ဝိညာဉ်တော်ရဲ့မေတ္တာတရားနဲ့ အဆုံးမရှိ သက်သာခြင်းအကြောင်း ပြောပြခြင်းဟာ ဈာပနအခမ်းအနားမှာ အားပေးမှု အကောင်းဆုံး ပေးနိုင်တဲ့ နည်းလမ်းပါပဲ။ လူသားတွေရဲ့ စကားတွေက နာကျင်နေတဲ့ နှလုံးသားကို သက်သာအောင် မလုပ်နိုင်ပေမယ့် ခရစ်တော်ယေရှုမှာ ရှိတဲ့ မျှော်လင့်ချက်ကတော့ အရိုးတွေကိုတောင် ကျန်းမာစေနိုင်ပါတယ်။ ဈာပနအခမ်းအနားတွေမှာ ဝမ်းနည်းကြေကွဲရပေမယ့် အဲဒီမှာရှိနေတဲ့ လူတွေရဲ့ နူးညံ့တဲ့စိတ်က ယေရှုအကြောင်း မျှဝေဖို့၊ သူ့ကို ကယ်တင်ရှင်အဖြစ် မလက်ခံရသေးတဲ့သူတွေဆီ ရောက်ရှိဖို့ အခွင့်အရေး ကောင်းတစ်ခုပါပဲ။ ကယ်တင်ခြင်းသတင်းကို ပြောပြခြင်း၊ ဘုရားသခင်ထံ ပြန်သွားတဲ့သူရဲ့ ဘဝအကြောင်း ပြောပြခြင်းက လူတွေရဲ့ နှလုံးသားကို အားရှိစေပါတယ်။ အထူးသဖြင့် ဘုရားသခင်က သားတော် ယေရှုခရစ်အားဖြင့် ပေးတဲ့ ကယ်တင်ခြင်းကို လက်ခံရင် အနာဂတ်မှာ ပြန်လည်ဆုံတွေ့ရမယ်ဆိုတဲ့ မျှော်လင့်ချက်က အားရှိစေပါတယ်။ ဘုရားသခင် အသုံးပြုနိုင်တဲ့ ကိရိယာတစ်ခု ဖြစ်လာပြီး အဲဒီမှာရှိနေတဲ့ လူတိုင်းကို နှစ်သိမ့်အားပေးနိုင်ဖို့ ဝိညာဉ်တော်နဲ့ ပြည့်စုံဖို့ အရေးကြီးပါတယ်။ ဘုရားသခင်က သင့်ဘဝကို လမ်းပြပါစေ၊ သင့်အားဖြင့် သူ့ရဲ့မေတ္တာကို ပြသနိုင်ပါစေ။ နှစ်သိမ့်မှုပေးဖို့၊ ခိုလှုံရာတစ်ခု ဖြစ်ဖို့၊ ယေရှုရဲ့ပုံရိပ်ကို သင့်မျက်နှာမှာ ထင်ဟပ်ပြဖို့ အသင့်တော်ဆုံးပါပဲ။
အ မိ သည် သား ကို နှစ် သိမ့် စေ သည့် နည်း တူ၊ သင် တို့ ကို ငါ နှစ် သိမ့် စေ သ ဖြင့်၊ ယေ ရု ရှ လင် မြို့ တွင်း ၌ ပင် နှစ် သိမ့် ခွင့် ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ၏။
ငါ တို့ အ သက် ရှင် သည် မှာ အ ရှင် ဘု ရား အ ဖို့ ရှင်၏။ သေ သည် မှာ လည်း အ ရှင် ဘု ရား အ ဖို့ သေ၏။ ရှင် သည် ဖြစ် စေ၊ သေ သည် ဖြစ် စေ အ ရှင် ဘု ရား ပိုင် ဆိုင် တော် မူ ရာ ဖြစ် ကြ၏။
ယေရှုက ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ ဇီဝအသက်လည်းဖြစ်၏။ ငါ့ကိုယုံကြည်သူသည် သေသော်လည်းရှင်လိမ့်မည်။မည်သူမဆိုအသက်ရှင်လျက် ငါ့ကိုယုံကြည်လျှင် အဘယ်ကာလမျှသေတော့မည်မဟုတ်။ ဤစကားကို ယုံသလောဟုမေးတော်မူရာ၊
ငါဧကန်အမှန်ဆိုသည်ကား၊ ငါ့စကားကိုကြားနာ၍ စေလွှတ်တော်မူလိုက်သောအရှင်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရသဖြင့် စီရင်ဆုံးဖြတ်မခံရ။ သေခြင်းအနေမှ ရှင်ခြင်းအနေသို့ကူးပြောင်းပြီးသူဖြစ်၏။
သို့ ရာ တွင် ငါ့ ရှေ့ ဆောင် အ ရှင် သည်၊ သက် တော် ရှိ သ ဖြင့်၊ မြေ မုန့် ပေါ် တွင် နောင် ထင် ရှား တော် မူ၍၊ ငါ၏ ယ ခု အ သား အ ရေ လည်း ပျက် စီး ပြီး မှ၊ ကိုယ် ခ န္ဓာ နှင့် ကင်း လျက် ဘု ရား သ ခင် ကို ဖူး မြင် ရ မည် ကား။ အ ခြား မ ဟုတ်၊ ငါ ကိုယ် တိုင် ပင် ဖူး မြင်၍၊ ငါ့ မျက် စိ မြင် ရ မည် ကို ငါ သိ နှင့် သ တည်း။ ထို့ ကြောင့် ငါ့ ရင် ထဲ၌ နှ လုံး သည်း ပွတ် ကြွေ ပြတ် လေ စွ။
ယေရှုက ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ ဇီဝအသက်လည်းဖြစ်၏။ ငါ့ကိုယုံကြည်သူသည် သေသော်လည်းရှင်လိမ့်မည်။
