Biblia Todo Logo
ကျမ်းစာ အပိုဒ်များ

- ကြော်ငြာတွေ -

အမျိုးအစား

ပျော်ပျော်နေပါအချစ်ခင်မင်ရင်းနှီးမှုချီးမွမ်းကိုးကွယ်ခြင်း။မင်းသောက်တယ်။မိဘများကောင်းချီးပေးတယ်။မင်္ဂလာဆောင်အားပေးစကားမွေးနေ့မျှော်လင့်ချက်ဧဝံဂေလိဟောပြောပါ။ယုံကြည်ခြင်း။ခွန်အားနာရေးကူညီမှုအသင်းလူငယ်တွေအိမ်ထောင်ရေးအမျိုးသမီးမရဏကလေးတွေပူဇော်သက္ကာဆုတောင်းဆောရီးကယ်တင်ခြင်းကျန်းမာရေးသန့်ရှင်းခြင်း။ထာဝရအသက်စွမ်းအားဘုရားယေရှုဝိညာဉ်ရေးရာ အမှန်တရားလိုအပ်သောအချိန်များကောင်းမွန်ခြင်းဆုတောင်းမေတ္တာပို့သပါတယ်။အစာရှောင်ခြင်းထူးခြားသောနေ့များကျေးဇူးတင်ခြင်းနာခံခြင်းအခွင့်အလမ်းတိုင်းဘုရားစည်းကမ်းချက်များသဘာဝငြိမ်းချမ်းခြင်းကျော်ကြားသောလှပသောတနင်္ဂနွေနေ့ထူးခြားသောဖြစ်ရပ်များဝန်ကြီးဌာနများဧည်နာကျင်မှုနှင့်ခက်ခဲခြင်း။ပျော်ရွှင်ခြင်းဒုစရိုက်နှင့် စွဲလမ်းမှုပရောဖက်ပြုချက်ငွေကြေးလိင်ပိုင်းဆိုင်ရာအကြောင်းအရာများအပြစ်တရားသိခြင်းခက်ခဲသောကျမ်းပိုဒ်များအလွတ်ကျက်ဘဝအဆင့်ဆင့်ဆုတောင်းတောင်းဆိုချက်များဖိတ်စာအားပေးစကားခရစ္စမတ်ယုံကြည်မှုသမ္မာကျမ်းစာကတိတော်များအကာအကွယ်သန့်ရှင်းသောဝိညာဉ်တော်ရုပ်တုကိုးကွယ်ခြင်း။

147 ဘုရားသခင်၏ကာကွယ်စောင့်ရှောက်မှု ကျမ်းပိုဒ်များ

147 ဘုရားသခင်၏ကာကွယ်စောင့်ရှောက်မှု ကျမ်းပိုဒ်များ


ဆာ​လံ 91:1-2

မြင့် မြတ် သော ဘု ရား၏ အ တွင်း ဌာ န တော်၌ နေ ထိုင် သော သူ သည်၊ အ န န္တ တန် ခိုး ရှင်၏ အ ရိပ် ကို ခို လှုံ ရ လိမ့် မည်။သင့် ထံ ဘေး တစ် မျိုး မျှ မ ချဉ်း၊ နေ ထိုင် ရာ သို့ ကပ် ရော ဂါ တစ် မျိုး မျှ မ သင့် ရ။သွား လေ ရာ ရာ၌ သင့် ကို စောင့် ထိန်း ကြ စေ ရန်၊ စေ တ မန် တော် တို့ အား မှာ ထား တော် မူ သည့် အ တိုင်း၊ကျောက် ခဲ နှင့် ခြေ ကို မ ခိုက် မိ စေ ရန်၊ ချီ ပင့် ရ ကြ လိမ့် မည်။သင် သည် ခြင်္သေ့ နှင့် မြွေ ဆိုး များ ကို နင်း၍၊ ခြင်္သေ့ ပျို နှင့် န ဂါး တို့ ကို ကျော် ရ လိမ့် မည်။ငါ၌ စွဲ လမ်း သော ကြောင့်၊ သူ့ ကို ငါ ကယ် လွှတ်၍၊ ငါ့ နာ မ ကို သိ ကျွမ်း သော ကြောင့်၊ ချီး မြှောက် မည်။ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။တင်း တိမ် ဖွယ် အ သက် ရှည် စွာ သ နား ၍၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ကို ဖော် ပြ မည်။ငါ၏ ခို လှုံ ရာ၊ ငါ၏ ခံ တပ်၊ ငါ ကိုး စား ရာ ဘု ရား သ ခင် ပေ တည်း ဟု၊ ထာ ဝ ရ ဘု ရား အား ငါ ဝန် ခံ မည်။

ဆာ​လံ 46:1

ဘု ရား သ ခင် သည်၊ ငါ တို့ ခို လှုံ ရာ၊ ငါ တို့ စွမ်း အား ဖြစ် လျက်၊ ဒု က္ခ ရောက် သည့် ကာ လ၊ တွေ့ လွယ် သော အ ထောက် အ မ ဖြစ် တော် မူ ပါ ၏။

တ​ရား​ဟော 31:6

ကြောက် ရွံ ခြင်း၊ အံ့ အား သင့် ခြင်း ကင်း လျက်၊ အား ယူ၍ ရဲ ရင့် ကြ လော့။ အ တူ ချီ ကြွ တော် မူ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် သင် တို့ ကို မည် သည့် အ ခါ မျှ စွန့် ထား တော် မူ မည် မ ဟုတ် ဟု မိန့် ဆို ပြီး နောက်

ဟေ​ရှာ​ယ 41:10

မ စွန့် မ ပယ် ဘဲ ငါ ရွေး ချယ် သည့် အ လျောက်၊ သင် နှင့် အ တူ ငါ ရှိ သ ဖြင့်၊ မ ကြောက် လင့်။ ငါ သည် သင်၏ ဘု ရား သ ခင် ဖြစ် သော ကြောင့်၊ မ စိုး ရိမ် နှင့်။ သင့် ကို ခိုင် ခံ့ စွာ ထောက် မ မည့် ပြင်၊ အောင် ပွဲ ရ ညာ လက် ရုံး ဖြင့် ထောက် ပင့် လိမ့် မည်။

ဆာ​လံ 121:7-8

ထာ ဝ ရ ဘု ရား သည် ဘေး ဟူ သ မျှ မှ ကွယ် ကာ ၍၊ သင့် အ သက် ကို စောင့် ထိန်း တော် မူ လိမ့် မည်။ထာ ဝ ရ ဘု ရား သည် သင့် ထွက် သွား ခြင်း နှင့် ဝင် လာ ခြင်း ကို၊ ယ ခု မှ စ၍ ကာ လ အ စဉ်၊ စောင့် ထိန်း တော် မူ လိမ့် မည်။

ဆာ​လံ 23:4

သေ မင်း အ ရိပ် ကျ ရာ ချိုင့် ကို ပင် ငါ လျှောက် သွား ရ သော် လည်း၊ ဘေး အ န္တ ရာယ် ကို ကြောက် ရွံ့ မည် မ ဟုတ်။ ကိုယ် တော် သည် အကျွန်ုပ် နှင့် အ တူ ရှိ နေ ၏။ လှံ တံ တော်၊ တောင် ဝေး တော် ဖြင့် နှစ် သိမ့် စေ တော် မူ ပါ ၏။

ဆာ​လံ 91:4

အ တောင် တော် နှင့် ဖုံး အုပ်၍၊ တောင် ပံ အောက် ခို လှုံ ခွင့် ပြု တော် မူ သည့် အ တိုင်း၊ သ စ္စာ တော် သည် ဒိုင်း ရှည် နှင့် ဒိုင်း လုံး ဖြစ် ၏။

ဆာ​လံ 27:1

ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ လင်း၊ ငါ့ ကယ် တင် ရာ ကယ် တင် ကြောင်း ဖြစ် တော် မူ သ ဖြင့်၊ မည် သူ့ ကို ကြောက် ရ အံ့ နည်း။ ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ သက် ၏ ခို လှုံ ရာ ဖြစ် တော် မူ သ ဖြင့်၊ မည် သူ့ ကို ရွံ့ ရ အံ့ နည်း။

ထွက်​မြောက် 14:14

ထာ ဝ ရ ဘု ရား သည် သင် တို့ အ ဖို့ စစ် တိုက် တော် မူ မည် ဖြစ်၍ သင် တို့ ဆိတ် ဆိတ် နေ ကြ ရ မည် ဟု လူ မျိုး အား ဆို ၏။

