ကျေး ဇူး တော် ကို ချီး မွမ်း လျက်၊ တံ ခါး တော် တွင်း သို့လည်း ကောင်း၊ ဂုဏ် တော် ကို ချီး မြှောက် လျက်၊ တံ တိုင်း တော် တွင်း သို့လည်း ကောင်း၊ ဝင် ကြ လော့။ ကျေး ဇူး တော် ကို ချီး မွမ်း လျက်၊ နာ မ တော် အား ဩ ဘာ ဆက် ကြ လော့။
၎င်း ပြင် နှုတ် ဖြင့် ဖြစ် စေ၊ ကိုယ် ဖြင့် ဖြစ် စေ၊ မည် သည့် အ မှု မ ဆို သင် တို့ ပြု ကြ ရာ၌ အ ရှင် ယေ ရှု၏ နာ မ တော် နှင့် ပြု၍ ကိုယ် တော် အား ဖြင့် ခ မည်း တော် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။
ထာ ဝ ရ ဘု ရား သည် ကောင်း မြတ် တော် မူ၍၊ က ရု ဏာ တော် လည်း ကာ လ အ စဉ် တည် သော ကြောင့်၊ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။
စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။
အို ငါ့ အ သက် ဝိ ညာဉ်၊ ထာ ဝ ရ ဘု ရား ကို လည်း ကောင်း၊ ငါ့ အ တွင်း ၌ ရှိ သ မျှ တို့၊ သန့် ရှင်း သော နာ မ တော် ကို လည်း ကောင်း၊ ဩ ဘာ ဆက် ကြ လော့။ငါ တို့ ပြစ် မှု အ လျောက် စီ ရင် ခြင်း၊ ဒု စ ရိုက် အ လျောက် ဆပ် ပေး ခြင်း ပြု တော် မ မူ ဘဲ၊မြေ ကြီး ထက် မိုး ကောင်း ကင် မြင့် သည် နှင့် အ မျှ၊ ခန့် ညား သူ တို့ ၌ က ရု ဏာ တော် ကြီး မြင့်၍၊အ နောက် နှင့် အ ရှေ့ ဝေး သည် နှင့် အ မျှ၊ ကျူး လွန် မှု များ ကို ငါ တို့ နှင့် ဝေး စေ တော် မူ ပြီ။အ ဘ သည်၊ သား သ မီး များ ကို သ နား စုံ မက် သည့် နည်း တူ၊ ထာ ဝ ရ ဘု ရား သည်၊ ခန့် ညား သူ တို့ ကို သ နား စုံ မက် တော် မူ၏။ငါ တို့ ကိုယ် ခ န္ဓာ ကို သိ ကျွမ်း၍၊ မြေ မုန့် မျှ ဖြစ် ကြောင်း သ တိ ရ တော် မူ ၏။လူ၏ ရက် တာ သည်၊ မြက် ပင် ကဲ့ သို့ ဖြစ် လျက်၊ လယ် ပြင် ပန်း ကဲ့ သို့ သူ သည် ပွင့် လန်း လျက်၊လေ တိုက် သွား သော် ပ ပျောက်၍၊ နေ ရာ ရင်း၌ တွေ့ တော့ မည် မ ဟုတ်။ထာ ဝ ရ ဘု ရား၏ က ရု ဏာ တော် သက် ခြင်း နှင့်၊ ဖြောင့် မတ် တော် မူ ခြင်း မှာ မူ၊ ကိုယ် တော် ကို ခန့် ညား လျက်၊ ပ ဋိ ညာဉ် တော် ကို စောင့် ထိန်း လျက်၊ ဥ ပ ဒေ သ တော် များ ကို သ တိ ရ၍ လိုက် နာ သူ တို့ အ ပေါ်၌၊ သား စဉ် မြေး ဆက်၊ ရှေး ကာ လ က နောင် ကာ လ တိုင် အောင်၊ တည် လျက် ရှိ ပေ ၏။ထာ ဝ ရ ဘု ရား သည်၊ ကောင်း ကင် ဘုံ၌ ပ လ္လင် တော် ကို တည်၍၊ အာ ဏာ စက် တော် လည်း၊ ရှိ သ မျှ အ ပေါ် တွင် အုပ် စိုး တော် မူ ၏။အို ငါ့ အ သက် ဝိ ညာဉ်၊ ကျေး ဇူး တော် အ ပေါင်း ကို မ မေ့ ဘဲ၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် လော့။
ထာ ဝ ရ ဘု ရား သည်၊ ကောင်း မြတ် တော် မူ၍၊ က ရု ဏာ တော် လည်း ကာ လ အ စဉ် တည် သော ကြောင့်၊ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။
ထာ ဝ ရ ဘု ရား သည် ကောင်း မြတ် တော် မူ၍ ကာ လ အ စဉ် က ရု ဏာ တော် တည် သော ကြောင့် ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။
