ကျမ်းစာနေ့ဆိုတာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို အလေးထားဖို့၊ ဘာသာပြန်ဆိုခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်ဖို့ အရေးကြီးတဲ့ အခွင့်အရေးတစ်ခုပါ။ ယုံကြည်ခြင်းမှာ တစ်သားတည်းဖြစ်တည်ပြီး၊ ခရစ်တော်ရဲ့အမှုတော်ဆောင်ရွက်ဖို့၊ ယေရှုခရစ်ရဲ့ ဧဝံဂေလိတရားတော်အားဖြင့် ယုံကြည်သူအသင်းတော်တည်ဆောက်ဖို့အတွက် ပြင်ဆင်ထားနိုင်အောင် တစ်ဦးနဲ့တစ်ဦး သင့်မြတ်စွာနေထိုင်ဖို့ ပေါလုက တိုက်တွန်းထားပါတယ်။ “အကြောင်းမူကား၊ ဘုရားသခင့်နှုတ်ကပတ်တော်သည် အသက်ရှင်၍၊ တန်ခိုးကြီးမားလျက်၊ ထက်ရှသော သန်လျက်နှစ်ဘက်ထက် ထက်မြက်၍၊ စိတ်ဝိညာဉ်ကို၎င်း၊ အဆစ်အမြစ်ကို၎င်း ပိုင်းခြားသည်တိုင်အောင် ထိုးဖောက်လျက်၊ စိတ်နှလုံးအကြံအစည်များကို ဝေဖန်ပိုင်းခြားတတ်၏” (ဟေဗြဲ ၄:၁၂)။ ဒီထူးခြားတဲ့နေ့ရက်မှာ အကောင်းဆုံးအောက်မေ့သတိရနိုင်တဲ့ နည်းလမ်းတစ်ခုကတော့ ယုံကြည်သူအားလုံး စုပေါင်းပြီး လူ့အဖွဲ့အစည်းထဲ ရောက်ရှိအောင် ကြိုးစားကာ ကျမ်းစာမရှိသေးသူတွေကို ကျမ်းစာလက်ဆောင်ပေးခြင်းအားဖြင့် သူတို့ကိုလည်း ခရစ်တော်ရဲ့ အမှန်တရားလမ်းစဉ်ပေါ်မှာ လျှောက်လှမ်းနိုင်အောင်၊ ယုံကြည်ခြင်းတည်ဆောက်နိုင်အောင် ကူညီပေးဖို့ပဲ ဖြစ်ပါတယ်။
မြက် ညှိုး လျက်၊ ပန်း နွမ်း လျက် ရှိ တတ်၏။ ငါ တို့ ဘု ရား သ ခင့် နှုတ် က ပတ် တော် ကား၊ က မ္ဘာ အ ဆက် ဆက် တည် လ တ္တံ့ ဟူ၍ တည်း။
ဘု ရား သ ခင် ၏ နည်း လမ်း တော် သည် စုံ လင်၏။ ထာ ဝ ရ ဘု ရား၏ နှုတ် က ပတ် တော် သည် စစ် ဆေး ပြီး ဖြစ်၏။ ကိုး စား သ မျှ သော သူ တို့ အ ဖို့၊ ကိုယ် တော် သည် ဒိုင်း၊ လွှား သ ဖွယ် ဖြစ် တော် မူ၏။
ရေး နှင့် သ မျှ ကျမ်း ချက် သည် ငါ တို့ တည် ကြည် ခြင်း အား ဖြင့် လည်း ကောင်း၊ ကျမ်း ဂန် တော် ကြောင့် ရ သော နှစ် သိမ့် ခြင်း အား ဖြင့် လည်း ကောင်း၊ မျှော် လင့် ခွင့် ရှိ ကြ စေ ရန် သွန် သင် ခြင်း အ ဖို့ ရေး ထား လျက် ရှိ ၏။
နှုတ် က ပတ် တော် ဖွင့် ပြ ခြင်း ကြောင့် အ လင်း ရ၍၊ ရိုး သား သူ တို့ နား လည် ခွင့် ရ ကြ ပါ၏။
