အို အ ချင်း လူ၊ ထို သို့ မ မေး သင့်။ ဘု ရား သ ခင့် အား ဆင် ချေ တက် သော သင် ကား မည် သူ နည်း။ ချ ထား သော ပုံ က၊ ပုံ ချ သူ့ အား ငါ့ ကို အ ဘယ် ကြောင့် ဤ သို့ လုပ် ထား ပါ သ နည်း ဟု မေး မြန်း မည် လော။အိုး ထိန်း သည် မြေ စေး တစ် ပုံ ထဲ မှ အိုး ယုတ် အိုး မြတ် လုပ် နိုင် ရန် မြေ စေး ပေါ် တွင် အ ခွင့် မ ရှိ လော။
ထာ ဝ ရ ဘု ရား သည်၊ ကောင်း ကင် ဘုံ၌ ပ လ္လင် တော် ကို တည်၍၊ အာ ဏာ စက် တော် လည်း၊ ရှိ သ မျှ အ ပေါ် တွင် အုပ် စိုး တော် မူ ၏။
လော က၌ နေ ထိုင် သူ ရှိ သ မျှ တို့ သည် အ ရေး ယူ တော် မ မူ ဖွယ် ရာ ဖြစ် လျက် ကောင်း ကင် ဗိုလ် ခြေ တို့ တွင် လည်း ကောင်း၊ လော က၌ နေ ထိုင် သူ တို့ တွင် လည်း ကောင်း စီ ရင် ပြု ပြင် တော် မူ၏။ မည် သို့ ပြု သ နည်း ဟု ဆို လျက် လက် ရုံး တော် ကို ဆီး ကာ နိုင် သူ မ ရှိ။
လူ၏ စိတ် နှ လုံး၌ အ ကြံ အ စည် များ သော် လည်း၊ ထာ ဝ ရ ဘု ရား အ ကြံ တော် သာ လျှင် တည် လိမ့် မည်။
နှံ ကောင် သ ဖွယ် လူ တို့ ထိုင် ရာ မြေ ပ ထ ဝီ အ ထက်၊ မိုး ပိ တာန် ပေါ် စံ နေ တော် မူ ထ သော၊ ပိတ် ချော ကဲ့ သို့ မိုး ကောင်း ကင် ကို ကြက်၍၊ နေ ရာ တဲ ရှင် ကဲ့ သို့ ဖြန့် တော် မူ သော အ ရှင် ပေ တည်း။
ထာ ဝ ရ ဘု ရား သည် မိုး၊ မြေ၊ သ မု ဒ္ဒ ရာ နှင့် ရေ ထု ရှိ သ မျှ ၌၊ သ ဘော တော် မြတ် ရာ ပြု တော် မူ ခဲ့ ပြီ။
ခ ရစ် တော်၌ ဦး စွာ မျှော် လင့် လျက် နေ ခဲ့ ကြ သော ငါ တို့ သည် ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မွမ်း ရာ အ ကြောင်း ဖြစ် စေ ခြင်း ငှါ ကြံ ရွယ် သော သ ဘော တော် အ လိုက် အ ရာ ရာ ကို ပြု ပြင် တော် မူ သော အ ရှင်၏ အ ကြံ တော် နှင့် အ ညီ တင် ရင် မှတ် သား တော် မူ ခြင်း ခံ ပြီး လျှင် ထို အ ရှင် အား ဖြင့် ပိုင် ရာ တော် ဖြစ် ကြ လေ ပြီ။
အို ထာ ဝ ရ ဘု ရား၊ ဘုန်း ကြက် သ ရေ အာ နု ဘော် တော် နှင့် မ ဟာ တန် ခိုး တော် သည် ကိုယ် တော့် မှာ သာ ရှိ ပါ ၏။ မိုး မြေ ၌ ရှိ သ မျှ သည် ကိုယ် တော် ပိုင် ဖြစ် ပါ ၏။ အို ထာ ဝ ရ ဘု ရား နိုင် ငံ တော် လည်း ပိုင် ရာ တော် ဖြစ် ၍ ကိုယ် တော် သည် အ ထွဋ် အ မြတ် ဆုံး ဖြစ် တော် မူ ပါ ၏။အ ရာ ခပ် သိမ်း တို့ ကို အုပ် စိုး တော် မူ သည့် အ တိုင်း စည်း စိမ် ချမ်း သာ ဂုဏ် အ သ ရေ သည် အ ထံ တော် မှ ရောက် လာ ပါ၏။ လက် ရုံး တော် တွင် တန် ခိုး တော်၊ အ စွမ်း တော် ရှိ၍ လူ ခပ် သိမ်း တို့ အား ကြီး မြင့် ခြင်း၊ ခွန် အား ရှိ ခြင်း များ ကို ပေး တော် မူ နိုင် ပါ ၏။
အ ရာ ခပ် သိမ်း ကို တပ် နိုင် တော် မူ သ ဖြင့်၊ မည် သည့် ပြ ဋ္ဌာန်း တော် မူ ချက် ကို မျှ မ ဆီး တား နိုင် ကြောင်း ကို၊ အ ကျွန်ုပ် သိ ပါ၏။
အ ရာ ခပ် သိမ်း သည် ကိုယ် တော် မှ၊ ကိုယ် တော် ဖြင့်၊ ကိုယ် တော့် အ ဖို့ ဖြစ်၏။ က မ္ဘာ အ ဆက် ဆက် ဘုန်း တော် ကြီး ပါ စေ သ တည်း။ အာ မင်။
ယ ခု မှ စ၍ လည်း၊ ငါ သာ လျှင် ငါ ဖြစ် သည့် အ လျောက်၊ လက် တော် မှ လွှတ် နိုင် သူ မ ရှိ။ ငါ စီ ရင် ပြီ။ မည် သူ ဖျက် သိမ်း နိုင် သ နည်း ဟု မိန့် တော် မူ ၏။
မြေ ကြီး အ စွန်း အ ဖျား ရှိ သ မျှ ပင် သ တိ ရ၍၊ ထာ ဝ ရ ဘု ရား အ ထံ တော် သို့ ပြန် လာ လျက်၊ လူ အ မျိုး အ နွယ် ခပ် သိမ်း တို့ သည်၊ ရှေ့ တော်၌ ရှိ ခိုး ရ ကြ လိမ့် မည်။
မြေ ပ ထ ဝီ ကို ငါ တည် သော အ ခါ၊ သင် ဘယ် မှာ ရှိ သည် ကိုလည်း ကောင်း၊ အ လုံး အ ဝန်း ကို မည် သူ စီ ရင် လျက် တိုင်း တာ ကြိုး ဆွဲ ခဲ့ သည် ကိုလည်း ကောင်း၊ သင်၌ ဉာဏ် ပ ဋိ ဘာန် ရှိ၍ သိ လျှင်၊ ဖော် ပြ လော့။
ငါ တို့ အ ရှင် ဘု ရား သည် မြင့် မြတ်၍ တန် ခိုး တော် ကြီး လျက်၊ အ န န္တ ဉာဏ် တော် နှင့် ပြည့် စုံ တော် မူ၏။
နတ် ဘု ရင် များ၊ နတ် မင်း များ၊ အုပ် စိုး ရှင် များ၊ အာ ဏာ ရှင် များ မှ စ၍ ကောင်း ကင် နှင့် မြေ ကြီး ရှိ ရူ ပ၊ အ ရူ ပ အ ရာ ခပ် သိမ်း ကို ကိုယ် တော်၌၊ ကိုယ် တော် ဖြင့်၊ ကိုယ် တော့် အ ဖို့ ဖန် ဆင်း၍ ထား တော် မူ၏။ကိုယ် တော် သည် အ ရာ ခပ် သိမ်း အ ရင် ဖြစ် တော် မူ၏။ အ ရာ ခပ် သိမ်း လည်း ကိုယ် တော် ကြောင့် တည် မြဲ၏။
ဤ မြေ ကြီး နှင့် ကြွယ် ဝ ပြည် စုံ သ မျှ၊ လော က နှင့် နေ ထိုင် သ မျှ တို့ သည်၊ ထာ ဝ ရ ဘု ရား ပိုင် တော် မူ ရာ ဖြစ် ၏။
အ ဘယ့် ကြောင့် ဆို သော်၊ ထာ ဝ ရ ဘု ရား က၊ ငါ့ အ ကြံ အ စည် သည် သင် တို့ အ ကြံ အ စည် နှင့် လည်း ကောင်း၊ ငါ၏ နည်း လမ်း လည်း သင် တို့ နည်း လမ်း နှင့်လည်း ကောင်း ထူး ခြား ၍၊မြေ ကြီး ထက် မိုး ကောင်း ကင် မြင့် သည် နှင့် အ မျှ၊ ငါ၏ နည်း လမ်း သည် သင် တို့ နည်း လမ်း ထက် လည်း ကောင်း၊ ငါ၏ အ ကြံ အ စည် သည် သင် တို့ အ ကြံ အ စည် ထက် လည်း ကောင်း၊ မြင့် မြတ်၏။
စာ က လေး နှစ် ကောင် ကို ပိုက် ဆံ တစ် ပြား နှင့် ရောင်း ကြ သည် မ ဟုတ် လော။ သင် တို့ အ ဘ ခွင့် ပြု တော် မ မူ ဘဲ တစ် ကောင် မျှ မြေ သို့ မ ကျ ရ။ဖိ လိ ပ္ပု နှင့် ဗာ သော လ မဲ၊ သော မ နှင့် အ ခွန် ကောက် မဿဲ၊သင် တို့၏ ဦး ဆံ ရှိ သ မျှ ကို ပင် ရေ တွက် လျက် ထား တော် မူ၏။သို့ ဖြစ်၍ မ ကြောက် ကြ နှင့်။ စာ က လေး အ များ ထက် သင် တို့ သည် မြတ်၏။
