သင် တို့ အ ပေါ် တွင် ထာ ဝ ရ ဘု ရား အ မျက် တော် ထား လျက်၊ မိုး မ ရွာ အောင် ပိတ် ဆို့ သည် နှင့် မြေ အ သီး အ နှံ မ ထွက် သည့် အ တွက် ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော ပြည် ကောင်း မှ အ ဆော တ လျင် ပျက် ပြား ရ မည် ကို စိုး၍၊ စိတ် ဝိ တက် ရှိ လျက် လမ်း လွဲ သ ဖြင့်၊ အ ခြား ဘု ရား များ ကို ဝတ် မ ပြု၊ ရှိ မ ခိုး ခြင်း ငှါ၊ သ တိ ပြု ကြ လော့။
အာ သ မင်း သည် ပ ရော ဖက် ဩ ဒက် ဟော ပြော ချက် ကို ကြား လျှင်၊ အား ယူ လျက်၊ ယု ဒ၊ ဗင်္ယာ မိန် တစ် ပြည် လုံး နှင့်၊ ဧ ဖ ရိမ် ခင် တန်း ရှိ သိမ်း စု မြို့ ရွာ များ မှ၊ စက် ဆုပ် ဖွယ် ဘု ရား များ ကို ပယ် ရှား၍၊ ထာ ဝ ရ ဘု ရား၏ မုတ် ဆောင် ဦး တွင်၊ ပူ ဇော် ရာ ပ လ္လင် တော် ကို ပြု ပြင် လေ ၏။
ရုပ် ပွား ဆင်း တု တို့ အား၊ အ ကျွန်ုပ် တို့ ဘု ရား ဟု ဝန် ခံ လျက် ကိုး စား သူ တို့ မူ ကား ဆုတ် လန် ခြင်း၊ ကြီး စွာ အ ရှက် ကွဲ ခြင်း ကို ခံ ရ ကြ လိမ့် မည်။
ရုပ် ပွား ဆင်း တု ကို လည်း ကောင်း၊ အ ထက် ကောင်း ကင်၊ အောက် မြေ ကြီး၊ မြေ ကြီး အောက် ရေ ထု ၌ ရှိ သော အရာ ၏ ပုံ သ ဏ္ဌာန် ကို လည်း ကောင်း မ လုပ် နှင့်။ ရှိ မ ခိုး၊ ဝတ် မ ပြု နှင့်။အ သို့ ဆို သော်၊ သင့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား သည် မ ရှု စိတ် သော ဘု ရား၊ ငါ့ ကို မုန်း ထား သော သူ တို့ အ မျိုး အ စဉ် တ တိ ယ စ တု တ္ထ အ ဆက် တိုင် အောင် ဘိုး ဘေး တို့ ပြစ် မှု ကို သား မြေး မြစ် တို့ အ ပေါ် တင်၍ စီ ရင် သော ဘု ရား၊
တော သစ် ပင် ကို ရွေး ခုတ် ခြင်း၊ စူး ဆောက် ဖြင့် ပန်း ပု ထု လုပ် ခြင်း၊ ရွှေ ငွေ ဖြင့် ခြယ် လှယ် ခြင်း၊ မ လဲ စေ ခြင်း ငှာ၊ တူ ဖြင့် သံ မှို နှက် ခြင်း အ မှု ဖြစ် သော၊ လူ မျိုး ခြား တို့၏ ထုံး တမ်း သည်၊ အ န တ္တ ဖြစ် ၏။လူ မ ထမ်း ဘဲ မ ရွေ့ နိုင်၊ စ ကား မ ပြော နိုင် သော၊ သ ခွား ခင်း ရှိ ငှက် ချောက် တိုင် ကဲ့ သို့ ဖြစ် သည် တ ကား။ မ ကောင်း ကျိုး၊ ကောင်း ကျိုး မ ပေး နိုင် သော ကြောင့်၊ မ ကြောက် ရွံ့ ကြ နှင့် ဟု မိန့် တော် မူ၏။
ထို ရုပ် တု သည် ထမ်း ဆောင် ခြင်း၊ ချီ ဆောင် ခြင်း ခံ လျက် ချ ထား ရာ မှ မ ရွေ့ နိုင် ဘဲ၊ တည် မြဲ တည် ရ၏။ ခေါ် သော် လည်း မ ထူး။ ဒု က္ခ ရောက် သော် လည်း မ ကယ် နိုင် ချေ။
အ တု ဘု ရား များ ကို ပင်၊ လူ တစ် မျိုး မျိုး လဲ လှယ် ဖူး သ လော။ ငါ ၏ လူ မျိုး တော် မှာ မူ၊ အ သုံး မဲ့ ဘု ရား ကို ဘုန်း တန် ခိုး ဖြစ် ရာ ဖြစ် ကြောင်း အ စား လဲ ယူ ခဲ့ ကြ လေ စွ။
ဇီ ဝ သက် မဲ့၊ အ ချည်း နှီး ဖြစ် သော ကိုယ့် ရုပ် ပွား ဆင်း တု ကို ထောက်၍၊ ပန်း ထိမ် တိုင်း အ ရှက် ရ သည့် ပြင်၊ လူ ခပ် သိမ်း တို့ လည်း ဉာဏ် ပ ညာ၊ အ သိ ပ ညာ ကင်း ပျောက် ရာ ရောက် ကြ၏။
သင် တို့ သည် ဘု ရား များ မှန် ကြောင်း ငါ တို့ သိ ကြ စေ ရန်၊ အ နာ ဂတ် အ ရာ များ ကို မ ဖော် မ ပြ နိုင် က၊ ငါ တို့ ရှု ကြည့်၍ အံ့ ဩ ကြ စေ ခြင်း ငှာ၊ အ ကောင်း ကို ဖြစ် စေ၊ အ ဆိုး ကို ဖြစ် စေ၊ ပြု ကြ လော့။
ဇိ ဒုန် ဘု ရား မ အာ ရှ တ ရက်၊ စက် ဆုပ် ဖွယ် သော အ မ္မုန် ဘု ရား မိ လ ကုံ တို့ နောက် သို့ လိုက် လျက်
