တစ် ဦး ကား ထို ဝိ ညာဉ် တော် အ တိုင်း အ သိ ပ ညာ စ ကား ကို လည်း ကောင်း၊ တစ် ဦး ကား ထို ၀ိ ညာဥ် တော် ကြောင့် ယုံ ကြည် ခွင့် ကို လည်း ကောင်း၊ တစ် ဦး ကား တစ် ဆူ တည်း သော ထို ၀ိ ညာဥ် တော် ကြောင့် ကု သ ခွင့် ဆု ကျေး ဇူး ကို လည်း ကောင်း၊
ပ ထ မ တ မန် တော် များ၊ ဒု တိ ယ ပ ရော ဖက် များ၊ တ တိ ယ ဆ ရာ များ မှ စ၍ အ မှု ကြီး များ ပြု ခွင့်၊ ကု သ ခွင့် ထောက် ပံ့ ခွင့်၊ အုပ် ချုပ် ခွင့်၊ ဘာ သာ စ ကား ထူး ပြော ဆို ခွင့် ရ သူ တို့ ကို အ သင်း တော် တွင် ဘု ရား သ ခင် ထား တော် မူ ပြီ။
ရော ဂါ စွဲ လျှင် အ သင်း တော့် ဥ က္က ဋ္ဌ တို့ ကို ပင့် ခေါ် ပြီး မှ အ ရှင် ဘု ရား၏ နာ မ တော် ကို အ မှီ ပြု လျက် ဆီ လူး ၍ ပ ဌ နာ ပြု ကြ စေ။ယုံ ကြည် ခြင်း နှင့် ပြည့် စုံ သော ပ ဌ နာ ဖြင့် သူ နာ ချမ်း သာ ရ လျက် အ ရှင် ဘု ရား သည် ထ စေ တော် မူ သည့် ပြင် ပြစ် မှား မိ ခဲ့ လျှင် လည်း ဖြေ လွှတ် တော် မူ လိမ့် မည်။
ကိုယ် တော် သည် တ ပည့် တော် ဆယ့် နှစ် ပါး ကို အ ထံ တော် သို့ ခေါ်၍ နတ် ဆိုး တို့ ကို နှင် ထုတ် နိုင် ရန် အာ ဏာ နှင့် အ နာ ရော ဂါ အ မျိုး မျိုး ကင်း ပျောက် စေ နိုင် ရန် အာ ဏာ ကို ပေး အပ် တော် မူ၏။
ယုံ ကြည် သူ တို့ ရ အံ့ သော နိ မိတ် လ က္ခ ဏာ များ ကား ငါ့ နာ မ နှင့် နတ် များ ကို နှင် ထုတ် ခြင်း၊ ဘာ သာ စ ကား ထူး ပြော ဆို ခြင်း၊မြွေ များ ကို ဖမ်း ကိုင် ခြင်း၊ အ ဆိပ် အ တောက် ကို သောက် မိ လျှင် ဘေး ကင်း ခြင်း၊ မ ကျန်း မ မာ သူ တို့ အ ပေါ် မှာ လက် တင်၍ ကျန်း မာ စေ ခြင်း များ တည်း ဟု မိန့် တော် မူ၏။
ပေ တ ရု က ငါ၌ ရွှေ ငွေ မ ရှိ၊ ရှိ ရာ ကို ငါ ပေး မည်။ နာ ဇ ရက် မြို့ သား ယေ ရှု ခ ရစ်၏ နာ မ တော် ကြောင့် လှမ်း သွား လော့ ဟု မြွက် ဆို ပြီး လျှင်၊ညာ လက် ဖြင့် ကိုင်၍ ထူ သော် ထို သူ့ ခြေ နှင့် ဖ မျက် များ ရုတ် ခြင်း သန် မာ သ ဖြင့်၊ခုန် ထ လှမ်း သွား၍ တ မန် တော် တို့ နောက် လှမ်း သွား လျက်၊ ခုန် ပေါက် လျက်၊ ဘု ရား သ ခင့် ဂုဏ် တော် ကို ချီး မွမ်း လျက် ဗိ မာန် တော် သို့ လိုက် ဝင် လေ ၏။
သို့ နှင့် အ ညီ ပေ တ ရု လျှောက် သွား သည့် ကာ လ တစ် ယောက် ယောက် အ ပေါ် တွင် အ ရိပ် မျှ ပင် လွှမ်း မိ စေ ရန်၊ သူ နာ တို့ ကို လမ်း သို့ ထုတ်၍ ထမ်း စင် အိပ် ရာ များ နှင့် ချ ထား ကြ သည့် ပြင်၊ယေ ရု ရှ လင် မြို့ ပတ် လည် ရှိ မြို့ ရွာ များ မှ လူ အ များ သည် သူ နာ နှင့် နတ် ဆိုး ပူး ကပ် နှိပ် စက် ခံ ရ သူ တို့ ကို ခေါ် ဆောင် ရောက် လာ ကြ သည့် အ လျောက် ရော ဂါ ကပ် သူ ရှိ သ မျှ တို့ ကျန်း မာ ကြ ၏။
ပေါ လု လက် ဖြင့် အံ့ ဖွယ် ရာ အ ထူး အ ဆန်း များ ကို ဘု ရား သ ခင် ပြု တော် မူ သည် ဖြစ်၍၊ပေါ လု ထိ ကိုင် ပြီး သော ပု ဆိုး၊ ပု ဝါ များ ကို သူ နာ တို့ ထံ ယူ သွား ကြ သော် ရော ဂါ ကင်း ပျောက်၍ နတ် ဆိုး များ ထွက် ခွာ ရ ကြ၏။
ကိုယ် တော် သည် တစ် ဆယ့် နှစ် ပါး တို့ ကို ခေါ် ပြီး လျှင် နတ် ရှိ သ မျှ ကို နိုင် ခွင့်၊ အာ ဏာ တန် ခိုး နှင့် အ နာ ရော ဂါ များ ကို ကင်း ပျောက် စေ ခွင့်၊ အာ ဏာ တန် ခိုး ပေး အပ် တော် မူ လျက်၊တ မန် တော် တို့ သည် ပြန် လာ၍ ပြု ခဲ့ သ မျှ အ ချင်း အ ရာ များ ကို ဖော် ပြ ကြ ပြီး လျှင် ဗက် ဇဲ ဒ ခေါ် မြို့ သို့ အ သီး အ ခြား ခေါ် သွား တော် မူ သော်၊လူ ပ ရိ သတ် သိ ကြ သ ဖြင့် လိုက် သွား ကြ ရာ ကိုယ် တော် သည် လက် ခံ၍ ဘု ရား သ ခင့် နိုင် ငံ တော် အ ကြောင်း ဟော ပြော လျက် သူ နာ တို့ ကို ကျန်း မာ စေ တော် မူ၏။နေ့ ကုန် လု သော် တစ် ဆယ့် နှစ် ပါး တို့ သည် ချဉ်း ကပ်၍ ပတ် ဝန်း ကျင် ရှိ မြို့ ရွာ များ သို့ သွား ရောက် တည်း ခို လျက် စား နပ် ရိ က္ခာ ရ ယူ ကြ စေ ရန် လူ ပ ရိ သတ် ကို လွှတ် တော် မူ ပါ။ ယ ခု နေ ရာ တော အ ရပ် ဖြစ် ပါ သည် ဟု လျှောက် ကြ လျင်၊ကိုယ် တော် က စား ရန် သင် တို့ ပေး ကြ ဟု မိန့် တော် မူ ရာ ဤ သူ ရှိ သ မျှ စား ရန် သွား၍ မ ဝယ် ရ လျှင် တ ပည့် တော် တို့ တွင် မုန့် ငါး လုံး နှင့် ငါး နှစ် ကောင် ပြင် မ ရှိ ပါ ဟု ပြန် လျှောက် ကြ၏။လူ ပ ရိ သတ် ကား ယောက်ျား ငါး ထောင် ခန့် ရှိ သ တည်း။ ထို အ ခါ တစ် စု လျှင် ငါး ဆယ် ခန့် စီ အ စု စု ထိုင် ကြ စေ ဟု မိန့် တော် မူ သည့် အ တိုင်း လိုက် နာ၍ ထို သူ အား လုံး ကို ထိုင် စေ ပြီး နောက်၊ကိုယ် တော် သည် မုန့် ငါး လုံး နှင့် ငါး နှစ် ကောင် ကို ယူ၍ ကောင်း ကင် သို့ မျှော် ကြည့် လျက် ကောင်း ကြီး ပေး၍ ဖဲ့ ပြီး လျှင် လူ ပ ရိ သတ် ရှေ့ တည် စေ ရန် တ ပည့် တော် တို့ အား ပေး တော် မူ ၏။ထို သူ ရှိ သ မျှ စား၍ ဝ ကြ သည့် နောက် စား ကြွင်း အ ကျိုး အ ပဲ့ ကို ဆွဲ တောင်း တစ် ဆယ့် နှစ် တောင်း အ ပြည့် ကောက် ရ ကြ၏။တစ် နေ့ သ ၌ ကိုယ် တော် သည် တစ် ပါး တည်း ပ ဌ နာ ပြု တော် မူ စဉ် တ ပည့် တော် တို့ ပါ ရှိ ကြ သ ဖြင့် ကိုယ် တော် က ငါ သည် မည် သူ ဖြစ် သည် ဟု လူ ပ ရိ သတ် တို့ ဆို ကြ သ နည်း ဟူ၍ မေး မြန်း တော် မူ သည့် ကာ လ၊အ ချို့ က ဗ တ္တိ ဇံ ဆ ရာ ယော ဟန် ဖြစ် ကြောင်း၊ အ ချို့ က ဧ လိ ယ ဖြစ် ကြောင်း၊ အ ချို့ က ပ ရော ဖက် ဟောင်း တစ် ပါး ပါး ရှင် ပြန် ထ မြောက် ကြောင်း ဆို ကြ ပါ သည် ဟု တ ပည့် တော် တို့ ပြန် လျှောက် ကြ ရာ၊ဘု ရား သ ခင့် နိုင် ငံ တော် အ ကြောင်း ကြား ပြော၍ သူ နာ တို့ ကို ကျန်း မာ စေ ရန် စေ လွှတ် တော် မူ ရာ၊
နာ ဇ ရက် မြို့ သား ယေ ရှု သည် သန့် ရှင်း သော ဝိ ညာဉ် တော် တန် ခိုး တော် နှင့် ဘု ရား သ ခင့် ထံ ဘိ သိက် တော် ခံ ရ ပြီး လျှင် ကိုယ် တော် နှင့် အ တူ ဘု ရား သ ခင် ရှိ တော် မူ သည် နှင့် အ ညီ ကျေး ဇူး ပြု လျက် မာရ် နတ် နှိပ် စက် သူ ခပ် သိမ်း ကို ကျန်း မာ စေ လျက် လှည့် လည် နေ သည် ကို လည်း ကောင်း သင် တို့ သိ ကြ လေ ပြီ။
ည နေ ချမ်း အ ချိန် ရောက် သော် နတ် ပူး သူ အ များ ကို အ ထံ တော် သို့ ခေါ် ခဲ့ ကြ သည့် အ လျောက် နတ် များ ကို အ မိန့် တော် နှင့် နှင် ထုတ်၍ သူ နာ ရှိ သ မျှ ကို လည်း ကျန်း မာ စေ တော် မူ၏။ထို သို့ ပြု တော် မူ သည် မှာ ကိုယ် တော် သည် ငါ တို့ အ နာ ရော ဂါ ငါ တို့ ဝေ ဒ နာ များ ကို ထမ်း ဆောင် သယ် ပိုး တော် မူ သည် ဟူ၍ ပ ရော ဖက် ဟေ ရှာ ယ ဖြင့် ရောက် သော ဗျာ ဒိတ် တော် အ တိုင်း ပြည့် စုံ စေ ခြင်း ငှာ တည်း။