၎င်း ပြင် အ ကြံ တော် နှင့် အ ညီ ခေါ် ထား တော် မူ သူ၊ ဘု ရား သ ခင် ကို ချစ် ကြည် မြတ် နိုး သူ တို့ ကောင်း ကျိုး အ လို့ ငှါ အ ရာ ခပ် သိမ်း ဝိုင်း ညီ ပြု စု လျက် ရှိ ကြောင်း၊
ငါ သည် သင့် ကို စစ် ဆေး ခဲ့ ပြီ။ ငွေ နည်း တူ မ ဟုတ်။ ဒု က္ခ တည်း ဟူ သော မိုက် တွင် ချ စမ်း ခဲ့ ပြီ။နာ မ တော် သည် ရှုတ် ချ ခံ ခဲ့ ရ သော် လည်း၊ ကိုယ့် အ တွက် သာ ငါ စီ ရင် လိမ့် မည်။ ငါ့ ဘုန်း တော် ကို သူ တစ် ထူး အား လွှဲ အပ် မည် မ ဟုတ်။
ထို သား တော် သည် ဘုန်း တော်၏ ရောင် ခြည် အ တ္တ တော်၏ ပုံ သ ဏ္ဌာန် ဖြစ် လျက် တန် ခိုး တော့် ဆိုင် ရာ အ မိန့် တော် ဖြင့် အ ရာ ခပ် သိမ်း ကို ထမ်း လျက် ငါ တို့ အ ပြစ် များ ကို သန့် စေ ပြီး လျှင် ဘ ဝဂ် ရှိ ဘုန်း တန် ခိုး တော် ရှင်၏ ယာ ဘက် တော်၌ စံ တော် မူ ရာ၊
အ ရာ ခပ် သိမ်း သည် ကိုယ် တော်၏ အ သုံး တော် ခံ ဖြစ်၍၊ ဆုံး ဖြတ် တော် မူ ချက် များ လည်း၊ ယ နေ့ တိုင် တည် မြဲ ပါ ၏။
လူ သည်၊ ကိုယ့် အ လေ့ အ လာ များ ကို ကြံ စည် ရ သော် လည်း၊ ခြေ လှမ်း များ ကို၊ ထာ ဝ ရ ဘု ရား စီ စဉ် တော် မူ၏။
ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ နိ ယ မ ကျောက် တောင် ဖြစ် တော် မူ သော ကြောင့်၊ ကိုယ် တော်၌ အ စဉ် အ မြဲ ကိုး စား ကြ လော့။
ကောင်း ကင် ကို တိမ် တိုက် များ နှင့် ဖုံး လွှမ်း လျက်၊ မြေ ကြီး ဖို့ မိုး ရေ ပြင် ဆင် လျက်၊ တောင် များ ပေါ် မှ မြက် ပေါက် စေ တော် မူ ၏။တိ ရ စ္ဆာန် များ ကို လည်း ကောင်း၊ အော် လျက် နေ သော ကျီး အ သား ငယ် များ ကို လည်း ကောင်း၊ ကျွေး မွေး တော် မူ ၏။
ဘု ရား သ ခင် သည် တစ် ကြိမ် တည်း ဗျာ ဒိတ် ပေး တော် မူ သည် မှာ၊ တန် ခိုး သည် ဘု ရား သ ခင် နှင့် စပ် ဆိုင် သည်။
ငါ တို့၌ ပြု ပြင် သော တန် ခိုး တော် နှင့် အ ညီ၊ ငါ တို့ ထင် မြင် တောင်း လျှောက် သ မျှ ထက် ကြွယ် ဝ စွာ သ နား တော် မူ နိုင် သော အ ရှင် သည် အ သင်း တော်၌ လည်း ကောင်း၊ ခ ရစ် တော် ယေ ရှု၌ လည်း ကောင်း၊ လူ မျိုး အ ဆက် ဆက် ကာ လ အ စဉ် ဘုန်း တော် ကြီး ပါ စေ သ တည်း။ အာ မင်။
မြေ ကြီး နှင့် ရှိ ရှိ သ မျှ မှ စ၍ ဘ ဝဂ် အ ထိ ကောင်း ကင် အ ထပ် ထပ် ကို၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပိုင် တော် မူ လျက် ပင်၊
ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ မိုး ကောင်း ကင် သည် ငါ့ ပ လ္လင်၊ မြေ ကြီး သည် ငါ့ ခြေ တင် ရာ ဖြစ် သည် နှင့်၊ မည် သို့ သော ဗိ မာန် ကို ငါ့ အ ဖို့ တည် ဆောက် ကြ မည် နည်း။ မည် သို့ သော နေ ရာ၌ ငါ ကိန်း ဝပ် ရာ ကို ဖြစ် စေ ကြ မည် နည်း။
ထာ ဝ ရ ဘု ရား သည် စိုး စံ၍ အာ နု ဘော် နှင့် ဆင် ယင် တော် မူ၏။ ထာ ဝ ရ ဘု ရား သည် ထို သို့ ဆင် ယင် လျက်၊ ခွန် အား နှင့် ပတ် စည်း တော် မူ၏။ ဤ လော က လည်း မ လှုပ် မ ရှား ရ ဘဲ၊ တည် လျက် ရှိ၏။
ဘု ရင် မင်း ၏ စိတ် နှ လုံး သည်၊ ရေ မြောင်း များ ကဲ့ သို့ ထာ ဝ ရ ဘု ရား ၏ လက် တော် ၌ ရှိ ၍၊ အ လို တော် အ တိုင်း သွယ် စေ တော် မူ ၏။
ကောင်း ကင် ဘုံ၌ စံ နေ တော် မူ သော အ ရှင် ဘု ရား ပြုံး ရယ် လျက်၊ ထို သူ တို့ ကို ကဲ့ ရဲ့ တော် မူ လိမ့် မည်။ထို အ ခါ၊ မ သာ မ ယာ သော စိတ် တော် ဖြင့် ဒု က္ခ ရောက် စေ လျက်၊ ငါ ခန့် ထား သော ဘု ရင် ကို သန့် ရှင်း သော ဇိ အုန် တောင် တော် ပေါ် မှာ ငါ တင် မြှောက် ပြီ ဟု အ မျက် တော် နှင့် မိန့် တော် မူ လိမ့် သ တည်း။
သို့ ဖြစ် လျှင် ဤ အ ကြောင်း အ ရာ များ ကို ထောက် သော် မည် သို့ ဆို ရ အံ့ နည်း။ ဘု ရား သ ခင် သည် ငါ တို့ ဘက်၌ ရှိ တော် မူ လျှင် တစ် ဘက်၌ ရှိ ဝံ့ သူ ကား မည် သူ နည်း။
အ ကျွန်ုပ်၏ သ န္ဓေ ကို မြင် တော် မူ လျက်၊ အင်္ဂါ များ ကို နေ့ စဉ် ပြု ပြင်၍ တစ် စုံ တစ် ခု မျှ မ ပြီး သေး မီ ကာ လ တွင်၊ စာ ရင်း တော် ၌ အ ကုန် အ စင် မှတ် သား လျက် ရှိ ခဲ့ ပါ ၏။
မ စွန့် မ ပယ် ဘဲ ငါ ရွေး ချယ် သည့် အ လျောက်၊ သင် နှင့် အ တူ ငါ ရှိ သ ဖြင့်၊ မ ကြောက် လင့်။ ငါ သည် သင်၏ ဘု ရား သ ခင် ဖြစ် သော ကြောင့်၊ မ စိုး ရိမ် နှင့်။ သင့် ကို ခိုင် ခံ့ စွာ ထောက် မ မည့် ပြင်၊ အောင် ပွဲ ရ ညာ လက် ရုံး ဖြင့် ထောက် ပင့် လိမ့် မည်။
ဟာ လေ လု ယ၊ ကောင်း ကင် ဘုံ မှ ထာ ဝ ရ ဘု ရား ကို ချီး မွမ်း ကြ လော့။ ဘ ဝဂ် ပေါ် မှ ချီး မွမ်း ကြ လော့။တွား တတ် သော တိ ရ စ္ဆာန် နှင့် ပျံ တတ် သော ငှက် မှ စ၍၊မြေ ကြီး ရှင် ဘုရင် တို့ နှင့် ပြည် သူ ပြည် သား ရှိ သ မျှ၊ မြေ ကြီး ပေါ် ရှိ မှူး မတ် တို့ နှင့် တ ရား မင်း ရှိ သ မျှ၊လူ ပျို နှင့် အ ပျို တို့၊ သူ အို နှင့်၊ သူ ငယ် ရှိ သ မျှ တို့၊ ထာ ဝ ရ ဘု ရား ကို ချီး မွမ်း ကြ လော့။နာ မ တော် တစ် ပါး တည်း သာ လျှင် မြင့် မြတ် လျက်၊ ဘုန်း တော် သည် မြေ ကြီး နှင့် ကောင်း ကင် ထက် ကြီး မြတ် သော ကြောင့်၊ ထာ ဝ ရ ဘု ရား ၏ နာ မ တော် ကို ချီး မွမ်း ကြ စေ။အ ပါး တော် ၌ ရှိ နေ ရ သော လူ မျိုး၊ ဣ သ ရေ လ အ မျိုး သား ဖြစ် သူ၊ ကိုယ် တော် ကို ကြည် ညို သူ အ ပေါင်း တို့ ၏ သ ဒ္ဓိ တင် ရာ ဖြစ် သော ဦး ချို ကို၊ ချီး မြင့် တော် မူ ၏။ ဟာ လေ လု ယ။စေ တ မန် တော် အ ပေါင်း တို့၊ ချီး မွမ်း ကြ လော့။ ဗိုလ် ခြေ တော် အ ပေါင်း တို့၊ ချီး မွမ်း ကြ လော့။နေ နှင့် လ တို့၊ ချီး မွမ်း ကြ လော့။ ထွန်း တောက် သော ကြယ် အ ပေါင်း တို့၊ ချီး မွမ်း ကြ လော့။ကောင်း ကင် အ ထပ် ထပ် နှင့် မိုး ကောင်း ကင် အ ထက် ရှိ ရေ များ တို့၊ ချီး မွမ်း ကြ လော့။ထို အ ရာ များ ကို အ မိန့် တော် နှင့် ဖန် ဆင်း တော် မူ သော ကြောင့်၊ ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို ချီး မွမ်း ကြ စေ။