ဆာ​လံ 121:1-2

ငါ သည် တောင် တန်း သို့ မျှော် ကြည့် လျက် နေ၏။ မ စ ခြင်း ကို မည် သည့် အ ရပ် မှ ရ ပါ အံ့ နည်း။မိုး မြေ ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား အ ထံ တော် မှ၊ မ စ ခြင်း ကို ရ ပါ လိမ့် မည်။

သုတ္တံကျမ်း။ 18:10

ထာ ဝ ရ ဘု ရား၏ နာ မ တော် သည်၊ ခိုင် ခံ့ သော ရဲ တိုက် သ ဖွယ် ဖြစ်၍၊ ဖြောင့် မတ် သော သူ ပြေး ဝင် လျက် လုံ ခြုံ စွာ နေ ရ ၏။

ဆာ​လံ 34:7

ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် သည်၊ ခန့် ညား သူ တို့ ပတ် လည်၌ တပ် ချ လျက်၊ ကယ် လွှတ် တတ် ၏။

ဆာ​လံ 91:11

သွား လေ ရာ ရာ၌ သင့် ကို စောင့် ထိန်း ကြ စေ ရန်၊ စေ တ မန် တော် တို့ အား မှာ ထား တော် မူ သည့် အ တိုင်း၊

ဆာ​လံ 32:7

ကိုယ် တော် သည် အ ကျွန်ုပ် ပုန်း ကွယ် ရာ ဖြစ် တော် မူ ပါ၏။ ဆင်း ရဲ ဒု က္ခ မှ ထိန်း သိမ်း လျက်၊ အောင် မြင် ရာ သီ ချင်း များ နှင့် ဝန်း ရံ စေ တော် မူ ပါ လိမ့် မည်။

ဟေ​ရှာ​ယ 43:2

မြစ် များ ကို ကူး သွား ရ လျှင် လွှမ်း မိုး ခြင်း၊ မီး၌ သွား ရ လျှင် ပူ လောင် ခြင်း၊ မီး လျှံ သင့် ခြင်း များ ကို ခံ ရ မည် မ ဟုတ်။

ဆာ​လံ 3:3

အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အ ကျွန်ုပ် ပတ် လည်၌ ဒိုင်း လွှား သ ဖွယ်၊ အ ကျွန်ုပ် ၏ ဘုန်း အ သ ရေ၊ အ ကျွန်ုပ်၏ ဦး ခေါင်း ကို ထူ ပင့် တော် မူ သော အ ရှင် ဖြစ် တော် မူ ပါ၏။

နာ​ဟုံ 1:7

ထာ ဝ ရ ဘု ရား သည် ကောင်း မြတ် တော် မူ လျက် ကိုး စား သူ တို့ ကို သ တိ မူ သည့် အ တိုင်း၊ ဒု က္ခ ရောက် သော ကာ လ ၌ ခံ တပ် သ ဖွယ် ဖြစ် တော် မူ သော် လည်း ထို မြို့ ကို လွှမ်း မိုး သော ရေ ဘေး ဖြင့် ကုန် ဆုံး စေ လျက်

ဆာ​လံ 121:3-4

ကိုယ် တော် သည် သင့် ခြေ ကို ချော် စေ ခြင်း၊ သင့် ကို စောင့် ထိန်း သော အ ရှင် သည် ငိုက် မျည်း ခြင်း ပြု တော် မ မူ စေ လင့်။ကြည့် လော့။ ဣ သ ရေ လ လူ မျိုး ကို စောင့် ထိန်း သော အ ရှင် သည်၊ ငိုက် မျည်း ခြင်း၊ ကျိန်း စက် ခြင်း ရှိ တော် မူ သည် မ ဟုတ်။

ဆာ​လံ 125:2

ယေ ရု ရှ လင် မြို့ ကို တောင် တန်း ကာ ရံ သ ကဲ့ သို့၊ လူ မျိုး တော် ကို ယ ခု မှ စ၍ ကာ လ အ စဉ်၊ ထာ ဝ ရ ဘု ရား ကာ ရံ တော် မူ ၏။

သုတ္တံကျမ်း။ 29:25

လူ ကို ကြောက် ရွံ့ ခြင်း သ ဘော သည်၊ ကျော့ မိ ရာ အ ကြောင်း ဖြစ်၏။ ထာ ဝ ရ ဘု ရား အား ကိုး စား သော သူ မူ ကား၊ စိတ် ချ စွာ နေ ရ လိမ့် မည်။

ဟေ​ရှာ​ယ 54:17

သို့ ဖြစ်၍ သင့် တစ် ဘက်၌ လုပ် သော လက် နက် အ ထ မ မြောက်၊ သင် နှင့် တ ရား ဆိုင်၍ သက် သေ ခံ သော လျှာ တိုင်း ကို၊ သင် သည် အ ပြစ် စီ ရင် ရ လိမ့် မည်။ ထာ ဝ ရ ဘု ရား၏ ကျွန် ရင်း တို့ သည်၊ ထို သို့ သော အ မွေ ကို ခံ ရ သည့် အ လျောက်၊ ငါ့ ထံ မှ ရ သော အောင် မြင် ခွင့် လည်း၊ ထို သို့ ပင် တည်း ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။

ဆာ​လံ 27:5

ဒု က္ခ ရောက် သည့် နေ့ ရက်၌ ကိုယ် တော် သည်၊ ငါ့ ကို မ ဏ္ဍပ် တော် ထဲ၌ ဖုံး ကွယ် ခြင်း၊ တဲ တော် အ တွင်း၌ ဝှက် ထား ခြင်း ပြု လျက်၊ ကျောက် တောင် ပေါ် သို့ တင် မြှောက် ထား တော် မူ လိမ့် မည်။

ဆာ​လံ 62:2

ကိုယ် တော် သာ လျှင်၊ ငါ့ အ ဖို့ ကျောက် တောင်၊ ကယ် တင် ရာ အ ကြောင်း၊ ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ၍၊ များ စွာ ရွေ့ ရ မည် မ ဟုတ်။

ဆာ​လံ 16:8

ငါ သည် ထာ ဝ ရ ဘု ရား ကို၊ အ စဉ် မျက် မှောက် ပြု ပါ ပြီ။ ငါ့ လက်ျာ ဘက်၌ ရှိ နေ တော် မူ သော ကြောင့်၊ ငါ ရွေ့ ရ မည် မ ဟုတ် ပါ။

ရော​မ 8:31

သို့ ဖြစ် လျှင် ဤ အ ကြောင်း အ ရာ များ ကို ထောက် သော် မည် သို့ ဆို ရ အံ့ နည်း။ ဘု ရား သ ခင် သည် ငါ တို့ ဘက်၌ ရှိ တော် မူ လျှင် တစ် ဘက်၌ ရှိ ဝံ့ သူ ကား မည် သူ နည်း။

ဆာ​လံ 91:5-6

ညဉ့် အ ခါ ရောက် သော ဘေး အ န္တ ရာယ် ကို လည်း ကောင်း၊ နေ့ အ ခါ ပစ် သော မြှား ကိုလည်း ကောင်း၊မှောင် အ ချိန် လှည့် လည် သော ကပ် ရော ဂါ ကို လည်း ကောင်း၊ မွန်း တည့် အ ချိန် ဖျက် ဆီး သော ဘေး ဥ ပဒ် ကို လည်း ကောင်း၊ သင် ကြောက် ရ မည် မ ဟုတ်။

တ​ရား​ဟော 33:27

ရှေး မ ဆွ က၊ ဘု ရား သ ခင် သည် ခို လှုံ ရာ ဖြစ် သည့် အ လျောက်၊ လက် ရုံး တော် ဖြင့် ကာ လ အ စဉ် ထောက် ပင့် တော် မူ၏။ ပယ် ရှား လော့ ဟု မိန့် တော် မူ လျက် ရန် သူ တို့ ကို သင် တို့ ရှေ့ က နှင် ထုတ် တော် မူ သည့် အ တိုင်း၊

ဆာ​လံ 20:1

ဒု က္ခ ရောက် သော နေ့ ရက်၌၊ ထာ ဝ ရ ဘု ရား သည် ဘု ရင် မင်း အား ထူး တော် မူ ပါ စေ သော၊ ယာ ကုပ်၏ ဘု ရား သ ခင့် နာ မ တော် သည်၊ ကိုယ် တော် ကို ချီး မြှင့် ပါ စေ သော။

ဆာ​လံ 138:7

ဒု က္ခ များ ၌ အ ကျွန်ုပ် ကျင် လည် ရ သော် လည်း၊ ကိုယ် တော် သည် ရှင် ပြန် စေ လျက်၊ ဆန့် တန်း သော လက် ရုံး တော် ဖြင့် ရန် သူ တို့ အမျက် ဒေါ သ ငြိမ်း စေ၍၊ ညာ လက် ရုံး တော် ဖြင့် ကယ် တော် မူ လိမ့် မည်။