နေ ဝင် ချိန် ရောက် သော်၊ တစ် စုံ တစ် ရာ ရော ဂါ စွဲ ကပ် သော သူ နာ ရှင် အ ပေါင်း တို့ သည် အ ထံ တော် သို့ ဆောင် ခဲ့ ကြ ရာ သူ နာ တိုင်း ပေါ် တွင် လက် တော် တင်၍ ကျန်း မာ စေ တော် မူ ၏။
ကိုယ် တော် သည် ဓ မ္မာ ရုံ များ၌ ဒေ သ နာ ပေး လျက် ပြည် သူ ပြည် သား တို့ အ လယ် တွင် နိုင် ငံ တော် ဆိုင် ရာ သတင်း တော် မြတ် ကို ကြား ပြော လျက် အ နာ ရော ဂါ အ မျိုး မျိုး ကင်း ပျောက် စေ လျက် ဂါ လိ လဲ နယ် တစ် ဝှမ်း လုံး ကို လှည့် လည် တော် မူ၏။ကိုယ် တော့် အ ကြောင်း သ တင်း သည် ရှု ရိ ပြည် လုံး နှံ့ ကြေ ငြာ သ ဖြင့် နတ် ဆိုး ပူး သူ၊ ဝက် ရူး စွဲ သူ၊ သွက် ချာ ပါ ဒ ရောက် သူ တို့ နှင့် တ ကွ ရော ဂါ ဝေ ဒ နာ အ ထူး ထူး အ ထွေ ထွေ ကပ် ရောက် သော သူ နာ ရှိ သ မျှ တို့ ကို အ ထံ တော် သို့ ခေါ် ခဲ့ ကြ သည့် အ လျောက် ကျန်း မာ စေ တော် မူ ၏။
သင် တို့ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သံ ကို နာ ခံ နာ ယူ၍ မျက် မှောက် တော် တွင် သင့် လျော် စွာ ပြု ကျင့် လျက် မိန့် မှာ တော် မူ ချက် များ ကို နား ထောင် ခြင်း၊ ထုံး ဖွဲ့ တော် မူ သ မျှ ကို စောင့် ရှောက် ခြင်း ပြု ကြ လျှင် ငါ သည် အိ ဂျစ် လူ တို့ အ ပေါ် တွင် သင့် ရောက် စေ ခဲ့ သော ရော ဂါ တစ် စုံ တစ် ခု ကို မျှ သင် တို့ အ ပေါ် တွင် သင့် ရောက် စေ မည် မ ဟုတ်။ ငါ သည် သင် တို့ ကို ကျန်း မာ စေ သော ထာ ဝ ရ ဘု ရား ပေ တည်း ဟု မိန့် တော် မူ ၏။
အို ငါ့ အ သက် ဝိ ညာဉ်၊ ကျေး ဇူး တော် အ ပေါင်း ကို မ မေ့ ဘဲ၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် လော့။မိန့် တော် မူ သံ ကို နာ ခံ၍၊ အ မိန့် တော် မြတ် အ တိုင်း ဆောင် ရွက် သော သူ ရဲ ကောင်း စေ တ မန် တော် တို့၊ ထာ ဝ ရ ဘု ရား ကို ဩဘာ ဆက် ကြ လော့။အ လို တော် ကို ဆောင် ရွက် သော အ မှု တော် ထမ်း ဗိုလ် ခြေ တော် အ ပေါင်း တို့၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် ကြ လော့။နိုင် ငံ တော် အ ရပ် ရပ် ၌ ဖန် ဆင်း ထား တော် မူ လေ သ မျှ တို့၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် ကြ လော့။ အို ငါ့ အ သက် ဝိ ညာဉ်၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် လော့။ကိုယ် တော် သည် သင့် ဒု စ ရိုက် ရှိ သ မျှ ကို ဖြေ လွှတ်၍၊ အ နာ ရော ဂါ ရှိ သ မျှ ကို ကင်း ပျောက် စေ ခြင်း၊
အ ကျွန်ုပ် ချီး မွမ်း ထိုက် ချီး မွမ်း ရာ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို ကျန်း မာ စေ တော် မူ ပါ။ သို့ မှ ကျန်း မာ ပါ လိမ့် မည်။ ကယ် တင် တော် မူ ပါ။ သို့ မှ ကယ် တင် ရာ ရောက် ပါ လိမ့် မည်။
ငါ တို့ လွန် ကျူး မှု များ ကြောင့် ထိ ရှ ခြင်း၊ ငါ တို့ ဒု စ ရိုက် များ ကြောင့် နှိပ် ကွပ် ခြင်း ခံ ရ၍၊ ငါ တို့ ချမ်း သာ ရာ ချမ်း သာ ကြောင်း အ ဆုံး အ မ သင့် ရောက် သည် နှင့် သူ ဒဏ် ချက် များ ကြောင့် ငါ တို့ သက် သာ ရ ကြ ၏။
ယေ ရှု သည် ဓ မ္မာ ရုံ များ၌ ဒေ သ နာ ပေး လျက် နိုင် ငံ တော် ဆိုင် ရာ သ တင်း တော် မြတ် ကို ကြား ပြော လျက် အ နာ ရော ဂါ အ မျိုး မျိုး ကင်း ပျောက် စေ လျက် မြို့ ရွာ အ ရပ် ရပ် ကို လှည့် လည် တော် မူ စဉ်၊
နှ လုံး ကြေ ကွဲ သော သူ တို့ ကို နှစ် သိမ့် စေ လျက်၊ သူ တို့ ဒဏ် ရာ များ ကို ပတ် စည်း တော် မူ၏။
လိုက် ရှာ သူ မ ရှိ ဘဲ၊ နှင် ထုတ် ခံ ရ သော ဇိ အုန် မြို့ ပေ တည်း ဟု ခေါ် ဝေါ် လေ့ ရှိ ကြ သည် ကို ထောက် လျက်၊ ငါ သည် ကျန်း မာ ခြင်း သို့ ရောက် အောင်၊ အ နာ ကု သ မည် ဟူ ၍ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
ငါ့ သား၊ ငါ မြွက် ဆို သော စ ကား ကို နား ထောင် နာ ယူ လော့။ထို စ ကား သည် တွေ့ ခွင့် ရ ရှိ သူ တို့ အ သက် ရှင် ခြင်း၊ ကိုယ် ခ န္ဓာ သန် မာ ခြင်း ဖြစ်၍၊သင့် မျက် မှောက် နှင့် မ ကွာ စေ ဘဲ၊ စိတ် နှ လုံး အ တွင်း သွင်း စောင့် လော။
ထို သို့ ပြု လျှင် သင့် အ လင်း သည် အ ရုဏ် ကဲ့ သို့ ပေါ် ထွက်၍၊ ကျန်း မာ ခြင်း လည်း အ လျင် အ မြန် ရောက် လိမ့် မည်။ သင့် ဖြောင့် မတ် ခြင်း အ ကြောင်း သည်၊ ရှေ့ က ချီ ကြွ၍ ငါ ဘု ရား သ ခင် ဘုန်း တော် လည်း၊ တပ် မ သ ဖွယ် ဖြစ် လိမ့် မည်။
ရော ဂါ အ ထူး ထူး အ ထွေ ထွေ ကပ် ရောက် သော သူ နာ အ များ ကို ကျန်း မာ စေ လျက် နတ် များ ကို လည်း နှင် ထုတ် တော် မူ၏။ ကိုယ် တော် ကို နတ် များ သိ ကြ သ ဖြင့် စ ကား ပြော ခွင့် ပြု တော် မ မူ ချေ။
တန် ခိုး တော် ထွက်၍ ရှိ သ မျှ ကို အ နာ ကင်း စေ သော ကြောင့် ကိုယ် တော် ကို တို့ ခြင်း ငှါ လူ ပ ရိ သတ် လုံး ရှာ ကြံ ကြ ၏။
ငါဧကန်အမှန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည်ငါပြုသောအမှုများကိုလည်းကောင်း၊ ထိုထက်ကြီးမြတ်သောအမှုများကိုလည်းကောင်း၊ ပြုရလိမ့်မည်။
နာ သူ တို့ ကို ကျန်း မာ စေ ကြ လော့၊ သေ သူ တို့ ကို ရှင် ပြန် စေ ကြ လော့၊ နူ သူ တို့ ကို သန့် စေ ကြ လော့။ နတ် များ ကို နှင် ထုတ် ကြ လော့၊ အ ဖိုး မဲ့ ရ ကြ သည့် အ လျောက် အ ခ မဲ့ ပေး ကြ လော့။
အ ကျွန်ုပ် ၏ ဘု ရား သ ခင်၊ အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော့် ထံ အ ကျွန်ုပ် အော် ဟစ် သော်၊ ကျန်း မာ စေ တော် မူ ပါ ပြီ။