ဤ အ ရေး အ ရာ ရှိ သ မျှ ကို၊ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် အ ဘယ့် ကြောင့် စီ ရင် တော် မူ သ နည်း ဟု မေး မြန်း ကြ လျှင်၊ နေ ပြည် တွင်၊ ငါ့ ကို စွန့် ပယ် လျက် ခြား နား သော ဘု ရား များ အ မှု ကို ဆောင် ရွက် သည့် နည်း တူ၊ သင် တို့ မ ပိုင် သော ပြည် တွင် လည်း၊ မျိုး ခြား မင်း တို့ အ မှု ကို ထမ်း ကြ ရ မည့် အ ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ ၏။
ကိုယ့် ဘု ရား သ ခင် အ နော် အ တာ အောက် မှ၊ လမ်း လွဲ မှား ယွင်း သည့် တိုင် အောင်၊ မှား ယွင်း ခြင်း စိတ် နှင့် ပြည့် သော ငါ့ လူ မျိုး သည်၊ သစ် ရုပ် ထံ မေး လျှောက် လျက်၊ ဆေး ကြိမ် ဖြင့် ဗျာ ဒိတ် ခံ ကြ သည် တ ကား။
ဘု ရား မ ဟုတ် သော နတ် ဆိုး၊ ကိုယ် တိုင် မ သိ၊ ဘိုး ဘေး တို့ မ ကျွမ်း၊ နောက် ပေါ် ဘု ရား တု များ အား ပူ ဇော် ကြ ရာ၊
အ ကျွန်ုပ် သည်၊ မု သာ အ န တ္တ ကို ဂ ရု ပြု သူ တို့ အား မုန်း ထား လျက်၊ ထာ ဝ ရ ဘု ရား၌ ကိုး စား ပါ ၏။
သူ တို့ ဘု ရား များ ကို ရှိ မ ခိုး၊ ဝတ် မ ပြု နှင့်။ အ ကျင့် ဓ လေ့ အ တိုင်း မ ကျင့် နှင့်။ သူ တို့ ကို အ ကုန် အ စင် ဖြို လှဲ၍ ကျောက် တိုင် များ ကို လည်း လုံး လုံး ချိုး ဖျက် ကြ ရ မည်။
စက် ဆုပ် ဖွယ် ရုပ် တု အ သေ ကောင် များ ဖြင့်၊ ပြည် တော် ကို ညစ် ညူး စေ လျက်၊ ရွံ ရှာ ဖွယ် ရာ ဘု ရား များ ဖြင့် လည်း၊ ပိုင် တော် မူ ရာ ကို ပြည့် စေ ကြ သော ဒု စ ရိုက် ပြစ် မှု အ တွက်၊ နှစ် ဆ တင် ရင် ဆပ် ပေး မည် ဟု၊ ငါ ထာ ဝ ရ ဘုရား မိန့် ဆို သည် ဟူ ၍ တည်း။
ချင်း တို့၌ စီ ရင် ရ မည့် နည်း ကား၊ ယဇ် ပ လ္လင် များ ကို ဖြို လှဲ ခြင်း၊ ကျောက် တိုင် များ ကို ချိုး ဖဲ့ ခြင်း၊ တံ ခွန် တိုင် များ ကို ခုတ် လှဲ ခြင်း၊ ရုပ် ပွား ဆင်း တု များ ကို မီး တိုက် ခြင်း ပြု ကြ ရ မည်။
ဘု ရင် မင်း မြတ် တည်း ဟူ သော ထာ ဝ ရ ဘု ရား သည်၊ ဇိ အုန် မြို့၌ စံ နေ တော် မ မူ သ လော ဟူ ၍ လည်း ကောင်း၊ စ ပါး ရိတ် ချိန် လွန် ပြီ။ အ သီး ဆွတ် ချိန် ကုန် ပြီ။ ငါ တို့ မှာ မူ၊ ဘေး လွတ် ရာ မ ရောက် သေး ဟူ၍ လည်း ကောင်း၊ ဝေး ကွာ ရာ ပြည် မှ ငါ၏ အ မျိုး သ တို့ သ မီး ဟစ် လေ ပြီ။ ရုပ် ပွား ဆင်း တု များ၊ ခြား နား သော ဘု ရား ရုပ် များ ဖြင့်၊ အ ဘယ့် ကြောင့် အ မျက် တော် တိုက် ခဲ့ ကြ သ နည်း။
လူ မျိုး ခြား တို့၏ ဘု ရား ဟူ သ မျှ သည်၊ အ တု မျှ သာ ဖြစ် ကြ၏။ ထာ ဝ ရ ဘု ရား မူ ကား၊ မိုး ကောင်း ကင် ကို ဖန် ဆင်း တော် မူ ၏။
ထို ရုပ် ထု များ သည် အ န တ္တ အ မှု၊ ကဲ့ ရဲ့ ရာ အ မှု ဖြစ် လျက်၊ ဒဏ် စီ ရင် ခြင်း ကို ခံ ရ သည့် ကာ လ၊ ပျက် စီး ကြ လိမ့် မည်။
ရုပ် ပွား ကိုး ကွယ် မှု၊ စက် ဆုပ် ဖွယ် မှု၊ လွန် ကျူး မှု များ ကြောင့်၊ နောင် ညစ် ညူး ရာ မ ရောက် သော ထို သူ တို့ ကို၊ ပြစ် မှားဖောက် ပြန် မှု အ မျိုး မျိုး မှ ငါ ကယ် တင်၍ စင် ကြယ် စေ သ ဖြင့်၊ ထို သူ တို့ သည် ငါ့ လူ မျိုး၊ ငါ လည်း သူ တို့ ဘုရား သ ခင် ဖြစ် လိမ့် မည်။
ထို ဒု က္ခ တွေ့ သည့် ကာ လ၊ ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ မှ စ၍၊ ယု ဒ ပြည် မြို့ သူ ရွာ သား တို့ သည် မီး ဖြင့် ပူ ဇော် လေ့ ရှိ သော ဘု ရား များ သို့ သွား ရောက် အော် ဟစ် ကြ သော် လည်း၊ ကယ် မ ခြင်း မ ရှိ။