ဆာ​လံ 121:5-6

ထာ ဝ ရ ဘု ရား သည် သင့် ကို စောင့် ထိန်း တော် မူ သော အ ရှင်၊ ထာ ဝ ရ ဘု ရား သည် သင့် ညာ ဘက် မှာ ခို ရာ အ ရိပ် ဖြစ် တော် မူ ၍၊နေ့ အ ချိန်၌ နေ ရှိန်၊ ညဉ့် အ ချိန်၌ လ ရှိန်၊ မ ထိ မ ခိုက် ရ။

ဆာ​လံ 33:20

ငါ တို့ အ ထောက် အ မ၊ ငါ တို့ ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ သော ထာ ဝ ရ ဘု ရား ကို၊ စိတ် ပါ လျက် စောင့် မျှော် နေ ကြ ပြီ။

ရှင်ယောဟန် 10:28-29

သူတို့ကို ငါ့အားသနားတော်မူသောခမည်းတော်သည် သူခပ်သိမ်းထက်ကြီးမြတ်တော်မူ၍ လက်တော်တွင်းမှမည်သူမျှမလုမယူနိုင်။

ဆာ​လံ 61:3

ကိုယ် တော် ပင် အ ကျွန်ုပ် ခို လှုံ ရာ၊ ရန် သူ တို့ ရှေ့ ခိုင် ခံ့ သော ရဲ တိုက် ဖြစ် တော် မူ ပါ ၏။

ဆာ​လံ 121:3

ကိုယ် တော် သည် သင့် ခြေ ကို ချော် စေ ခြင်း၊ သင့် ကို စောင့် ထိန်း သော အ ရှင် သည် ငိုက် မျည်း ခြင်း ပြု တော် မ မူ စေ လင့်။

ဆာ​လံ 125:1

ထာ ဝ ရ ဘု ရား ၌ ကိုး စား သူ တို့ သည်၊ မ လှုပ် မ ရှား ရ ဘဲ တည် မြဲ တည် ရာ ဇိ အုန် တောင် ကဲ့ သို့ ဖြစ် ကြ ၏။

ဆာ​လံ 91:14-15

ငါ၌ စွဲ လမ်း သော ကြောင့်၊ သူ့ ကို ငါ ကယ် လွှတ်၍၊ ငါ့ နာ မ ကို သိ ကျွမ်း သော ကြောင့်၊ ချီး မြှောက် မည်။ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။

ဟေ​ရှာ​ယ 26:3-4

စိတ် နှ လုံး တည် ကြည် သော သူ့ ကို၊ ကိုယ် တော် ၌ ကိုး စား သည် နှင့်၊ လုံ ခြုံ စွာ စောင့် ထိန်း တော် မူ၏။ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ နိ ယ မ ကျောက် တောင် ဖြစ် တော် မူ သော ကြောင့်၊ ကိုယ် တော်၌ အ စဉ် အ မြဲ ကိုး စား ကြ လော့။

ဆာ​လံ 18:2

ထာ ဝ ရ ဘု ရား သည်၊ ငါ့ ကျောက် တောင်၊ ငါ့ ခံ တပ်၊ ငါ့ ကို ကယ် လွှတ် သော အ ရှင်၊ ငါ့ ဘု ရား သ ခင်၊ ငါ ခို လှုံ ရာ ကျောက် စွယ်၊ ငါ့ ဒိုင်း လွှား၊ ငါ့ ကယ် တင် ရာ ဦး ချို၊ ငါ့ ရဲ တိုက် ဖြစ် တော် မူ ၏။

ဟေ​ရှာ​ယ 41:13

အ သို့ ဆို သော် မ ကြောက် လင့်။ ငါ ထောက် မ မည် ဟု မိန့် ဆို သော သင်၏ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား သည် သင့် ညာ လက် ကို ကိုင် ဆွဲ လိမ့် မည်။

ဟေ​ဗြဲ 13:6

ထာ ဝ ရ ဘု ရား မ စ တော် မူ သည့် အ လျောက် ငါ မ ကြောက် မ ရွံ့။ လူ သည် ငါ့ ကို မည် သို့ ပြု နိုင် အံ့ နည်း ဟု ရဲ ရင့် စွာ ငါ တို့ ဆို ရ ကြ ၏။

ဖိ​လိပ္ပိ 4:13

ငါ့ ကို ခွန် အား နှင့် ပြည့် စေ တော် မူ သော အ ရှင်၌ ငါ သည် အ ရာ ခပ် သိမ်း ကို စွမ်း ဆောင် နိုင်၏။

၂ သက် 3:3

သို့ ရာ တွင် အ ရှင် ဘု ရား သည် သ စ္စာ ရှိ တော် မူ သည့် အ လျောက် သင် တို့ ကို တည် ကြည် စေ လျက် အ ဆိုး ကို ကွယ် ကာ တော် မူ လိမ့် မည်။

ဆာ​လံ 56:3-4

အ ကျွန်ုပ် သည်၊ ကြောက် ရွံ့ နေ ရ သော ကာ လ တွင်၊ ကိုယ် တော်၌ ကိုး စား ပါ မည်။ဘု ရား သ ခင် ကို အ မှီ ပြု၍၊ က တိ တော် ကို ချီး မွမ်း မည်။ ကြောက် ရွံ့ ခြင်း ကင်း လျက်၊ ဘု ရား သ ခင်၌ ကိုး စား ပြီး ဖြစ် သူ ငါ့ ကို၊ လူ တို့ မည် သို့ ပြု နိုင် သ နည်း။

ဆာ​လံ 34:17-18

ဖြောင့် မတ် သူ တို့ အော် ဟစ် ရာ၊ ထာ ဝ ရ ဘု ရား သည် နား ညောင်း လျက်၊ ဒု က္ခ ရှိ သ မျှ မှ ကယ် လွှတ် တော် မူ၏။ထာ ဝ ရ ဘု ရား သည် ကြေ ကွဲ သော နှ လုံး ရှိ သူ တို့ အ နီး ရှိ နေ ၍၊ ကြေ မွ သော စိတ် ရှိ သူ တို့ ကို ကယ် တော် မူ ၏။

ဆာ​လံ 27:3

ငါ့ တစ် ဘက်၌ ဗိုလ် ခြေ တပ် ချ သော် လည်း၊ ကြောက် ရွံ့ မည် မ ဟုတ်။ စစ် ရေး ဖြစ် ပွား လျက် ပင်၊ စိတ် ချ လျက် နေ မည်။

ဆာ​လံ 144:2

ငါ့ မေ တ္တာ ကျေး ဇူး ရှင်၊ ငါ့ ခံ တပ်၊ ငါ့ ရဲ တိုက်၊ ငါ့ ကို ကယ် လွှတ် သော အ ရှင်၊ ငါ့ ဒိုင်း လွှား၊ ငါ့ ခို လှုံ ရာ၊ ငါ့ လူ မျိုး ကို နှိပ် နင်း ခွင့် ပေး တော် မူ သော အ ရှင် ပေ တည်း။

ဟေ​ရှာ​ယ 12:2

ဘု ရား သ ခင် သည်၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ပေ တည်း။ ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ ငါ၏ စွမ်း အား၊ ငါ ကျူး ဧ ဖွဲ့ ဆို ရာ၊ ငါ့ ကို ကယ် တင် ရာ အ ကြောင်း ဖြစ် စေ တော် မူ သ ဖြင့်၊ ကြောက် ရွံ့ ခြင်း ကင်း ၍ ကိုး စား ပါ မည် ဟု မြွက် ဆို လျက်၊

၁ ပေ 5:7

သင် တို့ အ တွက် ကြောင့် ကြ တော် မူ သော ကြောင့် သင် တို့ စိုး ရိမ် ခြင်း ရှိ သ မျှ ကို ကိုယ် တော့် အ ပေါ် သို့ လွှဲ တင် ကြ လော့။

ဆာ​လံ 71:7-8

ကိုယ် တော် သည်၊ အ ကျွန်ုပ် အ ဖို့ ခိုင် ခံ့ သော ခို လှုံ ရာ ဖြစ် တော် မူ၍၊ လူ အ များ တို့ ရှေ့ နိ မိတ် လ က္ခ ဏာ သ ဖွယ်၊ အ ကျွန်ုပ် ဖြစ် ပါ ၏။အ ကျွန်ုပ် နှုတ် သည်၊ နေ့ ရှိ သ မျှ ဂုဏ် တော် ကို ချီး မြှောက် ခြင်း၊ အ သ ရေ တော် ကို ချီး မွမ်း ခြင်း နှင့် ပြည့် လျက် ရှိ ပါ ၏။

