ဘုရားသခင်ရဲ့ ကျမ်းစာထဲမှာ လူမျက်နှာမကြည့်ရဘူးဆိုတာကို သွန်သင်ထားတယ်။ ဓမ္မဟောင်းကျမ်း၊ ဓမ္မသစ်ကျမ်း နှစ်ခုစလုံးမှာပါ ဒီသွန်သင်ချက်ကို တွေ့ရတယ်။
ဝတ်ပြုရာ ၁၉:၁၅ မှာ "တရားစီရင်ရာ၌ မတရားမလုပ်ရ။ ဆင်းရဲသောသူကို မျက်နှာမလိုက်ရ။ ကြီးမြတ်သောသူကိုလည်း မျက်နှာမလိုက်ရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို တရားသဖြင့် စီရင်ရမည်။" လို့ ရေးထားတယ်။ ဒီစကားက လူတွေရဲ့ အဆင့်အတန်း၊ အပြင်ပန်းကိုကြည့်ပြီး မျက်နှာမလိုက်ရဘူး၊ မတရားမဆိုင်ရဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သတိပေးတယ်။
ဓမ္မသစ်ကျမ်းမှာလည်း ယာကုပ်က သူ့ရဲ့စာထဲမှာ ဒီအကြောင်းကို ပြောထားတယ်။ ယာကုပ် ၂:၁-၄ မှာ အပြင်ပန်း၊ ငွေကြေးအနေအထားကိုကြည့်ပြီး လူမျက်နှာ ကြည့်တဲ့အပြစ်အကြောင်းကို သတိပေးထားတယ်။ "ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးသော ငါတို့၏သခင်ယေရှုခရစ်ကို ယုံကြည်ခြင်း၌ လူမျက်နှာ မကြည့်ရကြ။ အကြင်သူသည် ရွှေလက်စွပ်ကို ဆင်ယင်လျက်၊ လှပသော အဝတ်ကို ဝတ်ဆင်လျက် သင်တို့၏စည်းဝေးရာအရပ်သို့ ဝင်လာ၏။ ဆင်းရဲသောသူသည်လည်း ရုပ်ဆိုးသောအဝတ်ကို ဝတ်ဆင်လျက် ဝင်လာ၏။ လှပသောအဝတ်ကို ဝတ်ဆင်သောသူအား ကြည့်ရှု၍၊ ဤအရပ်၌ ကောင်းစွာထိုင်နေပါဟု ဆိုကြ၏။ ဆင်းရဲသောသူအားလည်း၊ သင်သည် ထိုအရပ်၌ရပ်နေလော့။ သို့မဟုတ် ငါ့ခြေတင်ရာအောက်၌ ထိုင်နေလော့ဟု ဆိုလျှင်၊ သင်တို့သည် ကိုယ်တိုင် ခွဲခြား၍၊ မကောင်းသောအကြံနှင့် တရားစီရင်သောသူ ဖြစ်ကြသည်မဟုတ်လော။"
လူမျက်နှာကြည့်တယ်ဆိုတာ မတရားဆက်ဆံတာတင် မဟုတ်ဘူး။ လူမျိုး၊ နိုင်ငံ၊ ကျား/မ စတဲ့ ဘယ်လက္ခဏာကိုမဆိုကြည့်ပြီး ခွဲခြားဆက်ဆံတာ၊ မလိုမုန်းတာတွေလည်း အပါအဝင်ပဲ။ ခရစ်တော်ရဲ့နောက်လိုက်တွေအနေနဲ့ ဘုရားသခင်ရဲ့ ကျမ်းစာနဲ့အညီ နေထိုင်ပြီး ဘယ်သူ့ကိုမှ မခွဲခြားဘဲ ချစ်တတ်အောင် ကြိုးစားရမယ်။
ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ရအောင်။ လူမျက်နှာကြည့်မိနေသလား။ ဘုရားသခင်က ငါတို့အားလုံးကို တန်းတူချစ်တယ်။ ငါတို့လည်း အချင်းချင်း တန်းတူချစ်ခင် ဆက်ဆံစေချင်တယ်ဆိုတာ မမေ့ကြနဲ့။
ချစ်ခြင်းမေတ္တာနဲ့ တရားမျှတခြင်းက ငါတို့ရဲ့ဆက်ဆံမှုတွေ၊ ဆုံးဖြတ်ချက်တွေကို လမ်းညွှန်ပါစေ။ ဘုရားသခင်ရဲ့အမြင်နဲ့ လူမျက်နှာမကြည့်ဘဲ သူတစ်ပါးကို မြင်တတ်အောင် ကြိုးစားကြရအောင်။ ဒီစကားတွေက ဘုရားသခင်ရဲ့နိုင်ငံတော်ရဲ့ သဘောတရားတွေနဲ့အညီ နေထိုင်ပြီး လောကမှာ ဘုရားသခင်ရဲ့မေတ္တာကို ဖြန့်ဝေနိုင်သူတွေ ဖြစ်လာအောင် တွန်းအားပေးပါစေ။
ဘု ရား သ ခင်၌ မျက် နှာ ငဲ့ ခြင်း မ ရှိ သည် ဖြစ်၍၊ ပ ညတ် တ ရား လွတ် ပြစ် မှား သူ တို့ သည် ပ ညတ် တ ရား လွတ် ပျက် စီး ရ လ တ္တံ့။ ပ ညတ် တ ရား သိ လျက် ပြစ် မှား သူ တို့ လည်း ပ ညတ် တ ရား အ တိုင်း စီ ရင် ခံ ရ လ တ္တံ့။
သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ဘု ရား ထက် ဘု ရား၊ အ ရှင် ထက် အ ရှင်၊ တန် ခိုး ကြီး လျက် ကြောက် မက် ဖွယ် ရာ မ ဟာ ဘု ရား ဖြစ် တော် မူ သည့် အ လျောက်
ထာ ဝ ရ ဘု ရား က သူ့ မျက် နှာ ရည် နှင့် အ ရပ် အ မောင်း ကို မ ထောက် ရှု နှင့်။ သူ့ ကို ငါ ပယ် ပြီ။ လူ တို့ ကဲ့ သို့ ငါ ရှု မြင် သည် မ ဟုတ်။ လူ တို့ သည် ဗ ဟို ဒ္ဒ သ ဏ္ဌာန် ကို ရှု မြင် တတ်၏။ ငါ ဘု ရား မူ ကား အ ဇ္စျ တ္တ သ ဏ္ဌာန် ကို ရှု မြင် သည် ဟု ရှ မွေ လ အား မိန့် တော် မူ၏။
ထာ ဝ ရ ဘု ရား ကို ကြောက် ရွံ့ သော စိတ် ရှိ လျက် သ တိ နှင့် စီ ရင် ကြ လော့။ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘုရား သည်၊ မျက် နှာ ကြီး ငယ် မ ထောက်၊ တံ စိုး ကို မ စား။ မ တ ရား စီ ရင် တော် မူ သည် မ ဟုတ် ဟု မိန့် ဆို၏။
ထို အ ခါ နှုတ် မြွက်၍ ပေ တ ရု က၊ ဘု ရား သ ခင် သည် မျက် နှာ ကြီး ငယ် မ ထောက် ဘဲ၊လူ မျိုး တိုင်း၌ ကိုယ် တော့် အား ခန့် ညား၍ ကောင်း သော အ မှု ပြု ကျင့် သူ တို့ ကို လက် ခံ တော် မူ ကြောင်း မု ချ ငါ သိ ပြီ။
ဟေ ရုဒ် မင်း ဘက် တော် သား များ နှင့် တ ကွ အ ထံ တော် သို့ စေ လွှတ် လျက် ဆ ရာ သည် သ စ္စာ စောင့် သူ ဖြစ် သည့် အ လျောက် မည် သည် ကို မျှ အ မှု မ ထား၊ လူ့ မျက် နှာ ကို မ ထောက် ဘဲ ဘု ရား သ ခင့် နည်း လမ်း တော် ကို သ စ္စာ နှင့် သွန် သင် ကြောင်း ကျွန်ုပ် တို့ သိ ကြာ ပါ သည်။ သို့ ဖြစ်၍ မည် သို့ ထင် ပါ နည်း။
ထို သူ တို့ က ဆ ရာ သည် တ ရား အ တိုင်း မိန့် ဆို သွန် သင် လေ့ ရှိ၍ မည် သူ့ မျက် နှာ ကို မ ထောက် ဘဲ ဘု ရား သ ခင့် နည်း လမ်း တော် ကို သ စ္စာ နှင့် သွန် သင် ကြောင်း ကျွန်ုပ် တို့ သိ ကြ ပါ သည်။
ကြွယ် ဝ သော သူ နှင့် နွမ်း ပါး သော သူ တို့ သည်၊ ဆုံ စည်း ကြ၏။ ၎င်း ရှိ သ မျှ တို့ ကို၊ ထာ ဝ ရ ဘု ရား ဖန် ဆင်း တော် မူ ပြီ။
အ ရှင် ဖြစ် သူ တို့၊ ကောင်း ကင် ဘုံ စံ နေ သော သင် တို့ နှင့် သူ တို့ အ ရှင် သည် မျက် နှာ ရွေး တော် မ မူ ကြောင်း သိ ကြ သည့် အ လျောက် ကျွန် တို့ အား မ ခြိမ်း ချောက် ဘဲ ထို သို့ စေ တ နာ ရှိ ကြ လော့။
တစ် ဦး ကား သင့် ညီ အစ် ကို ကို စီ ရင် ခြင်း၊ တစ် ဦး ကား သင့် ညီ အစ် ကို ကို မ ထီ လေး စား ခြင်း အ ဘယ် ကြောင့် ပြု သ နည်း။ လူ တိုင်း ငါ့ ရှေ့ တွင် ဒူး ထောက် ခြင်း၊ နှုတ် ဖြင့် ငါ ဘု ရား ကို ချီး မွမ်း ခြင်း ပြု ရ လိမ့် မည် ဟု အ သက် တော် ကို တိုင် တည်၍ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ရှိ ကြောင်း ကျမ်း ချက် အ ရ ငါ တို့ ရှိ သ မျှ သည် ဘု ရား သ ခင်၏ တ ရား ပ လ္လင် တော် ရှေ့ ရပ် ရ ကြ လိမ့် မည်။သို့ ဖြစ်၍ ငါ တို့ အ သီး အ သီး သည် ကိုယ့် အ ကြောင်း ကို ဘု ရား သ ခင့် ရှေ့ ဖော် ပြ ရ ကြ လ တ္တံ့။