လက် တော် နှင့် စီ ရင် တော် မူ သည့် ကောင်း ကင် ကို လည်း ကောင်း၊ စီ မံ ထား တော် မူ သည့် လ နှင့် ကြယ် နက္ခတ် များ ကို လည်း ကောင်း၊ အ ကျွန်ုပ် ဆင် ခြင် သော်၊လူ သည် မည် သို့ သော သူ ဖြစ် ၍၊ ကိုယ် တော် အ ရေး ယူ တော် မူ ရ ပါ သ နည်း။ လူ့ သား သည် မည် သို့ သော သူ ဖြစ်၍ ကြည့် ရှု တော် မူ ရ ပါ သ နည်း။
ငါ သည် အ လင်း ကို ပြု ပြင်၍ အ မိုက် ကို လည်း ဖန် ဆင်း၏။ သု ခ ကို စီ ရင်၍ ဒု က္ခ ကို လည်း ဖန် ဆင်း၏။ ထို သို့ သော အ ရာ ရှိ သ မျှ ကို ငါ ထာ ဝ ရ ဘု ရား စီ မံ တော် မူ၏။
ဘု ရား သ ခင်၏ ဘုန်း တော် ကို မိုး ကောင်း ကင် ထုတ် ဖော် လျက်၊ လက် မှု တော် ကို မိုး ပိ တာန် ပြ သ ၏။
လက် တော် ဖြစ် ဟူ သ မျှ ပေါ် တွင်၊ အုပ် စိုး ခွင့် ပြု လျက်၊ သိုး နွား ရှိ သ မျှ ပြင်၊ သား ယဉ် သား ရဲ မှ စ၍၊ လေ သ တ္တ ဝါ၊ ရေ သ တ္တ ဝါ၊ ရေ လမ်း သွား လာ သ မျှ သော တိ ရ စ္ဆာန် တို့ နှင့် အ ရာ ခပ် သိမ်း ကို၊ သူ့ ခြေ အောက် ချ ထား တော် မူ ပါ ပြီ။
ငါ တို့ အ သက် ရှင် သည် မှာ အ ရှင် ဘု ရား အ ဖို့ ရှင်၏။ သေ သည် မှာ လည်း အ ရှင် ဘု ရား အ ဖို့ သေ၏။ ရှင် သည် ဖြစ် စေ၊ သေ သည် ဖြစ် စေ အ ရှင် ဘု ရား ပိုင် ဆိုင် တော် မူ ရာ ဖြစ် ကြ၏။
အို ယာ ကုပ် အ မျိုး၊ ဣ သ ရေ လ အ နွယ်၊ သင့် ကို ဖန် ဆင်း ပြု ပြင် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ မ ကြောက် လင့်၊ သင့် ကို ငါ ရွေး နုတ် ပြီ၊ အ မည် ဖြင့် ခေါ် ပြီ၊ သင် သည် ငါ ပိုင် ဆိုင် ရာ ဖြစ် သည် နှင့် အ ညီ ရေ ဘေး အ တွင်း ကူး သွား ရ လျှင် ငါ ပါ ရှိ မည်။ငါ့ ကို သိ ကျွမ်း ယုံ ကြည် ရန်လည်း ကောင်း၊ ငါ သာ လျှင် ငါ ဖြစ် သည် ဟု နား လည် ရန် လည်း ကောင်း၊ ငါ ထာ ဝ ရ ဘု ရား အ မိန့် တော် အ တိုင်း၊ သင် တို့ သည် ငါ၏ သက် သေ များ၊ ငါ ရွေး ချယ် သော ကျွန် ရင်း ဖြစ် ကြ၏။ ငါ အ ရင် ဘု ရား တစ် ဆူ မျှ မ ပွင့်။ ငါ့ နောက် လည်း၊ ပေါ် မည် မ ဟုတ်။ငါ သာ လျှင် ထာ ဝ ရ ဘု ရား ဖြစ်၏။ ငါ မှ တစ် ပါး၊ ကယ် တင် ပိုင် ရှင် မ ရှိ ချေ။ငါ သည် ဗျာ ဒိတ် ပေး ခြင်း၊ ကယ် တင် ခြင်း၊ ကြား ပြော ခြင်း များ ကို ပြု ခဲ့ ပြီ။ သင် တို့ အ တွင်း အ ခြား သော ဘု ရား မ ရှိ။ ငါ ထာ ဝ ရ ဘု ရား အ မိန့် တော် အ တိုင်း၊ သင် တို့ သည် ငါ၏ သက် သေ များ တည်း။ ငါ လည်း သင် တို့ ဘု ရား ပေ တည်း။ယ ခု မှ စ၍ လည်း၊ ငါ သာ လျှင် ငါ ဖြစ် သည့် အ လျောက်၊ လက် တော် မှ လွှတ် နိုင် သူ မ ရှိ။ ငါ စီ ရင် ပြီ။ မည် သူ ဖျက် သိမ်း နိုင် သ နည်း ဟု မိန့် တော် မူ ၏။သင် တို့ ကို ရွေး နုတ် ပိုင် ရှင်၊ ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ သင် တို့ အ တွက် ဗာ ဗု လုန် မြို့ သို့ ငါ စေ လွှတ် လိုက် ရာ၊ ခါ လ ဒဲ အ မျိုး သား ရှိ သ မျှ တို့ ကို၊ မောက် ကြွား သော သင်္ဘော များ နှင့် လူ ပြေး အ ဖြစ်၊ စုန် ဆင်း စေ လိမ့် မည်။ငါ သည် သင် တို့၏ သန့် ရှင်း သော အ ရှင်၊ သင် တို့၏ ဘု ရင်၊ ဣ သ ရေ လ လူ မျိုး ကို ဖန် ဆင်း သော ထာ ဝ ရ ဘု ရား ဖြစ် သည် ဟု မိန့် တော် မူ ၏။အား ကြီး သော သ မု ဒ္ဒ ရာ၌ လမ်း ခ ရီး ကို ပြု ပြင် တော် မူ ထ သော၊ ရ ထား တပ် မြင်း တပ် နှင့် တ ကွ၊ ဗိုလ် ထု အ လုံး အ ရင်း ကို ထုတ် ဆောင် ပြီး လျှင်၊ မ ထ နိုင် အောင် တစ် ပြိုင် နက် ဖြို လှဲ တော် မူ ထ သော၊ ကုန် ဆုံး စေ ၍ မီး စာ ကဲ့ သို့ ငြိမ်း သတ် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊အ တိတ် ကာ လ ဖြစ် ဖူး သော အ မှု ဟောင်း များ ကို အ မှတ် မ ပြု၊ ဂ ရု မ စိုက် ကြ နှင့်။ငါ သည် အ မှု သစ် ကို စီ ရင် ပြီ တ ကား။ ယ ခု ပင် ပေါ် ပေါက် တော့ မည်။ မ သိ မ မှတ် ကြ လော။ သဲ တော၌ လမ်း ကိုလည်း ကောင်း၊ ဆိတ် ညံ ရာ အ ရပ်၌ မြစ် များ ကိုလည်း ကောင်း၊ ငါ စီ မံ၏။မြစ် များ ကို ကူး သွား ရ လျှင် လွှမ်း မိုး ခြင်း၊ မီး၌ သွား ရ လျှင် ပူ လောင် ခြင်း၊ မီး လျှံ သင့် ခြင်း များ ကို ခံ ရ မည် မ ဟုတ်။
ရင် ခွင်၌၊ မဲ ချ ရန် အ ကြောင်း ပြု လျက် ပင်၊ အ ကျိုး ရှိ သ မျှ ကို ကား၊ ထာ ဝ ရ ဘု ရား စီ ရင် တော် မူ၏။
အ မှု အ ရာ တော် များ နှင့် စပ် လျဉ်း၍ ဖော် ပြ တော် မ မူ သည့် အ တွက်၊ အ ဘယ့် ကြောင့် ဘက် ပြိုင် သ နည်း။လူ သ တိ မ မူ သော် လည်း၊ ဘု ရား သ ခင် သည် တစ် နည်း မ က၊ နှစ် နည်း အား ဖြင့် ဗျာ ဒိတ် ပေး တော် မူ၏။
ကိုယ် တော် သည် ရှေး ကာ လ၌ မြေ ပ ထ ဝီ ကို တည် ထောင် တော် မူ လျက်၊ မိုး ကောင်း ကင် လည်း၊ လက် တော် နှင့် ဖန် ဆင်း တော် မူ ရာ ဖြစ် ပါ ၏။