သို့ ဖြစ်၍ ရုပ် ပွား အား ပူ ဇော် ပြီး သော အ သား သုံး ဆောင် မှု ကို ထောက်၍ ဆို သော် ဤ လော က တွင် ရုပ် ဘု ရား မ ရှိ ကြောင်း ကို လည်း ကောင်း၊ တစ် ဆူ တည်း ပြင် ဘု ရား မ ရှိ ကြောင်း ကို လည်း ကောင်း ငါ တို့ သိ ကြ ၏။
မ ကောင်း သ တင်း ကို မ ကြောက် ဘဲ၊ ထာ ဝ ရ ဘု ရား ၌ ကိုး စား သ ဖြင့်၊ စိတ် နှ လုံး တည် ကြည် ပါ ၏။
သင့် ကို ရည်၍ ထာ ဝ ရ ဘု ရား က သင့် အ မျိုး အ နွယ် တိုး ပွား ရ တော့ မည် မ ဟုတ်။ သင့် ဘု ရား ကျောင်း ရှိ ရုပ် ပွား ဆင်း တု များ ကို ငါ ပယ် ရှား လျက် ယုတ် မာ သော သင့် အ ဖို့ သင်္ချိုင်း ကို စီ မံ မည် ဟု မိန့် တော် မူ ၏။
ယုတ် ညံ့ သော အ ရာ ကို မျက် မှောက် မ ပြု ပါ။ ဖောက် ပြန် သော အ မှု ကို ရွံ ရှာ သည့် အ လျောက်၊ စွဲ လမ်း ခြင်း မ ပြု ပါ။
အ လ ဟဿ အ ကျိုး မဲ့ ဖြစ် လျက် မ ကယ် နိုင် သော ဘု ရား များ နောက် သို့ လမ်း လွဲ၍ မ လိုက် ကြ နှင့်။
ထို ဘေး များ နှင့် မ သေ၊ ကြွင်း သေး သူ တို့ ကား နတ် ဆိုး များ ကို လည်း ကောင်း၊ မ ကြား၊ မ မြင်၊ မ သွား နိုင် သော ရွှေ၊ ငွေ၊ ကြေး၊ ကျောက်၊ သစ် သား၊ ကိုယ့် လက် ဖြစ် ဆင်း တု များ ကိုလည်း ကောင်း၊
စုန်း မ သား၊ သူ့ သား အိမ် ရာ ပြစ် မှား သူ နှင့် ပြည် တန် ဆာ မ အ နွယ် တို့၊ ချဉ်း ကပ် ကြ လော့။
ပြာ ကို သာ စား တတ် သော ထို သူ သည် လှည့် စား ခံ ရ သော စိတ် ကြောင့် လမ်း လွဲ၍ ကိုယ့် အ သက် ကို မ ကယ် နိုင်။ ညာ လက် ဖြင့် မိစ္ဆာ အ ယူ ကို စွဲ ကိုင် သည် မ ကိုင် သည် ဟု မ တွေး တော တတ် ချေ။
ချင်း တို့ လုပ် သော နွား ရုပ် ကို ယူ၍ ကြို ချက် ချေ မွ ပြီး မှ ရေ ပေါ် မှာ ကြဲ ပက်၍ ဣ သ ရေ လ အ မျိုး သား တို့ ကို သောက် စေ ၏။
လူ မျိုး ခြား တို့ အ နက် လွတ် မြောက် ခဲ့ သော သင် တို့၊ စု ရုံး လာ ရောက် ချဉ်း ကပ် ကြ လော့။ ကယ် တင် ပိုင် ခွင့် မ ရှိ သော ဘု ရား ကို ပ ဌ နာ ပြု လျက်၊ သစ် တုံး ဖြစ် သော ရုပ် ပွား ဆင်း တု ကို ပင့် ဆောင် တတ် သူ တို့ သည်၊ အ သိ ဉာဏ် မ ရှိ ကြ ချေ။
ထို ရုပ် တု များ သည်၊ အ န တ္တ အ မှု၊ ကဲ့ ရဲ့ ရာ အ မှု ဖြစ် လျက်၊ ဒဏ် စီ ရင် ခြင်း ကို ခံ ရ သည့် ကာ လ၊ ပျက် စီး ကြ လိမ့် မည်။
ကိုယ့် ရုပ် ပွား ဆင်း တု ဘု ရား စီ မံ ပြု လုပ် ပြီ ဟု၊ သင် ဆို ခွင့် မ ရ စေ ရန်၊ မ ဖြစ် ပျက် မီ၊ ယ မန် က ပင်၊ ငါ ကြား ပြော ဖော် ပြ လေ ပြီ။
သူ တို့ သည် ဟော ရပ် တောင် အ နီး၊ နွား ရုပ် ကို လုပ်၍၊ ဆင်း တု ကို ရှိ ခိုး လျက်၊ထာ ဝ ရ ဘု ရား ၏ တန် ခိုး တော် မြွက် ဆို ခွင့်၊ ဂုဏ် တော် အ စဉ် ကြား ပြော ခွင့် ကို မည် သူ ရ သ နည်း။မြက် စား သော နွား ၏ ပုံ သ ဏ္ဌာန် ကို၊ ဘုန်း တန် ခိုး ဖြစ် ရာ ဖြစ် ကြောင်း အ စား လဲ ယူ လျက်၊
များ ပြား သော နံ့ သာ မျိုး နှင့် ဆီ မွှေး ပါ၊ မေ လက် ခေါ် ရုပ် တု ဘက် ကူး သွား ရာ၊ မ ရ ဏာ့ နိုင် ငံ သို့ ဆင်း ရ သည့် တိုင် အောင်၊ သင်၏ သံ တ မန် တို့ ကို ဝေး စွာ စေ လွှတ် ၏။
၎င်း တို့ မြတ် နိုး ဝတ် ပြု လိုက် ရှာ တောင်း လျှောက် ရှိ ခိုး ခဲ့ ကြ သော နေ လ နှင့် တ ကွ၊ က မ္ဘာ့ တန် ဆာ ရှိ သ မျှ အောက် မြေ အ ပြင် တွင်၊ စု ပုံ မြှုပ် နှံ ခြင်း မ ပြု ဘဲ၊ မြေ ဩ ဇာ အ ဖြစ် ခင်း ထား ကြ လိမ့် မည်။
လူ ပ ရိ သတ် ရှိ ရာ သို့ ဧ လိ ယ ချဉ်း ကပ်၍ နုန့် နဲ့ စွာ ဒွိ ဟ လိုက် ကြ သည် မှာ မည် မျှ ကြာ ကြ မည် နည်း။ ယေ ဟော ဝါ သည် ဘု ရား သ ခင် မှန် လျှင် လိုက် ကြ လော့။ ဗာ လ သည် ဘု ရား သ ခင် မှန် လျှင် လိုက် ကြ လော့ ဟု ဆို သော်၊ ပရိ သတ် ဆိတ် ဆိတ် နေ ကြ ၏။