ထာ ဝ ရ ဘု ရား ၏ တ ရား တော် စုံ လင်၍၊ အ သက် ဝိ ညာဉ် ကို အား ဖြည့် တတ်၏။ ထာ ဝ ရ ဘု ရား၏ သက် သေ တော် ဟုတ် မှန်၍၊ မ လိမ္မာ သူ့ ကို လိမ္မာ စေ တတ်၏။ထာ ဝ ရ ဘု ရား၏ နည်း လမ်း တော် များ ဖြောင့် မတ် ၍၊ စိတ် နှ လုံး ကို ရွှင် လန်း စေ တတ် ၏။ ထာ ဝ ရ ဘု ရား ၏ ပ ညတ် တော် စင် ကြယ် ၍၊ စ က္ခု အာ ရုံ ကို လင်း စေ တတ် ၏။
ထို ပ ည တ္တိ ကျမ်း တွင် ပါ ရှိ သ မျှ အ တိုင်း စောင့် ရှောက် လိုက် နာ နိုင် ရန် လည်း နေ့ ညဉ့် မ ဟူ ဖတ် ရွတ် ဆင် ခြင် လော့။ သို့ မှ ခ ရီး မှု ထ မြောက်၍ ကြံ တိုင်း အောင် လိမ့် မည်။
ထို့ကြောင့် ကိုယ်တော်ကိုယုံကြည်သောယုဒလူမျိုးတို့အား ယေရှုက သင်တို့သည်ငါ့တရား၌တည်လျှင် ငါ့တပည့်စစ်ဖြစ်၍၊သမ္မာတရားကို သိမြင်သဖြင့် ထိုတရားကြောင့်လွတ်ရာရောက်ကြလိမ့်မည်ဟု မိန့်တော်မူသော်၊
ကိုယ် တော် က လူ သည် မုန့် ဖြင့် သာ အ သက် မွေး ရ မည် မ ဟုတ်။ ဘု ရား သ ခင့် နှုတ် တော် ထွက် ဗျာ ဒိတ် တော် ရှိ သ မျှ ဖြင့် အ သက် မွေး ရ မည် ဟူ သော ကျမ်း ချက် ရှိ သည် ဟု ပြန်၍ မိန့် တော် မူ၏။
အ သို့ ဆို သော် ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် မှန် ကန် ၍၊ အ မှု တော် ရှိ သ မျှ လည်း၊ သ စ္စာ နှင့် ညီ ညွတ် ၏။
ဥ စ္စာ ဓ န ရှိ လေ သ မျှ ရွှင် လန်း သည် နှင့် အ မျှ၊ သက် သေ ခံ တော် မူ ရာ နည်း လမ်း ၌ ရွှင် လန်း ပါ ပြီ။
ခ ရစ် တော်၏ တ ရား တော် ကို သင် တို့ တွင် ကြွယ် ဝ စွာ တည် နေ စေ ပြီး လျှင် ခပ် သိမ်း သော ဉာဏ် ပ ညာ နှင့် ကျူး ဧ ချက်၊ ထော မ နာ ပြု ချက်၊ ဓ မ္မ ဂီ တ အ မျိုး မျိုး အား ဖြင့် တစ် ဦး ကို တစ် ဦး သင် ကြား ပဲ့ ပြင် လျက် ကျေး ဇူး တော် ကို ချီး မွမ်း၍ ဘု ရား သ ခင် အား စိတ် မ နော တွင် သီ ဆို ကြ လော့။
သင်တို့သည်ငါ၌တည်၍ ငါ့ဒေသနာလည်းသင်တို့၌တည်လျှင် လိုသမျှကိုတောင်းလျှောက်ကြလော့။ ရကြလိမ့်မည်။
ထာ ဝ ရ ဘု ရား၏ တ ရား တော်၌ မွေ့ လျော်၍၊ ထို တ ရား တော် ကို နေ့ ညဉ့် မ ပြတ် စဉ်း စား ဆင် ခြင် သော သူ သည် မင်္ဂ လာ ရှိ၏။မြစ် နား တွင် စိုက် ထား၍၊ အ ရွက် မ ညှိုး ဘဲ၊ ရာ သီ အ လျောက် အ သီး သီး သော သစ် ပင် နှင့် တူ လိမ့် မည်။ ကြံ တိုင်း အောင် လျက် ဆောင် တိုင်း မြောက် လိမ့် မည်။