ဤ အ တတ် မျိုး သည် အံ့ ဖွယ် ရာ အ ကြံ တော်၊ လွန် ကဲ ရာ ပ ညာ တော် နှင့် ပြည့် စုံ သော ဗိုလ် ခြေ တို့ အ ရှင် ထာဝ ရ ဘု ရား ထံ မှ ဖြစ် လာ သ တည်း။
တစ် ဆူ တည်း သော၊ နိ စ္စ ဖြစ် တော် မူ ထ သော၊ မ ချဉ်း ကပ် နိုင် သော အ လင်း၌ စံ နေ၍ လူ တို့ ဒိ ဌ မ ဖူး ဘူး၊ မ ဖူး နိုင် ရာ ဖြစ် တော် မူ ထ သော၊ မင်္ဂ လာ ရှိ သော၊ တစ် ဆူ တည်း သော ဧ က ရာ ဇာ၊ ဘု ရင့် ထက် ဘု ရင်၊ အ ရှင့် ထက် အ ရှင် သည် အ ချိန် တော် ရောက် သည့် ကာ လ ထို ထင် ရှား ခြင်း ကို ပြ သ တော် မူ လိမ့် မည်။ ကိုယ် တော်၌ ထာ ဝ ရ ဘုန်း တော်၊ တန် ခိုး တော် သည် တည် ရှိ ပါ စေ သော။ အာ မင်။
မြေ ပ ထ ဝီ ကို မြဲ မြံ စေ တော် မူ၍၊ တည် နေ သည့် အ တိုင်း၊ သ စ္စာ တော် လည်း လူ မျိုး အ ဆက် ဆက် တည် မြဲ ပါ ၏။
စဉ်း စား ကြ ဦး။ အ ခြား မ ဟုတ်။ ငါ သာ လျှင် ဘု ရား ဖြစ်၏။ ငါ သာ လျှင် အ သက် ပေး ခြင်း နှင့် နုတ် ခြင်း ကိုလည်း ကောင်း၊ ထိ ပါး ခြင်း နှင့် ကု သ ခြင်း ကိုလည်း ကောင်း၊ စီ ရင်၏။
ပု ဆိန် သည် ပေါက် သူ တစ် ဘက်၌ ဝါ ကြွား မည် လော။ လွှ လည်း တိုက် သူ တစ် ဘက်၌ ဝင့် ဝါ မည် လော။ ထို သို့ ဖြစ် ခဲ့ လျှင် လှံ တံ သည် ကိုင် သူ့ ကို လှုပ် နိုင် ရာ၏။ တုတ် လည်း သစ် ဝါး မ ဟုတ် သူ့ ကို ကိုင် မြှောက် နိုင် ရာ၏။
သ ဘော ထား သူ၊ လုံ့ လ ထုတ် သူ ကြောင့် မ ဟုတ်။ သ နား တော် မူ သော ဘု ရား သ ခင် ကြောင့် သာ တည်း။
ထာ ဝ ရ ဘု ရား သည်၊ လူ မျိုး ခြား တို့၏ ပြ ဋ္ဌာန်း ချက် ကို အ ချည်း နှီး၊ လူ မျိုး တို့၏ အ ကြံ အ စည် များ ကို အ ကျိုး မဲ့ ဖြစ် စေ တော် မူ ၏။ထာ ဝ ရ ဘု ရား ၏ ပြ ဋ္ဌာန်း တော် မူ ချက် ကား၊ အ စဉ် မြဲ လျက်၊ နှ လုံး တော် အ ကြံ အ စည် များ လည်း၊ လူ မျိုး အ ဆက် ဆက် တည် ၏။
ထို အ ခါ ယေ ရှု သည် သူ တို့ ထံ ချဉ်း လာ တော် မူ လျက် မိုး မြေ တွင် အ ခွင့် အာ ဏာ ခပ် သိမ်း ကို ငါ အား အပ် နှင်း တော် မူ ပြီ။
ကိုယ် တော့် ကျွန် မ သား ဖြစ် သူ၊ ကျွန် တော် မျိုး ၏ အ ချည် အ နှောင် များ ကို ကိုယ် တော် ဖြည် တော် မူ ပါ ပြီ။ အို ထာ ဝ ရ ဘု ရား၊
ကိုယ် တော် မူ ကား၊ တ သ မတ် တည်း ဖြစ်၍၊ မည် သူ ပြောင်း လဲ စေ နိုင် မည် နည်း။ သ ဘော တော် မြတ် ရာ စီ ရင် တော် မူ သ တည်း။သို့ နှင့် အ ညီ၊ ငါ့ အ ငန်း အ တာ ကို ပြည့် စေ တော် မူ၍၊ ထို သို့ သော အ ရာ များ စွာ ကို စီ ရင် တော် မူ သ ဖြင့်၊
အ ရှင် ထာ ဝ ရ ဘု ရား သည် အ ပါး တော် တွင် ဆု လပ် တော် ကိုလည်း ကောင်း၊ ရှေ့ တော် တွင် အ ကျိုး ဆက် တော် ကိုလည်း ကောင်း၊ ဆောင် လျက်၊ တန် ခိုး တော် နှင့် ကြွ လာ၍၊ လက် ရုံး တော် ဖြင့် အုပ် စိုး တော် မူ ရာ၊သိုး တော် စု ကို သိုး ထိန်း သ ဖွယ် ထိန်း ကျောင်း၍၊ သိုး သား ငယ် များ ကို ချီ ပွေ့ သည့် ပြင်၊ နို့ ငင် သိုး မ များ ကို ဖြည်း ညှင်း စွာ မောင်း နှင် တော် မူ လိမ့် တ ကား။
ထာ ဝ ရ ဘု ရား သည် ကြီး မြတ် တော် မူ ကြောင်း၊ ငါ တို့ အ ရှင် သည် ဘု ရား ဟူ သ မျှ ထက် မြင့် မြတ် တော် မူ ကြောင်း၊ ငါ သိ ၏။ထာ ဝ ရ ဘု ရား သည် မိုး၊ မြေ၊ သ မု ဒ္ဒ ရာ နှင့် ရေ ထု ရှိ သ မျှ ၌၊ သ ဘော တော် မြတ် ရာ ပြု တော် မူ ခဲ့ ပြီ။
ကိုယ် တော် သည် အ ရာ ခပ် သိမ်း အ ရင် ဖြစ် တော် မူ၏။ အ ရာ ခပ် သိမ်း လည်း ကိုယ် တော် ကြောင့် တည် မြဲ၏။
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။
နိုင် ငံ တော် သည် ထာ ဝ ရ ဘု ရား နိုင် ငံ ဖြစ် ၍၊ အာ ဏာ စက် တော် သည် ကာ လ အ စဉ် တည် မြဲ ပါ၏။
မြေ ကြီး သည် အ ညှောက် ပေါ် စေ သ ကဲ့ သို့ လည်း ကောင်း၊ ခြံ လည်း ကြဲ ရာ မျိုး ကို ပေါက် စေ သ ကဲ့ သို့ လည်း ကောင်း၊ အ ရှင် ထာ ဝ ရ ဘု ရား သည် ခပ် သိမ်း သော လူ မျိုး တို့ မျက် မှောက် တွင်၊ အောင် မြင် ခြင်း နှင့် ချီး မွမ်း ခြင်း ကို ပေါက် စေ တော် မူ လိမ့် သ တည်း။
အ ကျိုး ဆက် များ ခြား နား သော် လည်း ရှိ သ မျှ တို့၌ အ မျိုး မျိုး ပြု ပြင် တော် မူ သော ဘု ရား တစ် ဆူ တည်း ရှိ တော် မူ သည့် အ တိုင်း၊
ထာ ဝ ရ ဘု ရား ၏ တ ရား တော် စုံ လင်၍၊ အ သက် ဝိ ညာဉ် ကို အား ဖြည့် တတ်၏။ ထာ ဝ ရ ဘု ရား၏ သက် သေ တော် ဟုတ် မှန်၍၊ မ လိမ္မာ သူ့ ကို လိမ္မာ စေ တတ်၏။ထာ ဝ ရ ဘု ရား၏ နည်း လမ်း တော် များ ဖြောင့် မတ် ၍၊ စိတ် နှ လုံး ကို ရွှင် လန်း စေ တတ် ၏။ ထာ ဝ ရ ဘု ရား ၏ ပ ညတ် တော် စင် ကြယ် ၍၊ စ က္ခု အာ ရုံ ကို လင်း စေ တတ် ၏။ထာ ဝ ရ ဘု ရား ၏အ မိန့် တော် သည် သန့် စင် ၍၊ အ မြဲ တည် တတ်၏။ ထာ ဝ ရ ဘု ရား ၏ ဥပ ဒေ သ တော် များ ဖြောင့် မှန်၍၊ သ စ္စာ နှင့် ပြည့် စုံ လှ ၏။
ထို့ ကြောင့် မည် သူ မ ဆို ငါ ယ ခု ဟော ပြော ချက် ကို ကြား၍ လိုက် နာ လျှင် ကျောက် ပေါ် တွင် အိမ် ဆောက် သော ပ ညာ ရှိ နှင့် ငါ ပုံ နှိုင်း မည်။မိုး ရွာ ခြင်း၊ ရေ တက် ခြင်း၊ လေ ထန် ခြင်း များ သင့်၍ ထို အိမ် ကို တိုက် ခတ် သော် လည်း ကျောက် ပေါ် တွင် အ မြစ် ချ ထား သော ကြောင့် မ ပြို မ လဲ တည် နေ၏။