ရုပ် ပွား ကို ထု လုပ် သူ အ ပေါင်း တို့ သည် ကျိုး ယုတ် ရှက် ကွဲ၍ ရှုတ် ချ ခြင်း သို့ ရောက် ကြ လိမ့် မည်။
က ဝေ နှင့် မှော် ဆ ရာ များ သို့ မ လွှဲ နှင့်။ ညစ် ညူး ရာ မ ရောက် ရန် သူ တို့ ကို မ လိုက် မ ရှာ ကြ ရ။ ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေ တည်း။
ပ ရော ဖက် ဖြစ် သူ သော် လည်း ကောင်း၊ အိပ် မက် ကို မြင် သူ သော် လည်း ကောင်း၊ သင် တို့ ဘောင် တွင် ပေါ် ထွန်း ရာ၊ သင် တို့ မ သိ ဘူး သော ဘု ရား များ ကို ရည် လျက်၊ အ ခြား ဘု ရား များ နောက် သို့ လိုက် လျှောက် ဝတ် ပြု ကြ ကုန် အံ့ ဟူ၍၊ ပေး သော သက် သေ နိ မိတ် လ က္ခ ဏာ ထင် ရှား သော် လည်း၊ကျွန် ခံ နေ ရာ အိ ဂျစ် ပြည် က ထုတ် ဆောင် တော် မူ ခဲ့ သော၊ သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ မှ သွေး ဆောင် ရန် ရှာ ကြံ သော ကြောင့်၊ ခဲ ပစ် သတ် ဒဏ် ခတ် လော့။ဣ သ ရေ လ တစ် မျိုး လုံး လည်း ကြား သိ ကြောက် ရွံ့ လျက် ထို ဆိုး သွမ်း မှု အ လိုက် ပြု တော့ မည် မ ဟုတ် ချေ။သင် တို့ မ သိ ဘူး သော ဘု ရား များ ကို ရည် လျက်၊ အ ခြား ဘု ရား များ ထံ တိုး ဝင် ဝတ် ပြု ကြ ကုန် အံ့ ဟူ၍ ဆို ကြ သော တ ရား မဲ့ သူ တို့ သည်၊ သင် တို့ ဘောင် မှ ထွက် ခွာ သ ဖြင့် ကိုယ့် မြို့ သူ မြို့ သား တို့ ကို သွေး ဆောင် ကြ ပြီ ဟု နေ ထိုင် ရာ အ ဖြစ်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ ခဲ့ ပြီး မြို့ တစ် မြို့ နှင့် စပ် လျဉ်း သော အ ကြောင်း သ တင်း ကို ကြား မိ လျှင်၊ရှာ ဖွေ မေး မြန်း စိ စစ် သည့် အ တိုင်း၊ သင် တို့ ဘောင် တွင် ထို ရွံ ရှာ ဖွယ် အ မှု ပြု ကျင့် ကြ သည် ကို သေ ချာ မှန် ကန် စွာ တွေ့ သော်၊ထို မြို့ ကို မြေ လှန်၍၊ ရှိ နေ သ မျှ သော မြို့ သူ မြို့ သား တို့ နှင့် တ ကွ တိ ရ စ္ဆာန် များ ပါ ဓား ဘေး သင့် စေ ပြီး နောက်၊ဥ စ္စာ ပ စ္စည်း ဟူ သ မျှ ကို လည်း မြို့ လမ်း ဆုံ တွင် စု ပုံ၍၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ မြို့ ပါ အ ကုန် အ စင် မီး တိုက် ကြ လော့။ နောက် တစ် ဖန် မ ပြု စု ရ၊ မြို့ ဆိုး ကုန်း အ မြဲ ဖြစ် ရ မည်။ယ နေ့ ငါ ဆင့် ဆို သ မျှ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ပ ညတ် များ ကို နာ ယူ စောင့် ရှောက် လျက်၊ မျက် မှောက် တော် တွင် ဖြောင့် မှန် စွာ ပြု ကျင့် ကြ သည့် ကာ လ သင် တို့ အ ပေါ်၌ က ရု ဏာ ရှိ သ ဖြင့် သ နား၌ တိုး ပွား စေ မည် ဟု ဘိုး ဘေး တို့ အား သစ္စာ ဆို တော် မူ ခဲ့ သည့် အ လျောက်၊ အ မျက် တော် ရှိန် ကို ငြိမ်း စေ တော် မူ အံ့ သော ငှာ မြေ လှန် ဖွယ် အ ရာ မည် သည် ကို မျှ လက် မ လွှတ် ဘဲ မ နေ ကြ လင့်။ထို ပ ရော ဖက်၊ ထို မြင် မက် သူ့ စ ကား ကို မ နာ မ ယူ ကြ ရ။ အ သို့ ဆို သော်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် စိတ် နှလုံး၊ အ သက် ဝိ ညာဉ် အ ကြွင်း မဲ့၊ ကိုယ် တော် အား ချစ် ကြည် မြတ် နိုး ခြင်း ရှိ မ ရှိ သိ အံ့ သော ငှာ၊ စုံ စမ်း တော် မူ သ တည်း။
ပြင် ပ၌ ကား ခွေး ဖြစ် သူ၊ နတ် ဟော သူ၊ မ တ ရား မေ ထုန် ပြု သူ၊ လူ သတ် ဖြစ် သူ၊ ရုပ် ပွား ကိုး ကွယ် သူ များ နှင့် မု သား ကို နှစ် သက်၍ ကျင့် ကြံ သူ ဟူ သ မျှ ရှိ ကြ သ တည်း။