ငါ့ ဘု ရား သ ခင့် ထံ၊ ကျေး ဇူး တော် ချီး မွမ်း ခြင်း ကို ပူ ဇော် လျက်၊ မြင့် မြတ် သော ဘု ရား ရှေ့ သ စ္စာ ဝတ် များ ကို ဖြေ လော့။
ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ပေါ် တော် မူ ခြင်း ကို စောင့် မြော် လျက် နေ သော သင် တို့၌ ခ ရစ် တော့် အ ကြောင်း သက် သေ ခံ ချက် အ တည် ရှိ သ ဖြင့် ဆု ကျေး ဇူး တော် တစ် စုံ တစ် ရာ မျှ မဲ့ လျက် မ နေ သည် ဖြစ်၍ ကိုယ် တော် အား ဖြင့် ဟော ပြော ခွင့် ထိုး ထွင်း ခွင့် အ မျိုး မျိုး နှင့် ကြွယ် ဝ ကြ သည့် အ လျောက် ခ ရစ် တော် ယေ ရှု၌ ခံ စား ကြ ရ သော ဘု ရား သ ခင့် ကျေး ဇူး တော် အ တွက် သင် တို့ နှင့် စပ်၍ ဘု ရား သ ခင့် ကျေး ဇူး တော် ကို အ စဉ် ငါ ချီး မွမ်း၏။
ကျေး ဇူး တော် ကို ချီး မွမ်း လျက်၊ မျက် နှာ တော် ကို ဖူး မြင်၍၊ သီ ချင်း ဆို လျက်၊ ရွှင် လန်း သံ ပြု ကြ ကုန် အံ့။
ထို ကြောင့် မ လှုပ် ရှား နိုင် သော နိုင် ငံ တော် ကို ငါ တို့ ရ ကြ သည် နှင့် အ ညီ ကျေး ဇူး တော် ကို ခံ စား၍ ငါ တို့ ဘု ရား သ ခင် သည် ကျွမ်း လောင် သော မီး ဖြစ် တော် မူ သည့် အ လျောက် နှစ် သက် တော် မူ သော ဝတ် ကို ရို သေ ခံ ညား စွာ ဆက် ကပ် ကြ ကုန် အံ့။
ထာ ဝ ရ ဘု ရား သည် ကောင်း မြတ် တော် မူ၍၊ က ရု ဏာ တော် သည် ကာ လ အ စဉ် တည် သော ကြောင့်၊ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။
စည်း စိမ် ချမ်း သာ အ မျိုး မျိုး ရှိ သော သင် တို့ သည် ဒါ န အ မျိုး မျိုး ကို လှူ ကြ သ ဖြင့် ငါ တို့ ဆောင် ရွက် မှု ကြောင့် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း ခြင်း ဖြစ် ထွန်း လိမ့် မည်။
ထာ ဝ ရ ဘု ရား ၏ ကျေး ဇူး တော် ကို ချီး မွမ်း လျက် နာ မ တော် အား ပ ဌ နာ ပြု လျက် အ မှု တော် များ ကို လူ အ မျိုး မျိုး သိ စေ ကြ လော့။
အ ကျွန်ုပ် အား ဉာဏ် ပ ညာ နှင့် အ စွမ်း သ တ္တိ ကို ပေး သ နား၍ အ ကျွန်ုပ် တို့ တောင်း လျှောက် သည့် အ လျောက် ဘု ရင် မင်း၏ အ မှု အ ရေး ကို ယ ခု ဖော် ပြ တော် မူ သော ဘိုး ဘေး တို့၏ ဘု ရား သ ခင်၊ ကိုယ် တော်၏ ကျေး ဇူး ကို ချီး မွမ်း ထော မ နာ ပြု ပါ သည် ဟု ဒံ ယေ လ လျှောက် ဆို ပြီး လျှင်၊
ထာ ဝ ရ ဘု ရား ၏ ကျေး ဇူး တော် ကို ချီး မွမ်း၍၊ မြင့် မြတ် သော ဘု ရား၏ နာ မ တော် ကို ကျူး ဧ ခြင်း ငှာ လည်း ကောင်း၊ တ ယော နှင့် တ ကွ၊ ကြိုး ဆယ် ပင် တူ ရိ ယာ၊ စောင်း များ ကို ကြည် နူး စွာ တီး၍၊ နံ နက် အ ချိန် ကျေး ဇူး တော် ကို၊ ညဉ့် အ ချိန် သ စ္စာ တော် ကို ဖော် ပြ ခြင်း ငှာ လည်း ကောင်း၊ သင့် မြတ် ၏။
တစ် ကိုယ် တည်း အ ဖြစ် ခ ရစ် တော်၏ ငြိမ် သက် ခြင်း ထဲ သို့ အ ခေါ် ခံ ရ သည့် အ လျောက် ထို ငြိမ် သက် ခြင်း ကို သင် တို့ စိတ် နှ လုံး တွင် ခုံ သ မတ် ဖြစ် စေ လျက် ကျေး ဇူး တော် ကို သိ မှတ် ကြ လော့။