ဘု ရား သ ခင်၏ ကြွယ် ဝ သော ဉာဏ် ပ ညာ နှင့် အ သိ ပ ညာ တော် သည် အ လွန် နက် နဲ လျက် စီ ရင် တော် မူ ချက် များ ကို ရှာ ဖွေ ၍ မ ရ။ နည်း လမ်း တော် များ ကို လည်း နှိုက်၍ မ မီ နိုင် ပါ တ ကား။ထာ ဝ ရ ဘု ရား၏ ဉာဏ် တော် ကို သိ ကျွမ်း သူ၊ ကိုယ် တော့် တိုင် ပင် သူ ကား မည် သူ နည်း။တုံ့ ပြန် တော် မူ ရ စေ ခြင်း ငှါ မည် သူ ဆက် သ နှင့် ဖူး သ နည်း။အ ရာ ခပ် သိမ်း သည် ကိုယ် တော် မှ၊ ကိုယ် တော် ဖြင့်၊ ကိုယ် တော့် အ ဖို့ ဖြစ်၏။ က မ္ဘာ အ ဆက် ဆက် ဘုန်း တော် ကြီး ပါ စေ သ တည်း။ အာ မင်။
ထာ ဝ ရ ဘု ရား သည်၊ ကာ လ အ စဉ် ဘု ရင် မင်း မြတ် ဖြစ် တော် မူ၍၊ ပြည် တော် ထဲ မှ လူ မျိုး ခြား တို့ ပျောက် ကွယ် ကြ ပြီ။
ထာ ဝ ရ ဘု ရား သည် သန့် ရှင်း သော လက် ရုံး တော် ကို လူ အ မျိုး မျိုး တို့ ရှေ့ ဖော် ပြ တော် မူ ပြီး ဖြစ်၍၊ မြေ ကြီး အ စွန်း အ ဖျား ရှိ သ မျှ ပင်၊ ငါ တို့ ဘု ရား သ ခင် ကယ် တင် တော် မူ ခြင်း ကို ဖူး မြင် ရ ကြ လ တ္တံ့။
ဘု ရား သ ခင် လည်း က တိ ထား ချက် အ တိုင်း အ မွေ ခံ ရ သူ တို့ အား အ ကြံ တော် တည် မြဲ ကြောင်း ဖော် ပြ လို၍ သ စ္စာ ထား ချက် ဖြင့် အာ မ ခံ တော် မူ ၏။သို့ မှ တည် မြဲ ရာ နှစ် ချက် နှင့် စပ်၍ သ စ္စာ ဖျက် တော် မ မူ နိုင် သည် နှင့် အ ညီ ရှေ့၌ ထား သော မျှော် လင့် ရာ ပန်း ကို ဆွဲ ကိုင် ရန် ပြေး ဝင် သော ငါ တို့ သည် ခိုင် ခံ့ စွာ အား ယူ ခွင့် ရ ရှိ ကြ၏။
ထာ ဝ ရ ဘု ရား၏ စ က္ခု တော် သည် ထက် ဝန်း ကျင် အ ရပ် များ၌၊ လူ ဆိုး လူ ကောင်း တို့ ကို ရှု ကြည့် တော် မူ၏။
ရေ လွှမ်း မိုး သည့် ဘေး သင့် ရာ ကာ လ ၌ လည်း ကောင်း၊ ကာ လ အ စဉ် ၌ လည်း ကောင်း၊ ထာ ဝ ရ ဘု ရား သည်၊ ဘု ရင် မင်း မြတ် အ ဖြစ် စံ နေ တော် မူ ၏။
ထာ ဝ ရ ဘု ရား သည် မ ကယ် နိုင် အောင် လက် ရုံး တော် တို သည် မ ဟုတ်။ မ ကြား နိုင် အောင် နား တော် ထိုင်း သည် မ ဟုတ် ချေ။
ဖန် ဆင်း ထား သော အ ရာ များ ကို ထောက် ရှု သ ဖြင့် နိ စ္စ တန် ခိုး တော် နှင့် ဘု ရား အ ဖြစ် တော် တည်း ဟူ သော ကွယ် ဝှက် ရာ များ ကို ဤ လော က ဖန် ဆင်း သည် က စ၍ ထင် ရှား ပြီး ဖြစ် သော ကြောင့် ဘု ရား သ ခင် ကို သိ လျက် ပင် ဘု ရား အ နေ နှင့် ဘုန်း တော် ကျေး ဇူး တော် ကို မ ချီး မွမ်း ဘဲ အ ဝိ ဇ္ဇာ စိတ်၌ မှောင် ကျ သည့် တိုင် အောင် အ ချည်း နှီး တွေး ဆ ဆင် ခြင် ကြ သော ထို သူ တို့ သည် ထု ချေ ရန် မ ရှိ။
ငါ သည် တောင် တန်း သို့ မျှော် ကြည့် လျက် နေ၏။ မ စ ခြင်း ကို မည် သည့် အ ရပ် မှ ရ ပါ အံ့ နည်း။မိုး မြေ ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား အ ထံ တော် မှ၊ မ စ ခြင်း ကို ရ ပါ လိမ့် မည်။
ဘုန်း ကြီး သော နာ မ တော် လည်း၊ ကာ လ အ စဉ် မင်္ဂ လာ တည် လျက်၊ မြေ တစ် ပြင် လုံး နှံ့ ဘုန်း တော် ပြည့် ပါ စေ သော။ အာ မင်။ အာမင်။
ငါ ထာ ဝ ရ ဘု ရား သည် သင့် ကို အ စဉ် လမ်း ပြ ခြင်း၊ ရေ ခေါင် သော ကာ လ၊ အာ ရုံ ပြေ ခြင်း၊ အ ရိုး သန် မာ စေ ခြင်း များ ကို ပြု သ ဖြင့်၊ ရေ သွင်း သော ဥ ယျာဉ် ကဲ့ သို့ လည်း ကောင်း၊ မ ကုန် မ ခန်း နိုင် သော စမ်း ရေ ကဲ့ သို့ လည်း ကောင်း သင် ဖြစ် လိမ့် မည်။
ကိုယ် တော် မူ ကား၊ လူ သွား ရာ လမ်း ကို ရှု ကြည့်၍၊ ခြေ လှမ်း ရှိ သ မျှ ကို သိ မြင် တော် မူ၏။ဒု စ ရိုက် ကို ပြု ကျင့် တတ် သူ တို့ ပုန်း ရှောင် နိုင် ရန်၊ မှောင် မိုက် သော်လည်း ကောင်း၊ သေ မင်း အ ရိပ် သော်လည်း ကောင်း၊ မ ရှိ ချေ။
စိတ် နှ လုံး အ ကြံ အ စည် များ သည်၊ လူ တို့ နှင့် ဆိုင် သော် လည်း၊ လျှာ ဖြင့် ပြန် ပြော ခွင့် ကို၊ ထာ ဝ ရ ဘု ရား သ နား တော် မူ ၏။
ကိုယ် တော် သည် ကောင်း မြတ်၍၊ အ ကောင်း ပြု တော် မူ သည့် အ လျောက်၊ အ ထုံး အ ဖွဲ့ တော် များ ကို သွန် သင် တော် မူ ပါ။
ဝမ်း တွင်း က ပင် ရုန်း ဆောင် တော် မူ ခြင်း၊ ဖွား စ က ပင် ချီ ဆောင် တော် မူ ခြင်း ကို ခံ ခဲ့ သူ ယာ ကုပ် အ မျိုး သား၊ ဣ သ ရေ လ အ မျိုး သား အ ကြွင်း အ ကျန် တို့ နာ ခံ ကြ လော့။ငါ သာ လျှင် ငါ ဖြစ် သည့် အ လျောက်၊ သင် တို့ အို မင်း၍ ဆံ ဖြူ သည့် တိုင် အောင်၊ ထမ်း ဆောင် မည်။ ငါ ဖန် ဆင်း ခဲ့ သည့် အ လျောက် ချီ ဆောင် ဦး မည်။ ငါ သည် ထမ်း ဆောင်၍ လွှတ် မြောက် စေ လိမ့် မည်။
အို ထာ ဝ ရ ဘု ရား၊ ဘုန်း ကြက် သ ရေ အာ နု ဘော် တော် နှင့် မ ဟာ တန် ခိုး တော် သည် ကိုယ် တော့် မှာ သာ ရှိ ပါ ၏။ မိုး မြေ ၌ ရှိ သ မျှ သည် ကိုယ် တော် ပိုင် ဖြစ် ပါ ၏။ အို ထာ ဝ ရ ဘု ရား နိုင် ငံ တော် လည်း ပိုင် ရာ တော် ဖြစ် ၍ ကိုယ် တော် သည် အ ထွဋ် အ မြတ် ဆုံး ဖြစ် တော် မူ ပါ ၏။
ယ ခု ခေတ် ကာ လ နှင့် အ သွင် တူ ခြင်း မ ရှိ ဘဲ မည် သည့် အ ရာ မှာ ဘု ရား သ ခင့် အ လို တော် အ တိုင်း ကောင်း မွန် စုံ လင်၍ နှစ် သက် တော် မူ ရာ ဖြစ် ကြောင်း ပိုင်း ခြား သိ မြင် ရ အံ့ သော ငှါ စိတ် သ ဘော အ သစ် ရ လျက် ပုံ သ ဏ္ဌာန် ပြောင်း ခြင်း ရှိ ကြ လော့။
ထာ ဝ ရ ဘု ရား သည် ဖြောင့် မတ် သူ တို့ ကို မျက် မှောက် ပြု လျက်၊ အော် ဟစ် သံ ကို လည်း နား ညောင်း တော် မူ ၏။
ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။
