘု ရား သ ခင့် ရှေ့ တော်၌ ရ တ နာ မြတ် ဖြစ် လျက် မ ပျက် စီး နိုင် သော နူး ညံ့ သိမ် မွေ့ ခြင်း သ ဘော နှင့် ပုန်း ကွယ် သူ တည်း ဟူ သော စိတ် နှ လုံး ကို ဆင် ယင် ကြ လော့။
သား သ မီး တို့ သည်၊ ထ၍ ချီး မြှောက် ကြ၏။ခင် ပွန်း က လည်း၊ များ စွာ သော အ မျိုး သ မီး တို့ သည်၊ နှ လုံး ရည် ကောင်း လျက် ပြု လုပ် ကြ သော် လည်း၊ ရှင် မ သည် ထို ထို သူ တ ကာ တို့ ထက် လွန် ကဲ ပြီ ဟူ၍ ချီး မွမ်း၏။
မ ယား ဖြစ် သူ သည် လင် အ သက် ရှင် သ မျှ ကာ လ အ တွင်း ချည် နှောင် လျက် ရှိ၏။ လင် သေ လျှင် မူ ကား အ ရှင် ဘု ရား၌ ဖြစ် က အ လို ရှိ သူ နှင့် အိမ် ထောင် ပြု ရန် လွတ် လေ ပြီ။
မ ယား သည် ကိုယ့် ခ န္ဓာ ကို ကိုယ် မ ပိုင်၊ လင် သာ ပိုင်၏။ လင် လည်း ကိုယ့် ခ န္ဓာ ကို ကိုယ် မ ပိုင်၊ မ ယား သာ ပိုင် ၏။
နှ လုံး ရည် ကောင်း သော မိန်း မ သည်၊ လင်၌ ဦး ရစ် သ ဖွယ်၊ အ ရှက် ခွဲ သော မိန်း မ ကား၊ လင်၌ အ ရိုး များ ဆွေး မြေ့ ဖွယ် ဖြစ် ၏။
ချစ် သူ သည် ကျွန် မ ပိုင်၊ ကျွန် မ လည်း အ ရှင် ပိုင် ဖြစ် ပါ၏။ နှင်း တော တွင် ထိန်း ကျောင်း လေ့ ရှိ၏။
အိမ် မှ စ သော စီး ပွား ချမ်း သာ သည်၊ အ ဘ ထံ ရ သော အ မွေ အ နှစ် ဖြစ်၏။ သ တိ ပ ညာ ရှိ သော မ ယား မူ ကား၊ ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ ရာ ဖြစ်၏။
ငါ့ နှ မ၊ ငါ့ ကြင် ရာ၊ သင် သည် ငါ့ နှ လုံး ကို ဆွဲ ယူ ပြီ။ မျက် စိ တ ကြည့်၊ လည် တ လှည့် ဖြင့် ငါ့ နှ လုံး ကို ဆွဲ ယူ ပြီ။
ထို နည်း တူ မ ယား ဖြစ် သူ တို့ လင့် အ နော် အ တာ ကို ခံ ကြ လော့။ သို့ မှ တ ရား မ နာ သော် လည်း သင် တို့ ရို သေ သ မှု နှင့် စင် ကြယ် သော အ ပြု အ မူ များ အား ထောက် ထား သော လင် ကို မ ယား ဖြစ် သူ တို့ အ ကျင့် စာ ရိ တ္တ ဖြင့် အ ဟော အ ပြော ကင်း လျက် ဘာ သာ တူ ရ လိမ့် မည်။