ဆို ခဲ့ သော ပ ဌ နာ ဇ ရပ် သို့ ငါ တို့ သွား ကြ စဉ် မှော် ဟော၍ သ ခင် ဖြစ် သူ တို့ အား စီး ပွား များ စွာ ဖြစ် ထွန်း စေ သော န ဂါး နတ် ထိန်း မိန်း မ ငယ် တစ် ယောက် သည် ငါ တို့ နှင့်တွေ့ လျှင်၊ပေါ လု နှင့် ငါ တို့ နောက် က လိုက် လျက် ဤ သူ တို့ ကား သင် တို့ အား ကယ် တင် တော် မူ ရာ လမ်း ကို ကြော် ငြာ၍ မြင့် မြတ် သော ဘု ရား သ ခင်၏ ကျွန် များ ဖြစ် ကြ သည် ဟု ဟစ် ကြော် ၏။ထို သို့ နေ့ ရက် များ စွာ ပြု ရာ ပေါ လု သည် မ နှစ် သက်၍ လှည့် ပြီး လျှင် ထို သူ မှ ထွက် လော့၊ ယေ ရှု ခ ရစ်၏ နာ မ တော်၌ ငါ အ မိန့် ရှိ သည် ဟု နတ် အား ဆို လျှင် ဆို ချင်း ထွက် ခွာ လေ၏။
သို့ ရာ တွင် အိမ် ထောင် မ ပြု ရ ဟူ၍ လည်း ကောင်း၊ အ စာ မျိုး စုံ မ စား ရ ဟူ၍ လည်း ကောင်း မြစ် တား သူ၊ သြ တ္တ ပ္ပ စိတ် ခဲ ယဉ်း စွာ မိ စ္ဆာ ဒိ ဌိ သင် ကြား သူ တို့၏ သီ လ ကြောင် ခြင်း ကြောင့် အ ချို့ တို့ သည် လှည့် စား သော ဝိ ညာဉ် များ နှင့် နတ် ဆိုး တို့ သြ ဝါ ဒ ကို ဂ ရု ပြု သ ဖြင့် နောင် ကာ လ များ တွင် ယုံ ကြည် ခြင်း တ ရား မှ ဖောက် ပြန် ကြ မည့် အ ကြောင်း ဝိ ညာဉ် တော် က အ တည့် အ လင်း ဆင့် ဆို တော် မူ၏။ သ မ္မာ တ ရား ကို သိ ကျွမ်း၍ ယုံ ကြည် သူ တို့ သည် ကျေး ဇူး တော် ကို ချီး မွမ်း လျက် သုံး ဆောင် ကြ ရ စေ ရန် ၎င်း အ စာ မျိုး ကို ဘု ရား သ ခင် ဖန် ဆင်း တော် မူ၏။
ထာ ဝ ရ ဘု ရား က၊ ထို ပ ရော ဖက် တို့ သည်၊ ငါ စေ လွှတ် ခြင်း၊ မိန့် မှာ ခြင်း၊ ဗျာ ဒိတ် ပေး ခြင်း ကင်း လျက်၊ မု သာ များ ကို ငါ့ နာ မ နှင့် ဟော ပြော ကြ သည့် ပြင် မျက် လှည့် ရူ ပါ ရုံ၊ အ ကျိုး မဲ့ ဗေ ဒင် အ တတ်၊ လှည့် ဖြား သော ကိုယ့် သ ဘော အ တိုင်း၊ ဟော ပြော တတ် ကြ ၏။
မ ဟုတ် သော် လည်း လူ မျိုး ခြား တို့ ပူ ဇော် သ က္ကာ များ သည် ဘု ရား သ ခင် အား မ ဟုတ်။ နတ် ဆိုး တို့ အား ပူ ဇော် ရာ ဖြစ် သ ဖြင့် ငါ သည် သင် တို့ ကို နတ် ဆိုး တို့ နှင့် မ ဆက် ဆံ စေ လို ကြောင်း ငါ ဆို၏။အ ရှင် ဘု ရား၏ ဖ လား တော် နှင့် နတ် ဆိုး တို့၏ ဖ လား ကို သင် တို့ မ သောက် နိုင်။ အ ရှင် ဘု ရား၏ စား ပွဲ တော် နှင့် နတ် ဆိုး တို့၏ စား ပွဲ ကို မ သုံး ဆောင် နိုင်။
သင် တို့ တိုက် ယူ မည့် လူ မျိုး ခြား တို့ သည်၊ ဗေ ဒင် ဆ ရာ၊ ဟူး ရား ဆ ရာ တို့ စ ကား ကို၊ နာ ယူ လေ့ ရှိ ကြ သည် မှန်၏။ သင် တို့ ကို ကား၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ခွင့် ပြု တော် မ မူ ချေ။
လွန် ဆန် မှု သည် နတ် ဟော ခြင်း ပြစ် မှု နှင့် လည်း ကောင်း၊ မ ခန့် ညား မှု သည် ရုပ် တု ကိုး ကွယ် ခြင်း ပြစ် မှု နှင့် လည်း ကောင်း၊ တူ မျှ ၏။ ထာ ဝ ရ ဘု ရား၏ အ မိန့် တော် ကို သင် ပယ် သော ကြောင့် ထာ ဝ ရ ဘု ရား လည်း သင့် ကို ဘု ရင့် အ ဖြစ် မှ ပယ် တော် မူ ပြီ ဟု ဆို ရာ အ ကျွန်ုပ် ပြစ် မှား မိ ပါ ပြီ။
သို့ သော် လည်း လူ မျိုး တော့် ဘောင် တွင် မိ စ္ဆာ ပ ရော ဖက် များ ဟော ဘူး သည့် နည်း တူ ဂိုဏ်း ခွဲ၍ ဖျက် ဆီး သော သြ ဝါ ဒ များ ကို လျှို့ တ ဝှက် ပေး သွင်း လျက် ကိုယ် ကို ဝယ် ယူ တော် မူ သော သ ခင် ကို ငြင်း ဆို လျက် ကိုယ့် အ ပေါ် သို့ ပျက် စီး ခြင်း ဘေး ကို လျင် မြန် စွာ ရောက် စေ မည့် မိ စ္ဆာ ဆ ရာ များ လည်း သင် တို့ ဘောင် တွင် ပေါ် မည် အ လျောက်၊