အို အ ရှင် ဘု ရား၊ က ရု ဏာ လည်း ကိုယ် တော် နှင့် စပ် ဆိုင် ပါ သည် ဟူ သော နှစ် ချက် ကို ငါ ကြား ရ၏။ ကိုယ် တော် သည် လူ အ သီး အ သီး တို့ အား၊ ကိုယ့် အ ကျင့် အ လျောက် ဆပ် ပေး တော် မူ ပါ ၏။
ယုံ ကြည် ခြင်း အား ဖြင့် သူ တို့ စိတ် နှ လုံး ကို စင် ကြယ် စေ သည့် အ တိုင်း ငါ တို့ နှင့် သူ တို့ ကို ခြား နား စေ တော် မ မူ။
၄င်း ပြင် ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို ပ ဌ နာ ပြု သူ တိုင်း ကယ် တင် ခွင့် ရ လ တ္တံ့ ဟု ကျမ်း ချက် အ ရ ယု ဒ လူ မျိုး နှင့် လူ မျိုး ခြား တို့ ခြား နား ခြင်း မ ရှိ။ တစ် ပါး တည်း သော အ ရှင် သည် ခပ် သိမ်း တို့ အ ပေါ် တွင် အုပ် စိုး လျက် ပ ဌ နာ ပြု သူ တို့ အ ဖို့ ကြွယ် ဝ တော် မူ၏။
ဘု ရား သ ခင် သည် လူ တို့ ကို မျက် နှာ မ ရွေး သည့် အ လျောက် အ ကြီး အ မှူး တို့ မည် မျှ လောက် ကျော် စော သည် ကို ငါ အ ရေး မ ယူ ရ သည် နှင့်၊
ဦး စွာ ယု ဒ လူ မျိုး၊ နောက် လူ မျိုး ခြား တို့ အ နက် ဒု စ ရိုက် ပြု နေ သူ တိုင်း အ ပေါ် သို့ ငြို ငြင် ကျဉ်း ကျပ် ခြင်း၊
ပ ညာ ရှိ တို့ နောက် ဆက် စ ကား ကို ဆို ဦး အံ့။ တ ရား ဆုံး ဖြတ် ရာ တွင်၊ လူ့ မျက် နှာ ကို မ ထောက် သင့်။
၎င်း ပြင် လူ အ သီး သီး တို့ အ ကျင့် အ တိုင်း မျက် နှာ မ ငဲ့ ဘဲ စီ ရင် ဆုံး ဖြတ် တော် မူ သော အ ရှင့် ထံ အ ဘ ခ မည်း တော် အ နေ နှင့် သင် တို့ ပ ဌာ နာ ပြု ကြ လျှင် မိ ရိုး ဖ လာ ထုံး နည်း အ လိုက် အ ချည်း အ နှီး သော အ ကျင့် အ ကြံ များ မှ ပျက် စီး တတ် သော ရွှေ ငွေ မ ဟုတ် ကြန် အင် မ ယွင်း စုံ လင် သော သိုး သား ငယ် သ ဘွယ် ခ ရစ် တော်၏ အ သွေး တော် မြတ် ဖြင့် သင် တို့ ကို ရွေး နုတ် တော် မူ ကြောင်း ကို သိ သည့် အ လျောက် တည်း ခို ရာ ကာ လ အ တွင်း ခန့် ညား စွာ ကျင့် ကြံ ပြု မူ ကြ လော့။
မှူး မတ် တို့ သည် အ ကြောင်း မဲ့ ညှဉ်း ပန်း ကြ သော် လည်း၊ နှုတ် က ပတ် တော် ကြောင့် သာ အ ကျွန်ုပ် စိတ် ချောက် ခြား လျက် နေ ပါ၏။
အို ညီ အစ် ကို တို့၊ သင် တို့ ရှိ သ မျှ သည် ကွဲ ပြား ခြင်း မ ရှိ ဘဲ တစ် သံ တည်း ပြော ဆို လျက် သ ဘော ထား တစ် မျိုး၊ ဆုံး ဖြတ် ပုံ တစ် မျိုး တည်း အား ဖြင့် စေ့ စပ် စုံ လင် ကြ မည့် အ ကြောင်း ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ နာ မ တော် နှင့် ငါ နှိုး ဆော် ပါ ၏။ငါ့ ညီ အစ် ကို တို့၊ သင် တို့ ဘောင် တွင် ခိုက် ရန် ဖြစ် ခြင်း များ ရှိ ကြောင်း ခ လော ဧ အိမ် သူ အိမ် သား တို့ ဖော် ပြ ကြ ၏။ငါ ဆို လို သည် မှာ အ သီး သီး တို့ က ငါ သည် ပေါ လု တ ပည့်၊ ငါ သည် အာ ပေါ လု တ ပည့်၊ ငါ သည် ကေ ဖ တပည့်၊ ငါ သည် ခရစ် တော် တ ပည့် ဟု ပြော ဆို ကြ၏။