သူ ဆင်း ရဲ တို့ အား ဝမ်း မြောက် ဖွယ် သ တင်း ကို ကြော် ငြာ စေ ခြင်း ငှာ လည်း ကောင်း၊ စိတ် နှ လုံး ကြေ ကွဲ သူ တို့ ကို ပတ် စည်း စေ ခြင်း ငှာ လည်း ကောင်း၊ သုံ့ ပန်း လူ တို့ အား လွတ် သွား ခွင့်၊ အ ကျဉ်း သား တို့ အား ပွင့် လွတ် ခွင့် ကို ကြား ပြော စေ ခြင်း ငှာလည်း ကောင်း၊ ထာ ဝ ရ ဘု ရား လက် ခံ တော် မူ ဖွယ် နှစ် ကာ လ၊ ငါ တို့ ဘု ရား သ ခင် လက် စား ချေ တော် မူ မည့် ရက် ကာ လ များ ကို ကြား ပြော စေ ခြင်း ငှာ လည်း ကောင်း၊ ညည်း တွား ရ သူ ရှိ သ မျှ တို့ အား နှစ် သိမ့် စေ ခြင်း ငှာ လည်း ကောင်း၊ ညည်း တွား ရ သော ဇိ အုန် မြို့ သူ မြို့ သား တို့ အား၊ ပြာ ထိုင် ခြင်း အ စား ဦး ရစ် ပေါင်း ခြင်း၊ ညည်း တွား ခြင်း အ စား ရွှင် လန်း ရာ နံ့ သာ ဆီ၊ စိတ် အား လျော့ ခြင်း အ စား ချီး မွမ်း ရာ အ ဝတ် တန် ဆာ များ ကို စီ မံ ပေး အပ် စေ ခြင်း ငှာလည်း ကောင်း၊ ထာ ဝ ရ ဘု ရား သည် ငါ့ ကို ဘိ သိက် သွန်း၍ စေ လွှတ် တော် မူ သည် နှင့် အ ညီ၊ ငါ့ အ ပေါ် တွင် အ ရှင် ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် တည် နေ လျက် ရှိ ၏။ ထို သူ တို့ သည် ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ထင် ရှား စေ ရန်၊ စိုက် ပျိုး တော် မူ ရာ ဖြောင့် မတ် သော ညန် ပင် ဟု သ မုတ် ခံ ရ ကြ သည့် ပြင်၊
သင် တို့ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ကို ဝတ် ပြု၍ သင့် စား ဖွယ် သောက် ရာ ကို ကောင်း ကြီး ပေး တော် မူ မည်။ အ နာ ရော ဂါ ကို လည်း သင် တို့ ဘောင် မှ ငါ ဖယ် တော် မူ မည်။
အ ချင်း ချစ် သူ၊ သင့် စိတ်၌ ချမ်း သာ ရ သ ကဲ့ သို့ ကြံ တိုင်း မြောက် လျက် ကျန်း မာ စေ ရန် ငါ ပ ဌ နာ ပြု၏။
သာ လွန် ပေါ် တွင် နုန်း ခွေ သော အ ခါ၊ ထာ ဝ ရ ဘု ရား ထောက် မ၍၊ နာ ဖျား မ ကျန်း အိပ် ရာ ကို ပြု စု တော် မူ လိမ့် မည်။
အို အ ရှင် ဘု ရား၊ ထို သို့ ပြု စု ခြင်း ဖြင့်၊ အ သက် ရှင် ခွင့် ရ ကြ သည့် အ တိုင်း၊ အ ကျွန်ုပ် လည်း အ သက် ရှင် ခွင့် ရ ပါ၏။ အ ကျွန်ုပ် ကို သန် မာ စေ၍ အ သက် ရှင် စေ တော် မူ ပါ။ချမ်း သာ ရ စေ ရန် အ ကျွန်ုပ် သည် ကြီး စွာ နစ် နာ ခံ ရ လေ ပြီ။ မေ တ္တာ တော် ကြောင့် အ ကျွန်ုပ် ဝိ ညာဉ် ကို သေ တွင်း မှ ကယ် ဆယ် တော် မူ၍ အ ပြစ် ရှိ သ မျှ ကို လည်း နောက် တော် သို့ ပစ် လိုက် တော် မူ ပါ။
လူ မျိုး တော်၏ မင်း ဖြစ် သူ ဟေ ဇ ကိ ထံ ပြန် သွား၍ သင့် ပ ဌ နာ စ ကား ကို ငါ နာ ယူ ပြီ။ မျက် ရည် ပေါက် ကို လည်း ရှု မြင် ပြီ။ ငါ သည် ချမ်း သာ စေ၍ တ တိ ယ နေ့၌ ဗိ မာန် တော် သို့ တက် ဖူး ခွင့် ရ လိမ့် မည်။ အ သက် တာ့ ပြင်၊ ဆယ့် ငါး နှစ် ပို မို ပေး ဦး မည်။ ငါ ဘု ရား အ တွက် ကျွန် တော် ရင်း ဒါ ဝိဒ် အ တွက် ဤ မြို့ ကို ကွယ် ကာ လျက် သင် နှင့် တ ကွ အာ ရှု ရိ ဘု ရင့် လက် တွင်း မှ လွတ် မြောက် စေ မည် ဟု သင့် အ ဘ ဒါ ဝိဒ်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ကို ဆင့် ဆို လော့ ဟူ၍ တည်း။
အ ကျင့် ဓ လေ့ များ ကို ငါ သိ မြင်၏။ သို့ ရာ တွင် သက် သာ စေ၍ လမ်း ပြ လျက်၊ သူ့ ဘက် ပါ ညည်း တွား ရ သူ တို့ နှင့် တ ကွ နှစ် သိမ့် ခွင့် ရှိ စေ ဦး မည်။ထော မ နာ ပြု ခြင်း ကို ငါ ပြု ပြင် ၏။ ဝေး ကွာ သော သူ နှင့် နီး စပ် သော သူ၌ ချမ်း သာ ရှိ သည် ဟု ငါ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် အ တိုင်း သက် သာ စေ လိမ့် မည်။
ယေ ရှု က မ ကြောက် လင့်၊ ယုံ ကြည် ခြင်း သာ ရှိ လော့၊ သူ ငယ် မ ကျန်း မာ လိမ့် မည် ဟု မိန့် တော် မူ ပြီး လျှင်၊
ယေရှုက ထလော့၊ အိပ်ရာကိုဆောင်၍သွားလော့ဟု မိန့်တော်မူလျှင်မူချင်း၊ထိုသူသည် ကျန်းမာသဖြင့်၊ အိပ်ရာကိုဆောင်၍သွားလေ၏။
ထို အ ခါ ပု ဗ လိ အ ဘ သည် ဖျား နာ၊ ဝမ်း ကိုက် နာ များ ကြောင့် ပက် လက် နေ ရာ၊ ပေါ လု ဝင်၍ ပ ဌ နာ ပြု ပြီး လျှင် လက် တင် သ ဖြင့် ကျန်း မာ စေ သည့် နောက်၊ထို ကျွန်း တွင် သူ နာ ရှိ သ မျှ လည်း လာ ရောက်၍ ကျန်း မာ ခွင့် ရ ကြ သည် နှင့် အ ညီ။
လူ့ သား သည် မြေ ကြီး အ ပေါ် တွင် အ ပြစ် ဖြေ လွှတ် ခွင့် အာ ဏာ ရှိ ကြောင်း ကို သင် တို့ သိ စေ ခြင်း ငှာ ထ လော့၊ ထမ်း စင် ကို ဆောင်၍ အိမ် ပြန် လော့ ဟု သွက် ချာ ပါ ဒ ရောက် သူ့ အား မိန့် တော် မူ သော် ထ ပြီး လျှင် အိမ် သို့ ပြန် သွား လေ၏။လူ ပ ရိတ် သတ် သည် မြင် သော အ ခါ ကြောက် ရွံ့၍ လူ တို့ အား ထို မျှ လောက် တန် ခိုး ပေး တော် မူ သော ဘု ရား သ ခင်၏ ဘုန်း တော် ကို ချီး မြှောက် ကြ၏။
အ ကျဉ်း အ ကျပ် သို့ ရောက် သ ဖြင့်၊ ထာ ဝ ရ ဘု ရား ထံ အော် ဟစ် ကြ သော်၊ ဆင်း ရဲ ဒု က္ခ ထဲ က ကယ် ၍၊ရန် ဘက် ပြု သူ တို့ လက် မှ ထာ ဝ ရ ဘု ရား ရွေး နုတ်၍၊ အ ရှေ့၊ အ နောက်၊ တောင်၊ မြောက်၊ အ ပြည် ပြည် ထဲ မှ၊အ မိန့် တော် ထုတ် ဆင့် သ ဖြင့်၊ သူ တို့ အ နာ ကို ငြိမ်း စေ လျက်၊ ပျက် စီး ရာ တွင်း ထဲ မှ ကယ် လွှတ် တော် မူ ၏။
ကြီး စွာ သော လူ ပ ရိ သတ် သည် ချဉ်း ကပ် လျက် ပါ လာ သည့် ခြေ ဆွံ့ သူ၊ အင်္ဂါ ပျက် သူ၊ မျက် မ မြင် သူ၊ အ သော သူ မှ စ၍ သူ နာ အ များ ကို ခြေ တော် ရင်း တွင် ချ ထား ကြ သည့် အ တိုင်း ကျန်း မာ စေ တော် မူ သ ဖြင့်၊
နာ မ တော် အား ယုံ ကြည် ခြင်း ဖြင့် သင် တို့ သိ မြင် သော ဤ သူ့ ကို ထို အ ရှင်၏ နာ မ တော် ပင် ကျန်း မာ စေ ပြီ။ ထို အ ရှင် ကြောင့် ရ သော ယုံ ကြည် ခြင်း သည် သင် တို့ ရှေ့ ကြန် အင် စုံ စေ လေ ပြီ။
နတ် ဆိုး အ များ တို့ သည် ပြင်း စွာ အော် ဟစ် လျက် ပူး ကပ် သူ တို့ အ ထဲ မှ ထွက် ခွာ ကြ သည့် ပြင်၊ သွက် ချာ ပါ ဒ စွဲ သူ နှင့် ခြေ ဆွံ့ သူ အ များ လည်း ကျန်း မာ ကြ သည့် အ တိုင်း၊
ကိုယ် တော် သည် မြင် တော် မူ သော် ပ ရော ဟိတ် တို့ ထံ သွား၍ ကိုယ် ကို ပြ ကြ ဟု မိန့် တော် မူ သည့် အ တိုင်း သူ တို့ သွား စဉ် ပင် သန့် ရာ ရောက် ကြ၏။ရော ဂါ ကင်း ပျောက် ကြောင်း ကို တစ် ယောက် ယောက် သိ မြင် သော်၊ ဘု ရား သ ခင့် ဘုန်း တော် ကို ကျယ် သော အ သံ နှင့် ချီး မြောက် လျက် ပြန် လာ ပြီး လျှင်၊
ကိုယ် တော် က ငါ၏ ကျေး ဇူး သည် သင့် အ ဖို့ လုံ လောက် ပြီ။ ခွန် အား နည်း ရာ ၌ ခွန် အား တန် ခိုး တော် စုံ လင် သည် ဟု မိန့် တော် မူ၏။ သို့ ဖြစ်၍ ငါ့ ကို ခ ရစ် တော်၏ ခွန် အား တန် ခိုး တော် လွှမ်း မိုး စေ ရန် အား နည်း ခြင်း များ ရှိ လျက် ပင် ရွှင် လန်း စွာ ဂုဏ် တင် မည်။
ပင် ပန်း သူ့ ကို အား ပေး၍ စွမ်း ရည် မဲ့ သူ ကို လည်း ခွန် အား တိုး တက် စေ တော် မူ၏။ကြွေး ကြော် သူ၏ စ ကား သံ ကား၊ ထာ ဝ ရ ဘု ရား ကြွ တော် မူ ရာ လမ်း ကို၊ သဲ တော၌ ရှင်း လင်း ကြ လော့။ ငါ တို့ ဘု ရား သ ခင် အ ဖို့ လမ်း မ တော် ကို၊ သဲ က န္တာ ရ၌ ညီ ညွတ် စေ ကြ လော့။ပျို ရွယ် သူ တို့ ပင် ပန်း မော ဟိုက်၍ လု လင် တို့ လဲ ကျ ကြ သော် လည်း။ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။