ထာ ဝ ရ ဘု ရား သည် ငါ့ အ မှု ထ မြောက် စေ တော် မူ လိမ့် မည်။ အို ထာ ဝ ရ ဘု ရား၊ က ရု ဏာ တော် သည် ကာ လ အ စဉ် တည် သည့် အ လျောက်၊ လက် တော် ဖြင့် စီ ရင် သော အ မှု အ ရာ များ ကို စွန့် ပစ် တော် မ မူ ပါ နှင့်။
မြောက် မျက် နှာ အား အပ် လော့ ဟူ၍လည်း ကောင်း၊ တောင် မျက် နှာ အား၊ မ ထိမ် မ ချန် နှင့် ဟူ၍လည်း ကောင်း၊ ဘုန်း တော် ကို ထင် ရှား စေ ရန် ငါ စီ မံ ပြု ပြင် ဖန် ဆင်း ပြီး သူ၊ ငါ့ နာ မ ဖြင့် သ မုတ် သော သား သ မီး ဟူ သ မျှ တို့ ကို၊ ဝေး ကွာ ရာ မြေ ကြီး အ စွန်း မှ ပင် ခေါ် ဆောင် ခဲ့ လော့ ဟူ၍လည်း ကောင်း မိန့် ဆို ဦး မည်။
ကိုယ် တော် သည်၊ အံ့ ဖွယ် ရာ များ ကို စီ ရင် လျက်၊ လူ မျိုး တို့ တွင် တန် ခိုး တော် ကို ပြ တော် မူ သော ဘု ရား ဖြစ် တော် မူ ပါ ၏။
သန့် ရှင်း သော တောင် တော် ပေါ် ရှိ၊ ငါ တို့ ဘု ရား သ ခင် ၏ မြို့ တော် ၌၊ ထာ ဝ ရ ဘု ရား သည် ကြီး မြတ်၍၊ အ လွန် ချီး မွမ်း ခံ ထိုက် တော် မူ ၏။အို ဘု ရား သ ခင်၊ မြေ ကြီး အ စွန်း အ ဖျား တိုင် အောင် နာ မ တော် နှံ့ ပြား သည့် နည်း တူ၊ ကိုယ် တော် ကို ချီး မွမ်း ခြင်း နှံ့ ပြား ပါ ၏။ ညာ လက် တော် သည် ဖြောင့် မတ် ခြင်း တ ရား နှင့် ပြည့် စုံ လျက် ရှိ ပါ၏။စီ ရင် ဆုံး ဖြတ် တော် မူ ချက် များ ကြောင့်၊ ဇိ အုန် မြို့ ဝမ်း မြောက် လျက်၊ ယု ဒ အ မျိုး သ မီး တို့ ရွှင် လန်း ကြ စေ။ထို ဘု ရား သ ခင် သည် ကာ လ အ စဉ် ငါ တို့ ဘု ရား၊ ငါ တို့ လမ်း ပြ ဖြစ် တော် မူ မည် ဟု၊ နောက် လူ မျိုး တစ် ဆက် အား ပြန် ကြား ရ အံ့ သော ငှာ၊ ဇိ အုန် မြို့ ကို လှည့် ပတ် ၍၊ ပြ အိုး များ ကို ရေ တွက် လျက်၊ ရင် တား များ ကို နှလုံး ပိုက် လျက်၊ နန်း တော် များ ကို ဆင် ခြင် ကြ လော့။မ ဟာ မင်း မြတ် ၏ မြို့ တော်၊ မြောက် မျက် နှာ မှာ ရှိ သော ဇိ အုန် မြို့ တော် သည်၊ လှ ပ တင့် တယ် ၍၊ မြေ တစ် ပြင် လုံး နှစ် သိမ့် ဖွယ် သော နေ ရာ ဖြစ် သ တည်း။
လက် စား ချေ ခြင်း သည် ငါ ပိုင် ဖြစ် သည့် အ လျောက် ငါ ဆပ် ပေး မည် ဟူ၍ လည်း ကောင်း၊ ထာ ဝ ရ ဘု ရား သည် လူ မျိုး တော် ကို စီ ရင် ဆုံး ဖြတ် တော် မူ မည် ဟူ၍ လည်း ကောင်း၊ ဗျာ ဒိတ် တော် ရှိ သော အ ရှင် ကို ငါ တို့ သိ ကြ ၏။
ထာ ဝ ရ ဘု ရား၏ စ က္ခု တော် သည်၊ အ သိ ပ ညာ ကို ထောက် ရှု လျက်၊ သ စ္စာ မဲ့ သူ၏ စ ကား ကို၊ မှောက် လှန် တော် မူ၏။
သို့ ပြု လျှင် လူ ဆိုး လူ ကောင်း တို့ အ ပေါ်၌ နေ ကို ထွက် စေ တော် မူ သော သူ တော် မ သူ တော် တို့ အ ပေါ်၌ မိုး ကို ရွာ စေ တော် မူ ထ သော ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ၏ သား များ မှန် ကြ လိမ့် မည်။
အ ကျွန်ုပ် အ သက် ကို သေ ဘေး မှလည်း ကောင်း၊ မျက် စိ များ ကို မျက် ရည် မှလည်း ကောင်း၊ ခြေ များ ကို ခ လုတ် မှ လည်း ကောင်း၊ ကယ် လွှတ် တော် မူ ပါ ပြီ။သူ ရှင် တို့ နေ ရာ တွင်၊ ထာ ဝ ရ ဘု ရား၏ ရှေ့ တော် ၌ သွား လာ ကျင့် ကြံ လျက် ရှိ နေ ပါ မည်။
ဘု ရား သ ခင့် သား တို့ ပွင့် ခြင်း ကို ဖန် ဆင်း တော် မူ ရာ များ ပင် တောင့် တ စောင့် မျှော် လျက် နေ ကြ၏။အ သက် ရှင် ခြင်း ဆိုင် ရာ ဝိ ညာဉ် တော် တ ရား သည် အ ပြစ် တ ရား နှင့် သေ ခြင်း တ ရား မှ ခ ရစ် တော် ယေ ရှု အား ဖြင့် ငါ့ ကို လွတ် စေ လေ ပြီ။ဖန် ဆင်း တော် မူ ရာ များ သည် အ န တ္တ အောက် တွင် အ လျောက် ဘာ သာ ကြောင့် မ ဟုတ်။ ထား ခဲ့ တော် မူ သော အ ရှင် ကြောင့် နေ ရ လျက် ပင်၊သခ်ါ ရ တ ရား၏ ကျွန် ခံ ခြင်း အ ဖြစ် နှင့် ကင်း၍ ဘု ရား သ ခင့် သား သ မီး တို့ ဘုန်း ကြီး သော လွတ် ခွင့် အ ဖြစ် ကို မျှော် လင့် ခြင်း ရှိ ကြ သ တည်း။
မိုး ကောင်း ကင် နှင့် မြေ ပ ထ ဝီ သည်၊ ကိုယ် တော် ပိုင် ဖြစ် ပါ၍၊ ဤ လော က နှင့် ကြွယ် ဝ ပြည့် စုံ သ မျှ ကို တည် ထား ခြင်း၊
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အ ကျွန်ုပ်၏ ဘု ရား သ ခင် ဖြစ် တော် မူ၏။ သ စ္စာ တော် တည် မြဲ၍၊ ရှေး ကာ လ က ပင် ပြ ဋ္ဌာန်း တော် မူ သော အံ့ ဩ ဖွယ် ရာ များ ကို စီ ရင် တော် မူ သော ကြောင့်၊ ဂုဏ် တော် ကို ချီး မြှောက်၍ နာ မ တော် ကို ချီး မွမ်း ပါ မည်။
အ ကျွန်ုပ် တို့ သည် စောင့် ရှောက် မြဲ စောင့် ရှောက် ကြ စေ ရန်၊ ဥ ပ ဒေ သ တော် များ ကို ထုတ် ဆင့် တော် မူ ပါ ၏။
သို့ ဖြစ်၍ မှောင် မိုက်၌ ဝှက် ထား သော အ ရာ များ ကို ထုတ် ဖော် လျက် စိတ် အ ကြံ အ စည် များ ကို ထင် ရှား စေ တော် မူ သော အ ရှင် ဘု ရား ကြွ လာ တော် မူ သော အ ချိန်၊ ချိန်း ချက် သော အ ချိန် မ တိုင် မီ စီ ရင် ခြင်း မ ပြု ကြ လင့်။ ထို အ ခါ မှ လူ အ သီး အ သီး သည် ဘု ရား သ ခင့် ထံ ခံ ထိုက် သော အ ချီး အ မွမ်း တော် ကို ခံ ရ လိမ့် မည်။
ဒု က္ခ များ ၌ အ ကျွန်ုပ် ကျင် လည် ရ သော် လည်း၊ ကိုယ် တော် သည် ရှင် ပြန် စေ လျက်၊ ဆန့် တန်း သော လက် ရုံး တော် ဖြင့် ရန် သူ တို့ အမျက် ဒေါ သ ငြိမ်း စေ၍၊ ညာ လက် ရုံး တော် ဖြင့် ကယ် တော် မူ လိမ့် မည်။ထာ ဝ ရ ဘု ရား သည် ငါ့ အ မှု ထ မြောက် စေ တော် မူ လိမ့် မည်။ အို ထာ ဝ ရ ဘု ရား၊ က ရု ဏာ တော် သည် ကာ လ အ စဉ် တည် သည့် အ လျောက်၊ လက် တော် ဖြင့် စီ ရင် သော အ မှု အ ရာ များ ကို စွန့် ပစ် တော် မ မူ ပါ နှင့်။