ကြည့် ပါ လော့။ ဘု ရား သ ခင် သည် တန် ခိုး ကြီး၍ ဉာဏ် သ တ္တိ နှင့် ပြည့် စုံ တော် မူ လျက်၊ မည် သူ့ ကို မျှ ငြင်း ပယ် တော် မ မူ။
သို့ ဖြစ်၍ ဘု ရား သ ခင်၏ ဘုန်း တော် ထင် ရှား စေ ရန် ခ ရစ် တော် သည် သင် တို့ ကို လက် ခံ တော် မူ သည့် နည်း တူ အ ချင်း ချင်း လက် ခံ ကြ လော့။
ကောင်း သော ဆု နှင့် စုံ လင် သော ကျေး ဇူး ရှိ သ မျှ တို့ သည် ပြောင်း လဲ ခြင်း၊ လှည့်၍ အ ရိပ် ကျ ခြင်း ကင်း သော အ ရှင်၊ အ လင်း တန် ဆာ များ၏ အ ဘ ထံ အ ထက် အ ရပ် မှ ဆင်း သက် ၏။
သင် တို့ အ ပေါ်၌ ချစ် သူ တို့ ကို သာ ချစ် လျှင် မည် သည့် အ ကျိုး ဆက် ကို ခံ ရ မည် နည်း။ အ ခွန် ကောက် တို့ ပင် ထို သို့ ချစ် တတ် ကြ သည် မ ဟုတ် လော။ညီ အစ် ကို ချင်း တို့ ကို သာ နှုတ် ဆက် လျှင် သူ တစ် ထူး တို့ ထက် မည် သို့ သာ သ နည်း။ သာ သ နာ ပ တို့ ပင် ထို သို့ နှုတ် ဆက် တတ် ကြ သည် မ ဟုတ် လော။ကောင်း ကင် ဘုံ ရှင် သင် တို့ အ ဘ စုံ လင် တော် မူ သည့်နည်း တူ သင် တို့ လည်း စုံ လင် ခြင်း ရှိ ကြ ရ မည်။
တစ် ဦး တစ် ယောက် သည် တစ် နေ့ ထက် တစ် နေ့ မြတ် သည် ဟု မှတ် အံ့။ တစ် ဦး တစ် ယောက် သည် နေ့ တိုင်း အ မြတ် တူ သည် ဟု မှတ် အံ့။ အ သီး အ သီး ကိုယ့် စိတ် လုံး လုံး ချ စေ။
စီ ရင် ခြင်း ကို မ ခံ ရ စေ ခြင်း ငှာ မ စီ ရင် ကြ နှင့်။ငါး တောင်း လျှင် မြွေ ပေး မည့် သူ ရှိ သ လော၊သို့ နှင့် အ ညီ ဆိုး သွမ်း သော သင် တို့ ပင် သား သ မီး တို့ အား ကောင်း ရာ ကို ပေး တတ် လျှင် ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ သည် လျှောက် တောင်း သူ တို့ အား ကောင်း ရာ ကို သာ၍ သ နား တော် မူ မည် မ ဟုတ် လော။ထို ကြောင့် ကိုယ် ကို ပြု စေ လို သ မျှ အ တိုင်း သူ တစ် ထူး တို့ အား ပြု ကြ လော့။ ဤ သည် ကား ပ ည တ္တိ ကျမ်း၊ ပ ရော ဖက် ကျမ်း များ အ လို တည်း။ကျဉ်း မြောင်း သော တံ ခါး ဖြင့် ဝင် သွား ကြ လော့။ ပျက် စီး ရာ သို့ ရောက် သော တံ ခါး နှင့် လမ်း သည် ကျယ် ဝန်း သ ဖြင့် ဝင် သွား သူ များ လှ၏။အ သက် ရှင် ရာ သို့ ရောက် သော တံ ခါး နှင့် လမ်း မူ ကား ကျဉ်း မြောင်း သော ကြောင့် တွေ့ မြင် သူ နည်း လှ၏။လော ဘ ဇော ကြီး သော ဝံ ပု လွေ့ သ ဘော ရှိ သော် လည်း သိုး ရေ ဝတ် လျက် ပင် သင် တို့ ထံ လာ တတ် သော မိ စ္ဆာ ပ ရော ဖက် တို့ ကို ကြဉ် ရှောင် ကြ လော့။ချင်း တို့ အ သီး အား ဖြင့် ချင်း တို့ ကို သိ ရ ကြ လိမ့် မည်။ ဆူး ပင် တွင် စ ပျစ် သီး၊ ပေါင်း ပင် တွင် သ ဖန်း သီး ကို ဆွတ် ရ ကြ သ လော။ကောင်း သော အ ပင် တိုင်း ကောင်း သော အ သီး၊ မ ကောင်း သော အ ပင် တိုင်း မ ကောင်း သော အ သီး ကို သီး တတ်၏။ကောင်း သော အ ပင် သည် မ ကောင်း သော အ သီး၊ မ ကောင်း သော အ ပင် သည် ကောင်း သော အ သီး ကို မ သီး နိုင်။အ သီး ကောင်း မ သီး သော အ ပင် တိုင်း ကို ခုတ် လှဲ၍ မီး ထဲ သို့ ပစ် တတ် ကြ၏။ကိုယ် စီ ရင် သည့် နည်း အ တိုင်း စီ ရင် ခြင်း ကို ခံ ရ လိမ့် မည်။ ကိုယ် ချိန် ပေး သည့် ပ မာ ဏ အ တိုင်း လည်း ဆပ် ခြင်း ကို ခံ ရ လိမ့် မည်။
ထာ ဝ ရ ဘု ရား ရှေ့၊ ဆိတ် ဆိတ် နေ၍ စောင့် မျှော် လော့။ မ ကောင်း သော အ ကြံ အောင်၍ အ မှု ထ မြောက် ရ သူ ကြောင့် စိတ် မျက် ခြင်း မ ရှိ လင့်။
မျက် နှာ ငဲ့ လျှင် မူ ကား ပြစ် မှား၍ ကျူး လွန် သူ များ အ ဖြစ် ထို ပ ညတ် တော် အား ဖြင့် အ ပြစ် သင့် လိမ့် မည်။
ညီ အစ် ကို တို့၊ ဘုန်း ကြီး တော် မူ သော ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ယုံ ကြည် ခြင်း တ ရား တော် ကို စွဲ ကိုင် ရာ မျက် နှာ မ ငဲ့ ကြ နှင့်။
သင် တို့ ရှိ သ မျှ သည် ခ ရစ် တော် ယေ ရှု၌ တစ် ကိုယ် တည်း ဖြစ် သည့် အ လျောက် ယု ဒ လူ မျိုး နှင့် လူ မျိုး ခြား အ ဖြစ် အ နေ၊ ကျွန် နှင့် လူ လွတ် အ ဖြစ် အ နေ၊ ယောက်ျား နှင့် မိန်း မ အ ဖြစ် အ နေ မ ရှိ ရာ။
ဘု ရား သ ခင် မှ စ၍ ခ ရစ် တော် ယေ ရှု နှင့် လက် ရွေး စေ တ မန် တော် တို့ ရှေ့ ငါ သ တိ ပေး သည် မှာ၊ မည် သည် ကို မျှ ထင် မြင် ရာ မ စီ ရင် ဘဲ ငဲ့ ကွက် ခြင်း ကင်း လျက် ဤ မှာ ထား ချက် များ ကို စောင့် ရှောက် လော့။
ထို ကြောင့် ထပ် မံ၍ တစ် ယောက် ကို တစ် ယောက် မ စီ ရင် ဘဲ နေ ကြ ကုန် အံ့။ ညီ အစ် ကို ချင်း အား မှောက် မှား ရန်၊ တိုက် လဲ ရန် အ ကြောင်း မ ရှိ စေ ခြင်း ငှါ သာ စီ မံ ကြ လော့။
တ ရား ဆုံး ဖြတ် ရာ တွင် လူ ဆိုး အား၊ မျက် နှာ ပေး ရန်လည်း ကောင်း၊ လူ ကောင်း အား၊ ရှုံး စေ ရန်လည်း ကောင်း၊ မ သင့် မ လျော်။
ငါ က၊ အ ခြင်း အ ရာ အ ပြု အ မူ ရှိ သ မျှ အ ဖို့၊ ရှေ့ တော် တွင် အ ချိန် ရှိ သ ဖြင့်၊ လူ ကောင်း နှင့် လူ ဆိုး တို့ ကို၊ ဘု ရား သ ခင် စီ ရင် ဆုံး ဖြတ် တော် မူ မည် ဟု အောက် မေ့ ၏။
သူ ခပ် သိမ်း တို့ ကို ထောက် ထား လျက် ညီ အစ် ကို တို့ ကို ချစ် လျက် ဘု ရား သ ခင် ကို ခန့် ညား လျက် ဘု ရင် မင်း ကို ရို သေ လျက် နေ ကြ လော့။
တစ် ဦး ကို တစ် ဦး ထောက် ထား ညှာ တာ လျက် သင် တို့ ကို ခ ရစ် တော်၌ ဘု ရား သ ခင် ချမ်း သာ ပေး တော် မူ သည့် နည်း တူ အ ချင်း ချင်း တို့ အား ချမ်း သာ ပေး ကြ လော့။