လှေ မှ ဆင်း လျှင် ကြီး စွာ သော ထို ပ ရိ သတ် ကို မြင် သည် နှင့် က ရု ဏာ သက်၍ သူ နာ ပါ သ မျှ ကို ကျန်း မာ စေ တော် မူ၏။
ယေ ရှု သိ၍ ထို အ ရပ် မှ ထွက် ကြွ တော် မူ၏။ လူ အ များ တို့ လိုက် သွား ကြ ရာ သူ နာ ရှိ သ မျှ ကို ကျန်း မာ စေ လျက်၊
တစ် ဆယ့် ရှစ် နှစ် တိုင် အား လျော့ စေ သော နတ် ပူး၍ ဖြောင့် ဖြောင့် မ ရပ် နိုင် ဘဲ ခါး ကုန်း သူ မိန်း မ တစ် ယောက် ရှိ သ ဖြင့်၊ယေ ရှု မြင် သော် ခေါ် တော် မူ၍ အ ချင်း မိန်း မ၊အား လျော့ ခြင်း မှ သင် လွတ် ကင်း ပြီ ဟု ဆို လျက် လက် တင် တော် မူ လျှင် မူ ချင်း ထို မိန်း မ သည် ခါး ဖြောင့်၍ ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မြှောက် လေ၏။
မြေပေါ်တွင်တံတွေးတော်ဖြင့်ရွှံ့လုပ်လျက်၊ထိုသူ၏ မျက်ကွင်းများကိုလိမ်းမံ၍ ရှိလောင်ရေကန်သို့ သွားရောက်ဆေးကြောလော့ ဟုမိန့်တော်မူသည့်အတိုင်း ထိုသူထွက်သွား၍ဆေးကြောပြီးမှ မြင်လျက်ပြန်လာ၏။ ရှိလောင်အနက်ကား စေလွှတ်သည်ဟုဆိုလိုသတည်း။
ငါ့ သ မီး အား ယူ လော့။ သင်၏ ယုံ ကြည် ခြင်း သည် သင့် ကို ကျန်း မာ စေ ပြီ ဟု မိန့် တော် မူ သည့် အ တိုင်း ပင် ထို အ ချိန် နာ ရီ က စ၍ ကျန်း မာ လေ၏။
ထို အ ခါ ကိုယ် တော် က ငါ့ သ မီး၊ စိတ် အေး လျက် သွား တော့။ သင်၏ ယုံ ကြည် ခြင်း သည် သင့် ကို ကျန်း မာ စေ ပြီ။ ရော ဂါ ကင်း ပျောက် စေ ဟု မိန့် တော် မူ ၏။
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ပိန် ကြုံ လျက် ရှိ သော ကြောင့် သ နား တော် မူ ပါ။ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အ ရိုး စုံ နာ ကျင် လျက် ရှိ သော ကြောင့် ချမ်း သာ စေ တော် မူ ပါ။
ဖြောင့် မတ် သူ ၏ ဒု က္ခ များ ပြား သော် လည်း၊ ရှိ သ မျှ မှ ထာ ဝ ရ ဘု ရား ကယ် လွှတ် တော် မူ ၏။
ရွှင် လန်း သော နှ လုံး သည်၊ ကာ ယ သန် မာ ခြင်း အ ကြောင်း၊ ကြေ ကွဲ သော စိတ် မူ ကား၊ အ ရိုး ခြောက် ခန်း ခြင်း အ ကြောင်း ဖြစ် ၏။
မြို့ သူ မြို့ သား တို့ က၊ ငါ နာ သည် ဟု ဆို ရန် အ ကြောင်း မ ရှိ။ နေ ထိုင် သူ တို့ လည်း အ ပြစ် လွတ် ခွင့် ရ ကြ လိမ့် သ တည်း။
ယေရှုကြားတော်မူသော် ဤရောဂါသည် သေခြင်းအလို့ငှါမဟုတ်။ ဘုရားသခင့်သားတော်၏ဘုန်းထင်ရှားစေရန် ဘုရားသခင့်ဘုန်းတော်အဖို့ဖြစ်သည်ဟု မိန့်တော်မူ၏။
ထို သို့ နေ့ ရက် များ စွာ ပြု ရာ ပေါ လု သည် မ နှစ် သက်၍ လှည့် ပြီး လျှင် ထို သူ မှ ထွက် လော့၊ ယေ ရှု ခ ရစ်၏ နာ မ တော်၌ ငါ အ မိန့် ရှိ သည် ဟု နတ် အား ဆို လျှင် ဆို ချင်း ထွက် ခွာ လေ၏။
ကိုယ် တော် သည် လက် ဆန့်၍ တို့ တော် မူ လျက် ငါ အ လို ရှိ၏။ သန့် စေ ဟု မိန့် တော် မူ လျှင် မူ ချင်း နူ နာ သန့် ရာ ရောက် လေ၏။
ပုန်း ကွယ်၍ မ နေ နိုင် ကြောင်း ကို သိ သ ဖြင့် ချဉ်း ကပ် ပျပ် ဝပ် ပြီး လျှင်၊ ကိုယ် တော် ကို မည် သည့် အ တွက် တို့ ကြောင်း၊ တို့ သည့် ခဏ ခြင်း တွင် ကျန်း မာ ရ ကြောင်း များ ကို အား လုံး ရှေ့ ကြား လျှောက်၏။ထို အ ခါ ကိုယ် တော် က ငါ့ သ မီး၊ စိတ် ဧ လျက် သွား တော့၊ သင်၏ ယုံ ကြည် ခြင်း သည် သင့် ကို ကျန်း မာ စေ ပြီ ဟု မိန့် တော် မူ၏။
ကိုယ် တော် သည် က ရု ဏာ သက် သ ဖြင့် လက် ဆန့်၍ တို့ တော် မူ လျက် ငါ အ လို ရှိ၏။ သန့် စေ ဟု မိန့် တော် မူ လျှင် မူ ချင်း၊နူ နာ ပျောက်၍ ထို သူ သန့် ရာ ရောက် ၏။
ထာ ဝ ရ ဘု ရား သည် လူ မျိုး တော်၏ အ နာ တ ရ ကို စည်း ပတ် လျက်၊ ဒဏ် ရာ ဒဏ် ချက် ကို ကု သ တော် မူ သော နေ့ ရက် ကာ လ၊ စန္ဒ အ လင်း သည် သူ ရိ ယ အ လင်း နှင့် အ မျှ၊ သူ ရိ ယ အ လင်း လည်း ခု နစ် ဆ တိုး၍ ခု နစ် ရက် အ လင်း နှင့် အ မျှ လင်း လိမ့် မည်။
တစ် နေ့ သ၌ ဒေ သ နာ ပေး တော် မူ စဉ် ဂါ လိ လဲ နယ်၊ ယု ဒ နယ် မြို့ ရွာ ရှိ သ မျှ နှင့် ယေ ရှု ရှ လင် မြို့ မှ ရောက် လာ သော ဖာ ရိ ရှဲ တို့ နှင့် ကျမ်း ဆ ရာ တို့ ထိုင် နေ ကြ ရာ အ နာ ရော ဂါ ကင်း ပျောက် စေ ရန် ထာ ဝ ရ ဘု ရား၏ တန် ခိုး တော် သည် ကိုယ် တော်၌ ရှိ ၏။
အ ဝတ် တော် ပန်း ပွား ကို ထိ ရုံ မျှ တို့ ခွင့် ရ စေ ရန် တောင်း ပန် ကြ၏။ တို့ သ မျှ သော သူ နာ တို့ လည်း ကျန်း မာ ကြ၏။
သင် ယုံ ကြည် သည့် အ တိုင်း ဖြစ် စေ ဟု မိန့် တော် မူ၏။ လု လင် လည်း ထို အ ချိန် နာ ရီ တွင် ပင် ကျန်း မာ လေ ၏။
ငါ့ နာ မ ဖြင့် သ မုတ် ခံ ရ သော လူ မျိုး တော် သည် စိတ် နှိမ့် ချ စွာ ပ ဌ နာ ပြု၍ ငါ့ မျက် နှာ ကို လိုက် ရှာ လျက် ဒု စ ရိုက် လမ်း ကို ကြဉ်ရှောင် လျှင် ကောင်း ကင် ဘုံ မှ ငါ နား ညောင်း၍ အ ပြစ် ကို လွှတ် သည့် ပြင်၊ နေ ပြည် ကို လည်း ချမ်း သာ စေ မည်။
အိမ် သို့ ရောက် တော် မူ သော် ထို သူ ကန်း တို့ ချဉ်း ကပ် ကြ သ ဖြင့် ယေ ရှု က ငါ တတ် စွမ်း နိုင် သည် ကို ယုံ သ လော ဟု မေး တော် မူ လျှင် ယုံ ပါ သည် အ ရှင် ဘု ရား ဟု ပြန် လျှောက် ကြ သည့် ကာ လ၊သင် တို့ ယုံ သည့် အ တိုင်း ဖြစ် စေ ဟု ဆို လျက် သူ တို့၏ မျက် စိ များ ကို တို့ တော် မူ သ ဖြင့် ပွင့် လင်း ရ၏။ကျမ်း တတ် ဆ ရာ အ ချို့ က ဤ သူ သည် ပုတ် ခတ် မှု ပြု ပြီ ဟု အောက် မေ့ ကြ၏။မည် သူ့ ကို မျှ မ သိ စေ ကြ နှင့် ဟု ပ ညတ် တော် မူ သော် လည်း၊
ထာ ဝ ရ ဘု ရား သည် ငါ့ စွမ်း အား၊ ငါ ကျူး ဧ ဖွဲ့ ဆို ရာ ငါ့ ကို ကယ် ဆယ် ရာ အ ကြောင်း ဖြစ် တော် မူ၏။ ထို ဘု ရား သည် ငါ့ ဘု ရား ဖြစ် တော် မူ၍ ထော မ နာ ပြု ပါ မည်။ ငါ့ အ ဘ၏ ဘုရား သ ခင် ဖြစ် တော် မူ၍ ဂုဏ် တော် ကို ချီး မြှောက် ပါ မည်။
ဘု ရား သ ခင် ၏ နည်း လမ်း တော် သည် စုံ လင်၏။ ထာ ဝ ရ ဘု ရား၏ နှုတ် က ပတ် တော် သည် စစ် ဆေး ပြီး ဖြစ်၏။ ကိုး စား သ မျှ သော သူ တို့ အ ဖို့၊ ကိုယ် တော် သည် ဒိုင်း၊ လွှား သ ဖွယ် ဖြစ် တော် မူ၏။
ကိုယ် တော် သည် ငှက် ခတ် သ မား၏ ညွှတ် ကွင်း မှ လည်း ကောင်း၊ သေ စေ တတ် သော ကပ် ရော ဂါ မှလည်း ကောင်း၊ သင့် ကို ကယ် လွှတ် လျက်၊
အ မိန့် တော် ထုတ် ဆင့် သ ဖြင့်၊ သူ တို့ အ နာ ကို ငြိမ်း စေ လျက်၊ ပျက် စီး ရာ တွင်း ထဲ မှ ကယ် လွှတ် တော် မူ ၏။