ဘု ရား သ ခင် ဖန် ဆင်း တော် မူ သော အ စာ မျိုး စုံ ကို ကျေး ဇူး တော် ချီး မွမ်း လျက် သုံး ဆောင် ထိုက် သည့် အ လျောက် ဘု ရား သ ခင့် ဗျာ ဒိတ် တော် အ ရ လျှောက် တောင်း ချက် ဖြင့် သန့် ရာ ရောက် ပြီး ဖြစ်၍ မ ပယ် အပ်။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ စွမ်း အား၊ ငါ့ ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ၏။ ကိုယ် တော်၌ ခို လှုံ ခဲ့ သည့် အ တိုင်း အ ထောက် အ မ ခံ ရ၏။ ငါ့ စိတ် ရွှင် လန်း၍ ကိုယ် တော် ကို သီ ဆို ချီး မွမ်း မည်။
ညီ အစ် ကို တို့၊ သင် တို့ ယုံ ကြည် ခြင်း အ လွန် တိုး ပွား သည့် ပြင် အ ချင်း ချင်း တို့ အား အ သီး အ သီး တို့ မေ တ္တာ ကြွယ် ဝ သည့် အ တွက် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ထိုက် လျော် သည့် အ တိုင်း ငါ တို့ အ စဉ် ချီး မွမ်း ရ ကြ ၏။
သို့ ဖြစ်၍ အ ကျွန်ုပ် တို့ ဘု ရား သ ခင်၊ ဘုန်း ကြီး တော် မူ သော နာ မ တော် နှင့် ကျေး ဇူး တော် ကို ချီး မွမ်း ကြ ပါ ၏။
သို့ ဖြစ်၍ ကျေး ဇူး တော် တိုး ပွား သည့် အ လျောက် အ များ တို့ ကြွယ် ဝ စွာ ချီး မွမ်း ကြ သ ဖြင့် ဘု ရား သ ခင့် ဘုန်း တော် ထင် ရှား စေ အံ့ သော ငှာ အ ရာ ရာ ကို သင် တို့ အ ဖို့ ပြု ကြ သ တည်း။
ထာ ဝ ရ ဘု ရား၏ ကျေး ဇူး တော် ကို၊ စိတ် နှ လုံး အ ကြွင်း မဲ့ ချီး မွမ်း လျက်၊ အံ့ ဖွယ် ရာ အ မှု တော် ရှိ သ မျှ ကို ဖော် ပြ ပါ မည်။
ကာ လ အ စဉ် က ရု ဏာ တော် တည် ရာ ထာ ဝ ရ ဘု ရား၏ ကျေး ဇူး တော် ကို ချီး မွမ်း စေ ရန် ဟေ မန် နှင့် ယေ ဒု သုန် စ သည့် အ မည် စာ ရင်း ဝင် ရွေး ချယ် သူ တို့ ကို လည်း ကောင်း ထား ခဲ့ ၏။
သို့ ဖြစ် ၍၊ အ ကျွန်ုပ်၏ဝိ ညာဉ် သည် ဆိတ် ဆိတ် မ နေ ဘဲ၊ ဂုဏ် တော် ကို သီ ချင်း ဖွဲ့ ဆို ပါ မည်။ အ ကျွန်ုပ်၏ ဘု ရား သ ခင်၊ အို ထာ ဝ ရ ဘု ရား၊ ကျေး ဇူး တော် ကို ကာ လ အ စဉ် ချီး မွမ်း ပါ မည်။
သင် တို့၌ ကောင်း သော အ မှု ကို အ စ ပြု သော အ ရှင် သည် ယေ ရှု ခ ရစ်၏ နေ့ တော် မ တိုင် မ ချင်း စုံ လင် အောင် ပြု ပြင် တော် မူ လိမ့် မည် ဟု ယုံ ကြည် စိတ် ချ သည် နှင့် အ ညီ ငါ သည် သင် တို့ ကို အောက် မေ့ လေ ရာ ရာ၌ တောင်း လျှောက် သည့် အ ခါ တိုင်း ရွှင် လန်း စွာ ပ ဌ နာ ပြု လျက် ပ ဌ မ နေ့ ရက် မှ စ၍ ယ ခု တိုင် သ တင်း တော် မြတ် တိုး ပွား စေ ခြင်း အ မှု၌ ဆက် ဆံ ပေါင်း သင်း ကြ သော သင် တို့ ရှိ သ မျှ အ ဖို့ ငါ့ ဘု ရား သ ခင် ကျေး ဇူ တော် ကို အ စဉ် ချီး မွမ်း ပါ ၏။
သို့ ဖြစ်၍ နာ မ တော် ကို ဝန် ခံ ရာ နှုတ် ခမ်း အ သီး တည်း ဟူ သော ချီး မွမ်း ခြင်း ကို ဘု ရား သ ခင့် ထံ ထို အ ရှင် အား ဖြင့် အ စဉ် မ ပြတ် ပူ ဇော် ဆက် ကပ် ကြ ကုန် အံ့။
အ ချင်း မြေ တစ် ပြင် လုံး၊ ထာ ဝ ရ ဘု ရား အား ရွှင် လန်း သံ လွင့် လျက်၊ထာ ဝ ရ ဘု ရား ကို အား ရ စွာ ဝတ် ပြု လျက်၊ အ ထံ တော် သို့ ကြွေး ကြော် လျက်၊ တိုး ဝင် ကြ လော့။