အ ရှင် ဖြစ် သူ တို့ သင် တို့ အ ပေါ် တွင် လည်း ကောင်း ကင် ဘုံ၌ အ ရှင် ရှိ တော် မူ ကြောင်း သိ ကြ သည့် အ လျောက် ကိုယ့် ကျွန် များ အား သ မာ သ မ ရာ ဖြစ် စေ ကြ လော့။
ငါ တို့ အ ဘ ဘု ရား သ ခင် ရှေ့ တော်၌ သန့် ရှင်း စင် ကြယ် သော ဝတ် မှာ ဒု က္ခ ရောက် နေ သော ဘ သက် ဆိုး နှင့် မု ဆိုး မ တို့ ကို ကြည့် ရှု ပြု စု ခြင်း၊ ဤ လော က အ စွန်း နှင့် ကင်း စင် အောင် ကိုယ် ကို စောင့် ထိန်း ခြင်း များ တည်း။
ဘု ရား သ ခင် ကို ချစ် သည် ဟု ဆို လျက် ညီ အစ် ကို ချင်း မုန်း သူ သည် မု သာ သုံး သူ ဖြစ်၏။ မြင် ဘူး သော ညီ အစ် ကို ချင်း မ ချစ် သူ သည် မ မြင် ဘူး သော ဘု ရား သ ခင် ကို မ ချစ် နိုင်။
ညီ အ ကို တို့ တ ဦး ဦး လွန် ကျူး စဉ် ပင် တွေ့ မိ လျင် ဝိ ညာဉ် သက် ဝင် သော သင် တို့ သည် စုံ စမ်း မ ခံ မိ စေ ရန် ကိုယ် ကို သ တိ မူ လျက် သိမ် မွေ့ သော စိတ် နှင့် ပဲ့ ပြင် က ရ လော့။
ဖီ ဆန် ဝါ ကြွား လို သော သ ဘော နှင့် မည် သည် ကို မျှ မ ပြု ဘဲ တစ် ယောက် ကို တစ် ယောက် ကိုယ့် ထက် ကောင်း သည် ဟု စိတ် နှိမ့် ချ စွာ မှတ် ယူ လော့။သူ သည် ငါ့ အ ဖို့ သင် တို့ ထောက် ပံ့ မှု တွင် လို သ မျှ ကို ဖြည့် စွက် ရာ၌ ခ ရစ် တော်၏ အ မှု တော် ကြောင့် သေ ခြင်း သို့ ရောက် လု သည့် တိုင် အောင် ကိုယ့် အ သက် ကို စွန့် စား လေ ပြီ။ကိုယ့် အ မှု အ ရေး များ ကို သာ ဂ ရု မ ပြု ဘဲ တစ် ပါး သူ့ အ မှု အ ရေး များ ကို လည်း ဂ ရု ပြု ကြ လော့။
မေ တ္တာ ရှိ လျှင် အ ပေါင်း အ ဖော် အား မည် သည့် မ ကောင်း ကို မျှ ပြု မည် မ ဟုတ်။ သို့ ဖြစ်၍ မေ တ္တာ ရှိ ခြင်း သည် ပ ညတ် တ ရား ကို အ ပြည့် အ စုံ စောင့် ရှောက် ရာ စောင့် ရှောက် ကြောင်း ဖြစ် ၏။
တစ် ကိုယ် တည်း ၌ အင်္ဂါ များ ရှိ ရာ ထို အ များ ဖြစ် သော အင်္ဂါ အ ပေါင်း သည် တစ် ကိုယ် တည်း ဖြစ် သည့် နည်း တူ ခ ရစ် တော် လည်း ဖြစ် တော် မူ၏။အ သို့ ဆို သော် ယု ဒ လူ မျိုး ဖြစ် စေ၊ လူ မျိုး ခြား ဖြစ် စေ၊ ကျွန် ဖြစ် စေ၊ လူ လွတ် ဖြစ် စေ၊ ငါ တို့ ရှိ သ မျှ သည် ဝိ ညာဉ် တော် တစ် ဆူ တည်း အား ဖြင့် တစ် ကိုယ် တည်း ထဲ သို့ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ရ လျက် တစ် ဆူ တည်း သော ဝိ ညာဉ် တော် အ မြိုက် ကို သောက် ရ ကြ၏။
ယေ ရှု က သူ ငယ် တို့ ကို ငါ့ ထံ လာ စေ ကြ လော့။ မ ဆီး တား ကြ နှင့်။ ကောင်း ကင် နိုင် ငံ တော် သည် ထို သို့ သော သူ တို့၏ နိုင် ငံ တော် ဖြစ် သည် ဟု မိန့် တော် မူ လျက်
အ သို့ ဆို သော်၊ ဟစ် ခေါ် လျက် နွမ်း ပါး သူ နှင့်၊ ခို ကိုး ရာ မဲ့ ဆင်း ရဲ သား တို့ ကို ကယ် လွှတ် ခြင်း၊အား နည်း သူ နှင့် နွမ်း ပါး သူ တို့ ကို သ နား လျက်၊ နွမ်း ပါး သူ တို့၏ အ သက် ကို ကယ် မ ခြင်း၊