ည နေ ချမ်း အ ချိန် ရောက် သော် နတ် ပူး သူ အ များ ကို အ ထံ တော် သို့ ခေါ် ခဲ့ ကြ သည့် အ လျောက် နတ် များ ကို အ မိန့် တော် နှင့် နှင် ထုတ်၍ သူ နာ ရှိ သ မျှ ကို လည်း ကျန်း မာ စေ တော် မူ၏။
သူ ဆင်း ရဲ တို့ အား ဝမ်း မြောက် ဖွယ် သ တင်း ကို ကြော် ငြာ စေ ခြင်း ငှါ လည်း ကောင်း၊ အ ကျဥ်း သား တို့ ပွင့် လွတ် ခွင့်၊ မျက် မ မြင် တို့ အား မြင် ရ ခွင့် ကို ကြား ပြော စေ ခြင်း ငှါ လည်း ကောင်း၊ နှိပ် စက် ခံ ရ သူ တို့ ကို အ လွတ် ထား စေ ခြင်း ငှါ လည်း ကောင်း၊ ထာ ဝ ရ ဘု ရား လက် ခံ တော် မူ ဖွယ် နှစ် ကာ လ ကို ကြား ပြော စေ ခြင်း ငှါ လည်း ကောင်း ငါ့ ကို ဘိ သိက် သွန်း၍ စေ လွှတ် တော် မူ သည် နှင့် အ ညီ ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် သည် ငါ့ အ ပေါ် တွင် တည် နေ လျက် ရှိ သည် ဟူ သော အ ချက် ကို တွေ့ တော် မူ ၏။
အသို့ဆိုသော် ငါသည်ခမည်းတော်ထံသွား၍ငါ့နာမ၌သင်တို့တောင်းလျှောက်သမျှကို သားတော်အားဖြင့် ခမည်းတော့်ဘုန်းထင်ရှားစေရန်ငါပြုမည်။ငါ့နာမ၌ မည်သည့်အရာကိုမဆိုငါ့ထံသင်တို့တောင်းလျှောက်လျှင် ငါပြုမည်။
ထို အ ခါ၊ မျက် မ မြင် တို့ သည် မျက် စိ လင်း ခွင့်၊ နား ပင်း သူ တို့ သည် နား ပွင့် ခွင့်၊ခြေ ဆွံ့ သူ တို့ သည် သ မင် ဒ ရယ် ကဲ့ သို့ ခုန် လွှား ခွင့်၊ စ ကား အ သူ တို့ သည် ကြွေး ကြော် ခွင့် ရ ကြ လိမ့် မည်။ သဲ တော၌ စမ်း ရေ၊ သဲ က န္တာ ရ၌ ချောင်း ရေ ပေါက် စီး သည့် ပြင်၊
ယေ ရှု သည် ကြား တော် မူ သော် ကျန်း မာ သော သူ တို့၌ ဆေး သ မား မ လို၊ နာ သော သူ တို့၌ သာ လို၏။သို့ သော် လည်း ပူ ဇော် သ က္ကာ များ ထက် ကြည် ညို သော သ ဘော ကို ငါ နှစ် သက် သည် ဟူ သော ကျမ်း ချက် မှာ မည် သို့ အ ဓိ ပ္ပါယ် ရှိ သည် ကို သွား၍ သင် ကြား ကြ လော့။ ငါ ကား ဖြောင့် မတ် သူ တို့ ကို ခေါ် ရန် မ ဟုတ်။ အ ပြစ် သား တို့ ကို ခေါ် ရန် ရောက် လာ သည် ဟု မိန့် တော် မူ၏။
ကိုယ် တော် က၊ ကျန်း မာ သော သူ တို့၌ ဆေး သ မား မ လို။ နာ သော သူ တို့၌ သာ လို၏။ငါ ကား ဖြောင့် မတ် သူ တို့ ကို ခေါ် ရန် မ ဟုတ်။ အ ပြစ် သား တို့ ကို နောင် တ ရ စေ ခြင်း ငှါ ခေါ် ရန် ရောက် လာ ပြီ ဟု ပြန်၍ မိန့် တော် မူ၏။
ထိုသို့ပက်လက်နေသည်ကို ယေရှုမြင်တော်မူ၍ ကာလရှည်ကြာစွာနာကြောင်းသိသဖြင့် ကျန်းမာလိုသလောဟု မေ:တော်မူသော်၊
အ ထံ တော် သို့ ကိုယ် တိုင် မ ရောက် ထိုက် ကြောင်း အောက် မေ့ ပါ၏။ အ မိန့် တော် နှင့် သာ ထို လု လင် ကို ချမ်း သာ စေ တော် မူ ပါ။
တ ပည့် တော် တို့ လည်း ထွက် သွား ပြီး လျှင် အ ရှင် ဘု ရား ခွန် အား ပေး တော် မူ လျက် ဖြစ် ပျက် သော နိ မိတ် လ က္ခ ဏာ များ အား ဖြင့် တ ရား တော် ကို အ တည် ပြု တော် မူ ရာ တွင် အ ရပ် ရပ်၌ ဟော ပြော ကြ ကုန်၏။
မြွေ၊ ကင်း များ ကို နင်း ခွင့်၊ ရန် သူ၏ တန် ခိုး ရှိ သ မျှ ကို နိုင် ခွင့် အာ ဏာ ငါ ပေး အပ်၍၊
အ ပြစ် နှင့် လွတ် ခွင့် ဖြောင့် မတ် ခြင်း အ ဖို့ အ သက် ရှင် ခွင့် ကို ငါ တို့ ရ ကြ စေ ရန် ကား တိုင် ပေါ် ၌ ကိုယ် ခ န္ဓာ တော် တွင် ငါ တို့ အ ပြစ် ဝန် ကို ကိုယ် တော် တိုင် သည် ပိုး တော် မူ ရာ ဒဏ် ချက် တော် များ ကြောင့် သင် တို့ သက် သာ ရ ကြ ၏။
ပေါ လု ထိ ကိုင် ပြီး သော ပု ဆိုး၊ ပု ဝါ များ ကို သူ နာ တို့ ထံ ယူ သွား ကြ သော် ရော ဂါ ကင်း ပျောက်၍ နတ် ဆိုး များ ထွက် ခွာ ရ ကြ၏။
ကပ် ရော ဂါ မှ စ၍ ဘု ရား သ ခင် ဒဏ် ခတ် ခြင်း နှင့် ရှုတ် ချ ခြင်း ကို ခံ ရ သူ ဖြစ် သည် ဟု၊ ငါ တို့ ထင် မှတ် ကြ ရာ၊ ထို သူ သည် ငါ တို့ အ နာ ရော ဂါ၊ ငါ တို့ ဝေ ဒ နာ များ ကို မု ချ ထမ်း ဆောင် သည် ပိုး သည် တ ကား။ငါ တို့ လွန် ကျူး မှု များ ကြောင့် ထိ ရှ ခြင်း၊ ငါ တို့ ဒု စ ရိုက် များ ကြောင့် နှိပ် ကွပ် ခြင်း ခံ ရ၍၊ ငါ တို့ ချမ်း သာ ရာ ချမ်း သာ ကြောင်း အ ဆုံး အ မ သင့် ရောက် သည် နှင့် သူ ဒဏ် ချက် များ ကြောင့် ငါ တို့ သက် သာ ရ ကြ ၏။
သို့နှင့်အညီ၊ ရေကိုစပျစ်ရည်ဖြစ်စေတော်မူခဲ့ရာ ဂါလိလဲနယ်ကာနမြို့သို့ တဖန်ကြွ ရောက်တော်မူပြီးနောက်၊ ကပေရနောင်မြို့တွင် သားနာလျက်ရှိသောမှူးမတ်တစ်ယောက်သည်၊ယုဒနယ်မှ ဂါလိလဲနယ်သို့ယေရှုကြွရောက်တော်မူကြောင်းကြားသော် အထံတော်သို့သွားပြီးလျှင်၊ သေအံ့ဆဲသားကို ကြွလာ၍ကျန်းမာစေတော်မူပါမည့်အကြောင်း တောင်းပန်၏။ထိုအခါ ယေရှုက၊ သင်တို့သည်နိမိတ်လက္ခဏာများ၊ အံ့ဖွယ်ရာများကိုမမြင်ရလျှင်၊ အလျှင်းယုံကြမည်မဟုတ်ဟုမိန့်တော်မူရာ၊မှူးမတ်က အရှင်ဘုရား၊ အကျွန်ုပ်၏သားမသေမီကြွတော်မူပါဟု လျှောက်သော်၊သားယောသပ်အား ယာကုပ်ပေးခဲ့သောမြေကွက်အနီး ရှုခါခေါ်ရှမာရိမြို့တစ်မြို့သို့ရောက်တော်မူသော်၊ယေရှုက သွားတော့၊ သင့်သားအသက်ရှင်ပြီဟု မိန့်တော်မူ၏။ ထိုသူသည် ယေရှု မိန့်တော်မူသည့်စကားကိုယုံလျက် ထွက်သွားပြီးနောက်၊ခရီးအကြား ကြိုဆိုလာသောကျွန်တို့က အရှင့်သားအသက်ရှင်ကြောင်း လျှောက်ထားကြရာ၊သက်သာချိန်ကို မေးမြန်းသော်၊ ယမန်နေ့ခုနစ်နာရီအချိန် အဖျားကင်းပျောက်ပါသည်ဟု ပြန်လျှောက်ကြသဖြင့်၊သင့်သားအသက်ရှင်ပြီဟု ထိုအချိန်တွင်ပင်ယေရှုမိန့်တော်မူသည်ကို အဘသိ၍ ကိုယ်တိုင်မှစသောတစ်အိမ်ထောင်လုံးယုံကြည်ကြ၏။
ထ လော့၊ ထမ်း စင် ကို ဆောင်၍ အိမ် ပြန် လော့၊ ငါ ဆို သည် ဟု သွက် ချာ ပါ ဒ ရောက် သူ့ အား မိန့် တော် မူ သော်၊ချက် ခြင်း ထ ပြီး လျှင် ထမ်း စင် ကို ဆောင်၍ အား လုံး ရှေ့ ထွက် သွား လေ၏။ ထို သူ ရှိ သ မျှ လည်း အံ့ သြ၍ ထို အ တိုင်း ငါ တို့ မ မြင် စ ဖူး ဟု ဆို လျက် ဘု ရား သ ခင်၏ ဘုန်း တော် ကို ချီး မြှောက် ကြ၏။
ထို သူ တို့ ထွက် သွား ပြီး လျှင် မြို့ ရွာ အ ရပ် ရပ် သို့ လှည့် လည် လျက် သ တင်း တော် မြတ် ကို ဟော ပြော၍ သူ နာ များ ကို ကျန်း မာ စေ ကြ ၏။
ယေရှုက ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ ဇီဝအသက်လည်းဖြစ်၏။ ငါ့ကိုယုံကြည်သူသည် သေသော်လည်းရှင်လိမ့်မည်။မည်သူမဆိုအသက်ရှင်လျက် ငါ့ကိုယုံကြည်လျှင် အဘယ်ကာလမျှသေတော့မည်မဟုတ်။ ဤစကားကို ယုံသလောဟုမေးတော်မူရာ၊