ဘု ရား သ ခင် သည်၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ပေ တည်း။ ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ ငါ၏ စွမ်း အား၊ ငါ ကျူး ဧ ဖွဲ့ ဆို ရာ၊ ငါ့ ကို ကယ် တင် ရာ အ ကြောင်း ဖြစ် စေ တော် မူ သ ဖြင့်၊ ကြောက် ရွံ့ ခြင်း ကင်း ၍ ကိုး စား ပါ မည် ဟု မြွက် ဆို လျက်၊
စီ မံ တော် မူ သူ တို့ အား ခေါ် ထား ခြင်း၊ ခေါ် ထား တော် မူ သူ တို့ အား ဖြောင့် မတ် ရာ ရောက် စေ ခြင်း၊ ဖြောင့် မတ် ရာ ရောက် စေ တော် မူ သူ တို့ အား ချီး မြှင့် ခြင်း များ ကို စီ ရင် တော် မူ ကြောင်း ငါ တို့ သိ ကြ ၏။
ထာ ဝ ရ ဘု ရား ကား၊ ငါ၏ ရဲ တိုက်၊ ငါ့ ဘု ရား သ ခင် ကား၊ ငါ ခို လှုံ ရာ ကျောက် တောင် ပေ တည်း။
ကြည့် ပါ လော့။ ထို အ ကြောင်း အ ရာ များ ကား၊ နည်း လမ်း တော်၏ အ ကာ မျှ သာ တည်း။ ကိုယ် တော့် အ ကြောင်း သ တင်း သိုး သိုး သန့် သန့် ကြား ရ ကြ၏။ တန် ခိုး တော် ဆိုင် ရာ မိုး ချုန်း သံ ကို ကား၊ မည် သူ နား လည် နိုင် သ နည်း ဟု မြွက် ဆို၏။
အ သို့ ဆို သော်၊ တ ရား စောင့် ခြင်း၊ ဖြောင့် မတ် ခြင်း များ ဖြင့် ယ ခု မှ စ၍ က မ္ဘာ အ ဆက် ဆက် ဒါ ဝိဒ် မင်း၏ ရာ ဇ ပ လ္လင် တော်၊ နိုင် ငံ တော် ခိုင် ခံ့ တည် မြဲ လျက်၊ အာ ဏာ တော် တိုး တက် လျက်၊ ငြိမ် သက် ခြင်း မ ဆုံး မ ကုန် စေ ခြင်း ငှာ၊ ငါ တို့ အ ဖို့ သူ ငယ် ကို ဖွား စေ၍ သား ကို ပေး သ နား တော် မူ သ ဖြင့်၊ ထို သူ ငယ် သည်၊ အာ ဏာ စက် ကို ထမ်း ဆောင် လျက်၊ အ မည် ကား၊ အံ့ ဖွယ် သော တိုင် ပင် ရှင်၊ တန် ခိုး ကြီး သော ဘု ရား၊ ထာ ဝ ရ အ ဖ၊ ငြိမ် သက် ခြင်း မင်း ဟု ခေါ် ဝေါ် ကြ လ တ္တံ့။ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ စေ တ နာ ထက် သန် တော် မူ ခြင်း အား ဖြင့် ထို သို့ ပြီး မြောက် လိမ့် သ တည်း။
သူ တော် ကောင်း၏ စိတ် ဝိ ညာဉ် ကို၊ ထာ ဝ ရ ဘု ရား မွတ် သိပ် စေ တော် မ မူ။ လူ ဆိုး တို့၏ အ လို ရှိ ရာ ကို ကား၊ ပယ် ပ တော် မူ ၏။
အို စွမ်း အား ကြီး သူ တို့၊ ထာ ဝ ရ ဘု ရား သည်၊ ဘုန်း တန် ခိုး ကြီး တော် မူ ကြောင်း ဝန် ခံ ကြ လော့။ရေ လွှမ်း မိုး သည့် ဘေး သင့် ရာ ကာ လ ၌ လည်း ကောင်း၊ ကာ လ အ စဉ် ၌ လည်း ကောင်း၊ ထာ ဝ ရ ဘု ရား သည်၊ ဘု ရင် မင်း မြတ် အ ဖြစ် စံ နေ တော် မူ ၏။ထာ ဝ ရ ဘု ရား သည်၊ လူ မျိုး တော် ကို စွမ်း အား ပေး တော် မူ လိမ့် မည်။ ထာ ဝ ရ ဘု ရား သည် လူ မျိုး တော် အား ရန် ငြိမ်း ခြင်း မင်္ဂ လာ ကို သ နား တော် မူ လိမ့် မည်။နာ မ တော် သည် ဘုန်း ကြီး တော် မူ ကြောင်း ဝန် ခံ လျက်၊ သန့် ရှင်း စွာ ဆင် ယင်၍၊ ထာ ဝ ရ ဘု ရား ကို ကိုး ကွယ် ကြ လော့။
ကိုယ် တော် သည် လူ အ သီး အ သီး အ ပြု အ မူ အ လျောက် ဆပ် ပေး တော် မူ သည် မှာ တည် ကြည် စွာ သု စ ရိုက် ပြု လျက်၊ဘုန်း ပွင့် ခြင်း၊ အ သ ရေ ရှိ ခြင်း၊ သင်္ခါ ရ ကင်း ခြင်း အ ဖြစ် ကို ရှာ သော သူ တို့ အား ထာ ဝ ရ အ သက် ကိုလည်းကောင်း၊ဖီ ဆန် သော သ ဘော ရှိ၍ သ မ္မာ တ ရား ကို မ နာ မ ယူ၊ မ တ ရား ကို နာ ယူ သူ တို့ အား ဒေါ သ အ မျက် ဒဏ် ကိုလည်းကောင်း၊ ဆပ် ပေး တော် မူ သည် နှင့် အ ညီ၊
လူ မျိုး ခြား တို့ ရုပ် ပွား များ သည်၊ လူ့ လက် ဖြင့် လုပ် သော ရွှေ ငွေ ဆင်း တု ဖြစ် သ ဖြင့်၊နှုတ် ရှိ လျက် ပင်၊ ပြော ဆို ခွင့်၊ မျက် စိ ရှိ လျက် ပင်၊ ရှု မြင် ခွင့်၊နား ရှိ လျက် ပင်၊ ကြား နာ ခွင့် မ ရှိ သည့် ပြင်၊ ခံ တွင်း ၌ လည်း ထွက် သက် ဝင် သက် မ ရှိ။ထု လုပ် သော သူ တို့ သည်၊ ကိုး စား သ မျှ သူ တို့ ပါ၊ ထို့ အ တူ ဖြစ် ကြ ပါ စေ သော။
သို့ နှင့် အ ညီ အ ချိန် တန် သော် ဘု ရား သ ခင် သည် သင် တို့ ကို ချီး မြှောက် တော် မူ စေ ရန် တန် ခိုး ကြီး သော လက် တော့် အောက် ကိုယ် ကို နှိမ့် ချ လျက်၊သင် တို့ အ တွက် ကြောင့် ကြ တော် မူ သော ကြောင့် သင် တို့ စိုး ရိမ် ခြင်း ရှိ သ မျှ ကို ကိုယ် တော့် အ ပေါ် သို့ လွှဲ တင် ကြ လော့။
အို ထာ ဝ ရ ဘု ရား၊ စိတ် နှ လုံး အ ကြွင်း မဲ့ ပ ဌ နာ ပြု ခဲ့ သည့် အ လျောက် ထူး တော် မူ ပါ။ အ ထုံး အ ဖွဲ့ တော် များ ကို စောင့် ထိန်း ပါ မည်။ပ ဌ နာ ပြု ခဲ့ သည့် အ လျောက်၊ ကယ် တော် မူ ပါ။ သက် သေ ခံ တော် မူ ချက် များ ကို စောင့် ရှောက် ပါ မည်။
ငါ ထာ ဝ ရ ဘု ရား မ တတ် နိုင် သော အ မှု တစ် စုံ တစ် ရာ ရှိ သ လော။ နောင် နှစ် ယ ခု အ ခါ သ မ ယ မိုး ဦး ကာ လ ရောက် လျှင် သင့် ထံ ငါ ပြန် လာ ဦး မည် ဖြစ်၍ စာ ရာ သည် သား ကို ရ လိမ့် မည် ဟု အာ ဗြ ဟံ အား ထာ၀ ရ ဘုရား မိန့် တော် မူ ၏။
အ ရှင် ထက် အ ရှင်၏ က ရု ဏာ တော် သည် ကာ လ အ စဉ် တည် သော ကြောင့်၊ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။
ဘု ရား သ ခင် သည် အ သံ တော် နှင့် အံ့ ဩ ဖွယ် ခြိမ်း ချုန်း သည့် ပြင်၊ ငါ တို့ မ သိ နိုင် သော တန် ခိုး ကြီး များ ကို စီ ရင် တော် မူ ရာ၊