ဆာ​လံ 94:22

ထာ ဝ ရ ဘု ရား ကား၊ ငါ၏ ရဲ တိုက်၊ ငါ့ ဘု ရား သ ခင် ကား၊ ငါ ခို လှုံ ရာ ကျောက် တောင် ပေ တည်း။

ထွက်​မြောက် 33:14

ငါ ကိုယ် တိုင် ကြွ သွား၍ နား နေ ခွင့် ရှိ စေ မည် ဟု မိန့် တော် မူ ၏။

ဆာ​လံ 40:17

အ ကျွန်ုပ် မူ ကား၊ ဆင်း ရဲ နွမ်း ပါး လျက် ရှိ နေ ရ သော် လည်း၊ အ ရှင် ဘု ရား သ တိ ရ တော် မူ၏။ ကိုယ် တော် သည်၊ အ ကျွန်ုပ် ကို ထောက် မ ကယ် လွှတ် သော အ ရှင် ဖြစ် တော် မူ ပါ၏။ အို အ ကျွန်ုပ်၏ ဘု ရား သ ခင်၊ ဆိုင်း လင့် တော် မ မူ ပါ နှင့်။

ဆာ​လံ 33:18-19

ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော် အား ခန့် ညား ၍၊ က ရု ဏာ တော် ကို စောင့် မျှော် သူ တို့ ကို မျက် မှောက် ပြု လျက်၊ သေ ဘေး မှ ကယ် လွှတ် ခြင်း၊အ စာ ခေါင်း ပါး သည့် ကာ လ၊ အ သက် ရှင် ခြင်း ကို ပေး တော် မူ ၏။

ရော​မ 8:37

ငါ တို့ သည် ထို အ တိုင်း ခံ ရ လျက် ပင် ငါ တို့ ကို ချစ် တော် မူ သော အ ရှင် ကြောင့် အ ထူး အောင် မြင် ရ ကြ၏။

ဆာ​လံ 116:6

ရိုး သား သူ တို့ ကို ထိန်း သိမ်း တော် မူ သည့် အ လျောက်၊ ဆင်း ရဲ ခံ ရ သူ ငါ့ ကို ကယ် တော် မူ ၏။

၂ ရာ 22:31-32

ဘု ရား သ ခင်၏ နည်း လမ်း တော် သည် စုံ လင်၏။ ထာ ဝ ရ ဘု ရား ၏ နှုတ် က ပတ် တော် သည် စစ် ဆေး ပြီး ဖြစ်၏။ ကိုး စား သ မျှ သော သူ တို့ အ ဖို့ ကိုယ် တော် သည် ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ ၏။ထာ ဝ ရ ဘု ရား မှ တစ် ပါး၊ မည် သူ သည် ဘု ရား သ ခင် ဖြစ် သ နည်း။ ငါ တို့ ဘု ရား သ ခင့် ပြင် မည် သူ သည် ကျောက် တောင် ဖြစ် သ နည်း။

ဆာ​လံ 91:7-8

ယာ ဘက်၌ လူ တစ် ထောင်၊ ဝဲ ဘက်၌ လူ တစ် သောင်း ကျ ဆုံး သော် လည်း၊ သင် က၊ မ ထိ မ ခိုက် ရ ဘဲ လျက်၊လူ ဆိုး တို့ ခံ ရ သော အ ကျိုး ဆက် ကို ကား၊ ဒိ ဋ္ဌ မြင် ရ လ တ္တံ့။

တ​ရား​ဟော 31:8

အ တူ ကြွ လျက် ဦး ဆောင် တော် မူ သော ထာ ဝ ရ ဘု ရား သည် သင့် ကို မည် သည့် အ ခါ မျှ စွန့် ထား တော် မ မူ သော ကြောင့် ကြောက် ရွံ့ တုန် လှုပ် ခြင်း ကင်း လော့ ဟူ၍ တည်း။

ဟေ​ရှာ​ယ 35:4

နှ လုံး တုန် သော သူ တို့ အား၊ ကြောက် ရွံ့ ခြင်း ကင်း လျက် အား ယူ ကြ လော့။ သင် တို့ ဘု ရား သ ခင် သည် လက် စား ချေ ရန် လည်း‌ ကောင်း၊ တန် ခိုး ကြီး စွာ ဆပ် ပေး ရန်လည်း‌ ကောင်း၊ ကြွ ရောက် တော် မူ လိမ့် မည်။ ကြွ ရောက် ကယ် တင် တော် မူ သော အ ရှင် ကား၊ ကိုယ် တော် ပေ တည်း ဟု ဆို ကြ လော့။

ယော​ရှု 1:9

မိန့် မှာ သော အ ရှင် ကား၊ ငါ ပင် မ ဟုတ် လော။ အံ့ အား သင့် ခြင်း၊ တုန် လှုပ် ခြင်း ကင်း လျက်၊ အား ယူ၍ ရဲ ရင့် လော့။ သွား လေ ရာ ရာ သင့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ပါ ရှိ သည် ဟု မိန့် တော် မူ ၏။

ဆာ​လံ 91:15-16

ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။တင်း တိမ် ဖွယ် အ သက် ရှည် စွာ သ နား ၍၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ကို ဖော် ပြ မည်။

ဆာ​လံ 27:14

ထာ ဝ ရ ဘု ရား ကို စောင့် မျှော် လျက်၊ အား ယူ၍ ရဲ ရင့် သော စိတ် ရှိ လော့။ ထာ ဝ ရ ဘု ရား ကို စောင့် မျှော် ဦး လော့။

ဆာ​လံ 62:5-6

အ ချင်း ငါ့ အ သက် ဝိ ညာဉ်၊ ဘု ရား သ ခင်၌ သာ ငြိမ် ဝပ် စွာ နေ လော့။ ငါ စောင့် မျှော် ရာ အ ကြောင်း သည် အ ထံ တော် မှ ရောက် လာ ၏။ကိုယ် တော် သာ လျှင်၊ ငါ့ အ ဖို့ ကျောက် တောင်၊ ကယ် တင် ရာ အ ကြောင်၊ ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ၍၊ ငါ ရွေ့ ရ မည် မ ဟုတ်။

ဆာ​လံ 37:28

ထာ ဝ ရ ဘု ရား သည်၊ တ ရား သ ဖြင့် စောင့် ခြင်း ကို၊ နှစ် သက်၍၊ ကြည် ညို သူ တို့ ကို စွန့် ထား တော် မ မူ။ ကာ လ အ စဉ် ထိန်း သိမ်း တော် မူ၏။ လူ ဆိုး၏ သား မြေး တို့ မူ ကား၊ ပယ် ရှား ခံ ရ ကြ လိမ့် မည်။

ဆာ​လံ 118:6

ထာ ဝ ရ ဘု ရား သည်၊ ငါ့ ဘက်၌ ရှိ နေ တော် မူ သည့် အ လျောက်၊ ငါ မ ကြောက် မ ရွံ့၊ လူ သည် ငါ့ ကို မည် သို့ ပြု နိုင် အံ့ နည်း။

သုတ္တံကျမ်း။ 3:24-26

အိပ် သော အ ခါ၊ ကြောက် မက် ဖွယ် မ ရှိ ရ ဘဲ၊ ကောင်း မွန် စွာ အိပ် ပျော် ရ လိမ့် မည်။ရုတ် တ ရက် ကြောက် ရွံ့ ဖွယ် ရာ ကို လည်း‌ ကောင်း၊ လူ ဆိုး တို့၌ သင့် ရောက် သော ဘေး ကို လည်း‌ ကောင်း၊ မ စိုး ရိမ် နှင့်။အ သို့ ဆို သော်၊ ထာ ဝ ရ ဘု ရား သည်​သင်၏ ကိုး စား ရာ ဖြစ်၍၊ ခြေ ကို မ ကျော့ မိ စေ ရန် စောင့် ထိန်း တော် မူ လိမ့် မည်။

ဟေ​ဗြဲ 4:16

က ရု ဏာ တော် ကို ခံ လျက် ထောက် မ သင့် သော အ ချိန်၌ ကျေး ဇူး တော် ကို ရ ခြင်း ငှာ ကျေး ဇူး ရာ ဇ ပ လ္လင် တော် သို့ ရဲ ရင့် စွာ ချဉ်း ကပ် ကြ ကုန် အံ့။

ဆာ​လံ 9:9

ဒု က္ခ ရောက် သော ကာ လ တွင် လည်း၊ နှိပ် စက် ခံ ရ သူ တို့ အ ဖို့၊ ထာ ဝ ရ ဘု ရား သည် ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ လိမ့် မည်။