အို ထာ ဝ ရ ဘု ရား၊ နား ညောင်း ၍၊ က ရု ဏာ သက် တော် မူ ပါ။ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို မ စ သော အ ရှင့် အ ဖြစ် တည် တော် မူ ပါ ဟု ထာ ဝ ရ ဘု ရား အား အ သ နား တော် ခံ ရာ၊ကိုယ် တော် သည်၊ မြည် တမ်း ခြင်း ကို က ခုန် ခြင်း ဖြစ် စေ တော် မူ ပါ ပြီ။ အ ကျွန်ုပ် ၏ လျှော် တေ ကို ချွတ်၍၊ ဝမ်း မြောက် ခြင်း နှင့် ခါး စည်း တော် မူ ပါ ပြီ။သို့ ဖြစ် ၍၊ အ ကျွန်ုပ်၏ဝိ ညာဉ် သည် ဆိတ် ဆိတ် မ နေ ဘဲ၊ ဂုဏ် တော် ကို သီ ချင်း ဖွဲ့ ဆို ပါ မည်။ အ ကျွန်ုပ်၏ ဘု ရား သ ခင်၊ အို ထာ ဝ ရ ဘု ရား၊ ကျေး ဇူး တော် ကို ကာ လ အ စဉ် ချီး မွမ်း ပါ မည်။
ဘု ရား သ ခင့် လူ ယုံ တော် ၏ အ မိန့် အ တိုင်း၊ နေ မန် သွား၍ ယော် ဒန် မြစ် တွင် ခု နစ် ကြိမ် ငုပ် သ ဖြင့် သူ့ အ သား သည် သူ ငယ် နု အ သား ကဲ့ သို့ ပြောင်း၍ စင် ကြယ် လေ၏။
ထို နောက် နတ် ပူး၍ ကန်း လျက် အ လျက် ရှိ သူ တစ် ယောက် ကို ကိုယ် တော့် ထံ ခေါ် ခဲ့ ကြ သည် နှင့် ကျန်း မာ စေ တော် မူ သ ဖြင့် ထို သူ မျက် စိ မြင်၍ စ ကား ပြော သော်။
ဘု ရား သ ခင့် နိုင် ငံ တော် အ ကြောင်း ကြား ပြော၍ သူ နာ တို့ ကို ကျန်း မာ စေ ရန် စေ လွှတ် တော် မူ ရာ၊
သူနာတို့တွင်ပြတော်မူသော နိမိတ်လက္ခဏာများကိုမြင်ခဲ့သောကြောင့် ကြီးစွာသောလူပရိသတ်သည် နောက်တော်သို့လိုက်သွားကြ၏။
ထို မြို့ တွင် သူ နာ အ နည်း ငယ် တို့ အ ပေါ်၌ လက် တင်၍ ကျန်း မာ စေ တော် မူ သည် မှ တစ် ပါး အ မှု ကြီး မည် သည် ကို မျှ ပြု တော် မ မူ နိုင်။
သူ ကန်း တို့ မျက် စိ ကို တို့ တော် မူ သ ဖြင့် ချက် ခြင်း စ က္ခု အ လင်း ရ၍ နောက် တော် က လိုက် ကြ၏။
သင် ၏ ယုံ ကြည် ခြင်း သည် သင့် ကို ကျန်း မာ စေ ပြီ ဟု မိန့် တော် မူ သ ဖြင့် ချက် ခြင်း စ က္ခု အ လင်း ရ ၍၊ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မြှောက် လျက် နောက် တော် က လိုက် လေ၏။ လူ ပ ရိ သတ် မြင် သော် ဘု ရား သ ခင် ကို ချီး မွမ်း ထော မ နာ ပြု ကြ ကုန် ၏။
ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။တင်း တိမ် ဖွယ် အ သက် ရှည် စွာ သ နား ၍၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ကို ဖော် ပြ မည်။
ငါ သည် ဤ မြို့ ကို ခိုင် မာ အောင် ကု သ မည့် ပြင်၊ မြို့ သူ မြို့ သား တို့ ကို လည်း ကု သ လျက်၊ ဘေး လွတ် ခွင့်၊ တည် မြဲ ခွင့်၊ ကြွယ် ဝ စွာ ဖော် ပြ သည့် အ တိုင်း၊
အ ကျွန်ုပ် အ သွေး အ သား နှင့် နှ လုံး ယို ယွင်း ရ သော် လည်း၊ ဘု ရား သ ခင် သည်၊ အ ကျွန်ုပ် စိတ် နှ လုံး ၏ ကျောက် တောင်၊ အကျွန်ုပ် ၏ ဝေ ပုံ၊ အ စဉ် ဖြစ် တော် မူ ၏။
ယော ဟန်၏ တ ပည့် တို့ အား ကိုယ် တော် က သင် တို့ မြင် ခဲ့ သ မျှ ကြား ခဲ့ သ မျှ ကို ယော ဟန် အား ပြန်၍ ကြား ပြော ကြ လော့။ မျက် မ မြင် သူ တို့ သည် မြင် ခွင့်၊ ခြေ ဆွံ့ သူ တို့ သည် လှမ်း သွား ခွင့်၊ နူ သူ တို့ သည် သန့် ခွင့်၊ နား ပင်း သူ တို့ သည် ကြား ခွင့်၊ သေ သူ တို့ သည် ရှင် ပြန် ခွင့်၊ ဆင်း ရဲ သူ တို့ သည် သ တင်း တော် မြတ် နာ ယူ ခွင့် များ ကို ရ ကြ၏။
ထို နောက် မျက် မ မြင် သူ ခြေ ဆွံ သူ တို့ သည် ဗိ မာန် တော် တွင် ကိုယ် တော့် ထံ ချဉ်း ကပ် ကြ သည့် အ တိုင်း ကျန်း မာ စေ တော် မူ၏။
ဓ မ္မာ ရုံ တစ် ဆောင် တွင် ဥ ပုသ် နေ့၌ ဒေ သ နာ ပေး တော် မူ စဉ်၊တစ် ဆယ့် ရှစ် နှစ် တိုင် အား လျော့ စေ သော နတ် ပူး၍ ဖြောင့် ဖြောင့် မ ရပ် နိုင် ဘဲ ခါး ကုန်း သူ မိန်း မ တစ် ယောက် ရှိ သ ဖြင့်၊ယေ ရှု မြင် သော် ခေါ် တော် မူ၍ အ ချင်း မိန်း မ၊အား လျော့ ခြင်း မှ သင် လွတ် ကင်း ပြီ ဟု ဆို လျက် လက် တင် တော် မူ လျှင် မူ ချင်း ထို မိန်း မ သည် ခါး ဖြောင့်၍ ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မြှောက် လေ၏။
ယေရှုက ဤသူ့ပြစ်မှု၊ မိဘတို့ပြစ်မှုမဟုတ်။ သူ၌ ဘုရားသခင်၏အမှုတော်များထင်ရှားစေရန် ထိုသို့ဖြစ်သတည်း။
သူ တို့ နှင့် တ ကွ လွင် ပြင် သို့ ဆင်း ကြွ လျက် ရပ် တော် မူ သော် ကြီး စွာ သော တ ပည့် တော် ပ ရိ သတ် ပြင် ယေ ရု ရှ လင် မြို့၊ ယု ဒ ပြည် အ ရပ် ရပ်၊ ပင် လယ် ကမ်း နား ရှိ တု ရု၊ ဇိ ဒုန် နယ် များ မှ ကြား နာ ရန် လည်း ကောင်း၊ အ နာ ရော ဂါ ကင်း ပျောက် ရန် လည်း ကောင်း ရောက် လာ ကြ သော လူ အ မြောက် အ မြား ရှိ နေ လျက်၊နတ် ဆိုး နှောင့် ရှက် ခံ ရ သူ တို့ ကို ကျန်း မာ စေ တော် မူ သည့် အ တိုင်း၊တန် ခိုး တော် ထွက်၍ ရှိ သ မျှ ကို အ နာ ကင်း စေ သော ကြောင့် ကိုယ် တော် ကို တို့ ခြင်း ငှါ လူ ပ ရိ သတ် လုံး ရှာ ကြံ ကြ ၏။
ထို အ ရပ် မှ ယေ ရှု ထွက် ကြွ တော် မူ စဉ် သူ ကန်း နှစ် ယောက် သည် အို ဒါ ဝိဒ် မင်း သား တော်၊ သ နား တော် မူ ပါ ဟု ဟစ် လျက် လိုက် လာ ကြ ၏။အိမ် သို့ ရောက် တော် မူ သော် ထို သူ ကန်း တို့ ချဉ်း ကပ် ကြ သ ဖြင့် ယေ ရှု က ငါ တတ် စွမ်း နိုင် သည် ကို ယုံ သ လော ဟု မေး တော် မူ လျှင် ယုံ ပါ သည် အ ရှင် ဘု ရား ဟု ပြန် လျှောက် ကြ သည့် ကာ လ၊သင် တို့ ယုံ သည့် အ တိုင်း ဖြစ် စေ ဟု ဆို လျက် သူ တို့၏ မျက် စိ များ ကို တို့ တော် မူ သ ဖြင့် ပွင့် လင်း ရ၏။ကျမ်း တတ် ဆ ရာ အ ချို့ က ဤ သူ သည် ပုတ် ခတ် မှု ပြု ပြီ ဟု အောက် မေ့ ကြ၏။မည် သူ့ ကို မျှ မ သိ စေ ကြ နှင့် ဟု ပ ညတ် တော် မူ သော် လည်း၊ထို သူ တို့ သည် ထွက် သွား ပြီး လျှင် ကိုယ် တော့် အ ကြောင်း ကို ပြည် လုံး နှံ့ ကြော် ငြာ ကြ၏။
ယာ ဣ ရု အ မည် ရှိ သော ဓ မ္မာ ရုံ အုပ် တစ် ဦး သည် လာ၍ ယေ ရှု ခြေ တော် ရင်း တွင် ပျပ် ဝပ် လျက် အ သက် တစ် ဆယ့် နှစ် နှစ် ရှိ သော ဧ က ဓီ တ သ မီး သေ အံ့ ဆဲ ရှိ နေ သော ကြောင့် အိမ် သို့ ကြွ တော် မူ ရန် တောင်း လျှောက် သ ဖြင့် လူ ပ ရိ သတ် တိုး ဝှေ့ လျက် လိုက် ကြွ တော် မူ၏။