မိ စ္ဆာ ခ ရစ်၊ မိ စ္ဆာ ပ ရော ဖက် များ သည် ပေါ် လာ၍ ရွေး ကောက် တော် မူ သော သူ တို့ ကို ပင် ဖြား ယောင်း၍ ရ နိုင် လျှင် ရ လောက် အောင် ကြီး စွာ သော နိ မိတ် လ က္ခ ဏာ များ၊ အံ့ ဖွယ် ရာ များ ကို ပြ ကြ လိမ့် မည်။
ယော ရှိ မင်း သည် ဗိ မာန် တော်၌ ပ ရော ဟိတ် ဟိ လ ခိ တွေ့ သော ပ ည တ္တိ ကျမ်း ချက် များ ကို အ တည် ပြု အံ့ သော ငှါ ယေ ရု ရှ လင် မြို့ မှ စ၍ ယု ဒ တစ် ပြည် လုံး၌ တွေ့ ရှိ သ မျှ က ဝေ၊ မှော် ဆ ရာ၊ တေ ရပ် အ ရုပ် နှင့် အ ခြား ရုပ် တု မှ စ သော စက် ဆုပ် ဖွယ် ဘု ရား အ မျိုး မျိုး ကို ဖွဲ ပြာ ဖြစ် စေ လေ၏။
ရုပ် ခ န္ဓာ ဆိုင် ရာ အ ကျင့် များ တည်း ဟူ သော မေ ထုန် မှီ ဝဲ ခြင်း၊ ညစ် ညူး ခြင်း၊ ကာ မ ဂုဏ် လိုက် စား ခြင်း၊နား ထောင် ကြ ဦး။ ငါ ပေါ လု ဆို သည် ကား သင် တို့ သည် လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ ယူ လျှင် ခ ရစ် တော် ကြောင့် အ ကျိုး မ ရှိ။ရုပ် ပွား ကိုး ကွယ် ခြင်း၊ နတ် ဟော ခြင်း၊ ရန် ညိုး ဖွဲ့ ခြင်း၊ ခိုက် ရန် ဖြစ် ခြင်း၊ ပြိုင် ဆိုင် ခြင်း၊ အ မျက် ထွက် ခြင်း၊ ဖီ ဆန် ခြင်း၊ အ ယူ ခြား နား ခြင်း၊ ဂိုဏ်း ကွဲ ခြင်း၊ ငြူ စူ ခြင်း၊
သင် တို့ တွင်၊ သား သ မီး တို့ ကို မီး ဖြင့် ဆက် ကပ် သူ၊ ဟူး ရား အ တတ်၊ ဗေ ဒင် အ တတ်၊ဇော် ဂ နီ အ တတ် လေ့ လာ သူ၊ စုန်း တတ် သူ၊ မ န္တာန် ရွတ် တတ် သူ၊ က ဝေ၊ မှော် ဆ ရာ၊ လူ သေ တို့ ထံ မေး မြန်း သူ၊ တစ် ဦး တစ် ယောက် မျှ မ ရှိ စေ ရ။ထို ဓ လေ့ များ ကို လေ့ လာ သူ တို့ သည် ထာ ဝ ရ ဘု ရား မျက် မှောက် ရွံ ရှာ ဖွယ် ဖြစ်၍၊ ၎င်း ရွံ ရှာ ဖွယ် ဓ လေ့ များ အ တွက် သင် တို့ ရှေ့ က၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား နှင် ထုတ် တော် မူ ၏။
အ ကြင် သူ သည် က ဝေ၊ မှော် ဆ ရာ တို့ သို့ လွှဲ၍ လိုက် လျှောက် မှား ယွင်း အံ့။ ထို သူ့ ကို ငါ မျက် နှာ ထား လျက် အ မျိုး ဘောင် မှ ပယ် ရှား လိမ့် မည်။
လေ သံ နှင့် ရွတ် တတ် သော က ဝေ နှင့် မှော် ဆ ရာ တို့ ထံ မေး မြန်း ကြ လော့။ လူ မျိုး တိုင်း ကိုယ့် နတ် များ ထံ မေး မြန်း ခြင်း၊ ရှင် သူ တို့ အ တွက် သေ သူ တို့ ထံ မေး မြန်း ခြင်း မ ပြု အပ် သ လော ဟု၊ သင် တို့ အား တိုက် တွန်း ကြ ပါ က၊
သို့ ဖြစ်၍ ရှော လု မင်း က၊ ငါ သွား ရောက် မေး မြန်း နိုင် သော က ဝေ မ တစ် ယောက် ကို ရှာ ကြ လော့ ဟု ကျွန် ရင်း တို့ အား မိန့် ဆို သော အ ခါ အ ဒေါ ရ မြို့ တွင် က ဝေ မ တစ် ယောက် ရှိ ပါ သည် ဟု တင် လျှောက် ကြ သည့် အ တိုင်း
သား တော် ကို မီး ဖြင့် ဆက် ကပ်၍ ဗေ ဒင် အ တတ် နှင့် ဇော် ဂ နီ အ တတ် ကို လေ့ လာ လျက် က ဝေ နှင့် မှော် ဝင် တို့ ကို ချီး မြှင့် လျက် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် အ မျက် တော် တိုက် ဆိုး သွမ်း မှု ကို များ စွာ ပြု လေ၏။
သား တော် သ မီး တော် တို့ ကို ဟိ န္နုံ ချိုင့် တွင် မီး ဖြင့် ဆက် ကပ်၍၊ ဗေ ဒင်၊ ဇော် ဂ နီ နှင့် ပ ရော ဂ အ တတ် ကို လေ့ လာ လျက်၊ က ဝေ နှင့် မှော် ဝင် တို့ ကို ချီး မြှင့် လျက်၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင်၊ အ မျက် တော် တိုက် ဆိုး သွမ်း မှု ကို များ စွာ ပြု လေ ၏။