နှုတ် တော် ထွက် ဗျာ ဒိတ် တော် လည်း အ လို တော် ရှိ ရာ ဖြစ် ထွန်း စေ ၍၊ ခိုင်း စေ သည့် အ တိုင်း အ ထ မ မြောက် ဘဲ၊ ငါ့ ထံ သို့ အ ကျိုး မဲ့ မ ပြန် ရ ဟု မိန့် တော် မူ ၏။
နှုတ် က ပတ် တော်၏ အ ချုပ် အ ချာ ကား၊ သ စ္စာ ပေ တည်း။ ဖြောင့် မတ် သော ဆုံး ဖြတ် တော် မူ ချက် ရှိ သ မျှ လည်း၊ ကာ လ အ စဉ် တည် ပါ ၏။
ငါ သည် စိတ် ပါ ကိုယ် ရောက် ထာ ဝ ရ ဘု ရား ကို စောင့် မျှော် တ သ လျက်၊ က တိ တော် ကို မျှော် လင့် ပါ ၏။
အစအဦး၌နှုတ်ကပတ်တော်တည်၏။ နှုတ်ကပတ်တော်သည် ဘုရားသခင့်အပါးတော်တွင်ရှိ၏။ ထို နှုတ်ကပတ်တော်သည် ဘုရားသခင်ပေတည်း။
ဉာဏ် ပ ညာ ကိုလည်း ကောင်း၊ ဉာဏ် ပ ဋိ ဘာန် ကိုလည်း ကောင်း၊ သ တိ မ လစ် ဘဲ ဆည်း ပူး လော့။ ငါ နှုတ် မြွက် သော စ ကား ကို မ လွှဲ မ ပယ် နှင့်။
လူ အ ပေါင်း တို့ သည် မြက် သ ဖွယ် ဖြစ်လျက်၊ ဆိုင် ရာ ဘုန်း အ သ ရေ တိုင်း မြက် ပွင့် ကဲ့ သို့ ဖြစ်၏။ မြက် ညှိုး လျက် အ ပွင့် နွမ်း လျက် ရှိ တတ်၏။ ထာ ဝ ရ ဘု ရား၏ နှုတ် က ပတ် တော် ကား က မ္ဘာ အ ဆက် ဆက် တည် သည် ဟူ၍ ဆို ရာ ၌သင် တို့ အား ကြား ပြော ပြီး ဖြစ် သော နှုတ် က ပတ် တော် ဟု ဆို လို သ တည်း။
လူ သည် မုန့် ဖြင့် သာ အ သက် မွေး ရ မည် မ ဟုတ်။ ဘု ရား သ ခင့် နှုတ် တော် ထွက် ဗျာ ဒိတ် တော် ရှိ သ မျှ ဖြင့် အ သက် မွေး ရ မည် ကို သိ ကြ စေ ခြင်း ငှါ၊ သင် တို့ ကို နှိမ့် ချ၍ မွတ် သိပ် စေ တော် မူ သော အ ခါ၊ သင် တို့ သော် လည်း ကောင်း၊ ဘိုး ဘေး များ သော် လည်း ကောင်း၊ မ သိ ဘူး သော မ န္န မုန့် နှင့် ကျွေး မွေး တော် မူ သည့် ပြင်၊
ကျွန် ဖြစ် စေ၊ လူ လွတ် ဖြစ် စေ၊ အ သီး အ သီး ဆောင် ရွက် သော ကောင်း မှု အ တိုင်း အ ရှင် ဘု ရား ထံ အ ကျိုး ခံ စား ရ မည် ကို သိ လျက် လူ့ အ မှု မ ဟုတ်၊ အ ရှင် ဘု ရား အ မှု တော် ဟု မှတ်၍ ကောင်း သော စေ တ နာ နှင့် ဆောင် ရွက် ကြ လော့။
သို့ နှင့် အ ညီ ယုံ ကြည် ခွင့် သည် ကြား နာ ခြင်း ကြောင့်၊ ကြား နာ ခွင့် လည်း ခ ရစ် တော် သ တင်း ကြောင့် သာ ဖြစ် ၏။