ရွာ တစ် ရွာ သို့ ဝင် ရောက် တော် မူ သည့် ကာ လ လူ နူ ဆယ် ယောက် တို့ သည် ကြို ဆို၍ အို ယေ ရှု သ ခင်၊ သ နား တော် မူ ပါ ဟု အ ဝေး က ရပ် လျက် အ သံ ကျယ် စွာ လျှောက် ထား ကြ၏။ကိုယ် တော် သည် မြင် တော် မူ သော် ပ ရော ဟိတ် တို့ ထံ သွား၍ ကိုယ် ကို ပြ ကြ ဟု မိန့် တော် မူ သည့် အ တိုင်း သူ တို့ သွား စဉ် ပင် သန့် ရာ ရောက် ကြ၏။ရော ဂါ ကင်း ပျောက် ကြောင်း ကို တစ် ယောက် ယောက် သိ မြင် သော်၊ ဘု ရား သ ခင့် ဘုန်း တော် ကို ကျယ် သော အ သံ နှင့် ချီး မြောက် လျက် ပြန် လာ ပြီး လျှင်၊ခြေ တော် ရင်း တွင် ပျပ် ဝပ်၍ ကျေး ဇူး တော် ကို ချီး မွမ်း၏။ ထို သူ ကား ရှ မာ ရိ လူ မျိုး တည်း။ထို အ ခါ ယေ ရှု က၊ ဆယ် ယောက် တို့ သည် သန့် ရာ ရောက် ကြ သည် မ ဟုတ် လော။ ကိုး ယောက် မူ ကား အ ဘယ် မှာ နည်း။ဤ လူ မျိုး ခြား မှ တစ် ပါး ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မြှောက် ရန် ပြန် လာ သူ တစ် ဦး မျှ မ ရှိ လော ဟု မေး ပြီး လျှင် ထ သွား တော့၊သင်၏ ယုံ ကြည် ခြင်း သည် သင့် ကို ကျန်း မာ စေ ပြီ ဟု ထို သူ့ အား မိန့် တော် မူ၏။
ယေ ရိ ခေါ မြို့ သို့ ဝင် ကြ ပြီး နောက် တ ပည့် တော် တို့ နှင့် ကြီး စွာ သော လူ ပ ရိ သတ် ပါ ထွက် ကြွ တော် မူ စဉ် လမ်း နံ ဘေး တွင် ထိုင် သော မျက် မ မြင် သူ တောင်း စား ဖြစ် သူ တိ မဲ ၏ သား ဗာ တိ မဲ သည်၊နာ ဇ ရက် မြို့ သား ယေ ရှု ဖြစ် ကြောင်း ကို ကြား သော် ဒါ ဝိဒ် မင်း သား တော် ယေ ရှု၊ သ နား တော် မူ ပါ ဟု အော် ဟစ် သည့် ကာ လ၊ဆိတ် ဆိတ် နေ စေ ရန် လူ အ များ တို့ ဆုံး မ ကြ သော် လည်း ဒါ ဝိဒ် မင်း သား တော် သ နား တော် မူ ပါ ဟု တိုး ၍ အော် ဟစ် လေ၏။ထို အ ခါ ယေ ရှု သည် ရပ် တန့် လျက် ခေါ် ခဲ့ ဟု အ မိန့် ရှိ တော် မူ သည့် အ လျောက် ခေါ် တော် မူ ပြီ။ အား ယူ၍ ထ လော့ ဟု မျက် မ မြင် အား ဆို လျက် ခေါ် ကြ သ ဖြင့်၊ထို အ ခါ ယေ ရှု က သင် တို့ စိတ် ခဲ ယဉ်း သော ကြောင့် ထို ပ ညတ် ကို ရေး ထား သည်။ခြုံ ထည် ကို ပစ် ချ ပြီး လျှင် အ လျင် အ မြန် ထ၍ ယေ ရှု ထံ ရောက် လာ ၏။ယေ ရှု က မည် သို့ ပြု စေ လို သ နည်း ဟု မေး တော် မူ ရာ ဆ ရာ တော်၊ စ က္ခု အ လင်း ရ လို ပါ သည် ဟု ပြန် လျှောက် သည့် အ တိုင်း၊သွား တော့။ သင့် ယုံ ကြည် ခြင်း သည် သင့် ကို ကျန်း မာ စေ ပြီ ဟု မိန့် တော် မူ သ ဖြင့် ချက် ခြင်း စ က္ခု အ လင်း ရ ၍ ခ ရီး တစ် လျှောက် နောက် တော် က လိုက် လေ ၏။
ငါ့ အ သက် ဝိ ညာဉ် ကို အား ဖြည့် လျက်၊ နာ မ တော် အ တွက် လမ်း ဖြောင့် များ၌ ဆောင် ယူ တော် မူ၏။
ခြေ ဖ ဝါး မှ ဦး ခေါင်း ထိ သန် စွမ်း တော့ သည် မ ဟုတ်။ ရိုက် နှက် ခြင်း၊ နာ ကျင် ခြင်း နှင့် တ ကွ သွေး စိမ်း တည် သော အ နာ သက် သက် ဖြစ် လျက် မ ညှစ် မ စည်း၊ ဆီ မ လူး ကြ ပါ တ ကား။
ထာ ဝ ရ ဘု ရား သည် သေ စေ ခြင်း ရှင် စေ ခြင်း ကို လည်း ကောင်း မ ရ ဏာ နိုင် ငံ သို့ သက် စေ ခြင်း၊ တက် စေ ခြင်း ကိုလည်း ကောင်း စီမံ တော် မူ ပါ၏။
သို့ နှင့် အ ညီ ငါ တို့ သည် တွန့် ဆုတ် ခြင်း ကင်း လျက် ဗ ဟိ ဒ္ဓ လူ ပျက် ယွင်း သော် လည်း အ ဇ္စု တ္တ လူ ကား တစ် နေ့ ထက် တစ် နေ့ ပြု ပြင် ခံ လျက် ရှိ ၏။
ထို အ ခါ လူ နူ တစ် ယောက် သည် ချဥ်း ကပ် ရှိ ခိုး လျက် အ ရှင် ဘု ရား အ လို တော် ရှိ လျှင် ကျွန် တော် ကို သန့် စေ တော် မူ နိုင် ပါ သည် ဟု လျှောက် သော်၊ယေ ရှု က မြေ ခွေး များ မှာ တွင်း ရှိ၏။ လေ သ တ္တ ဝါ များ မှာ အ သိုက် ရှိ၏။ လူ့ သား မှာ မူ ခေါင်း ချ ရာ မျှ မ ရှိ ဟု မိန့် တော် မူ ၏။အ ခြား သော တ ပည့် တစ် ယောက် က လည်း အ ရှင် ဘု ရား အ ဘ ကို သင်္ဂြိုဟ် ရန် သွား ခွင့် ပေး ပါ ဦး ဟု လျှောက် သော် ယေ ရှု က ငါ့ နောက် သို့ လိုက် လော့။သူ သေ များ ကို ဆိုင် ရာ သူ သေ တို့ သင်္ဂြိုဟ် ကြ စေ ဟု မိန့် တော် မူ ၏။ထို နောက် ကိုယ် တော် သည် လှေ ပေါ် သို့ တက်၍ တ ပည့် တော် တို့ လိုက် ကြ ရာအိုင် ရေ အ လွန် လှုပ် ရှား သ ဖြင့် လှိုင်း များ သည် လှေ ကို လွှမ်း မိုး၏။ ကိုယ် တော် မူ ကား စက် တော် ခေါ် လျက် နေ တော် မူ၏။တ ပည့် တော် တို့ သည် ချဉ်း ကပ်၍ အ ရှင် ဘု ရား ကယ် တော် မူ ပါ။ သေ ဆုံး ရ ပါ တော့ မည် ဟု လျှောက် ဆို လျက် နှိုး ကြ သော်၊ကိုယ် တော် က ယုံ ကြည် ခြင်း နည်း ပါး သူ တို့၊ အ ဘယ် ကြောင့် ကြောက် ကြ သ နည်း ဟု မိန့် တော် မူ ပြီး လျှင် ထ၍ လေ နှင့် ရေ ကို ဆုံး မ တော် မူ သ ဖြင့် အ လွန် ငြိမ် ဝပ် ရ လေ ၏။တ ပည့် တော် တို့ လည်း အံ့ သြ၍ ဤ သူ ကား မည် သို့ သော သူ နည်း။ လေ နှင့် ရေ ပင် အ မိန့် တော် ကို နား ထောင် ရ ပါ သည် တ ကား ဟု ဆို ကြ ၏။တစ် ဖက် ကမ်း ရှိ ဂါ ဒ ရ နယ် သို့ ရောက် တော် မူ သော် မည် သူ မျှ ထို လမ်း ကို မ သွား ဝံ့ အောင် အ လွန် ကြမ်း တမ်း သော နတ် ပူး သူ နှစ် ယောက် သည် သင်္ချိုင်း ဂူ များ မှ ထွက် လာ လျက် ဆီး ကြို ပြီး လျှင်၊အို ဘု ရား သ ခင် ၏ သား တော် ကိုယ် တော် သည် အ ကျွန်ုပ် တို့ နှင့် မည် သို့ ဆိုင် သ နည်း။ အ ချိန် မ တိုင် မီ ညှဥ်း ပန်း ရန် ကြွ လာ တော် မူ ပြီ လော ဟု အော် ဟစ် မေး လျှောက် ကြ၏။ကိုယ် တော် သည် လက် ဆန့်၍ တို့ တော် မူ လျက် ငါ အ လို ရှိ၏။ သန့် စေ ဟု မိန့် တော် မူ လျှင် မူ ချင်း နူ နာ သန့် ရာ ရောက် လေ၏။
သင် တို့ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ကို ဝတ် ပြု၍ သင့် စား ဖွယ် သောက် ရာ ကို ကောင်း ကြီး ပေး တော် မူ မည်။ အ နာ ရော ဂါ ကို လည်း သင် တို့ ဘောင် မှ ငါ ဖယ် တော် မူ မည်။သင် တို့ ပြည် တွင် မည် သည့် သ တ္တ ဝါ မ ဆို သား ပျက် ခြင်း၊ မြုံ ခြင်း ရှိ ရ မည် မ ဟုတ်။ သင် တို့ အ သက် တာ ကို ငါ ပြည့် စုံ စေ မည်။
ထို အ ခါ တစ် ဆယ့် နှစ် နှစ် တိုင် သွေး သွန် နာ စွဲ လျက် မည် သူ မျှ ကု သ၍ မ ရ သော မိန်း မ တစ် ယောက် သည်၊နောက် က လာ၍ အ ဝတ် တော် ပန်း ပွား ကို တို့ လျှင် တို့ ခြင်း သွေး သွန် နာ ရပ် လေ၏။ယေ ရှု က လည်း ငါ့ ကို တို့ သော သူ မည် သူ နည်း ဟု မေး တော် မူ ရာ ရှိ သ မျှ တို့ ငြင်း ကြ ဆို သည့် ကာ လ ပေ တ ရု က သ ခင်၊ လူ ပရိ သတ် သည် ကိုယ် တော် ကို တိုး ဝှေ့ ညှပ် မိ လျက် ရှိ ပါ သည် တ ကား ဟု လျှောက် သော် လည်း ငါ့ ကို တစ် ယောက် ယောက် တို့ ပြီ။တန် ခိုး တော် ထွက် ကြောင်း ငါ သိ သည် ဟု ယေ ရှု မိန့် တော် မူ ပြန် သော် ထို မိန်း မ သည် တုန် လှုပ် လျက်၊ပုန်း ကွယ်၍ မ နေ နိုင် ကြောင်း ကို သိ သ ဖြင့် ချဉ်း ကပ် ပျပ် ဝပ် ပြီး လျှင်၊ ကိုယ် တော် ကို မည် သည့် အ တွက် တို့ ကြောင်း၊ တို့ သည့် ခဏ ခြင်း တွင် ကျန်း မာ ရ ကြောင်း များ ကို အား လုံး ရှေ့ ကြား လျှောက်၏။ထို အ ခါ ကိုယ် တော် က ငါ့ သ မီး၊ စိတ် ဧ လျက် သွား တော့၊ သင်၏ ယုံ ကြည် ခြင်း သည် သင့် ကို ကျန်း မာ စေ ပြီ ဟု မိန့် တော် မူ၏။