သင် တို့ ယုံ ကြည် ခြင်း သည် တစ် လော က လုံး တွင် ကြေ ငြာ လျက် ရှိ သော ကြောင့် သင် တို့ ရှိ သ မျှ အ တွက် ငါ၏ ဘု ရား သ ခင့် ကျေး ဇူး တော် ကို ယေ ရှု ခ ရစ် အား ဖြင့် ငါ ဦး စွာ ချီး မွမ်း ၏။
ထို ကာ လ သင် တို့ က၊ ထာ ဝ ရ ဘု ရား၏ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။ နာ မ တော် ကို ပ ဌ နာ ပြု ကြ လော့။ အ မှု တော် များ ကို လူ အ မျိုး မျိုး တို့ သိ စေ ကြ လော့။ နာ မ တော် မြင့် မြတ် ကြောင်း ကို ဖော် ပြ ကြ လော့။
အို ငါ့ အ သက် ဝိ ညာဉ်၊ ကျေး ဇူး တော် အ ပေါင်း ကို မ မေ့ ဘဲ၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် လော့။
၎င်း ပြင် သင် တို့ သည် ဘု ရား သ ခင့် တ ရား တော် ကို ငါ တို့ ထံ မှ ကြား နာ ကြ သည့် ကာ လ လူ့ တ ရား အ ဖြစ် မ ဟုတ်။ ဘု ရား သ ခင့် တ ရား တော် မှန် သည့် အ တိုင်း တ ရား တော် အ ဖြစ် ခံ ယူ ကြ သော ကြောင့် ငါ တို့ လည်း ဘု ရား သ ခင့် ကျေး ဇူး တော် ကို မ ပြတ် ချီး မွမ်း ကြ၏။ ယုံ ကြည် သော ညီ အစ် ကို တို့၊ သင် တို့၌ ထို တ ရား တော် ပြု ပြင် သည် နှင့် အ ညီ၊
ငါ သည် အ ခါ ခပ် သိမ်း ထာ ဝ ရ ဘု ရား အား ဩ ဘာ ဆက် ၍၊ ဂုဏ် တော် ကို အ စဉ် မ ပြတ် မြွက် ဆို မည်။
သို့ ပြု လျင် ဉာဏ် ဟူ သ မျှ ထက် လွန် ကဲ သော ဘု ရား သ ခင် ငြိမ် သက် ခြင်း သည် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့၏ စိတ် နှ လုံး နှင့် အ ကြံ အ စည် များ ကို ကွယ် ကာ စောင့် ရှောက် လိမ့် မည်။
သို့ ရာ တွင် ငါ တို့ ကို ခ ရစ် တော့် နောက် အောင် ပွဲ တွင် အ စဉ် ထုတ် ပြ လျက် အ ရပ် ရပ်၌ ကိုယ် တော် နှင့် သိ ကျွမ်း ခြင်း ရ နံ့ ကို ငါ တို့ ကြောင့် ထင် ရှား စေ တော် မူ သော ဘု ရား သ ခင်၏ ကျေး ဇူး တော် သည် ကြီး လှ ပေ၏။
လူ့ သား တို့၌ ပြ သော က ရု ဏာ တော် နှင့် အံ့ ဖွယ် ရာ အ မှု တော် များ အ တွက်၊ ထာ ဝ ရ ဘု ရား ကို ချီး မွမ်း ကြ ပါ စေ။ကိုယ် တော် သည်၊ တောင့် တ သော သူ့ ကို ရောင့် ရဲ စေ လျက်၊ ဆာ မွတ် သော သူ့ ကို လည်း၊ ကောင်း သော အ ရာ နှင့် ဝ စေ တော် မူ ၏။
သင် တို့ သည် အ ပြစ် တ ရား၏ ကျွန် များ ဖြစ် ခဲ့ သော် လည်း။ သင် ကြား ရ သော ဒေ သ နာ နည်း ကို စိတ် စေ တ နာ နှင့် လိုက် နာ လျက်၊ အ ပြစ် တ ရား မှ လွတ် သ ဖြင့်၊ ဖြောင့် မတ် ခြင်း တ ရား၏ ကျွန် များ ဖြစ် ကြ သော ကြောင့် ဘု ရား သ ခင့် ကျေး ဇူး တော် ကြီး လှ ပေ၏။
ဟာ လေ လု ယ။ ထာ ဝ ရ ဘု ရား သည် ကောင်း မြတ် တော် မူ၍၊ က ရု ဏာ တော် သည် ကာ လ အ စဉ် တည် သော ကြောင့်၊ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။
ကယ် တင် တော် မူ သော အို ဘု ရား သ ခင်၊ သန့် ရှင်း သော နာ မ တော် ၏ ကျေး ဇူး တော် ကို ချီး မွမ်း ၍ ထော မ နာ ပြု ခြင်း၌ ဂုဏ် ရောက် ရ ကြ မည့် အ ကြောင်း အ ကျွန်ုပ် တို့ ကို ကယ် လျက် လူ မျိုး ခြား တို့ ဘောင် မှ စု သိမ်း လွှတ် ထား တော် မူ ပါ ဟု တောင်း လျှောက် ကြ လော့။