ယောက်ျား ဖြစ် စေ၊ မိန်း မ ဖြစ် စေ၊ က ဝေ မှော် ဆ ရာ ပါ လျှင် ခဲ ပစ် သတ် ဒဏ် ခံ ကြ စေ။ ချင်း တို့ အ သွေး သည် ချင်း တို့ အ ပေါ်၌ တည် ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ၏။
သင် သည် အ တိုင် အ ပင် များ ပြား သ ဖြင့်၊ ညီး လှ လေ စွ။ အာ ကာ သ ကို ပိုင်း ခြား ခြင်း၊ ကြယ် န က္ခတ် ကို ရှု မှတ် ခြင်း၊ သင်၌ ဖြစ် ပျက် အံ့ သော အ ရာ များ ကို လ စဉ် ကြား ပြော ခြင်း ပြု တတ် သူ တို့ သည်၊ ရပ် တန့် လျက် သင့် ကို ကယ် မ ကြ စေ။
သင် တို့ မှာ မူ၊ ဗာ ဗု လုန် ဘု ရင် ၏ အ မှု ကို မ ထမ်း ကြ ရ ဟု ဆို သူ၊ ကိုယ့် ပ ရော ဖက်၊ ဟူး ရား ဆ ရာ၊ အိပ် မက် ဆ ရာ၊ ဗေ ဒင် ဆ ရာ၊ မှော် ဆ ရာ များ တို့ သည်၊ နေ ရင်း ပြည် မှ ငါ နှင် ထုတ် သည့် အ တိုင်း၊ ဝေး ကွာ စွာ နေ ရ သော သင် တို့ ပျက် စီး ကြ စေ ခြင်း ငှာ၊ မု သာ ဟော ပြော ကြ သော ကြောင့်၊ သူ တို့ စ ကား ကို နား မ ထောင် ကြ လင့်။
ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး တော် မူ သည် ဟု၊ ငါ ထာ ဝ ရ ဘု ရား စေ လွှတ် ခြင်း ကင်း လျက် ဆို တတ် သော ပ ရော ဖက် တို့ သည်၊ အ ကျိုး မဲ့ မု သာ ဗေ ဒင် ကို မြော် ကြည့် လျက်၊ ထို အ ချက် တည် မည် ဟု စောင့် စား ကြ၏။
မှော် အ တတ် လေ့ လာ သူ အ များ သည် ကိုယ့် ကျမ်း များ ကို ယူ ဆောင် စု ပုံ၍ ရှိ သ မျှ တို့ ရှေ့ မီး တိုက် ကြ၏။ တန် ဖိုး ကို တွက် စစ် ရာ ငွေ ငါး သောင်း ထိုက် သည် ကို သိ ကြ၏။
ထာ ဝ ရ ဘု ရား က လူ မျိုး ခြား တို့ ကြောက် ရွံ့ သော၊ မိုး ကောင်း ကင် နိ မိတ် လ က္ခ ဏာ များ ကြောင့် ကြောက် ရွံ့ လျက်၊ ၎င်း တို့ အ လေ့ အ လာ ကို သင် လျက် မ နေ ကြ လင့်။
သင် တို့ သည် အ ကျိုး မဲ့ မြော် မြင် ခွင့်၊ ဗေ ဒင် ဟော ခွင့်၊ ရ ကြ တော့ မည် မ ဟုတ်။ သင် တို့ လက် မှ လူ မျိုး တော် ကို ကယ် လွှတ် အံ့ သော ကြောင့်၊ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် သည် ကို သိ ရ ကြ လ တ္တံ့ ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ဆင့် ဆို လော့ ဟူ ၍ တည်း။
တစ် နေ့ ချင်း ပင် သား ဆုံး ခြင်း၊ လင် ဆုံး ခြင်း တည်း ဟူ သော ဘေး နှစ် မျိုး သည်၊ ရှောင် တ ခင် သင့် ရောက် လိမ့် မည်။ သင်၌ မ န္တာန် မြောက် မြား ၍၊ ဝိ ဇ္ဇာ အ တတ် လွန် ကဲ သော် လည်း အ ကုန် အ စင် သင့် ရောက် လိမ့် မည်။
လော ဘ ဇော ကြီး သော ဝံ ပု လွေ့ သ ဘော ရှိ သော် လည်း သိုး ရေ ဝတ် လျက် ပင် သင် တို့ ထံ လာ တတ် သော မိ စ္ဆာ ပ ရော ဖက် တို့ ကို ကြဉ် ရှောင် ကြ လော့။
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် က လည်း သင် တို့ ဘောင် ရှိ ပ ရော ဖက် နှင့် ဟူး ရား ဆ ရာ တို့ လှည့် ဖြား ခြင်း ကို မ ခံ ကြ လင့်။ မြင် သော ကိုယ့် အိပ် မက် များ ကို လည်း မ ယုံ ကြ လင့်။
ထို အ ခါ နိ မိတ် ပြ လျက် အ န န္တ တန် ခိုး ရှင် ဘု ရား သ ခင့် နေ့ တော် ကြီး စစ် ပွဲ သို့ တစ် လော က လုံး ရှိ ဘု ရင် မင်း တို့ ကို စု ရုံး စေ ရန် ထွက် သွား သည့် မ သန့် သော ဝိ ညာဉ်၊ နတ် ဆိုး သုံး ကောင် သည် န ဂါး၏ ခံ တွင်း၊ သား ရဲ၏ ခံ တွင်း၊ မိ စ္ဆာ ပ ရော ဖက်၏ ခံ တွင်း များ မှ ဖား သ ဖွယ် ထွက် လာ ပြီး လျှင်၊