ဒု က္ခ များ ၌ အ ကျွန်ုပ် ကျင် လည် ရ သော် လည်း၊ ကိုယ် တော် သည် ရှင် ပြန် စေ လျက်၊ ဆန့် တန်း သော လက် ရုံး တော် ဖြင့် ရန် သူ တို့ အမျက် ဒေါ သ ငြိမ်း စေ၍၊ ညာ လက် ရုံး တော် ဖြင့် ကယ် တော် မူ လိမ့် မည်။
၎င်း ပြင် ယေ ရှု ကို သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် စေ တော် မူ သော အ ရှင်၏ ဝိ ညာဉ် တော် သည် သင် တို့၌ ကိန်း ဝပ် လျှင် ခ ရစ် တော် ယေ ရှု ကို သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် စေ သော ထို အ ရှင် သည် သင် တို့၌ ကိန်း ဝပ် သော ဝိ ညာဉ် တော် ကြောင့် သင် တို့၏ အ နိ စ္စ ခ န္ဓာ များ ကို ပင် ရှင် စေ တော် မူ လိမ့် မည်။
ဉာဏ် ကောင်း သည် ဟု အ ထင် အ မြင် မ ရှိ စေ နှင့်။ ထာ ဝ ရ ဘု ရား ကို ခန့် ညား၍ ဒု စ ရိုက် ကို ကြဉ် ရှောင် လော့။သင်၏ ချက် တိုင် အ ဖို့ သန် မာ ခြင်း၊ အ ရိုး များ အ ဖို့ အား ပြည့် ခြင်း ဖြစ် လိမ့် မည်။
ငါ မူ ကား၊ အို ထာ ဝ ရ ဘု ရား၊ က ရု ဏာ တော် သက်၍၊ ကိုယ် တော် အား ပြစ် မှား မိ ခဲ့ သော အ ကျွန်ုပ် ကို သက် သာ စေ တော် မူ ပါ ဟု၊ လျှောက် ထား ပါ ၏။
မြို့ တစ် မြို့ တွင် ရှိ နေ တော် မူ စဉ် တစ် ကိုယ် လုံး နူ နာ စွဲ သူ တစ် ယောက် သည် ယေ ရှု ကို မြင် သော် ပျပ် ဝပ် လျက် အ ရှင် ဘု ရား၊ အ လို တော် ရှိ လျှင် ကျွန် တော် ကို သန့် စေ တော် မူ နိုင် ပါ သည် ဟု လျှောက် ထား ရာ၊ကိုယ် တော် သည် လက် ဆန့်၍ တို့ တော် မူ လျက် ငါ အ လို ရှိ၏။ သန့် စေ ဟု မိန့် တော် မူ လျှင် မူ ချင်း နူ နာ ကင်း ပျောက် ၏။
သင် တို့ ရှိ သ မျှ နှင့် ဣ သ ရေ လ တစ် မျိုး လုံး သိ စေ လို သည် မှာ သင် တို့ ကား တင် ကြ ရာ သူ သေ တို့ အ ထဲ မှ ဘု ရား သ ခင် ရှင် ပြန် ထ မြောက် စေ တော် မူ သော နာ ဇ ရက် မြို့ သား ယေ ရှု ခ ရစ်၏ နာ မ တော် အား ဖြင့် သင် တို့ ရှေ့ ဤ သူ သန် မာ လျက် ရပ် နေ ၏။
မည် သည့် မြို့ ရွာ သို့ မ ဆို ဝင် ရောက် တော် မူ လျှင် လည်း ဈေး များ တွင် သူ နာ တို့ ကို ချ ထား လျက် အ ဝတ် တော် ပန်း ပွား ကို မျှ တို့ ခွင့် ရ စေ ရန် တောင်း ပန် ကြ၏။ တို့ သ မျှ သော သူ နာ တို့ လည်း ကျန်း မာ ကြ၏။
ယေ ရု ရှ လင် မြို့ ပတ် လည် ရှိ မြို့ ရွာ များ မှ လူ အ များ သည် သူ နာ နှင့် နတ် ဆိုး ပူး ကပ် နှိပ် စက် ခံ ရ သူ တို့ ကို ခေါ် ဆောင် ရောက် လာ ကြ သည့် အ လျောက် ရော ဂါ ကပ် သူ ရှိ သ မျှ တို့ ကျန်း မာ ကြ ၏။
ထို အ ချိန် နာ ရီ၌ အ နာ ရော ဂါ အ မျိုး မျိုး စွဲ ကပ် သူ နတ် ဆိုး ပူး သူ အ များ တို့ ကို ကျန်း မာ စေ သည့် ပြင် မျက် မ မြင် အ များ ကို လည်း မြင် ခွင့် သ နား တော် မူ ပြီး လျှင်၊
ထို အ ခါ ယေ ရှု က အ ချင်း မိန်း မ၊ သင်၏ ယုံ ကြည် ခြင်း သည် အား ကြီး စွ တ ကား သင် အ လို ရှိ သည့် အ တိုင်း ဖြစ် စေ ဟု မိန့် တော် မူ သ ဖြင့် ထို အ ချိန် နာ ရီ က စ၍ သ မီး ကျန်း မာ လေ၏။
ထမ်း စင် ထက် တင် လျက် အ ထံ တော် သို့ ဆောင် ခဲ့ ကြ၏။ ထို သူ တို့၏ ယုံ ကြည် ခြင်း ကို မြင် တော် မူ သော် ယေ ရှု က ငါ့ သား အား ယူ လော့၊ သင့် အ ပြစ် ပြေ လွတ် ပြီ ဟု သူ နာ အား မိန့် တော် မူ လျှင်၊
ကိုယ် တော် က အိမ် သို့ ပြန် လျက် ဘု ရား သ ခင် သည် မည် မျှ ကျေး ဇူး ပြု တော် မူ ကြောင်း ဖော် ပြ လော့ ဟု မိန့် မှာ၍ လွှတ် လိုက် တော် မူ သည့် အ တိုင်း ထို သူ သွား၍ မည် မျှ ကျေး ဇူး ကို ယေ ရှု ပြု တော် မူ ကြောင်း မြို့ လုံး နှံ့ ကြော် ငြာ လေ၏။
သွား စဉ် လည်း ကောင်း ကင် နိုင် ငံ တော် တည် လု ပြီ ဟု ဟော ပြော ကြ လော့။နာ သူ တို့ ကို ကျန်း မာ စေ ကြ လော့၊ သေ သူ တို့ ကို ရှင် ပြန် စေ ကြ လော့၊ နူ သူ တို့ ကို သန့် စေ ကြ လော့။ နတ် များ ကို နှင် ထုတ် ကြ လော့၊ အ ဖိုး မဲ့ ရ ကြ သည့် အ လျောက် အ ခ မဲ့ ပေး ကြ လော့။
အို ငါ့ စိတ် ဝိ ညာဉ်၊ အ ဘယ့် ကြောင့် ညှိုး ငယ် ရ သ နည်း။ အ တွင်း၌ အ ဘယ့် ကြောင့် မ ငြိမ် မ ဝပ် ရှိ ရ သ နည်း။ ဘု ရား သ ခင် ကို မျှော် လင့် လော့။ ငါ့ အား မျက် နှာ သာ ပေး တော် မူ သော ငါ့ ဘု ရား သ ခင် ကို ချီး မွမ်း ရ ဦး မည်။
တတ် နိုင် လျှင် ဟူ၍ ဆို ရက် ပေ စွ။ ယုံ ကြည် သော သူ့ အား အ ရာ ခပ် သိမ်း ကို တတ် နိုင် သည် ဟု
ကိုယ် တော် သည် မြင် တော် မူ သော် ပ ရော ဟိတ် တို့ ထံ သွား၍ ကိုယ် ကို ပြ ကြ ဟု မိန့် တော် မူ သည့် အ တိုင်း သူ တို့ သွား စဉ် ပင် သန့် ရာ ရောက် ကြ၏။
ယေ ရှု က သင် တို့၌ သံ သ ယ ကင်း သော ယုံ ကြည် ခြင်း ရှိ လျှင် သ ဖန်း ပင် ကို ပြု ခဲ့ သည့် နည်း တူ ပြု နိုင် ရုံ မျှ မ က ဤ တောင် အား နေ ရာ ရင်း မှ ကျွတ်၍ ပင် လယ် တွင် ကျ လော့ ဟု ဆို သော် ဆို တိုင်း ဖြစ် လိမ့် မည်။ယုံ ကြည် လျက် လျှောက် တောင်း သ မျှ ကို လည်း ရ ကြ လိမ့် မည် ဟု မိန့် တော် မူ၏။
သင် တို့ ပြည် တွင် မည် သည့် သ တ္တ ဝါ မ ဆို သား ပျက် ခြင်း၊ မြုံ ခြင်း ရှိ ရ မည် မ ဟုတ်။ သင် တို့ အ သက် တာ ကို ငါ ပြည့် စုံ စေ မည်။
ထိုသို့ပက်လက်နေသည်ကို ယေရှုမြင်တော်မူ၍ ကာလရှည်ကြာစွာနာကြောင်းသိသဖြင့် ကျန်းမာလိုသလောဟု မေ:တော်မူသော်၊သူနာက အရှင်ဘုရား၊ ရေလှုပ်ရှားခိုက် ကျွန်တော့်ကိုရေကန်ထဲသို့ချပေးသူမရှိပါ။ ဆင်းမည်ပြုတိုင်း တစ်ယောက်ယောက်အရင်ဆင်းတတ်ပါသည်ဟု ပြန်လျှောက်သည့်ကာလ၊ယေရှုက ထလော့၊ အိပ်ရာကိုဆောင်၍သွားလော့ဟု မိန့်တော်မူလျှင်မူချင်း၊ထိုသူသည် ကျန်းမာသဖြင့်၊ အိပ်ရာကိုဆောင်၍သွားလေ၏။
လူ အ မြောက် အ များ တို့ အ မြန် စု လာ ကြ သည် ကို မြင် တော် မူ သည့် ကာ လ ယေ ရှု က အ ချင်း နတ် အ၊ နတ် ပင်း၊ သူ ငယ် မှ ထွက် လော့။ နောက် ထပ်၍ မ ဝင် နှင့်။ ငါ အ မိန့် ရှိ သည် ဟု ဆုံး မ မိန့် ဆို တော် မူ သည့် အ တိုင်း၊