၎င်း ပြင် ညီ အစ် ကို တို့၊ မျှော် လင့် ခြင်း ကင်း သော ကြွင်း ရစ် သူ တို့ ကဲ့ သို့ မ ပူ ပန် စေ ရန်၊ အိပ် ပျော် သူ တို့ နှင့် စပ် လျဉ်း၍ သင် တို့ မ သိ ဘဲ မ နေ စေ လို။ယေ ရှု သည် အ သေ ခံ ပြီး နောက် ရှင် ပြန် ထ မြောက် တော် မူ ကြောင်း ငါ တို့ ယုံ လျှင် ယေ ရှု အား ဖြင့် အိပ် ပျော် သူ တို့ ကို လည်း ကိုယ် တော် နှင့် တ ကွ ထို နည်း တူ ဘု ရား သ ခင် ပို့ ဆောင် တော် မူ လိမ့် မည်။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ ပေါ် တွင် အ ထိန်း အ ကျောင်း ဖြစ် တော် မူ ၍၊ ငါ၌ လို လေ သေး မ ရှိ ရ။စိမ်း လန်း သော စား ကျက် များ၌ ငါ့ ကို ဝပ် နေ စေ၍၊ ငြိမ် သက် ရာ မြစ် ရေ ချောင်း ရေ များ အ နီး ဆောင် သွား တော် မူ၏။ငါ့ အ သက် ဝိ ညာဉ် ကို အား ဖြည့် လျက်၊ နာ မ တော် အ တွက် လမ်း ဖြောင့် များ၌ ဆောင် ယူ တော် မူ၏။သေ မင်း အ ရိပ် ကျ ရာ ချိုင့် ကို ပင် ငါ လျှောက် သွား ရ သော် လည်း၊ ဘေး အ န္တ ရာယ် ကို ကြောက် ရွံ့ မည် မ ဟုတ်။ ကိုယ် တော် သည် အကျွန်ုပ် နှင့် အ တူ ရှိ နေ ၏။ လှံ တံ တော်၊ တောင် ဝေး တော် ဖြင့် နှစ် သိမ့် စေ တော် မူ ပါ ၏။
သို့နှင့်အညီသင်တို့သည် ယခုဝမ်းနည်းကြသော်လည်း သင်တို့ကိုငါတွေ့မြင်ဦးမည်ဖြစ်၍ နှလုံးကြည်ကြသဖြင့် သင်တို့ဝမ်းမြောက်ခြင်းကို မည်သူမျှမနုတ်မယူနိုင်။
အာ ဒံ အား ဖြင့် လူ ခပ် သိမ်း တို့ သေ ရ သည့် နည်း တူ ခ ရစ် တော် အား ဖြင့် ခပ် သိမ်း တို့ ရှင် ပြန် ရ ကြ လိမ့် မည်။
သို့ ပြု လျင် ဉာဏ် ဟူ သ မျှ ထက် လွန် ကဲ သော ဘု ရား သ ခင် ငြိမ် သက် ခြင်း သည် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့၏ စိတ် နှ လုံး နှင့် အ ကြံ အ စည် များ ကို ကွယ် ကာ စောင့် ရှောက် လိမ့် မည်။
ယေ ရှု သည် အ သေ ခံ ပြီး နောက် ရှင် ပြန် ထ မြောက် တော် မူ ကြောင်း ငါ တို့ ယုံ လျှင် ယေ ရှု အား ဖြင့် အိပ် ပျော် သူ တို့ ကို လည်း ကိုယ် တော် နှင့် တ ကွ ထို နည်း တူ ဘု ရား သ ခင် ပို့ ဆောင် တော် မူ လိမ့် မည်။အ ရှင် ဘု ရား၏ ဗျာ ဒိတ် တော် အ တိုင်း ငါ တို့ ပြော ဆို သည် ကား၊ အ ရှင် ဘု ရား ကြွ လာ သည့် တိုင် အောင် အ သက် ရှင် လျက် ကျန် ကြွင်း သော ငါ တို့ သည် အိပ် ပျော် သူ တို့ အ ရင် ရောက် ရ မည် မ ဟုတ်။စေ တ မန် တော် မင်း ဟစ် သံ၊ ဘု ရား သ ခင့် တံ ပိုး တော် မှုတ် သံ တည်း ဟူ သော ကြွေး ကြော် သံ နှင့် အ ရှင် ဘု ရား ကိုယ် တော် တိုင် ကောင်း ကင် ဘုံ မှ ဆင်း သက် တော် မူ သည့် ကာ လ၊ ခ ရစ် တော်၌ သေ လွန် သူ တို့ သည် ဦး စွာ ရှင် ပြန် ထ မြောက် ကြ လိမ့် မည်။ထို့ နောက် အ သက် ရှင် လျက် ကျန် ကြွင်း သော ငါ တို့ သည် အာ ကာ သ၌ အ ရှင် ဘု ရား ကို ကြို ဆို ခြင်း ငှါ၊ ထို သူ တို့ နှင့် အ တူ တိမ် တိုက် ဖြင့် ယူ ဆောင် ခံ ရ၍ အ ရှင် ဘု ရား နှင့် ကာ လ အ စဉ် စံ နေ ကြ လိမ့် မည်။
ဝိ ညာဉ် တော် နှင့် လွတ် အောင် မည် သည့် အ ရပ် သို့ သွား ခွင့်၊ အ ပါး တော် နှင့် ကင်း အောင် မည် သည့် အ ရပ် သို့ ပြေး ခွင့် ရ ပါ အံ့ နည်း။အ ကယ်၍၊ ကောင်း ကင် သို့ တက် လျှင်၊ ကိုယ် တော် ရှိ ပါ၏။ မ ရ ဏာ့ နိုင်၌ အိပ် ရာ ကို ခင်း လျှင်၊ ရှိ တော် မူ ပါ သည် တ ကား။
ဆိုခဲ့ရာကိုအံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်းဂူများ၌ရှိနေသူခပ်သိမ်းပင် သားတော်၏မိန့်ခွန်းသံကို ကြားသဖြင့် ကောင်းမွန်စွာပြုကျင့်ခဲ့သူတို့မှာ၊အသက်ခံစားရာရှင်ပြန်ထမြောက်ခြင်းအဖြစ်သို့လည်းကောင်း၊ ယုတ်မာစွာပြုကျင့်ခဲ့သူတို့မှာ စီရင်ဆုံးဖြတ်ခံရာရှင်ပြန်ထမြောက်ခြင်းသို့လည်းကောင်း၊ ထွက်လာရမည့်အချိန်ကာလ ရောက်တော့မည်။
မ စွန့် မ ပယ် ဘဲ ငါ ရွေး ချယ် သည့် အ လျောက်၊ သင် နှင့် အ တူ ငါ ရှိ သ ဖြင့်၊ မ ကြောက် လင့်။ ငါ သည် သင်၏ ဘု ရား သ ခင် ဖြစ် သော ကြောင့်၊ မ စိုး ရိမ် နှင့်။ သင့် ကို ခိုင် ခံ့ စွာ ထောက် မ မည့် ပြင်၊ အောင် ပွဲ ရ ညာ လက် ရုံး ဖြင့် ထောက် ပင့် လိမ့် မည်။