သင့် စမ်း ရေ တွင်း၌ မင်္ဂ လာ ရှိ စေ၍၊ ငယ် ပေါင်း ကြီး ဖော် နှင့် အ တူ ပျော် မွေ့ လော့။စုံ မက် သော သ မင် မ၊ တင့် တယ် သော ဒ ရယ် မ သ ဖွယ်၊ သင့် ခင် ပွန်း၏ သား မြတ် အား ဖြင့် အ ခါ ခပ် သိမ်း အား ရ၍။ သူ့ ကို ချစ် ခင် ပျော် ပိုက် လျက် အ စဉ် နေ လော့။
တစ် ဦး ကို တစ် ဦး ထောက် ထား ညှာ တာ လျက် သင် တို့ ကို ခ ရစ် တော်၌ ဘု ရား သ ခင် ချမ်း သာ ပေး တော် မူ သည့် နည်း တူ အ ချင်း ချင်း တို့ အား ချမ်း သာ ပေး ကြ လော့။
ယာ ကုပ် သည် ရာ ခေ လ ကို ရ ခြင်း ငှါ ခု နစ် နှစ် အ စေ ခံ ရာ၊ ရာ ခေ လ ကို စုံ မက် သည့် အ တွက် ရက် အ နည်း ငယ် မျှ သာ ထင် မှတ် သ တည်း။
သ ဘော တူ လျက် တစ် ဖန် ပေါင်း သင်း မည့် အ ကြံ နှင့် ခေ တ္တ အ တွင်း ပ ဌ နာ ပြု ခွင့် ရ အံ့ သော ငှာ မှ တစ် ပါး မ ချုပ် တည်း နိုင် က စာ တန် စုံ စမ်း မည် စိုး၍ အ ချင်း ချင်း ဝတ် ကို မ လွှဲ မ ရှောင် ကြ နှင့်။
ချစ် သူ သည် ကျွန် မ ပိုင်၊ ကျွန် မ လည်း အ ရှင် ပိုင် ဖြစ် ပါ၏။ နှင်း တော၌ ထိန်း ကျောင်း လေ့ ရှိ၏။
ခွန် အား နှင့် ဂုဏ် အ သ ရေ ကို ဆင် ယင် ရ သ ဖြင့်၊ နောက် နောင် ထောက် ရှု၍၊ ရယ် ရွှင် ခွင့် ရှိ၏။
ခင် ပွန်း ရှိ သူ တို့ အား ငါ ဆင့် ဆို ရာ တွင် ငါ မ ဟုတ်၊ အ ရှင် ဘု ရား မိန့် မှာ တော် မူ သည် ကား မ ယား သည် လင့် ထံ မှ မ ခွာ မ သွား စေ နှင့်။
ကျွန် မ ကို၊ အ ရှင့် နှ လုံး ပေါ်၌လည်း ကောင်း လက် ရုံး တော် ပေါ်၌လည်း ကောင်း၊ တံ ဆိပ် ကဲ့ သို့ ဆောင် တော် မူ ပါ။ အ သို့ ဆို သော်။ မေတ္တာ သည် သေ ခြင်း နှင့် အ မျှ တန် ခိုး ကြီး ပါ၏။ မ ရှု ဆိတ် နိုင် ခြင်း လည်း၊ မ ရ ဏာ့ နိုင် ငံ နှင့် အ မျှ ရက် စက် လျက်၊ အ ရှိန် လည်း၊ မီး အ ရှိန်၊ ထာ ဝ ရ ဘု ရား၏ အ ရှိန် တော် ဖြစ်၏။
ကိုယ့် တွင်း မှ ရေ ကိုလည်း ကောင်း၊ ကိုယ့် စမ်း မှ စီး ရာ ရေ ကို လည်း ကောင်း၊ သောက် လော့။
မည် သူ မ ဆို ကိုယ့် အိမ် သူ အိမ် သား တို့ မှ စ၍ ဆွေ မျိုး သား ချင်း တို့ ကို မ ကြည့် ရှု လျှင် ယုံ ကြည် ခြင်း တ ရား ကို ငြင်း ဆန် သူ၊ သာ သ နာ ပ ထက် ဆိုး သူ ဖြစ် လေ ပြီ။