ရော​မ 8:28

၎င်း ပြင် အ ကြံ တော် နှင့် အ ညီ ခေါ် ထား တော် မူ သူ၊ ဘု ရား သ ခင် ကို ချစ် ကြည် မြတ် နိုး သူ တို့ ကောင်း ကျိုး အ လို့ ငှါ အ ရာ ခပ် သိမ်း ဝိုင်း ညီ ပြု စု လျက် ရှိ ကြောင်း၊

ဆာ​လံ 140:4

အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို တွန်း ချ ရန် ကြံ စည် ကြ သော လူ ဆိုး လူ ကြမ်း တို့ လက် မှ၊ ကွယ် ကာ စောင့် ထိန်း တော် မူ ပါ။

ဆာ​လံ 27:13

သူ ရှင် တို့ နေ ရာ တွင်၊ ထာ ဝ ရ ဘု ရား၏ ကောင်း မြတ် တော် မူ ခြင်း ကို မြင် ရ ပါ မည် ဟု ယုံ ကြည် ရင်း မ ဟုတ် လျှင်၊ အား လျော့ ပါ လေ ပြီ။

ရှင်ယောဟန် 14:27

ငြိမ်သက်ခြင်းကို သင်တို့နှင့်ငါထားခဲ့၏။ လောကသားတို့ပေးကြသည့်နည်းတူမဟုတ်။ ကိုယ့်ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ နှလုံးမသာခြင်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။

ဆာ​လံ 94:19

အ တွင်း သ ဘော များ စွာ ရှုတ် ထွေး လျက် ပင်၊ ချမ်း သာ တော် အား ဖြင့် စိတ် ဧ ရ ပါ၏။

၂ ကော 4:8-9

ငါ တို့ သည် အ ဖက် ဖက် က ဖိ စီး ခံ ရ သော် လည်း ကျဉ်း မြောင်း သည် မ ဟုတ်။ ရှုပ် ထွေး ရ သော် လည်း စိတ် ပျက် သည် မ ဟုတ်။ ညှဉ်း ပန်း ခံ ရ သော် လည်း ခို ရာ မဲ့ မ ဟုတ်။ခုတ် လှဲ ခံ ရ သော် လည်း ပျက် စီး သည် မ ဟုတ် ဘဲ လျက်၊

ဟေ​ရှာ​ယ 41:6

အ ပေါင်း အ ဖော် ညီ အစ် ကို အ ချင်း ချင်း ကူ ညီ လျက်၊ အား ယူ လော့ ဟု ဆို ကြ သည့် အ တိုင်း၊

ဆာ​လံ 46:10

ငြိမ် ဝပ် စွာ နေ ကြ စေ။ ငါ သည် ဘု ရား သ ခင် ဖြစ် ကြောင်း သိ မှတ် ကြ စေ။ လူ မျိုး ခြား တို့ တွင် ဘုန်း ပွင့် မည်။ မြေ ကြီး ပေါ် မှာ ဘုန်း ပွင့် မည်။

ဆာ​လံ 34:19

ဖြောင့် မတ် သူ ၏ ဒု က္ခ များ ပြား သော် လည်း၊ ရှိ သ မျှ မှ ထာ ဝ ရ ဘု ရား ကယ် လွှတ် တော် မူ ၏။

ဟေ​ဗြဲ 13:5

လော ဘ ကင်း၍ ကိုယ် ပိုင် ပ စ္စည်း နှင့် ရောင့် ရဲ ကြ လော့။ အ သို့ ဆို သော် ငါ သည် သင့် ကို မည် သည့် အ ခါ မျှ စွန့် ထား မည် မ ဟုတ် ဟု မိန့် တော် မူ ချက် ရှိ သ ဖြင့်၊

ဆာ​လံ 28:7

ထာ ဝ ရ ဘု ရား သည်၊ ငါ့ စွမ်း အား၊ ငါ့ ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ၏။ ကိုယ် တော်၌ ခို လှုံ ခဲ့ သည့် အ တိုင်း အ ထောက် အ မ ခံ ရ၏။ ငါ့ စိတ် ရွှင် လန်း၍ ကိုယ် တော် ကို သီ ဆို ချီး မွမ်း မည်။

ဆာ​လံ 4:8

အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သာ လျှင် အ ကျွန်ုပ် ကို လုံ ခြုံ စွာ နေ ထိုင် စေ တော် မူ သည် ဖြစ်၍၊ စိတ် ချ စွာ လှဲ လျက် အိပ် ပျော် ပါ တော့ မည်။

ဆာ​လံ 112:7

မ ကောင်း သ တင်း ကို မ ကြောက် ဘဲ၊ ထာ ဝ ရ ဘု ရား ၌ ကိုး စား သ ဖြင့်၊ စိတ် နှ လုံး တည် ကြည် ပါ ၏။

ဟေ​ရှာ​ယ 43:1

အို ယာ ကုပ် အ မျိုး၊ ဣ သ ရေ လ အ နွယ်၊ သင့် ကို ဖန် ဆင်း ပြု ပြင် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ မ ကြောက် လင့်၊ သင့် ကို ငါ ရွေး နုတ် ပြီ၊ အ မည် ဖြင့် ခေါ် ပြီ၊ သင် သည် ငါ ပိုင် ဆိုင် ရာ ဖြစ် သည် နှင့် အ ညီ ရေ ဘေး အ တွင်း ကူး သွား ရ လျှင် ငါ ပါ ရှိ မည်။

ဆာ​လံ 139:5

အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည်၊ အ ကျွန်ုပ် ရှေ့ နောက် ဆီး ကာ လျက်၊ လက် တော် ဖြင့် တင် ဖိ တော် မူ ပါ ပြီ။

မဿဲ 6:34

ထို့ ကြောင့် နက် ဖြန် နေ့ အ ဖို့ မ စိုး ရိမ် ကြ နှင့်။ နက် ဖြန် နေ့ က ပင် ကိုယ့် အ ဖို့ စိုး ရိမ် လိမ့် မည်။ တစ် ရက် နှင့် ဆိုင် သော ဒု က္ခ သည် ထို ရက် အ ဖို့ တော် လောက် ၏။

ဆာ​လံ 23:6

သု ခ ချမ်း သာ နှင့် က ရု ဏာ တော် သည်၊ တစ် သက် ပတ် လုံး ငါ နှင့် မု ချ ထက် ကြပ် ပါ လာ သ ဖြင့်၊ ထာ ဝ ရ ဘု ရား ၏ ဗိ မာန် တော် တွင် အ စဉ် နေ ထိုင် ခွင့် ကို ငါ ရ ပါ လိမ့် သ တည်း။

ဟေ​ရှာ​ယ 59:1

ထာ ဝ ရ ဘု ရား သည် မ ကယ် နိုင် အောင် လက် ရုံး တော် တို သည် မ ဟုတ်။ မ ကြား နိုင် အောင် နား တော် ထိုင်း သည် မ ဟုတ် ချေ။

ဆာ​လံ 55:22

ကိုယ့် ဝန် ကို ထာ ဝ ရ ဘု ရား အား လွှဲ အပ် လော့။ ထောက် မ တော် မူ လိမ့် မည်။ သူ တော် ကောင်း ကို မည် သည့် ကာ လ မျှ၊ ရွှေ့ သွား စေ ခွင့် ပြု တော် မူ မည် မ ဟုတ်။

ဆာ​လံ 18:30

ဘု ရား သ ခင် ၏ နည်း လမ်း တော် သည် စုံ လင်၏။ ထာ ဝ ရ ဘု ရား၏ နှုတ် က ပတ် တော် သည် စစ် ဆေး ပြီး ဖြစ်၏။ ကိုး စား သ မျှ သော သူ တို့ အ ဖို့၊ ကိုယ် တော် သည် ဒိုင်း၊ လွှား သ ဖွယ် ဖြစ် တော် မူ၏။

သုတ္တံကျမ်း။ 30:5

ဘု ရား သ ခင်၏ နှုတ် က ပတ် တော် ရှိ သ မျှ သည်၊ စစ် ဆေး ပြီး ဖြစ်၏။ ကိုး စား သူ တို့ အ ဖို့၊ ကိုယ် တော် သည် ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ၏။

ဆာ​လံ 31:24

ထာ ဝ ရ ဘု ရား ကို စောင့် မျှော် သူ အ ပေါင်း တို့၊ အား ယူ ၍ ရဲ ရင့် သော စိတ် ရှိ ကြ လော့။

ဆာ​လံ 33:22

အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ကို အ ကျွန်ုပ် တို့ စောင့် မျှော်  ကြ သည့် အ တိုင်း၊ အ ကျွန်ုပ် အ ပေါ်၌ က ရု ဏာ သက် တော် မူ ပါ။