များ ပြား စွာ ပြင်း ထန် သော ဒု က္ခ ကို၊ အ ကျွန်ုပ် တို့ အား ပြ တော် မူ ခဲ့ သော ကိုယ် တော် သည်၊ အ သက် ရှင် ပြန် စေ လျက်၊ မ ရ ဏာ့ ချိုင့် ထဲ က တစ် ဖန် တက် စေ တော် မူ လိမ့် မည်။အ ကျွန်ုပ် ကို တိုး တက် ကြီး မြတ် စေ လျက်၊ တစ် ဖန် လှည့် ၍ သက် သာ စေ တော် မူ ပါ။
ဘု ရား သ ခင် ကြောင့် ငါ တို့ ခံ ရ သော နှစ် သိမ့် ခြင်း အား ဖြင့် မည် သည့် ဒု က္ခ မ ဆို ခံ နေ ရ သူ တို့ ကို နှစ် သိမ့် စေ ခွင့် ရှိ အံ့ သော ငှာ ငါ တို့ ခံ သ မျှ သော ဒု က္ခ၌ နှစ် သိမ့် စေ တော် မူ သည့် အ လျောက် က ရု ဏာ သက် တော် မူ သော အ ဘ၊ နှစ် သိမ့် ခြင်း အ မျိုး မျိုး ပေး တော် မူ သော ဘု ရား၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ခ မည်း တော် ဘု ရား သခင် ၌ မင်္ဂ လာ ရှိ ၏။
ထို ကာ လ၊ မြည် တမ်း ခြင်း အ စား ရွှင် လန်း ခြင်း၊ ဝမ်း နည်း ခြင်း အ စား ဝမ်း မြောက် ခြင်း များ ကို ငါ ပေး လျက်၊ နှစ် သိမ့် စေ သည့် အ လျောက်၊ လူ ပျို လူ အို တို့ သည်၊ အ ပျို တို့ နှင့် တ ကွ၊ ရွှင် လန်း စွာ က ခုန် ကြ မည့် ပြင်၊
ရာ ဇ ပ လ္လင် တော် မှ ကျယ် သော မြွက် သံ က ဘု ရား သ ခင့် စံ ရာ တော် သည် လူ တို့ ဘောင် တွင် ရှိ သည့် အ လျောက် သူ တို့ နှင့် အ တူ စံ တော် မူ လိမ့် မည်။ သူ တို့ လည်း လူ မျိုး တော် များ ဖြစ် သည့် အ တိုင်း ဘု ရား သ ခင် ကိုယ် တော် တိုင် သူ တို့ နှင့် အ တူ တည် နေ လျက် မျက် ရည် ကျ သ မျှ ကို သုတ် တော် မူ မည်။အ ခြင်း အ ရာ ဟောင်း များ လွင့် သွား ပြီ ဖြစ် သော ကြောင့် သေ ခြင်း မှ စ၍ မြည် တမ်း ခြင်း၊ ဟစ် ကြွေး ခြင်း၊ နာ ကျင် ခြင်း ရှိ ရ တော့ မည် မ ဟုတ် ဟု မြွက် ဆို သည် ကို ငါ ကြား ရ ၏။
ထို သို့ ဤ သင်္ခါ ရ ဖြစ် သော ခ န္ဓာ သည် အ သင်္ခါ ရ အ ဖြစ် ကို လည်း ကောင်း၊ ဤ အ နိ စ္စ ခ န္ဓာ သည် နိ စ္စ အ ဖြစ် ကို လည်း ကောင်း ဝတ် ဆင် ရာ၌ သေ မင်း ကို အောင် မြင် ပယ် ဖျက် လေ ပြီ ဟူ သော ကျမ်း ချက် သည် အ တည် ဖြစ် လိမ့် မည်။အို သေ မင်း၊ သင်၏ အောင် မြင် ခြင်း၊ အို သေ မင်း၊ သင်၏ အ စွယ် သည် အ ဘယ် မှာ နည်း။သေ မင်း၏ အ စွယ် ကား အ ပြစ် ဒု စ ရိုက်၊ အ ပြစ် ဒု စ ရိုက်၏ တန် ခိုး ကား ပ ညတ် တ ရား ပေ တည်း။သို့ ရာ တွင် ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ငါ တို့ အား အောင် မြင် ခွင့် သ နား တော် မူ သော ဘု ရား သ ခင်၏ ကျေး ဇူး တော် သည် ကြီး လှ ပေ ၏။
အ ရှင် ထာ ဝ ရ ဘု ရား သည်၊ သေ ခြင်း တ ရား ကို အ စဉ် အ မြဲ ပယ် ဖျက် လျက်၊ လူ ရှိ သ မျှ တို့၏ မျက် နှာ မှ မျက် ရည် ကို သုတ်၍၊ လူ မျိုး တော် ခံ ရ သော ကဲ့ ရဲ့ ခြင်း ကို၊ မြေ တစ် ပြင် လုံး၌ ကင်း ရှင်း စေ တော် မူ လိမ့် မည်။ ထို သို့ ထာ ဝ ရ ဘု ရား မိန့် မြွက် တော် မူ သ တည်း။
ငါ ထာ ဝ ရ ဘု ရား သည် ဇိ အုန် မြို့ ဆိုး ကုန်း ရှိ သ မျှ ကို ငြိမ်း ချမ်း စေ လျက်၊ ဆိုင် ရာ သဲ တော ကို ဧ ဒင် ဥ ယျာဉ် ကဲ့ သို့ လည်း ကောင်း၊ သဲ က န္တာ ရ ကို ထာ ဝ ရ ဘု ရား ၏ ခြံ တော် ကဲ့ သို့ လည်း ကောင်း၊ ဖြစ် စေ တော် မူ ပြီး ဖြစ်၍၊ အား ရ ရွှင် လန်း ခြင်း၊ ကျေး ဇူး တော် ကို ချီး မွမ်း ခြင်း၊ ကျူး ဧ သီ ဆို ခြင်း များ နှင့် ကြုံ ကြိုက် လိမ့် မည်။