ဖီ ဆန် ဝါ ကြွား လို သော သ ဘော နှင့် မည် သည် ကို မျှ မ ပြု ဘဲ တစ် ယောက် ကို တစ် ယောက် ကိုယ့် ထက် ကောင်း သည် ဟု စိတ် နှိမ့် ချ စွာ မှတ် ယူ လော့။
အ ပေါင်း အ ဖော် ကို ကိုယ် နှင့် အ မျှ ချစ် လော့ ဟူ သော အ ချက် သည် သ ဘော တူ သော ဒု တိ ယ ပညတ် ဖြစ် သည်။
ချစ် သူ သည် ကျွန် မ ပိုင် ဖြစ် သည် နှင့် အ ညီ၊ အ ရှင် သည် ကျွန် မ ကို နှစ် သက် တတ်၏။
သို့ ဖြစ်၍ အ ချင်း ချင်း နှစ် သိမ့် စေ လျက် တစ် ဦး ကို တစ် ဦး ဆောက် တည် ရင်း အ တိုင်း ဆောက် တည် ကြ ဦး လော့။
နှုတ် သည် အ လွန် ချို၍၊ တစ် ကိုယ် လုံး ပင် နှစ် သက် ဖွယ် ဖြစ်၏။ အ ချင်း ယေ ရု ရှ လင် မြို့ သူ တို့၊ ထို သို့ သော သူ သည် ငါ့ ချစ် သူ၊ ငါ့ ချစ် ဆွေ ဖြစ် သ တည်း။
အ သို့ ကြောင့် နည်း ဟု မေး ကြ လျှင်၊ သင် တို့ ပ ဋိ ညာဉ် ပြု ကြ သည့် အ တိုင်း၊ ဇ နီး ဖြစ် လျက် ပင် ငယ် ပေါင်း ကြီး ဖော် တို့ နှင့် သ စ္စာ ဖျက် သူ သင် တို့ စပ် ကြား တွင်၊ ထာ ဝ ရ ဘု ရား သည်၊ သက် သေ ဖြစ် တော် မူ သ တည်း။
ရန် ပြု တတ် သော မိန်း မ သည်၊ မိုး စွေ သည့် နေ့ တွင်၊ အ စဉ် တစ် စက် စက် ကျ သော ရေ ပေါက် နှင့် တူ၏။ထို မိန်း မ ကို ဆီး တား မည့် သူ သည်၊ လေ ကို ဆီး ကာ သူ နှင့် တူ လျက်၊ ညာ လက် ဖြင့် ဆီ ကို ကိုင် ဆုပ် သ ကဲ့ သို့ ဖြစ်၏။
ထာ ဝ ရ ဘု ရား သ ခင် က လည်း လူ သည် တစ်ယောက် တည်း မ နေ စ ကောင်း။ သူ့ အ ဖို့ တော် သော အ ထောက် အ မ ကို ငါ ဖန် ဆင်း ဦး မည် ဟု မိန့် တော် မူ ၏။
ငါ့ နှ မ၊ ငါ့ ကြင် ရာ။ သင်၏ မေ တ္တာ သည် တင့် တယ် ပေ၏။ သင်၏ မေ တ္တာ သည် စ ပျစ် ရည် ထက် ချို လှ ပေ၏။ လိမ်း ကျံ သော ဆီ လည်း နံ့ သာ အ မျိုး မျိုး ထက် မွှေး ကြိုင် လှ ပေ၏။
ရေ များ သည်၊ မေ တ္တာ ရှိန် ကို မ သတ် နိုင်။ ရေ အ ယဉ် လည်း မ လွှမ်း မိုး နိုင်။ လူ သည်၊ မေ တ္တာ ကို ပိုင် သ မျှ ဥ စ္စာ ပ စ္စည်း များ နှင့် လဲ လှယ် ခဲ့ လျှင်၊ မု ချ မ ထီ မဲ့ မြင် ပြု ရာ ရောက် လိမ့် မည်။