ထွက်​မြောက် 15:2

ထာ ဝ ရ ဘု ရား သည် ငါ့ စွမ်း အား၊ ငါ ကျူး ဧ ဖွဲ့ ဆို ရာ ငါ့ ကို ကယ် ဆယ် ရာ အ ကြောင်း ဖြစ် တော် မူ၏။ ထို ဘု ရား သည် ငါ့ ဘု ရား ဖြစ် တော် မူ၍ ထော မ နာ ပြု ပါ မည်။ ငါ့ အ ဘ၏ ဘုရား သ ခင် ဖြစ် တော် မူ၍ ဂုဏ် တော် ကို ချီး မြှောက် ပါ မည်။

ဆာ​လံ 89:18

အ ကျွန်ုပ် တို့ ဒိုင်း လွှား သည်၊ ထာ ဝ ရ ဘု ရား ပိုင် ရာ တော်၊ အ ကျွန်ုပ် တို့ ဘု ရင် မင်း သည်၊ ဣ သ ရေ လ လူ မျိုး ၏ သန့် ရှင်း တော် မူ သော အ ရှင့် ပိုင် ရာ တော် ဖြစ် ပါ ၏။

ဆာ​လံ 118:8-9

လူ ကို အား ကိုး ခြင်း ထက်၊ ထာ ဝ ရ ဘု ရား ၌ ခို လှုံ ခြင်း သည်၊ သာ ၍ ကောင်း ၏။မင်း ကို အား ကိုး ခြင်း ထက်၊ ထာ ဝ ရ ဘု ရား၌ ခို လှုံ ခြင်း သည်၊ သာ ၍ ကောင်း ၏။

ဆာ​လံ 61:2-3

စိတ် ညှိုး ငယ် သော အ ခါ၊ မြေ ကြီး အ စွန်း အ ဖျား မှ၊ အ ကျွန်ုပ် အော် ဟစ် ပါ မည်။ တက်၍ မ ရောက် နိုင် သော ကျောက် တောင် တော် သို့ ပို့ တော် မူ ပါ။ကိုယ် တော် ပင် အ ကျွန်ုပ် ခို လှုံ ရာ၊ ရန် သူ တို့ ရှေ့ ခိုင် ခံ့ သော ရဲ တိုက် ဖြစ် တော် မူ ပါ ၏။

ဆာ​လံ 28:6-7

ငါ့ အ သ နား တော် ခံ သံ ကို နား ညောင်း တော် မူ သော ထာ ဝ ရ ဘု ရား သည်၊ မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။ထာ ဝ ရ ဘု ရား သည်၊ ငါ့ စွမ်း အား၊ ငါ့ ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ၏။ ကိုယ် တော်၌ ခို လှုံ ခဲ့ သည့် အ တိုင်း အ ထောက် အ မ ခံ ရ၏။ ငါ့ စိတ် ရွှင် လန်း၍ ကိုယ် တော် ကို သီ ဆို ချီး မွမ်း မည်။

၁ ယော 4:18

ချစ် ခြင်း မေ တ္တာ၌ ကြောက် ရွံ့ ခြင်း မ ရှိ။ ကြောက် ရွံ့ ခြင်း၌ ပြစ် ဒဏ် ပါ သည့် အ လျောက် စုံ လင် သော ချစ် ခြင်း မေ တ္တာ ဖြင့် ကြောက် ရွံ့ ခြင်း ဖဲ တတ် ၏။ ကြောက် ရွံ့ သူ သည် ချစ် ခြင်း မေ တ္တာ ၌ မ စုံ လင် သေး။

ဟေ​ရှာ​ယ 26:20-21

အို လူ မျိုး ချင်း တို့၊ လာ ကြ။ အ တွင်း ခန်း ထဲ သို့ ဝင် ပြီး နောက်၊ တံ ခါး များ ကို ပိတ် ထား လျက်၊ အ မျက် တော် မ ကျော် မ ချင်း၊ ခေ တ္တ ပုန်း ရှောင်၍ နေ ကြ လော့။ထာ ဝ ရ ဘု ရား သည်၊ မြေ ပေါ် တွင် ထိုင် နေ သူ တို့ အ ပြစ် ကို စီ ရင် တော် မူ ရန်၊ စံ ရာ မှ ထွက် ကြွ တော် မူ သည် ဖြစ်၍၊ မြေ ကြီး သည်၊ အ သေ သတ် ခြင်း ခံ ရ သူ တို့ ကို၊ ဆက် လက် ဝှက် ထား နိုင် ခွင့် မ ရ သည် နှင့်၊ စုတ် စို့ သော အ သွေး ကို ထုတ် ပြ ရ လိမ့် မည်။

ဆာ​လံ 59:16

အ ကျွန်ုပ် မူ ကား၊ တန် ခိုး တော် အ ကြောင်း သီ ချင်း ဆို ခြင်း၊ နံ နက် ယံ ၌ က ရု ဏာ တော် အ ကြောင်း ကြွေး ကြော် ခြင်း ပြု ပါ မည်။ ဒုက္ခ ရောက် သော ကာ လ၌၊ ကိုယ် တော် သည် အ ကျွန်ုပ်၏ ရဲ တိုက်၊ အ ကျွန်ုပ်၏ ခို လှုံ ရာ ဖြစ် တော် မူ ပြီ။

ဆာ​လံ 46:7

ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည်၊ ငါ တို့ နှင့် အ တူ ရှိ လျက်၊ ယာ ကုပ်၏ ဘု ရား သ ခင် သည်၊ ငါ တို့ ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ ပါ ၏။

ဆာ​လံ 63:7-8

ကိုယ် တော် ကို အ ကျွန်ုပ်၏ အ သက် ဝိ ညာဉ် ထက် ကြပ် လိုက် ရှာ ရာ၌၊ ညာ လက် တော် ဖြင့် လှမ်း ကိုင် တော် မူ ပါ ၏။

ဆာ​လံ 34:4

ထာ ဝ ရ ဘု ရား ကို၊ ငါ ရှာ ဖွေ ရာ၊ ကိုယ် တော် နား ညောင်း ၍၊ ငါ ကြောက် ဖွယ် ရှိ သ မျှ မှ ကယ် လွှတ် တော် မူ ၏။

ဆာ​လံ 20:7-8

အ ချို့ တို့ သည် ရ ထား တပ်၌ လည်း ကောင်း၊ အ ချို့ တို့ သည် မြင်း တပ်၌လည်း ကောင်း၊ အား ကိုး ချီး မွမ်း တတ် ကြ၏။ ငါ တို့ မူ ကား၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ နာ မ တော် ၌ အား ကိုး ချီး မွမ်း ကြ မည်။သူ တို့ ပြို လဲ ကျ ဆုံး ကြ ရာ၊ ငါ တို့ ထ ရပ် တည် တံ့ ရ ကြ ၏။

၁ ပေ 1:5

အ န္တိ မ ကာ လ၌ ထင် ရှား ရန် အ သင့် ရှိ သော ကယ် တင် တော် မူ ခြင်း ခံ စား ကြ စေ ရန်၊ ယုံ ကြည် သူ သင် တို့ ကို လည်း တန် ခိုး တော် အား ဖြင့် ဘု ရား သ ခင် ကွယ် ကာ စောင့် ရှောက် တော် မူ လေ ပြီ။

ရှင်ယောဟန် 16:33

သင်တို့သည် ငါ၌ငြိမ်သက်ခြင်းရှိကြစေရန် ထိုသို့ငါဟောခဲ့ပြီ။ ဤလောက၌ ဆင်းရဲဒုက္ခရောက်သော်လည်းအားယူကြလော့။ ငါသည် ဤလောကကိုအောင်ပြီဟု မိန့်တော်မူ၏။

ရော​မ 8:15

ကြောက် ရွံ့ လျက် နေ ပြန် စေ ရန် ကျွန့် အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို သင် တို့ ခံ ရ ကြ သည် မ ဟုတ်။ အ ဗ္ဗ၊ အ ဘ ဟု ခေါ် စေ သော သား အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို ခံ ရ ကြ ပြီး သည် နှင့် အ ညီ၊

ဆာ​လံ 84:11

ထာ ဝ ရ ဘု ရား သ ခင် သည်၊ နေ နှင့် ဒိုင်း လွှား ဖြစ် တော် မူ ၏။ ထာ ဝ ရ ဘု ရား သည်၊ ကျေး ဇူး တော် နှင့် ဘုန်း အ သ ရေ ကို သ နား၍၊ စုံ လင် စွာ ကျင့် ကြံ သူ တို့ အား၊ ကောင်း သော အ ရာ ကို ငြင်း တော် မူ မည် မ ဟုတ်။