သို့ ဖြစ်၍ ငါ ဆို သည် ကား မည် သည့် အ ရာ ကို စား ရ မည်။ မည် သည့် အ ရာ ကို သောက် ရ မည် ဟူ၍ ကိုယ့် အ သက် အ တွက် မ စိုး ရိမ် ကြ နှင့်။ မည် သည့် အ ရာ ကို ဝတ် ရ မည် ဟူ၍ ကိုယ် ခ န္ဓာ အ တွက် လည်း မ စိုး ရိမ် ကြ နှင့်။ အ သက် သည် အ စား အ သောက် ထက်၊ ကိုယ် ခ န္ဓာ သည် အ ဝတ် ထက် မြတ် သည် မ ဟုတ် လော။စိုက် ပျိုး ခြင်း၊ ရိတ် သိမ်း ခြင်း၊ ကျီ သွင်း ခြင်း ကင်း သော လေ သ တ္တ ဝါ များ ကို ကောင်း ကင် ဘုံ ရှင် သင် တို့ အ ဘ ကျွေး မွေး တော် မူ ကြောင်း ရှု ကြည့် ကြ လော့။ သင် တို့ သည် ထို သ တ္တ ဝါ များ ထက် သာ၍ မြတ် သည် မ ဟုတ် လော့။
ထာ ဝ ရ ဘု ရား သည် ဘေး ဟူ သ မျှ မှ ကွယ် ကာ ၍၊ သင့် အ သက် ကို စောင့် ထိန်း တော် မူ လိမ့် မည်။ထာ ဝ ရ ဘု ရား သည် သင့် ထွက် သွား ခြင်း နှင့် ဝင် လာ ခြင်း ကို၊ ယ ခု မှ စ၍ ကာ လ အ စဉ်၊ စောင့် ထိန်း တော် မူ လိမ့် မည်။
ရေး နှင့် သ မျှ ကျမ်း ချက် သည် ငါ တို့ တည် ကြည် ခြင်း အား ဖြင့် လည်း ကောင်း၊ ကျမ်း ဂန် တော် ကြောင့် ရ သော နှစ် သိမ့် ခြင်း အား ဖြင့် လည်း ကောင်း၊ မျှော် လင့် ခွင့် ရှိ ကြ စေ ရန် သွန် သင် ခြင်း အ ဖို့ ရေး ထား လျက် ရှိ ၏။
အို အ ရှင် ဘု ရား၊ ထို သို့ ပြု စု ခြင်း ဖြင့်၊ အ သက် ရှင် ခွင့် ရ ကြ သည့် အ တိုင်း၊ အ ကျွန်ုပ် လည်း အ သက် ရှင် ခွင့် ရ ပါ၏။ အ ကျွန်ုပ် ကို သန် မာ စေ၍ အ သက် ရှင် စေ တော် မူ ပါ။ချမ်း သာ ရ စေ ရန် အ ကျွန်ုပ် သည် ကြီး စွာ နစ် နာ ခံ ရ လေ ပြီ။ မေ တ္တာ တော် ကြောင့် အ ကျွန်ုပ် ဝိ ညာဉ် ကို သေ တွင်း မှ ကယ် ဆယ် တော် မူ၍ အ ပြစ် ရှိ သ မျှ ကို လည်း နောက် တော် သို့ ပစ် လိုက် တော် မူ ပါ။
ကိုယ် တော် မှ တစ် ပါး၊ ချမ်း သာ ရာ ချမ်း သာ ကြောင်း မ ရှိ။ အ ကျွန်ုပ် အ ရှင် ပေ တည်း ဟု ထာ ဝ ရ ဘု ရား အား လည်း ကောင်း၊ ငါ နှစ် သက် မွေ့ လျော် ရာ လူ မြတ် ပေ တည်း ဟု၊ မြေ ကြီး ပေါ် ရှိ သန့် ရှင်း သူ တို့ အား လည်း ကောင်း ငါ ဝန် ခံ ခဲ့ ပြီ။
ထာ ဝ ရ ဘု ရား သည် တ ရား သ ဖြင့် ဆုံး ဖြတ် လျက်၊ လူ ဆိုး ကို ကိုယ့် လက် ဖြစ် ကျော့ ကွင်း ၌ မိ စေ လျက် ထင် ရှား တော် မူ ပါ ပြီ။
ဘု ရား သ ခင် ပြု တော် မူ သ မျှ သော အ မှု သည် အ စဉ် တည် ၍၊ ထပ် ဆင့် ခြင်း၊ နုတ် ယူ ခြင်း ငှာ မ စွမ်း နိုင် ကြောင်း၊ ရှေ့ တော် တွင် လူ တို့ ခန့် ညား ရ ကြ စေ ရန်၊ ထို သို့ စီ ရင် တော် မူ ကြောင်း များ ကို ငါ သိ ၏။
ထာ ဝ ရ ဘု ရား သည် ကြီး မြတ် တော် မူ ကြောင်း၊ ငါ တို့ အ ရှင် သည် ဘု ရား ဟူ သ မျှ ထက် မြင့် မြတ် တော် မူ ကြောင်း၊ ငါ သိ ၏။
တောင် များ ရွှေ့ ၍၊ ကုန်း များ လှုပ် ရှား ရ သော် လည်း၊ ငါ၏ မေ တ္တာ ကျေး ဇူး သည်၊ သင် မှ မ ရွှေ့။ မ ဟာ မိတ် ပ ဋိ ညာဉ် တော် လည်း၊ မ လှုပ် မ ရှား ရ ဟု သင့် အား က ရု ဏာ သက် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
တ ရား တော်၌ အံ့ ဖွယ် ရာ များ ကို သိ မြင် ရ စေ ရန်၊ အ ကျွန်ုပ် မျက် စိ များ ကို ပွင့် လင်း စေ တော် မူ ပါ။
အ ထင် မ လွဲ ကြ နှင့်၊ ဘု ရား သ ခင် သည် ပြောင် လှောင် ခြင်း ကို ခံ တော် မ မူ လူ သည် စိုက် ပျိုး သည့် အ တိုင်း ပင် ရိတ် သိမ်း ရ လိမ် မည်။
အ ပြစ် တ ရား ပေး သော အ ခ သည် သေ ခြင်း ဖြစ်၏။ ဘု ရား သ ခင် သ နား တော် မူ သော ဆု တော် ကား ငါ တို့ အ ရှင် ခ ရစ် တော် ယေ ရှု ၌ ထာ ဝ ရ အ သက် ပင် တည်း။
လူ အ ပေါင်း တို့ သည် မြက် သ ဖွယ် ဖြစ်လျက်၊ ဆိုင် ရာ ဘုန်း အ သ ရေ တိုင်း မြက် ပွင့် ကဲ့ သို့ ဖြစ်၏။ မြက် ညှိုး လျက် အ ပွင့် နွမ်း လျက် ရှိ တတ်၏။ ထာ ဝ ရ ဘု ရား၏ နှုတ် က ပတ် တော် ကား က မ္ဘာ အ ဆက် ဆက် တည် သည် ဟူ၍ ဆို ရာ ၌သင် တို့ အား ကြား ပြော ပြီး ဖြစ် သော နှုတ် က ပတ် တော် ဟု ဆို လို သ တည်း။
အ ရုဏ့် အ တောင် များ နှင့် ပျံ သွား လျက်၊ သ မု ဒ္ဒ ရာ အ စွန်း အ ဖျား ဆုံး၌ နား နေ လျှင်၊ ထို အ ရပ်၌ ပင် လက် တော် ဖြင့် လမ်း ပြ လျက်၊
အို ယာ ကုပ်၊ ငါ ခေါ် သူ ဣ သ ရေ လ၊ နာ ခံ လော့။ ငါ သာ လျှင် ငါ ဖြစ်၏။ ငါ သည် အာ ဒိ က ဖြစ်၏။ အ န္တိ မ လည်း ဖြစ်၏။
သင့် အ မှု ကို ထာ ဝ ရ ဘု ရား အား လွှဲ အပ်၍ ကိုး စား လျှင်၊ ကိုယ် တော် သည် စီ ရင် ရာ၊သင်၏ ဖြောင့် မတ် ခြင်း ကို အ လင်း ရောင် ကဲ့ သို့လည်း ကောင်း၊ တ ရား သ ဖြင့် စောင့် ခြင်း ကို မွန်း တည့် ရောင် ခြည် ကဲ့ သို့လည်း ကောင်း၊ ထင် ပေါ် စေ တော် မူ လိမ့် မည်။
လက် တော် နှင့် စီ ရင် တော် မူ သည့် ကောင်း ကင် ကို လည်း ကောင်း၊ စီ မံ ထား တော် မူ သည့် လ နှင့် ကြယ် နက္ခတ် များ ကို လည်း ကောင်း၊ အ ကျွန်ုပ် ဆင် ခြင် သော်၊
အို ထာ ဝ ရ ဘု ရား၊ အ မှု တော် များ လှ ပါ ၍၊ ရှိ ရှိ သ မျှ ကို ဉာဏ် တော် ဖြင့် ဖန် ဆင်း တော် မူ သည့် အ လျောက်၊ ပိုင် ရာ တော် များ နှင့် မြေ ပ ထ ဝီ ကြွယ် ဝ ပြည့် စုံ ပါ သည် တ ကား။မ ရေ တွက် နိုင် အောင် တွား တတ် သည့် သား ငါး အ စ ရှိ သော တိ ရ စ္ဆာန် ကြီး ငယ် များ နေ ရာ၊
ငါ တို့ အ ဖို့ မူ ကား ရှိ ရှိ သ မျှ၏ မူ လ ရင်း ငါ တို့ ပန်း တုံး တိုင် သ ဖွယ် တည် တော် မူ သည့် ခ မည်း တော် တည်း ဟူ သော ဘု ရား တစ် ဆူ တည်း နှင့် ငါ တို့ မှ စ၍ ရှိ ရှိ သ မျှ ကို ဖြစ် စေ တော် မူ သည့် ယေ ရှု ခ ရစ် တည်း ဟူ သော အ ရှင် တစ် ပါး တည်း သာ ရှိ တော် မူ သ တည်း။