သင်တို့၌နှလုံးမသာမရှိကြနှင့်။ ဘုရားသခင်ကိုယုံကြည်၍ ငါ့ကိုလည်းယုံကြည်ကြလော့။ခမည်းတော်၌ ငါတည်သည်ကိုလည်းကောင်း၊ ငါ၌ခမည်းတော်တည်သည်ကိုလည်းကောင်း၊ သင်မယုံလော။ ငါဟောသောဒေသနာကို ကိုယ့်အလိုအလျောက်ဟောခြင်းမပြု။ ငါ၌ကိန်းဝပ်တော်မူသောခမည်းတော်သည် ကိုယ့်အမှုတော်များကိုပြုတော်မူ၏။ခမည်းတော်၌ငါတည်သည်ကိုလည်းကောင်း၊ ငါ၌ခမည်းတော်တည်သည်ကိုလည်းကောင်း၊ ငါ့ကိုထောက်၍ယုံကြလော့။ သို့မဟုတ် အမှုတော်များကိုထောက်၍ယုံကြလော့။ငါဧကန်အမှန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည်ငါပြုသောအမှုများကိုလည်းကောင်း၊ ထိုထက်ကြီးမြတ်သောအမှုများကိုလည်းကောင်း၊ ပြုရလိမ့်မည်။အသို့ဆိုသော် ငါသည်ခမည်းတော်ထံသွား၍ငါ့နာမ၌သင်တို့တောင်းလျှောက်သမျှကို သားတော်အားဖြင့် ခမည်းတော့်ဘုန်းထင်ရှားစေရန်ငါပြုမည်။ငါ့နာမ၌ မည်သည့်အရာကိုမဆိုငါ့ထံသင်တို့တောင်းလျှောက်လျှင် ငါပြုမည်။သင်တို့သည်ငါ့ကိုချစ်လျှင် ငါ့ပညတ်များကိုစောင့်ရှောက်ကြလိမ့်မည်။ငါလည်း ခမည်းတော်ထံ တောင်းလျှောက်၍ သင်တို့နှင့်အစဉ်တည်နေစေရန် သမ္မာတရားဆိုင်ရာဝိညာဉ်တော်တည်းဟူသော အမှုဆောင်တစ်ပါးကို သနားတော်မူလိမ့်မည်။ ထိုဝိညာဉ်တော်ကို ဤလောကသားတို့သည်မမြင်မသိသောကြောင့် မခံမယူနိုင်ကြ။ သင်တို့မူကား သင်တို့နှင့်ကိန်းဝပ်၍အတွင်း၌ တည်နေတော်မူမည်ဖြစ်သောကြောင့် သိရကြသတည်း။ငါသည် သင်တို့ကိုခိုကိုးရာမဲ့ပစ်ထားမည်မဟုတ်။ သင်တို့ထံငါလာဦးမည်။ခဏမျှကြာသော် ဤလောကသားတို့သည်ငါ့ကိုမြင်ရတော့မည်မဟုတ်။ သင်တို့မူကား ငါအသက်ရှင်သည့်အတိုင်းရှင်ကြလတ္တံ့သောကြောင့် မြင်ရကြလိမ့်မည်။ငါ့ခမည်းတော်ဘုံဗိမာန်တော်တွင် နေထိုင်ရာအများရှိ၏။ မရှိခဲ့လျှင် သင်တို့နေရာဌာနကိုပြင်ဆင်ရန် ငါသွားသည်ဟုဆိုမည်လော။ထိုနေ့ရက်ကာလတွင် ခမည်းတော်၌ငါတည်သည်ကိုလည်းကောင်း၊ ငါ၌သင်တို့တည်ကြသည်ကိုလည်းကောင်း၊ သင်တို့၌ ငါတည်သည်ကိုလည်းကောင်း၊ သင်တို့သိကြလိမ့်မည်။ငါ့ပညတ်များကိုရ၍စောင့်ရှောက်သူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူ့အား ငါ့ခမည်းတော်မေတ္တာသက်တော်မူသည့်ပြင် ငါလည်းမေတ္တာသက်၍ ထင်ရှားမည်ဟုမိန့်တော်မူ၏။ထိုအခါ ယုဒဣရှကာရုတ်မဟုတ်၊ အခြားယုဒက အရှင်ဘုရား၊ ကိုယ်တော်သည်တပည့်တော်တို့အား ထင်ရှား၍ လောကသားတို့အားမထင်ရှားမည်မှာ မည်သည့်အဖြစ်အပျက်ကြောင့်ပါနည်းဟုမေးလျှောက်သော်၊ယေရှုက မည်သူမဆိုငါ့ကိုချစ်လျှင် ငါ့တရားကိုစောင့်ရှောက်လိမ့်မည်။ ငါ့ခမည်းတော်လည်း ထိုသူ့ကိုမေတ္တာသက်တော်မူ၍ သူ့ထံငါတို့ကြွပြီးလျှင်အတူကိန်းဝပ်မည်။ငါ့ကိုမချစ်သောသူမူကား ငါ့တရားကိုမစောင့်ရှောက်တတ်။ သင်တို့ကြားရသောတရားမှာ ငါ့တရားမဟုတ်။ စေလွှတ်တော်မူလိုက်သောခမည်းတော်၏တရားတော်တည်း။ငါသည် သင်တို့နှင့်ရှိနေစဉ် ထိုသို့ဟောခဲ့ပြီ။ငါ့နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော အမှုဆောင်လည်း သင်တို့အားစုံလင်စွာသွန်သင်လျက် ငါဟောခဲ့သမျှကို သတိရစေတော်မူလိမ့်မည်။ငြိမ်သက်ခြင်းကို သင်တို့နှင့်ငါထားခဲ့၏။ လောကသားတို့ပေးကြသည့်နည်းတူမဟုတ်။ ကိုယ့်ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ နှလုံးမသာခြင်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။ငါသည်ထွက်သွားပြီးလျှင်လာဦးမည်ဟူ၍ ငါပြောသည်ကို သင်တို့ကြားကြပြီ။ သင်တို့သည်ငါ့ကိုချစ်ခဲ့လျှင် ငါ့ထက်ခမည်းတော်ကြီးမြတ်သောကြောင့်ခမည်းတော်ထံ ငါသွားသည်ကိုထောက်၍ ဝမ်းမြောက်ကြလေပြီ။ထိုသို့ဖြစ်ပျက်သည့်ကာလ၊ သင်တို့ယုံကြည်ကြစေရန် ယခုကငါပြောဆိုနှင့်ခဲ့ပြီ။ထိုသို့သွား၍ သင်တို့နေရာဌာနကိုပြင်ဆင်သော် ငါ့စံရာ၌ရှိနေကြစေရန် တစ်ဖန်လာ၍ သင်တို့ကိုသိမ်းဆည်းမည်။
သင်တို့သည် ငါ၌ငြိမ်သက်ခြင်းရှိကြစေရန် ထိုသို့ငါဟောခဲ့ပြီ။ ဤလောက၌ ဆင်းရဲဒုက္ခရောက်သော်လည်းအားယူကြလော့။ ငါသည် ဤလောကကိုအောင်ပြီဟု မိန့်တော်မူ၏။
ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။
သေ မင်း အ ရိပ် ကျ ရာ ချိုင့် ကို ပင် ငါ လျှောက် သွား ရ သော် လည်း၊ ဘေး အ န္တ ရာယ် ကို ကြောက် ရွံ့ မည် မ ဟုတ်။ ကိုယ် တော် သည် အကျွန်ုပ် နှင့် အ တူ ရှိ နေ ၏။ လှံ တံ တော်၊ တောင် ဝေး တော် ဖြင့် နှစ် သိမ့် စေ တော် မူ ပါ ၏။
အ ကယ်၍ ဤ ပ ထ ဝီ ပေါ် မှာ ငါ တို့ တည် နေ ရာ ခ န္ဓာ တဲ ပျက် လျှင် ဘု ရား သ ခင့် အ ထံ တော် မှ အာ ကာ သ တွင် ထာ ဝ ရ တည် နေ ရာ အ သင်္ခ တ ဘုံ ဆောင် ကို ရ ကြ သည် ဟု ငါ တို့ သိ ကြ၏။ထို သို့ အ ရှင် ဘု ရား အား ကြောက် ရွံ့ ဖွယ် ရာ ကို ထောက် ရှု လျက် လူ တို့ ကို သ ဘော ကျ စေ ကြ သော ငါ တို့ သည် ဘု ရား သ ခင့် ရှေ့ ထင် ရှား ပြီး ဖြစ် သည့် အ လျောက် သင် တို့ သြ တ္တ ပ္ပ စိတ် ရှေ့ လည်း ထင် ရှား ကြ ပြီ ဟု ငါ အောက် မေ့ ၏။ထို သို့ ဆို သော် ငါ တို့ သည် ကိုယ် ကို ထောက် ခံ ပြန် ရာ မ ရောက် ဘဲ အ တွင်း လ က္ခ ဏာ ဖြင့် မ ဟုတ်၊ အ ပြင် လ က္ခ ဏာ အား ဖြင့် ဂုဏ် ရောက် သူ တို့ ကို သင် တို့ ချေ ပ ခွင့် ရ စေ ခြင်း ငှာ ငါ တို့ နှင့် စပ် လျဉ်း သော ဂုဏ် ရောက် ရာ ရောက် ကြောင်း ကို ပေး လို ၏။ငါ တို့ သည် ရူး သွပ် စေ တော့၊ ဘု ရား သ ခင့် အ ဖို့၊ ဉာဏ် ကောင်း စေ တော့၊ သင် တို့ အ ဖို့ ဖြစ်၏။အ သို့ ဆို သော် တစ် ပါး သည် ရှိ သ မျှ တို့ အ တွက် အ သေ ခံ တော် မူ သ ဖြင့် ရှိ သ မျှ တို့ အ သေ ခံ ကြ ကြောင်း ကို လည်း ကောင်း၊ အ သက် ရှင် သူ တို့ သည် ကိုယ့် အ ဖို့ မ ဟုတ်၊ သူ တို့ အ တွက် အ သေ ခံ၍ ရှင် ပြန် ထ မြောက် တော် မူ သော အ ရှင့် အ ဖို့ ရှင် လျက် နေ ကြ စေ ခြင်း ငှာ အ သေ ခံ တော် မူ ကြောင်း ကို လည်း ကောင်း၊ ငါ တို့ စိတ် ပြ ဋ္ဌာန်း ပြီး ဖြစ် သည့် အ လျောက် ခ ရစ် တော်၏ ချစ် ခြင်း မေ တ္တာ တော် သည် ငါ တို့ ကို အုပ် ချုပ် လျက် ရှိ ၏။သို့ ဖြစ်၍ ထို ကာ လ က ငါ တို့ သည် မည် သူ့ ကို မျှ ပ ဝ တ္တိ အ လျောက် မ သိ မ မှတ်၊ ခ ရစ် တော် ကို ပင် ပ ဝ တ္တိ အ လျောက် သိ မှတ် ခဲ့ သော် လည်း ထို သို့ သိ မှတ် တော့ မည် မ ဟုတ်။သို့ ဖြစ်၍ လည်း မည် သူ မ ဆို ခ ရစ် တော်၌ ရှိ တည် လျှင် လူ သစ် ဖြစ် လျက် ဟောင်း သော အ ရာ များ ပျောက် လွင့်၍ အ သစ် ဖြစ် လေ ပြီ။အ ရာ ရာ ပြု ပြင် သော အ ရှင် ကား ခ ရစ် တော် အား ဖြင့် ငါ တို့ ကို မိတ် သ ဟာ ယ ဖွဲ့ စေ ပြီး လျှင် ထို မိတ် သ ဟာ ယ ဖွဲ့ ခြင်း ဆိုင် ရာ အ မှု ဆောင် ရွက် ခွင့် ကို ငါ တို့ အား သ နား တော် မူ သော ဘု ရား သ ခင် ပေ တည်း။ဤ လော က သား တို့ ကျူး လွန် မှု များ ကို မှတ် တော် မ မူ ဘဲ ခ ရစ် တော်၌ မိတ် သ ဟာ ယ ဖွဲ့ စေ တော် မူ သော ဘု ရား သ ခင် သည် ထို သို့ မိတ် သ ဟာ ရ ဖွဲ့ ခြင်း ဆိုင် ရာ တ ရား တော် ကို ငါ တို့ အား လွှဲ အပ် တော် မူ ပြီ။မု ချ အား ဖြင့် အာ ကာ သ ရှိ ငါ တို့ ဘုံ ဆောင် နှင့် ဆင် ယင် ခွင့် ရ လျှင် ခြုံ ရာ မဲ့ ထင် ပေါ် မည် မ ဟုတ် ကြောင်း သိ သည့် အ လျောက် ထို သို့ ဆင် ယင် ခြင်း ကို တောင့် တ လျက် ဤ တဲ တွင် ညည်း တွား ကြ၏။ထို ကြောင့် ငါ တို့ အား ဖြင့် ဘု ရား သ ခင် နှိုး ဆော် တော် မူ သည့် သ ဖွယ် ခ ရစ် တော်၏ သံ တ မန် တော် များ ဖြစ် သော ငါ တို့ က ဘု ရား သ ခင် နှင့် မိတ် သ ဟာ ယ ဖွဲ့ ခြင်း ခံ ကြ မည့် အ ကြောင်း ခ ရစ် တော့် အ တွက် တောင်း ပန် ကြ၏။ဘု ရား သ ခင် သည် ငါ တို့ ကို ခ ရစ် တော် ကြောင့် ကိုယ် တော်၏ ဖြောင့် မတ် တော် မူ ခြင်း ဖြစ် စေ ရန် အ ပြစ် ကင်း သော ထို အ ရှင် ကို ငါ တို့ အ တွက် အ ပြစ် ဖြစ် စေ တော် မူ ပြီ တ ကား။ထို သို့ ဆို သော် ဤ တဲ တွင် ရှိ သေး သော ငါ တို့ သည် တဲ ကျွတ် ခြင်း မ ခံ လို သော် လည်း ဇီ ဝ၌ အ နိ စ္စ အ ဖြစ် နစ် မွန်း စေ အံ့ သော ငှာ ထပ် မံ ဆင် ယင် ခြင်း ကို ခံ လို သော ကြောင့် ဝန် ထမ်း လျက် ညည်း တွား ရ ကြ ၏။ငါ တို့၌ ထို သ ဘော ကို ဖြစ် ထွန်း စေ သော အ ရှင် ကား ဝိ ညာဉ် တော် စ ရန် ကို သ နား တော် မူ သော ဘု ရား သ ခင် ပေ တည်း။
ထာ ဝ ရ ဘု ရား သည် ကောင်း မြတ် တော် မူ လျက် ကိုး စား သူ တို့ ကို သ တိ မူ သည့် အ တိုင်း၊ ဒု က္ခ ရောက် သော ကာ လ ၌ ခံ တပ် သ ဖွယ် ဖြစ် တော် မူ သော် လည်း ထို မြို့ ကို လွှမ်း မိုး သော ရေ ဘေး ဖြင့် ကုန် ဆုံး စေ လျက်
သေ ခြင်း နှင့် ရှင် ခြင်း သော် လည်း ကောင်း၊ စေ တ မန် တော် နှင့် နတ် မင်း များ သော် လည်း ကောင်း၊ ပ စ္စု ပ္ပန် နှင့် အ နာဂတ် အ ရာ များ သော် လည်း ကောင်း၊ တန် ခိုး ရှင် များ သော် လည်း ကောင်း၊ ဘ ဝဂ် နှင့် အ ဝီ စိ သော် လည်း ကောင်း၊ဖန် ဆင်း ထား သော အ ရာ မည် သည် မ ဆို ငါ တို့ ကို အ ရှင် ခ ရစ် တော် ယေ ရှု၌ ရှိ သော ဘု ရား သ ခင်၏ မေ တ္တာ တော် မှ မ ကွာ စေ နိုင် ဟူ၍ ငါ စိတ် ချ သ တည်း။
ထို ကြောင့် ဖူး မြော် ခွင့် အား ဖြင့် မ ဟုတ်၊ ယုံ ကြည် ခြင်း အား ဖြင့် လိုက် လျှောက် ရ သော ငါ တို့ သည် ကိုယ် ခ န္ဓာ ၌ တည် နေ ကြ စဉ် အ ရှင် ဘု ရား အ ပါး တော် တွင် မ တည် မ နေ ကြောင်း သိ ကြ သ ဖြင့်၊ကိုယ် ခ န္ဓာ၌ မ တည် နေ ဘဲ အ ပါး တော် တွင် တည် နေ ရန် စိတ် စေ တ နာ ရှိ လျက် အ စဉ် မ ပြတ် အား ရ စိတ် ချ ကြ ၏။
ထို ကာ လ၊ သင် တို့ မြွက် ဆို ရ မည် ကား၊ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို အ မျက် တော် ထား တော် မူ သော် လည်း၊ ပြေ ငြိမ်း၍ နှစ် သိမ့် စေ တော် မူ သော ကြောင့်၊ ကျေး ဇူး တော် ကို ချီး မွမ်း ပါ မည်။
အ ကယ်၍ ဤ ပ ထ ဝီ ပေါ် မှာ ငါ တို့ တည် နေ ရာ ခ န္ဓာ တဲ ပျက် လျှင် ဘု ရား သ ခင့် အ ထံ တော် မှ အာ ကာ သ တွင် ထာ ဝ ရ တည် နေ ရာ အ သင်္ခ တ ဘုံ ဆောင် ကို ရ ကြ သည် ဟု ငါ တို့ သိ ကြ၏။
ထာ ဝ ရ ဘု ရား သည် ကြေ ကွဲ သော နှ လုံး ရှိ သူ တို့ အ နီး ရှိ နေ ၍၊ ကြေ မွ သော စိတ် ရှိ သူ တို့ ကို ကယ် တော် မူ ၏။
ထို အ ခါ ယ ခု က စ၍ အ ရှင် ဘု ရား၌ သေ လွန် သူ တို့ မင်္ဂ လာ ရှိ သည် ကို ရေး သား လော့ ဟု ကောင်း ကင် ဘုံ မှ အ မိန့် သံ ကို ငါ ကြား ရ၏။ ဝိ ညာဉ် တော် က လည်း ထို သူ တို့ သည် အ လုပ် ဝန် ပြီး စီး ငြိမ်း ချမ်း၍ အ ကျိုး ဆက် ထက် ကြပ် ပါ သည့် အ ရာ၌ ထို သို့ မှန် ပေ သည် ဟု မြွက် ဆို တော် မူ ၏။
သင် ခံ ရ မည့် ဒု က္ခ ကို မ ကြောက် နှင့်။ သင် တို့ သည် စုံ စမ်း ခံ ရ စေ ခြင်း ငှါ အ ချို့ ကို မာရ် နတ် ထောင် ချ သ ဖြင့် ဆယ် ရက် မျှ ဒုက္ခ ရောက် ကြ လိမ့် တ ကား။ အ သေ ခံ ရ သည့် တိုင် အောင် သ စ္စာ စောင့် လော့။ သို့ ပြု လျင် အ သက် သ ရ ဖူ ကို ငါ သ နား မည်။
ငါ့ ဆ န္ဒ အ လျောက် ထွက် သွား၍ ခ ရစ် တော် နှင့် အ တူ နေ သော် အ လွန် သာ ယာ မည် ကို သော် လည်း ကောင်း၊ ရုပ် ခ န္ဓာ၌ ရှိ နေ သော် သင် တို့ အ ကျိုး မြတ် မည် ကို လည်း ကောင်း ထောက် ၍ ဒွိ ဟ၌ ကျဉ်း ကျပ် လျက် နေ စဉ်၊