ဆာ​လံ 94:14

တ ရား ခွင် သို့ ဖြောင့် မတ် ခြင်း မ ပြန် မ ရောက်၊ သ ဘော ဖြောင့် သူ အ ပေါင်း တို့ မ လိုက် မ လျှောက် မီ အ တွင်း၊ ထာ ဝ ရ ဘု ရား သည် လူ မျိုး တော် ကို ပစ် ပယ် ခြင်း၊ ပိုင် တော် မူ ရာ ကို စွန့် ထား ခြင်း ပြု တော် မူ မည် မ ဟုတ်။

၁ သက် 5:23-24

ငြိမ် သက် ခြင်း အ ရှင် ဘု ရား သ ခင် သည် သင် တို့ ကို ကိုယ် တော် တိုင် လုံး လုံး သန့် ရှင်း စေ တော် မူ ပါ စေ သော။ သင် တို့ နာမ် ဝိ ညာဉ်၊ စိတ် သ ဘော၊ ကိုယ် ခ န္ဓာ သုံး ပါး လုံး ကို ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ကြွ လာ တော် မူ သည့် ကာ လ အ ပြစ် မဲ့ အောင် စောင့် ထိန်း တော် မူ ပါ စေ သော။သင် တို့ ကို ခေါ် ထား တော် မူ သော အ ရှင် သည် သ စ္စာ တည် တော် မူ သည့် အ လျောက် ထို သို့ ပင် ပြု တော် မူ လိမ့် မည်။

ဟေ​ဗြဲ 13:20-21

ငါ တို့ အ ရှင် ယေ ရှု တည်း ဟူ သော မ ဟာ သိုး ထိန်း တော် ကို ထာ ဝ ရ ပ ဋိ ညာဉ် တော်၏ အ သွေး တော် အား ဖြင့် သူ သေ တို့ အ ထဲ မှ ဆောင် ခဲ့ တော် မူ သော ငြိမ် သက် ခြင်း အ ရှင် ဘု ရား သ ခင် သည်မျက် မှောက် တော် တွင် နှစ် သက် ဖွယ် ရာ ကို ယေ ရှု ခ ရစ် အား ဖြင့် ငါ တို့၌ ပြု ပြင် လျက် အ လို တော် ကို ဆောင် ရွက် ကြ အံ့ သော ငှာ ကျေး ဇူး အ မျိုး မျိုး နှင့် သင် တို့ ကို စုံ လင် စေ တော် မူ ပါ စေ သော။ ကိုယ် တော် သည် က မ္ဘာ အ ဆက် ဆက် ဘုန်း ကြီး ပါ စေ သ တည်း။ အာ မင်။

ဆာ​လံ 125:3

အ ဓ မ္မ မှု ကို ပြု ရ ကြ စေ ရန်၊ ဖြောင့် မတ် သူ တို့ ဝေ ပုံ အ ပေါ် တွင်၊ လူ ဆိုး တို့ အာ ဏာ စက် တည် ခွင့် မ ရှိ ရာ။

ဆာ​လံ 27:2

ငါ့ ရန် ဘက် ငါ့ ရန် သူ ဖြစ် သော လူ ဆိုး တို့ သည်၊ ငါ့ အ သား ကို စား ခြင်း ငှာ ချဉ်း ဝင် ကြ သော်၊ ထိ ခိုက် ကျ ဆုံး ကြ ၏။

တ​ရား​ဟော 1:30

ရှေ့ ဆောင်၍ ချီ ကြွ တော် မူ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် သင် တို့ မျက် မှောက် တွင်၊ အိ ဂျစ် ပြည် ၌ လည်း ကောင်း၊ ဒိ ဋ္ဌ ဖြစ် သည့် အ တိုင်း၊ ဤ နေ ရာ သို့ မ ရောက် မ ချင်း သွား ရာ ခ ရီး တစ် လျှောက်၊ သား ကို အ ဘ ချီ ပိုက် သည့် နည်း တူ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ချီ ပိုက် တော် မူ ရာ၊ ဤ သဲ တော ၌ လည်း ကောင်း၊ စီ ရင် တော် မူ ခဲ့ သည့် အ လျောက် သင် တို့ အ ဖို့ စစ် တိုက် တော် မူ လိမ့် မည် ဟု ဆို ရာ၌

ဆာ​လံ 144:1

ငါ့ လက် များ ကို စစ် ရေး ၌ လည်း ကောင်း၊ လက် ချောင်း များ ကို လည်း စစ် မှု ၌ လည်း ကောင်း၊ ကျင် လည် စေ တော် မူ သော ငါ့ ကျောက် တောင် ဖြစ် တော် မူ သော ထာ ဝ ရ ဘု ရား သည် မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။

ဆာ​လံ 56:9

ဘု ရား သ ခင် သည် ငါ့ ဘက်၌ ရှိ နေ တော် မူ၍၊ အော် ဟစ် သော အ ခါ၊ ရန် သူ တို့ လန် ကြ ရ မည် ကို ငါ သိ၏။

ဟေ​ရှာ​ယ 54:14

သင် သည် ဖြောင့် မတ် ခြင်း ၌ တည် လျက်၊ ညှဉ်း ပန်း ခြင်း နှင့် ဝေး သည် ဖြစ် ၍ မ ကြောက် ရ။ ဖျက် ဆီး ခြင်း နှင့် ကင်း ဝေး သည် ဖြစ် ၍၊ မ သင့် မ ရောက် ရ။

ဆာ​လံ 138:8

ထာ ဝ ရ ဘု ရား သည် ငါ့ အ မှု ထ မြောက် စေ တော် မူ လိမ့် မည်။ အို ထာ ဝ ရ ဘု ရား၊ က ရု ဏာ တော် သည် ကာ လ အ စဉ် တည် သည့် အ လျောက်၊ လက် တော် ဖြင့် စီ ရင် သော အ မှု အ ရာ များ ကို စွန့် ပစ် တော် မ မူ ပါ နှင့်။

ဆာ​လံ 57:1

အို ဘု ရား သ ခင်၊ အ ကျွန်ုပ် အ ပေါ်၌ က ရု ဏာ သက်၍ သ နား တော် မူ ပါ။ ကိုယ် တော်၌ အ ကျွန်ုပ်၏ အ သက် ခို လှုံ ပါ၏။ ဘေး ဒု က္ခ များ လွန် သွား သည့် တိုင် အောင်၊ အ တောင် တော် အောက် ၌ အ ကျွန်ုပ် ခို လှုံ ပါ မည်။

ဆာ​လံ 97:10

ထာ ဝ ရ ဘု ရား ကို ချစ် ခင် သူ တို့၊ အ ဆိုး ကို မုန်း ထား ကြ လော့။ ကိုယ် တော် သည် ကြည် ညို သူ တို့ အ သက် ကို စောင့် ထိန်း လျက်၊ လူ ဆိုး တို့ လက် မှ ကယ် လွှတ် တော် မူ ၏။

ဆာ​လံ 119:114

ကိုယ် တော် သည် အ ကျွန်ုပ် ကွယ် ကာ ရန်၊ အ ကျွန်ုပ် ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ သည့် အ လျောက်၊ နှုတ် က ပတ် တော် ကို စောင့် မျှော် လျက် နေ ပါ၏။

ဆာ​လံ 30:10

အို ထာ ဝ ရ ဘု ရား၊ နား ညောင်း ၍၊ က ရု ဏာ သက် တော် မူ ပါ။ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို မ စ သော အ ရှင့် အ ဖြစ် တည် တော် မူ ပါ ဟု ထာ ဝ ရ ဘု ရား အား အ သ နား တော် ခံ ရာ၊

ဆာ​လံ 18:48

ကိုယ် တော် သည်၊ အ ကျွန်ုပ် ကို ထ ကြွ သူ တို့ ထက် ချီး မြှင့်၍၊ ကြမ်း ကြုတ် သူ့ လက် မှ ကယ် လွှတ် တော် မူ ပါ ၏။

ဆာ​လံ 108:6

နှစ် သက် တော် မူ သော လူ မျိုး တို့ ဘေး လွတ် ကြ စေ ရန်၊ ညာ လက် ရုံး တော် အား ဖြင့် ထူး ၍၊ အောင် မြင် ခွင့် ပေး တော် မူ ပါ။

ဆာ​လံ 34:22

ထာ ဝ ရ ဘု ရား သည်၊ ကျွန် တော် ရင်း တို့ အ သက် ကို ရွေး နုတ် တော် မူ သည့် အ လျောက်၊ ခို လှုံ သူ တစ် ယောက် မျှ ပြစ် ဒဏ် ခံ ရ မည် မ ဟုတ်။