ကိုယ် တော် က ဘု ရား သ ခင့် တ ရား တော် ကို ကြား နာ စောင့် ရှောက် သူ တို့၌ သာ၍ မင်္ဂ လာ ရှိ သည် ဟု မိန့် တော် မူ၏။
ကိုယ် ကို လှည့် စား၍ တ ရား တော် ကို ကြား ရုံ မျှ သာ မ ဟုတ်။ လိုက် နာ သူ များ ဖြစ် ကြ လော့။
ဗိုလ် ခြေ တို့ အ ရှင် အို ထာ ဝ ရ ဘု ရား၊ နာ မ တော် ဖြင့် သ မုတ် ခံ သည့် အ လျောက်၊ အ ကျွန်ုပ် တွေ့ ၍ သုံး ဆောင် ရာ ဗျာ ဒိတ် တော် သည်၊ စိတ် အား ရ ရွှင် လန်း ရာ အ ကြောင်း ဖြစ် လှ ပါ ၏။
ဘု ရား သ ခင့် ဗျာ ဒိတ် တော် ကျမ်း ဂန် ရှိ သ မျှ သည် ဘု ရား သ ခင့် လူ ယုံ တော် စုံ လင်၍ ကောင်း မှု အ မျိုး မျိုး အ ဖို့ အ သင့် ရှိ စေ အံ့ သော ငှါ သင် ကြား ခြင်း၊ အ ပြစ် ဖော် ပြ ခြင်း၊ ပဲ့ ပြင် ခြင်း၊ ဖြောင့် မတ် အောင် ဆုံး မ ခြင်း များ၌ အ ကျိုး ရှိ၏။
အ သို့ ဆို သော် ဘု ရား သ ခင်၏ တ ရား တော် သည် ရှင် လျက်၊ ပြု ပြင် လျက်၊ သန် လျက် ဟူ သ မျှ ထက် ထက်၍ အ သက် နှင့် ဝိ ညာဉ် ကို လည်း ကောင်း၊ အ ရိုး အ ဆစ် နှင့် ခြင် ဆီ ကိုလည်း ကောင်း ထုတ် ချင်း ခွင်း သည့် ပြင် စိတ် အ ကြံ အ စည် အ ထင် အ မြင် များ ကို စီ ရင် ဆုံး ဖြတ် တတ်၏။
နှုတ် က ပတ် တော် သည်၊ အ ကျွန်ုပ် ခြေ ဦး မှာ မီး ခွက် သ ဖွယ်၊ အ ကျွန်ုပ် လမ်း မှာ အ လင်း သ ဖွယ် ဖြစ် ပါ ၏။
ကယ် တင် ခြင်း မောက် ရူ နှင့် ဘု ရား သ ခင့် ဗျာ ဒိတ် တော် တည်း ဟူ သော ဝိ ညာဉ် တော် ဓား ကို ဆောင် လျက်၊
ထာ ဝ ရ ဘု ရား မိန့် တော် မူ ချက် များ သည် စင် ကြယ် လျက်၊ မီး ဖို၌ မြေ အ ထိ ခု နစ် ကြိမ် ချွတ် ပြီး သော ငွေ စင် နှင့် တူ ၏။
သူတို့လည်း မစပ်ဆိုင်ကြသောကြောင့် သမ္မာဓမ္မ၌သီးသန့်ထားတော်မူပါ။ ကိုယ်တော်၏တရားတော်သည် သမ္မာဓမ္မဖြစ်ပါ၏။
ဘု ရား သ ခင်၏ နှုတ် က ပတ် တော် ရှိ သ မျှ သည်၊ စစ် ဆေး ပြီး ဖြစ်၏။ ကိုး စား သူ တို့ အ ဖို့၊ ကိုယ် တော် သည် ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ၏။
ငါ ဆင့် ဆို သ မျှ သော အ ချက် ကို သွင်း ခြင်း၊ နုတ် ခြင်း မ ပြု ဘဲ၊ စောင့် ရှောက် လိုက် နာ ကြ လော့။