ငွေ မံ ဆင်း တု၊ ရွှေ မွမ်း ရုပ် ပွား များ ကို မ သန့် ဟု မှတ်၍၊ သွား လေ တော့ ဟု ဆို လျက်၊ ရွံ ရှာ ဖွယ် ရာ ကဲ့ သို့ ပစ် လိုက် ကြ သ ဖြင့်၊
ငယ် ရွယ် စဉ် က ပင်၊ သင် လုံ့ လ ပြု ခဲ့ သော မ န္တ ရား နှင့် ဝိ ဇ္ဇာ အ တတ် အ မြောက် အ မြား ကို သာ မှီ ဝဲ လော့။ အ ကျိုး ရ ကောင်း ရ လိမ့် မည်။ ခြိမ်း ချောက် တတ် ကောင်း တတ် လိမ့် တ ကား။
အ မြော် အ မြင် ဆ ရာ တို့ ရှက် ကွဲ လျက်၊ ဗေ ဒင် တတ် တို့ ကျိုး ယုတ် လျက်၊ ငါ ဘု ရား သ ခင် ဗျာ ဒိတ် မ ပေး သည့် အ တွက်၊ ရှိ သ မျှ တို့ နှုတ် ကို ဖုံး ထား ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ ၏။
ချစ် သူ တို့၊ မိ စ္ဆာ ပ ရော ဖက် အ များ သည် ဤ လော က ထဲ သို့ ထွက် သွား ကြ ပြီ ဖြစ် သော ကြောင့် ဝိ ညာဉ် တိုင်း ကို မ ယုံ ဘဲ ဘု ရား သ ခင့် ဘက် တော် ပါ ဟုတ် မ ဟုတ် စံ ချ ကြ လော့။
အ ရှေ့ ပြည် ဓ လေ့ နှင့် ပြည့်၍။ ဖိ လိ တ္တိ လူ မျိုး တို့ ကဲ့ သို့ ဗေ ဒင် ဆ ရာ လုပ် ကြ သည့် ပြင်၊ တစ် ပါး အ မျိုး သား တို့ နှင့် လက် ဆက် ကြ သော ကြောင့်၊ ယာ ကုပ် အ နွယ် တည်း ဟူ သော လူ မျိုး တော် ကို၊ ကိုယ် တော် စွန့် ပစ် တော် မူ ခဲ့ လေ စွ။
ညွှတ် ကွင်း အ ဖြစ် မိ ကြ ရာ၊ ရုပ် ပွား များ ကို ဝတ် ပြု သည့် ပြင်၊သား သ မီး တို့ ကို ပင်၊ နတ် ဆိုး တို့ အား ယဇ် ပူ ဇော် လျက်၊
ငါ စေ လွှတ် ခြင်း၊ မိန့် မှာ ခြင်း ကင်း လျက်၊ မု သာ အိပ် မက် များ ကို ဟော ပြော ပြန် ကြား ၍၊ မု သာ ဆို ခြင်း၊ ဝါ ကြွား ခြင်း များ ဖြင့်၊ ငါ့ လူ မျိုး တော် ကို အ ကျိုး မ ပေး တတ် သော လမ်း လွှဲ စေ သူ၊ ထို ပ ရော ဖက် တို့ တစ် ဘက် ၌ ငါ နေ သည် ဟူ၍ လည်း ကောင်း၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
ထို သို့ ရှော လု မင်း သည် ထာ ဝ ရ ဘု ရား၏ အ မိန့် တော် ကို မ နာ မ ယူ ဘဲ ထာ ဝ ရ ဘု ရား၏ သ စ္စာ တော် ကို ဖောက် ကျော် သော ကြောင့် လည်း ကောင်း၊ ထာ ဝ ရ ဘု ရား ထံ မ မေး မ လျှောက်၊ က ဝေ မ ထံ မေး မြန်း သော ကြောင့် လည်း ကောင်း ကွယ် လွန် ရ၏။ ထာ ဝ ရ ဘု ရား ထို မင်း ကို ကွပ် မျက်၍ နိုင် ငံ တော် ကို ယေ ရှဲ သား၊ ဒါ ဝိဒ် သို့ လွှဲ အပ် တော် မူ၏။
ထို သို့ ဖြစ် ကြ သည် မှာ အံ့ သြ ဖွယ် မ ဟုတ်။ စာ တန် ပင် အ လင်း စေ တ မန် တော် ယောင် ဆောင် တတ် သည် ဖြစ်၍ ချင်း အ မှု ဆောင် တို့ သည်၊
မိ စ္ဆာ ပ ရော ဖက် တို့ နိ မိတ် များ ကို ပယ် ဖျောက် ခြင်း၊ ဗေ ဒင် တတ် တို့ ကို ရူး သွပ် စေ ခြင်း၊ ပ ညာ ရှိ တို့ ကို မှောက် လှန်၍၊ ၎င်း တို့ ပညာ ကို မိုက် စေ ခြင်း များ ပြု တော် မူ ထ သော၊
ကြောက် ရွံ့ သူ၊ သ စ္စာ မဲ့ သူ၊ ရွံ့ ရှာ ဖွယ် ပြု သူ၊ လူ သတ် ဖြစ် သူ၊ မ တ ရား မေ ထုန် ကျင့် သူ၊ နတ် ဟော သူ၊ ရုပ် ပွား ကိုး ကွယ် သူ မှ စ ၍ မု သာ သုံး သူ ဟူ သ မျှ ကား ဒု တိ ယ သေ ခြင်း တည်း ဟူ သော တောက် လောင် ရာ ကန့် မီး အိုင် တွင် ဆိုင် ရာ ဝေ ပုံ ခံ ရ ကြ လ တ္တံ့ ဟု ငါ့ အား မိန့် တော် မူ၏။
ပ ညတ် တ ရား တော် နှင့် သက် သေ ခံ တော် မူ ချက် ကို မှီ ကပ် ကြ လော့။ ထို ဗျာ ဒိတ် တော် နှင့် မ ညီ ကြ လျှင်၊ နေ အ ရုဏ် ကို မ တွေ့ ရ ကြ။
ရုပ် ပွား ဆင်း တု များ သို့ မ လွှဲ ရ။ ဘု ရား ရုပ် များ ကို မ သွန်း မ လုပ် ကြ ရ။ ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေ တည်း။