နက် နဲ ရာ ကို ငါ ဖော် ပြ မည် မှာ ငါ တို့ ရှိ သ မျှ သည် အိပ် ပျော် ရ မည် မ ဟုတ်။ နောက် ဆုံး တံ ပိုး တော် မှုတ် သည့် ကာ လ တစ် ခ ဏ တည်း မျက် စိ တ မှိတ် တွင် ရှိ သ မျှ တို့ ပြောင်း လဲ ကြ ရ မည်။ မု ချ အား ဖြင့် ထို တံ ပိုး တော် မှုတ် သော် သူ သေ တို့ သည် အ သင်္ခါ ရ အ ဖြစ် ရှင် ပြန် ထ မြောက် ခြင်း၊ ငါ တို့ လည်း ပြောင်း လဲ ခြင်း ကို ခံ ရ ကြ လိမ့် သ တည်း။
ငါ တို့ တွင် မည် သူ မျှ ကိုယ့် အ ဖို့ အ သက် ရှင် လျက် ကိုယ့် အ ဖို့ သေ သည် မ ဟုတ်။ငါ တို့ အ သက် ရှင် သည် မှာ အ ရှင် ဘု ရား အ ဖို့ ရှင်၏။ သေ သည် မှာ လည်း အ ရှင် ဘု ရား အ ဖို့ သေ၏။ ရှင် သည် ဖြစ် စေ၊ သေ သည် ဖြစ် စေ အ ရှင် ဘု ရား ပိုင် ဆိုင် တော် မူ ရာ ဖြစ် ကြ၏။သို့ နှင့် အ ညီ ခ ရစ် တော် သည် သူ သေ သူ ရှင် တို့ အ ပေါ် တွင် အုပ် စိုး ခွင့် ရ အံ့ သော ငှါ အ သေ ခံ၍ ရှင် ပြန် တော် မူ၏။
ကြည် ညို သူ တို့ သေ ဒဏ် ကို ထာ ဝ ရ ဘု ရား နှ မြော တော် မူ သည့် အ လျောက်၊ ကိုယ် တော် ၏ ကျွန်၊
လော ဘ ကင်း၍ ကိုယ် ပိုင် ပ စ္စည်း နှင့် ရောင့် ရဲ ကြ လော့။ အ သို့ ဆို သော် ငါ သည် သင့် ကို မည် သည့် အ ခါ မျှ စွန့် ထား မည် မ ဟုတ် ဟု မိန့် တော် မူ ချက် ရှိ သ ဖြင့်၊ထာ ဝ ရ ဘု ရား မ စ တော် မူ သည့် အ လျောက် ငါ မ ကြောက် မ ရွံ့။ လူ သည် ငါ့ ကို မည် သို့ ပြု နိုင် အံ့ နည်း ဟု ရဲ ရင့် စွာ ငါ တို့ ဆို ရ ကြ ၏။
နှ လုံး ကြေ ကွဲ သော သူ တို့ ကို နှစ် သိမ့် စေ လျက်၊ သူ တို့ ဒဏ် ရာ များ ကို ပတ် စည်း တော် မူ၏။
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။
ဘု ရား သ ခင် သည်၊ ငါ တို့ ခို လှုံ ရာ၊ ငါ တို့ စွမ်း အား ဖြစ် လျက်၊ ဒု က္ခ ရောက် သည့် ကာ လ၊ တွေ့ လွယ် သော အ ထောက် အ မ ဖြစ် တော် မူ ပါ ၏။ငြိမ် ဝပ် စွာ နေ ကြ စေ။ ငါ သည် ဘု ရား သ ခင် ဖြစ် ကြောင်း သိ မှတ် ကြ စေ။ လူ မျိုး ခြား တို့ တွင် ဘုန်း ပွင့် မည်။ မြေ ကြီး ပေါ် မှာ ဘုန်း ပွင့် မည်။ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည်၊ ငါ တို့ နှင့် အ တူ ရှိ လျက်၊ ယာ ကုပ် ၏ ဘု ရား သ ခင် သည်၊ ငါ တို့ ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ ပါ ၏။သို့ ဖြစ်၍၊ ပ ထ ဝီ သည် ရွေ့ လျက်၊ တောင် များ လည်း ပင် လယ် ဗ ဟို ထဲ သို့ ကျ ရောက် သော် လည်း ကောင်း၊ ပယ် လယ် ရေ သည် ပွက် ဆူ အော် ဟစ် လျက်၊ လှိုင်း အိ ထ သ ဖြင့်၊ တောင် များ လှုပ် ရှား သော် လည်း ကောင်း၊ ငါ တို့ သည် ကြောက် လန့် ကြ မည် မ ဟုတ်။
ပင် ပန်း သူ ဝန် လေး သူ အ ပေါင်း တို့၊ ငါ့ ထံ လာ ကြ လော့။ ငါ သည် ချမ်း သာ စေ မည်။ငါ့ ထမ်း ပိုး ကို ထမ်း၍ ငါ့ ထံ မှ သင် ကြ လော့။ ငါ သည် သိမ် မွေ့ နှိမ့် ချ သော စိတ် ရှိ၏။ အ သက် ဝိ ညာဉ် ချမ်း သာ ရာ ကို လည်း သင် တို့ တွေ့ ကြ လိမ့် မည်။ကိုယ် တော် သည် ကြွ လာ ရ မည့် အ ရှင် လော။ အ ခြား မျှော် လင့် ရ ဦး မည် လော့ ဟု မေး လျှောက် စေ သည့် အ တိုင်းငါ့ ထမ်း ပိုး သည် ထမ်း လွယ် လျက် ငါ့ ဝန် လည်း ပေါ့ သည် ဟူ၍ မိန့် တော် မူ၏။
သင် တို့ အ တွက် ကြောင့် ကြ တော် မူ သော ကြောင့် သင် တို့ စိုး ရိမ် ခြင်း ရှိ သ မျှ ကို ကိုယ် တော့် အ ပေါ် သို့ လွှဲ တင် ကြ လော့။
ဒု က္ခ ရောက် သည့် ကာ လ၊ ချမ်း သာ ရ ရန် အ ကြောင်း မှာ၊ ဗျာ ဒိတ် တော် ကြောင့် အ သက် ရှင် ခွင့် ရ ခြင်း တည်း။
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။
အ မျက် တော် သည် တစ် ခ ဏ မျှ၊ ကျေး ဇူး တော် သည် တစ် သက် ပတ် လုံး တည် ၏။ ညဉ့် အ ခါ၌ ငို ကြွေး ခြင်း ဝင် ရောက် တည်း ခို သော် လည်း၊ နံ နက် ထ သော်၊ ရွှင် လန်း ရ ၏။