ကျေး ဇူး တော် ကို စိတ် နှ လုံး အ ကြွင်း မဲ့ အ ကျွန်ုပ် ချီး မွမ်း လျက်၊ ဘု ရား များ ရှေ့ ကိုယ် တော့် ထံ ကျူး ဧ ပါ မည်။
အ လင်း တော်၌ သီး သန့် ထား တော် မူ သူ တို့ နှင့် အ တူ ဝေ ပုံ စု ကို ခံ ယူ ထိုက် စေ တော် မူ သော ခ မည်း တော့် ကျေး ဇူး တော် ကို အား ရ ဝမ်း မြောက် စွာ ချီး မွမ်း ကြ မည့် အ ကြောင်း တောင်း လျှောက် ကြ ၏။
သီ ချင်း ဖွဲ့ ဆို၍၊ ဘု ရား သ ခင် ၏ နာ မ တော် ကို ချီ မွမ်း ခြင်း ထော မ နာ ဖြင့် ချီး မြှောက် ခြင်း ငါ ပြု ရာ၊
အ ကျွန်ုပ် သည် ယ နေ့ ပြု သည့် နည်း တူ၊ လူ ရှင် တို့ သာ လျှင် ဂုဏ် တော် ကို ချီး မွမ်း ခွင့် ရ ကြ၍၊ အ ဖ သည် သား သမီး တို့ အား သ စ္စာ တော် ကို ဖော် ပြ ရ ပါ၏။
ထာ ဝ ရ ဘု ရား ထံ ကြွေး ကြော် ချီး မွမ်း လျက်၊ ငါ တို့ ဘု ရား သ ခင့် ထံ စောင်း တီး၍ ကျူး ဧ ကြ လော့။
ထာ ဝ ရ ဘု ရား၏ ကျေး ဇူး တော် ဂုဏ် တော် ကို ညဉ့် နံ နက် တိုင်း ရပ် လျက် ချီး မွမ်း ခြင်း၊
က ရု ဏာ တော် သည် ကာ လ အ စဉ် တည်၍၊ ကောင်း ကင် ဘုံ ရှင် တည်း ဟူ သော ဘု ရား သ ခင် ၏ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။
ထို အ ခါ၊ ငါ သည် ယု ဒ မှူး မတ် တို့ ကို မြို့ ရိုး ပေါ် သို့ တက် စေ လျက်၊ ထော မ နာ သီ ဆို သူ နှစ် သွယ် အ မြောက် အ မြား ကို စီ မံ ရာ၊ အာ လ ဝီ တံ ခါး သို့ မျက် နှာ မူ လျက်၊ မြို့ ရိုး ထက် လက် ယာ ရစ် စီ တန်း လျှောက် သွား ရ သော တစ် သွယ် နောက်၊
ထာ ဝ ရ ဘု ရား၏ ကျေး ဇူး တော် ဂုဏ် တော် ကို တစ် ပြိုင် နက် ချီး မွမ်း သော တံ ပိုး မှုတ် သူ နှင့် သီ ဆို သူ တို့ သည် တံ ပိုး၊ ခွက် ခွင်း စ သော တူ ရိ ယာ မျိုး ပါ ထာ ဝ ရ ဘု ရား သည် ကောင်း မြတ် တော် မူ၍ ကာ လ အ စဉ် က ရု ဏာ တော် တည် သည် ဟု ချီး မွမ်း သီ ဆို ကြ သည့် ကာ လ ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ဆိုင် ရာ တိမ် တိုက် ဖြင့် ဘု ရား သ ခင့် ဗိ မာန် တော် ပြည့် လျက် ရှိ သော ကြောင့် ပ ရော ဟိတ် တို့ သည် တန့် စား၍ အ မှု တော် ကို မ ဆောင် မ ရွက် ဝံ့ ချေ။
အို ဘု ရား သ ခင်၊ နာ မ တော် နီး ကပ် သ ဖြင့်၊ ကိုယ် တော် ကို အ ကျွန်ုပ် တို့ ချီး မွမ်း၍၊ ထော မ နာ ပြု ကြ ပါ၏။ အံ့ ဖွယ် ရာ အ မှု တော် များ ကို၊ လူ တို့ ပြန် ကြား ကြ ပါ၏။
ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ဘု ရား သ ခင့် ကျေး ဇူး တော် ကြီး မြတ် လေ စွ။ ထို သို့ ဉာဏ် သ ဘော အ လျောက် ဘု ရား သ ခင့် ပ ညတ် တ ရား အောက် ငါ့ ကိုယ် တိုင် ကျွန် ခံ သော် လည်း ရုပ် သ ဘော အ လျောက် အ ပြစ် တ ရား အောက် ကျွန် ခံ ရ သ တည်း။
ထို ကြောင့် ငါ ဦး စွာ နှိုး ဆော် သည် မှာ ငါ တို့ သည် ဘု ရား တ ရား ကို လုံး လုံး ကြည် ညို လျက် ငြိမ် ဝပ် ချမ်း သာ စွာ နေ ခွင့် ရ စေ ရန် ဘု ရင် မင်း များ၊ အ စိုး ရ မင်း များ မှ စ ၍ ခပ် သိမ်း တို့ အ ဖို့ မေ တ္တာ ပို့ ခြင်း၊ တောင်း လျှောက် ခြင်း၊ အ သ နား တော် ခံ ခြင်း၊ ကျေး ဇူး တော် ချီး မွမ်း ခြင်း များ ကို ပြု ကြ လော့။