ဆာ​လံ 66:9

ခြေ ချော် ခွင့် ပြု တော် မ မူ ဘဲ၊ ငါ တို့ ကို အ ရှင် ထား မြဲ ထား တော် မူ ၏။

တ​ရား​ဟော 33:29

အို ဣ သ ရေ လ လူ မျိုး၊ သင် တို့၌ မင်္ဂ လာ ရှိ၏။ စစ် ကူ ရန် ဒိုင်း လွှား၊ ဂိုဏ်း တင် ရန် ဓား သ ဖွယ် ဖြစ် သော ထာ ဝ ရ ဘု ရား ကြောင့်၊ အောင် မြင် ရာ ရောက် ကြ ပြီး သော သင် တို့ နှင့် မည် သည့် လူ မျိုး တူ သ နည်း။ သင် တို့ ထံ ကျိုး နွံ ဟန် ဆောင် ကြ မည့် ရန် သူ တို့၏ မြင့် မြတ် ရာ များ၌ ခြေ နင်း ခွင့် ရ ကြ လိမ့် တ ကား ဟု ဖွဲ့ ဆို သ တည်း။

ဆာ​လံ 61:4

တဲ တော် အ တွင်း ၌ အ စဉ် အ မြဲ တည် လျက်၊ အ တောင် တော့် အောက်၌ ခို လှုံ ပါ မည်။

ရော​မ 5:3-4

ထို မျှ မ က ဒု က္ခ ရောက် ခြင်း ဖြင့် တည် ကြည် ခွင့်၊ တည် ကြည် ခြင်း ဖြင့် စံ တော် မီ ခွင့်၊ စံ တော် မီ ခြင်း ဖြင့် စောင့် မျှော် ခွင့် ဖြစ် ပွား သည် ကို သိ မှတ် သည် နှင့် ဒု က္ခ ရောက် ရာ၌ လည်း ငါ တို့ ရွှင် လန်း ရ ကြ၏။

ဟေ​ရှာ​ယ 40:10-11

အ ရှင် ထာ ဝ ရ ဘု ရား သည် အ ပါး တော် တွင် ဆု လပ် တော် ကိုလည်း‌ ကောင်း၊ ရှေ့ တော် တွင် အ ကျိုး ဆက် တော် ကိုလည်း‌ ကောင်း၊ ဆောင် လျက်၊ တန် ခိုး တော် နှင့် ကြွ လာ၍၊ လက် ရုံး တော် ဖြင့် အုပ် စိုး တော် မူ ရာ၊သိုး တော် စု ကို သိုး ထိန်း သ ဖွယ် ထိန်း ကျောင်း၍၊ သိုး သား ငယ် များ ကို ချီ ပွေ့ သည့် ပြင်၊ နို့ ငင် သိုး မ များ ကို ဖြည်း ညှင်း စွာ မောင်း နှင် တော် မူ လိမ့် တ ကား။

ဆာ​လံ 140:7

အ ကျွန်ုပ် ကယ် တင် ရာ အ စွမ်း သ တ္တိ ဖြစ် တော် မူ သော အို ထာ ဝ ရ အ ရှင် ဘု ရား၊ စစ် တိုက် သော နေ့ ၌ အ ကျွန်ုပ် ဦး ခေါင်း ကို ကွယ် ကာ တော် မူ ပါ ပြီ။

ဆာ​လံ 146:9

ထာ ဝ ရ ဘု ရား သည်၊ ဝင် နေ သူ တို့ ကို စောင် မ ခြင်း၊ ဖ သက် ဆိုး နှင့် မု ဆိုး မ တို့ ကို ထောက် မ ခြင်း ပြု လျက်၊ လူ ဆိုး တို့၏ လမ်း ကို ကွေ့ ကောက် စေ တော် မူ ၏။

ဆာ​လံ 17:8

အ ကျွန်ုပ် ကို ဝန်း ဝိုင်း၍ လု ယက် သော လူ ဆိုး၊ အ သက် အ န္တရာယ် ရှာ ကြံ သော ရန် သူ တို့ မှ၊ စ က္ခု သူ ငယ် အိမ် သ ဖွယ် စောင့် ထိန်း လျက်၊ အ တောင် တော် အောက်၌ ကွယ် ကာ ထား တော် မူ ပါ။

ဆာ​လံ 32:10

လူ ဆိုး သည်၊ ပူ ပန် ခြင်း များ တွေ့ ကြုံ ရ လိမ့် မည်။ ထာ ဝ ရ ဘု ရား၌ ကိုး စား သူ့ ကို ကား၊ က ရု ဏာ တော် ဝန်း ရံ လျက် ရှိ လိမ့် မည်။

ဆာ​လံ 5:12

အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် ဖြောင့် မတ် သူ့ ကို ကောင်း ကြီး ပေး ၍၊ ဒိုင်း လွှား သ ဖွယ်၊ ကျေး ဇူး တော် နှင့် ကွယ် ကာ ခြံ ရံ တော် မူ လိမ့် မည်။

ဆာ​လံ 138:3

အ ကျွန်ုပ် ဟစ် ခေါ် သော နေ့ တွင် ထူး တော် မူ၍၊ အ ကျွန်ုပ် စိတ်၌ အား ပေး တော် မူ ပါ ၏။

ဆာ​လံ 119:173

ဥ ပ ဒေ သ တော် များ ကို အ ကျွန်ုပ် ရွေး ချယ် သော ကြောင့်၊ မ စ ရန် လက် ရုံး တော် ကို အ သင့် ရှိ ပါ စေ သော။

ဆာ​လံ 33:16-17

ဘု ရင် မင်း သည်၊ ဗိုလ် ခြေ များ သော ကြောင့်၊ အောင် မြင် ခွင့်၊ သူ ရဲ လည်း ခွန် အား ကြီး သော ကြောင့်၊ လွတ် မြောက် ခွင့် ခံ ရ သည် မ ဟုတ်။အောင် မြင် ခွင့် ရ စေ ရန်၊ မြင်း တပ် အ ကျိုး မဲ့ ၍၊ အင် အား ကြီး သော် လည်း၊ ဘေး မှ မ လွှတ် နိုင် ချေ။

၁ ယော 5:14

ရှေ့ တော် တွင် ငါ တို့ ရ ရှိ သော ရဲ ရင့် ခြင်း မှာ အ လို တော် နှင့် အ ညီ ငါ တို့ တောင်း လျှောက် လေ ရာ ရာ၌ နား ညောင်း တော် မူ ကြောင်း တည်း။

ဟေ​ရှာ​ယ 32:2

လေ ကွယ် ရာ၊ မိုး ခို ရာ သ ဖွယ်၊ သွေ့ ခြောက် သော အ ရပ်၌ ချောင်း ရေ သ ဖွယ်၊ နေ ပြင်း သော ပြည် တွင် ကျောက် တောင် ကြီး အ ရိပ် သ ဖွယ်၊ အ သီး သီး ဖြစ် သည့် ပြင်၊

ဆာ​လံ 56:11

ကြောက် ရွံ ခြင်း ကင်း လျက်၊ ဘု ရား သ ခင်၌ ကိုး စား ပြီး ဖြစ် သူ ငါ့ ကို၊ လူ တို့ မည် သို့ ပြု နိုင် သ နည်း။

ဆာ​လံ 37:39-40

ဖြောင့် မတ် သူ တို့ ၏ ကယ် တင် ရာ ကယ် တင် ကြောင်း သည်၊ ထာ ဝ ရ ဘု ရား ထံ မှ ဖြစ်၏။ ဒု က္ခ ရောက် ရာ ကာ လ၌၊ ကိုယ် တော် သည်၊ သူ တို့ ခို လှုံ ရာ ဖြစ် တော် မူ ၏။ထာ ဝ ရ ဘု ရား၌ မွေ့ လျော် လျှင်၊ စိတ် လို ဖတ် ရှိ ရာ များ ကို သ နား တော် မူ လိမ့် မည်။ထာ ဝ ရ ဘု ရား သည်၊ သူ တို့ ကို မ စ ကယ် နုတ်၍၊ ကိုယ် တော်၌ ခို လှုံ ကြ သော ကြောင့်၊ လူ ဆိုး တို့ လက် မှ ကယ် နုတ် လွတ် မြောက် စေ တော် မူ ၏။

ဆာ​လံ 16:1

အို ဘု ရား သ ခင်၊ ကိုယ် တော်၌ အ ကျွန်ုပ် ခို လှုံ သည် ဖြစ်၍၊ ထိန်း သိမ်း တော် မူ ပါ။

သုတ္တံကျမ်း။ 3:5-6

ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။

ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