ပြေး ပွဲ မြတ်၌ ငါ့ လုံ့ လ ထုတ် ပြီ။ တာ အ ဆုံး တိုင် ရောက် ပြီ။ ယုံ ကြည် ခြင်း တ ရား ကို စောင့် ထိန်း ခဲ့ ပြီ။ယ ခု မှ စ၍ ငါ့ အ ဖို့ ဖြောင့် မတ် ခြင်း ဆိုင် ရာ သ ရ ဖူ ရန် ထား လျက် ရှိ သ ဖြင့် ဖြောင့် မတ် သော တ ရား မင်း တည်း ဟူ သော အ ရှင် ဘု ရား သည် ထို သ ရ ဖူ ကို ငါ့ အား သာ မ ဟုတ်၊ ထင် ရှား တော် မူ ခြင်း ကို နှစ် သက် သူ ရှိ သ မျှ တို့ အား လည်း နေ့ တော် ကြီး၌ သ နား တော် မူ လိမ့် မည်။
အ ကျွန်ုပ် အ သွေး အ သား နှင့် နှ လုံး ယို ယွင်း ရ သော် လည်း၊ ဘု ရား သ ခင် သည်၊ အ ကျွန်ုပ် စိတ် နှ လုံး ၏ ကျောက် တောင်၊ အကျွန်ုပ် ၏ ဝေ ပုံ၊ အ စဉ် ဖြစ် တော် မူ ၏။
စိတ် နှ လုံး တည် ကြည် သော သူ့ ကို၊ ကိုယ် တော် ၌ ကိုး စား သည် နှင့်၊ လုံ ခြုံ စွာ စောင့် ထိန်း တော် မူ၏။ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ နိ ယ မ ကျောက် တောင် ဖြစ် တော် မူ သော ကြောင့်၊ ကိုယ် တော်၌ အ စဉ် အ မြဲ ကိုး စား ကြ လော့။
ငါ သည် တောင် တန်း သို့ မျှော် ကြည့် လျက် နေ၏။ မ စ ခြင်း ကို မည် သည့် အ ရပ် မှ ရ ပါ အံ့ နည်း။မိုး မြေ ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား အ ထံ တော် မှ၊ မ စ ခြင်း ကို ရ ပါ လိမ့် မည်။
ဆို ခဲ့ သော သက် သေ တော် မှာ ဘု ရား သ ခင် သည် ငါ တို့ အား ထာ ဝ ရ အ သက် ကို သ နား တော် မူ လျက် သား တော်၌ ထို အ သက် တည် ရှိ ကြောင်း တည်း။သား တော် ကို ရ ရှိ သူ သည် ထို အ သက် ကို ရ ရှိ၏။ ဘု ရား သ ခင် သား တော် ကို မ ရ မ ရှိ သူ မူ ကား ထို အ သက် ကို မ ရ မ ရှိ ချေ။
မေ လ ခိ ဇေ ဒက် နည်း တူ ထာ ဝ ရ ပ ရော ဟိတ် မင်း ဖြစ် ပြီး လျှင် ငါ တို့ ရှေ့ ဆောင် ဖြစ် သော ယေ ရှု ဝင် ရောက် တော် မူ နှင့် ရာ ကန့် လန့် ကာ အ တွင်း ငါ တို့ စိတ် ဝိ ညာဉ်၏ ကျောက် ဆူး အ ဖြစ် ငါ တို့ ရ ရှိ သည့် မြဲ မြံ တည် ကြည် သော ထို မျှော် လင့် ရာ လည်း ဝင် ရောက် လျက် ရှိ၏။
အ ကျွန်ုပ်၏ သ န္ဓေ ကို မြင် တော် မူ လျက်၊ အင်္ဂါ များ ကို နေ့ စဉ် ပြု ပြင်၍ တစ် စုံ တစ် ခု မျှ မ ပြီး သေး မီ ကာ လ တွင်၊ စာ ရင်း တော် ၌ အ ကုန် အ စင် မှတ် သား လျက် ရှိ ခဲ့ ပါ ၏။
တ ယောက် ဝန် ကို တ ယောက် ထမ်း ဆောင် သ ဖြင့် ခ ရစ် တော်၏ တ ရား တော် ကို ပြည့် စုံ စေ က ရ လော့။
ကိုယ် တော် သည်၊ ညှဉ်း ပန်း ခံ ရ သူ့ ဒု က္ခ ကို ရွံ ရှာ ခြင်း၊ မ ထီ မဲ့ မြင် ပြု ခြင်း ကင်း လျက်၊ မျက် နှာ လွှဲ တော် မ မူ။ ခေါ် သည့် ကာ လ၊ နာ ခံ တော် မူ ပြီ ဟူ ၍ တည်း။
ရွှင် လန်း သူ တို့ နှင့် ရွှင် လန်း ခြင်း၊ ငို ကြွေး သူ တို့ နှင့် ငို ကြွေး ခြင်း ပြု ကြ လော့။
သူတို့ကို ငါ့အားသနားတော်မူသောခမည်းတော်သည် သူခပ်သိမ်းထက်ကြီးမြတ်တော်မူ၍ လက်တော်တွင်းမှမည်သူမျှမလုမယူနိုင်။သူ့စကားသံကိုသိုးတို့ကြားနာ၍ သူသည်ကိုယ်ပိုင်သိုးများကိုအမည်ဖြင့်ခေါ်ပြီးလျှင် ထုတ်တတ်၏။ငါနှင့်ခမည်းတော်သည် တစ်လုံးတစ်ဝတည်းဖြစ်သည်ဟု ပြန်၍မိန့်တော်မူ၏။
သင် တို့ သည် ယုံ ကြည် ခြင်း အား ဖြင့် ကျေး ဇူး တော် ကြောင့် ကယ် တင် ရာ ရောက် ခဲ့ ကြ သည် မှာ ကိုယ့် အ စွမ်း ကြောင့် မ ဟုတ်။ ကိုယ့် အ ကျင့် ကြောင့် လည်း မ ဟုတ်။ မည် သူ မျှ ဂုဏ် မ တင် မိ စေ ရန် ဘု ရား သ ခင့် ဆု ကျေး ဇူး တော် ကြောင့် တည်း။
ကျွန် တော် မျိုး အား က တိ ထား တော် မူ သည့် အ တိုင်း၊ မေ တ္တာ ကျေး ဇူး တော် ကြောင့် ချမ်း သာ ရ စေ တော် မူ ပါ။
သူ တော် ကောင်း၏ အ မည် ကား၊ မင်္ဂ လာ တည်း။ လူ ဆိုး တို့၏ အ မည် မူ ကား၊ ပုပ် ပျက် လိမ့် မည်။