ချီး မွမ်း ၍ မ ကုန် နိုင် သော ဆု တော် ကြောင့် ဘု ရား သ ခင်၏ ကျေး ဇူး တော် သည် ကြီး လှ ပေ သ တည်း။
သို့ ရာ တွင် ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ငါ တို့ အား အောင် မြင် ခွင့် သ နား တော် မူ သော ဘု ရား သ ခင်၏ ကျေး ဇူး တော် သည် ကြီး လှ ပေ ၏။
နေ့ ရှိ သ မျှ ဘု ရား သ ခင်၌ ဂုဏ် ရောက် ခဲ့ လျက်၊ အ စဉ် အ မြဲ နာ မ တော် ကို ချီး မွမ်း ကြ ပါ မည်။
ထို သို့ လက် မှတ် ရေး ထိုး ကြောင်း ကို ဒံ ယေ လ ကြား သိ သော အ ခါ အိမ် သို့ ပြန် သွား၍ ယေ ရု ရှ လင် မြို့ သို့ မျက် နှာ ပြု ရာ ပြူ တင်း ပေါက် ပွင့် လျက် ရှိ သော အ ထက် ခန်း၌ ပြု လေ့ ရှိ သည့် အ တိုင်း တစ် နေ့ လျှင် သုံး ကြိမ် ဒူး ထောက် လျက် ဘု ရား သ ခင် အား ဆု တောင်း၍ ကျေး ဇူး တော် ကို ချီး မွမ်း လေ၏။
ဖြောင့် မတ် စွာ ဆုံး ဖြတ် တော် မူ ချက် များ ကြောင့်၊ သန်း ခေါင် ယံ၌ ပင်၊ အ ကျွန်ုပ် ထ၍ ကျေး ဇူး တော် ကို ချီး မွမ်း ပါ မည်။
တိုက် မြစ် ချ လျက်၊ အ တည် အ ဆောက် ခံ လျက် သင် ကြား ခဲ့ သည့် အ တိုင်း ယုံ ကြည် ခြင်း တ ရား၌ ခိုင် ခံ့ လျက် ကျေး ဇူး တော် ကို ကြွယ် ဝ စွာ ချီး မွမ်း လျက် ရှိ နေ ကြ လော့။
ငါ့ အ သ နား တော် ခံ သံ ကို နား ညောင်း တော် မူ သော ထာ ဝ ရ ဘု ရား သည်၊ မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။
သင် တို့ သည် ငါ့ ကို သ တိ ရ ကြ သည် မှန် သော် လည်း အ ခါ အ ခွင့် မ သင့် သ ဖြင့် ယ ခု မှ တ ဖန် သ တိ ရ သည့် အ တိုင်း ပြု ကြ ပြန် သည့် အ တွက် အ ရှင် ဘု ရား၌ ငါ အား ရွှင် လန်း ရ၏။
ကိုယ် တော် သည် အ ကျွန်ုပ် ၏ ဘု ရား ဖြစ် တော် မူ၍၊ ကျေး ဇူး တော် ကို ချီး မွမ်း ပါ မည်။ အ ကျွန်ုပ်၏ ဘု ရား သ ခင် ဖြစ် တော် မူ၍၊ ဂုဏ် တော် ကို ကို ချီး မြှောက် ပါ မည်။ထာ ဝ ရ ဘု ရား သည် ကောင်း မြတ် တော် မူ၍၊ က ရု ဏာ တော် လည်း ကာ လ အ စဉ် တည် သော ကြောင့်၊ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။
နေ့ ကို ထောက် သူ သည် အ ရှင် ဘု ရား အ ဖို့ ထောက် သည့် အ လျောက် စား သူ သည် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း သည် နှင့် အ ရှင် ဘု ရား အ ဖို့ စား၏။ မ စား သူ လည်း အ ရှင် ဘု ရား အ ဖို့ ရှောင် လျက် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း၏။
ထာ ဝ ရ ဘု ရား၏ ကျေး ဇူး တော် ကို ချီး မွမ်း လျက်၊ နာ မ တော် ကို ပ ဌ နာ ပြု လျက်၊ အ မှု တော် များ ကို လူ အ မျိုး မျိုး တို့ သိ စေ ကြ လော့။
ထာ ဝ ရ ဘု ရား အား သီ ဆို ကျူး ဧ၍ အံ့ ဖွယ် ရာ အ မှု တော် ရှိ သ မျှ ကို ဆင် ခြင် ကြ လော့။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အ ကျွန်ုပ်၏ ဘု ရား သ ခင် ဖြစ် တော် မူ၏။ သ စ္စာ တော် တည် မြဲ၍၊ ရှေး ကာ လ က ပင် ပြ ဋ္ဌာန်း တော် မူ သော အံ့ ဩ ဖွယ် ရာ များ ကို စီ ရင် တော် မူ သော ကြောင့်၊ ဂုဏ် တော် ကို ချီး မြှောက်၍ နာ မ တော် ကို ချီး မွမ်း ပါ မည်။
အ ကျွန်ုပ် မူ ကား၊ ကျေး ဇူး တော် ကို ချီး မွမ်း သော အ သံ နှင့် ကိုယ် တော် အား ယဇ် ပူ ဇော် ပါ မည်။ ထား ခဲ့ သော သ စ္စာ ဝတ် များ ကို ဖြေ ပါ မည်။ ကယ် တင် ခြင်း အ မှု မှာ၊ ထာ ဝ ရ ဘု ရား နှင့် စပ် ဆိုင် ပါ သည် ဟု ဆု တောင်း လေ ၏။
သန်း ခေါင် ယံ တွင် အ ကျဉ်း သား တို့ နား ထောင် ကြ စဉ် ပေါ လု နှင့် သိ လ တို့ သည် ဘု ရား သ ခင့် ထံ ပ ဌ နာ ပြု လျက် ကျူး ဧ လျက် နေ ကြ ခိုက် ရုတ် တ ရက် င လျင် ကြီး လှုပ် သ ဖြင့်၊
ရှေ့ တော် ၌ ချီး မွမ်း ရာ သ က္ကာ ကို ပူ ဇော် လျက်၊ ထာ ဝ ရ ဘု ရား ၏ နာ မ တော် အား ပ ဌ နာ ပြု ပါ မည်။
မြင့် မြတ် သော အ ရှင်၊ ကိုယ် တော်၌ အား ရ ရွှင် လန်း လျက်၊ နာ မ တော် ဂုဏ် တော် ကို ကျူး ဧ ပါ မည်။
ထာ ဝ ရ ဘု ရား အား ကြည် ညို သူ တို့ ကျူး ဧ လျက်၊ သန့် ရှင်း သော နာ မ တော် ကို ချီး မွမ်း ကြ လော့။
သို့ ဖြစ်၍ အို ထာ ဝ ရ ဘု ရား၊ ကျေး ဇူး တော် ကို လူ မျိုး ခြား တို့ ဘောင် တွင် အ ကျွန်ုပ် ချီး မွမ်း ပါ မည်။
ခ ရစ် တော် အား ဖြင့် နာမ် ဝိ ညာဉ် အ ဖို့ ကောင်း ကင် ဆိုင် ရာ မင်္ဂ လာ အ မျိုး မျိုး ကို သ နား တော် မူ သော ငါ တို့ အ ရှင် ယေ ရှု ခရစ် ၏ ခ မည်း တော် ဘု ရား သ ခင်၌ မင်္ဂ လာ ရှိ ၏။
အ သက် ရှင် ခြင်း ထက်၊ မေ တ္တာ ကျေး ဇူး တော် ကောင်း မြတ် သည့် အ တွက်၊ ကိုယ် တော် ကို နှုတ် မြွက် ချီး မွမ်း သည် နှင့် အ ညီ၊အ သက် ထက် ဆုံး ဩ ဘာ ဆက် ခြင်း၊ နာ မ တော် အား ဖြင့် လက် အုပ် ချီ ခြင်း ပြု လျက်၊
သုံ့ ပန်း ခံ ရ သော ပြည် သူ ပြည် သား တို့ ကို၊ ဗျာ ဒိတ် အ တိုင်း ယ မန် အ ဖြစ်၊ ငါ ပြန် ပို့ မည် နှင့် အ ညီ၊ အား ရ ရွှင် လန်း သံ၊ မင်္ဂ လာ ဆောင် သ တို့ သား သ တို့ သ မီး တို့ ကြွေး ကြော် သံ၊ ထာ ဝ ရ ဘု ရား သည် ကောင်း မြတ် တော် မူ၍၊ ကာ လ အ စဉ် က ရု ဏာ တော် တည် သော ကြောင့်၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့ ဟူ၍ ဩ ဘာ ပြု သံ၊ ဗိ မာန် တော် သို့ ချီး မွမ်း ရာ သ က္ကာ ဆက် သွင်း သံ များ ကို ကြား ရ ဦး မည် ဟု မိန့် ဆို ၏။
အို အ ရှင် ဘု ရား၊ လူ ပ ရိ သတ် တို့ တွင်၊ ကိုယ် တော် ကို ချီး မွမ်း လျက်၊ လူ မျိုး တို့ ဘောင် တွင် ကျူး ဧ ပါ မည်။
အ ကျွန်ုပ် နှုတ် သည်၊ နေ့ ရှိ သ မျှ ဂုဏ် တော် ကို ချီး မြှောက် ခြင်း၊ အ သ ရေ တော် ကို ချီး မွမ်း ခြင်း နှင့် ပြည့် လျက် ရှိ ပါ ၏။
ထာ ဝ ရ ဘု ရား သည် ငါ့ စွမ်း အား၊ ငါ ကျူး ဧ ဖွဲ့ ဆို ရာ ငါ့ ကို ကယ် ဆယ် ရာ အ ကြောင်း ဖြစ် တော် မူ၏။ ထို ဘု ရား သည် ငါ့ ဘု ရား ဖြစ် တော် မူ၍ ထော မ နာ ပြု ပါ မည်။ ငါ့ အ ဘ၏ ဘုရား သ ခင် ဖြစ် တော် မူ၍ ဂုဏ် တော် ကို ချီး မြှောက် ပါ မည်။
အ ရှင် ထက် အ ရှင်၏ က ရု ဏာ တော် သည် ကာ လ အ စဉ် တည် သော ကြောင့်၊ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။
ထော မ နာ ပြု ခြင်း ကို ငါ ပြု ပြင် ၏။ ဝေး ကွာ သော သူ နှင့် နီး စပ် သော သူ၌ ချမ်း သာ ရှိ သည် ဟု ငါ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် အ တိုင်း သက် သာ စေ လိမ့် မည်။
ဘု ရား သ ခင် ၏ ဂုဏ် တော် ကို ချီး မွမ်း ၍ ပြည် သူ ပြည် သား အ ပေါင်း တို့ ရှေ့ မျက် နှာ သာ ရ ကြ၏။ အ ရှင် ဘု ရား လည်း ကယ် တင် တော် မူ ရာ ရောက် လျက် နေ သူ တို့ ကို တစ် နေ့ နောက် တစ် နေ့ ထပ် သွင်း တော် မူ ၏။
ငါ သည် အ သက် ထက် ဆုံး ထာ ဝ ရ ဘု ရား ကို ချီး မွမ်း လျက်၊ တည် နေ သ မျှ ကာ လ ပတ် လုံး၊ ငါ ၏ ဘု ရား သ ခင့် ထံ ကျူး ဧ ပါ မည်။
ဟာ လေ လု ယ၊ ထာ ဝ ရ ဘု ရား အား၊ သီ ချင်း သစ် ကိုလည်း ကောင်း၊ ကြည် ညို သူ တို့ အ စည်း အ ဝေး ၌ ချီး မွမ်း ခြင်း ကို လည်း ကောင်း၊ ဖွဲ့ ဆို ကြ လော့။
ထို အ ခါ၌ ယေ ရှု က အို မိုး မြေ့ ရှင် အ ဘ ခ မည်း တော်၊ ဤ အ ရာ များ ကို ပ ညာ ရှိ နှင့် ဥာဏ် ကောင်း သူ တို့ အား ဝှက် ထား လျက် သူ ငယ် တို့ အား ဖွင့် ပြ တော် မူ သော ကြောင့် ကျေး ဇူး တော် ကြီး လှ ပါ၏။
ငါ၏ နှုတ် တွင်း သို့ လည်း၊ ငါ တို့ ဘု ရား သ ခင်၏ ဂုဏ် တော် ချီး မွမ်း ရာ သီ ချင်း သစ် ကို သွင်း တော် မူ၏။ အ များ သိ မြင် ခန့် ညား၍၊ ထာ ဝ ရ ဘု ရား၌ ကိုး စား ကြ လိမ့် မည်။
ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့ အ ဖို့ ဘု ရား သ ခင် အ လို တော် ရှိ သည့် အ တိုင်း အ စဉ် ရွှင် လန်း ခြင်း၊ မ ပြတ် ပ ဌ နာ ပြု ခြင်း၊ အ ရာ ရာ တွင် ကျေး ဇူး တော် ချီး မွမ်း ခြင်း များ ကို ပြု ကြ လော့။
အ ချင်း မြေ တစ် ပြင် လုံး၊ ထာ ဝ ရ ဘု ရား အား ရွှင် လန်း သံ လွှင့် လျက်၊ ကြွေး ကြော် ကြ လော့။ အ သံ ထုတ် ၍ ကျူး ဧ ကြ လော့။
တစ် ဆူ တည်း သော ဉာဏ် တော် နှင့် ပြည့် စုံ တော် မူ သော ဘု ရား သ ခင် သည် ယေ ရှု ခ ရစ် အား ဖြင့် က မ္ဘာ အ ဆက် ဆက် ဘုန်း တော် ကြီး ပါ စေ သ တည်း။ အာ မင်။
ထွက် သက် ဝင် သက် ရှိ သ မျှ သ တ္တ ဝါ တို့ သည်၊ ထာ ဝ ရ ဘု ရား ကို ချီး မွမ်း ကြ စေ။ ဟာ လေ လု ယ။
သင် တို့ မူ ကား မှောင် မိုက် ထဲ မှ အံ့ ဖွယ် သော အ လင်း တော် ထဲ သို့ ခေါ် ခဲ့ တော် မူ သော အ ရှင်၏ ဘုန်း တော် ကို ဖော် ပြ စေ ခြင်း ငှာ ရွေး ချယ် သော လူ မျိုး တော် ပ ရော ဟိတ် နိုင် ငံ တော် သီး သန့်၍ ပိုင် ဆိုင် တော် မူ ရာ လူ မျိုး တော် ဖြစ် လျက်
ဖြောင့် မတ် ခြင်း ဝင်း တံ ခါး များ ကို ဖွင့် ပေး ကြ၊ ငါ ဝင် လျက် ထာ ဝ ရ ဘု ရား ၏ ကျေး ဇူး တော် ကို ချီး မွမ်း ပါ မည်။
အ ချို့ တို့ ဓ လေ့ အ တိုင်း စည်း ဝေး ဝတ် ကို မ လှပ် ထား ဘဲ နေ့ တော် နီး ကြောင်း သင် တို့ မျှော် မြင် သည့် အ လျောက် အ ချင်း ချင်း အား အ ထူး နှိုး ဆော် ခြင်း များ ကို ပြု ကြ ကုန် အံ့။