အ မှု အ ရာ တော် များ သည် အံ့ ဩ ဖွယ် ဖြစ် သည့် အ လျောက်၊ အ ကျွန်ုပ် သည် ကြောက် မက် အံ့ ဩ ဖွယ် ရာ ဖြစ် ကြောင်း၊ စိတ် ဖြင့် သေ ချာ စွာ သိ လျက်၊ ကျေး ဇူး တော် ကို ချီး မွမ်း ပါ မည်။
ဒု စ ရိုက် ကို ဖြတ်၍ သု စ ရိုက် ကို ပြု ရန် လေ့ လာ ကြ လော့။ တ ရား စောင့် ရန် ရှာ ကြံ လျက်၊ ကြမ်း ကြုတ် သူ ကို ပဲ့ပြင် လျက်၊ ဖ သက် ဆိုး ကို ငဲ့ ညှာ စီ ရင်၍၊ မု ဆိုး မ အ မှု ကို လည်း ရှေ့ ဆောင် ကြ လော့ ဟု မိန့် တော် မူ ၏။
ပင့် ခေါ် သူ့ အား လည်း ကိုယ် တော် က သင် သည် နံ နက် ဖြစ် စေ၊ ညဉ့် ဖြစ် စေ၊ စား သောက် ပွဲ ကျင်း ပ သည့် ကာ လ ကိုယ့် အ ဆွေ ခင် ပွန်း ညီ အစ် ကို အ မျိုး သား ချင်း တို့ နှင့် ကြွယ် ဝ သူ အိမ် နီး ချင်း တို့ ကို မ ဖိတ် နှင့်။ ဖိတ် လျှင် ထို သူ တို့ သည် သင့် ကို တုံ့ ပြန် ဖိတ် ခေါ် လျက် ကျေး ဇူး ဆပ် ကောင်း ဆပ် ကြ လိမ့် မည်။စား သောက် ပွဲ ကျင်း ပ သော အ ခါ ဆင်း ရဲ သူ၊ အင်္ဂါ ပျက် သူ၊ ခြေ ဆွံ့ သူ၊ မျက် မ မြင် သူ တို့ ကို ခေါ် လော့။ထို သူ တို့ ကျေး ဇူး မ ဆပ် နိုင် သည့် အ တွက် သူ တော် ကောင်း တို့ ရှင် ပြန် ထ မြောက် ရာ ကာ လ တွင် ကျေး ဇူး ဆပ် ခြင်း ကို ခံ ရ မည့် သင်၌ မင်္ဂ လာ ရှိ လ တ္တံ့ ဟု မိန့် တော် မူ၏။
သင် တို့ သည် ဝင် နေ သူ နိုင် ငံ ခြား သား များ ဖြစ် နေ တော့ သည် မ ဟုတ်။ သီး သန့် ထား တော် မူ သူ တို့ နှင့် ပြည် တော် သား ချင်း များ၊ ဘု ရား သ ခင်၏ ဘုံ တော် သား များ ဖြစ် ကြ ၏။တ မန် တော် တို့ နှင့် ပ ရော ဖက် တို့ တည်း ဟူ သော တိုက် မြစ် အ ပေါ် တွင် တည် ဆောက် ရ ကြ သည့် အ တိုင်း ထောင့် စွန်း ကျောက် ဖြစ် သော ခ ရစ် တော် ယေ ရှု၌ အ ဆောင် ဆောင် စေ့ စပ် လျက်၊အ ရှင် ဘု ရား အား ဖြင့် သန့် ရှင်း သော ဗိ မာန် တော် ဖြစ် သည့် တိုင် အောင် တိုး ပွား လေ ၏။ထို အ ရှင်၌ ငါ တို့ နှင့် အ တူ သင် တို့ လည်း ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် စံ ရာ တော် ဖြစ် သည့် တိုင် အောင် တည် ဆောက် ခြင်း ခံ ရ ကြ သ တည်း။
ငါ သည် ရှိ သ မျှ တို့ ရှေ့ လူ လွတ် ဖြစ် သော် လည်း အ များ တို့ ကို ရ ခြင်း ငှာ လူ ခပ် သိမ်း တို့ ထံ ကျွန် ခံ လေ ပြီ။ငါ သည် သူ တစ် ထူး တို့ အ ဖို့ တ မန် တော် မ ဟုတ် ဖြစ် စေ ဦး တော့။ အ ရှင် ဘု ရား အား ဖြင့် ခတ် နှိပ် သော တံ ဆိပ် သ ဖွယ် ဖြစ် သူ သင် တို့ အ ဖို့ မူ ကား ဟုတ် မှန်၏။ယု ဒ လူ မျိုး တို့ ကို ရ ခြင်း ငှာ ထို သူ တို့ ရှေ့ ယု ဒ လူ မျိုး အ ဖြစ် ပ ညတ် တ ရား အောက် နေ သူ မ ဟုတ် သော် လည်း ပ ညတ် တ ရား အောက် နေ သူ တို့ ကို ရ ခြင်း ငှာ ထို သူ တို့ ရှေ့ ပ ညတ် တ ရား အောက် နေ သူ အ ဖြစ် ဘု ရား သ ခင့် ရှေ့ တ ရား မဲ့ သူ မ ဟုတ်။ခ ရစ် တော့် တ ရား အောက် နေ သူ ဟုတ် သော် လည်း တ ရား မဲ့ သူ တို့ ကို ရ ခြင်း ငှာ ထို သူ တို့ ရှေ့ တ ရား မဲ့ သူ အ ဖြစ်၊နုန့် နဲ့ သူ တို့ ကို ရ ခြင်း ငှာ ထို သူ တို့ ရှေ့ နုန့် နဲ့ သူ အ ဖြစ် နေ လျက် တစ် နည်း နည်း အား ဖြင့် အ ချို့ တို့ ကို ရ ခြင်း ငှာ အ မျိုး မျိုး တို့ ရှေ့ အ မျိုး မျိူး အ ဖြစ် နေ ခဲ့ လေ ပြီ။
ဤ သူ ငယ် တစ် ယောက် ယောက် ကို မ ထီ မဲ့ မြင် မ ပြု မိ စေ ရန် သ တိ မူ ကြ လော့။ စောင့် ထိန်း သူ ကောင်း ကင် တ မန် တို့ သည် ကောင်း ကင် ဘုံ စံ ငါ့ ခ မည်း တော်၏ မျက် နှာ တော် ကို အ စဉ် ဖူး မြင် ရ ကြ သည် ငါ ဆို၏။
ဆင်း ရဲ သူ့ ကို မြေ မုန့် ထဲ က ချီး မြှင့် လျက်၊ နွမ်း ပါး သူ့ ကို အ မှိုက် ပုံ ထဲ က တင် မြှောက် ပြီး လျှင်၊မှူး မတ် တို့ တည်း ဟူ သော၊ လူ မျိုး တော် ၏ မှူး မတ် တို့ နှင့် အ တူ၊ နေ ရာ ပေး တော် မူ ၏။
ဗျာ ဒိတ် တော် ကား၊ နောင် လာ လ တ္တံ့ သော ကာ လ တွင် လူ အ ပေါင်း တို့ အ ပေါ် သို့ ဝိ ညာဉ် တော် ကို ငါ သွန်း လောင်း သ ဖြင့် သင် တို့ သား သ မီး များ သည် တ ရား ဟော လျက် လူ ပျို တို့ သည် ရူ ပါ ရုံ မျှော် မြင် လျက်၊ လူ အို တို့ သည် အိပ် မက် လျက် နေ ရ ကြ လ တ္တံ့။
ချစ် သူ တို့၊ ငါ တို့ သည် အ ချင်း ချင်း ချစ် ကြ ကုန် အံ့။ ချစ် ခြင်း မေ တ္တာ သည် ဘု ရား သ ခင် မှ ဖြစ် လျက် မေ တ္တာ ရှိ သူ တိုင်း ဘု ရား သ ခင် အား ဖြင့် ဖွား ရ သူ ဘု ရား သ ခင် နှင့် ကျွမ်း ဝင် သူ ဖြစ်၏။မေ တ္တာ မဲ့ သူ ကား ချစ် ခြင်း မေ တ္တာ တည်း ဟူ သော ဘု ရား သ ခင် နှင့် ကျွမ်း ဝင် သူ မ ဟုတ်။
ခ ရစ် တော် ထဲ သို့ ဗ တ္တိ ဇံ မင်္ဂ လာ ခံ သ မျှ သော သင် တို့ သည် ခ ရစ် တော် ကို ဝတ် ဆင် ပြီး ဖြစ် သည့် အ တိုင်း ယုံ ကြည် ခြင်း အား ဖြင့် ခ ရစ် တော် ယေ ရှု၌ ဘု ရား သ ခင့် သား များ ဖြစ် ကြ ၏။သင် တို့ ရှိ သ မျှ သည် ခ ရစ် တော် ယေ ရှု၌ တစ် ကိုယ် တည်း ဖြစ် သည့် အ လျောက် ယု ဒ လူ မျိုး နှင့် လူ မျိုး ခြား အ ဖြစ် အ နေ၊ ကျွန် နှင့် လူ လွတ် အ ဖြစ် အ နေ၊ ယောက်ျား နှင့် မိန်း မ အ ဖြစ် အ နေ မ ရှိ ရာ။ခ ရစ် တော့် ပိုင် ရာ တော် ဖြစ် လျှင် လည်း အာ ဗြ ဟံ၏ အ မျိုး အ နွယ် က တိ တော် အ တိုင်း အ မွေ ခံ ဖြစ် ကြ သ တည်း။
ညီ အစ် ကို ချင်း အ ဖြစ် သင်္ဂ ဟ ဝတ် အ တိုင်း တစ် ယောက် ကို တစ် ယောက် ချစ်၍ ကိုယ့် ထက် ဂုဏ် တင် လျက်၊
လူ ဆိုး ကို ဖြောင့် သည် ဟု စီ ရင် သူ၊ ဖြောင့် သူ့ ကို ဆိုး သည် ဟု စီ ရင် သူ နှစ် ဦး သား တို့ သည်၊ ထာ ဝ ရ ဘု ရား၏ မျက် မှောက် တော်၌၊ စက် ဆုပ် ရွံ့ ရှာ ဖွယ် ဖြစ် ကြ ၏။
အ ထက် မှ ဆင်း သက် သော ဉာဏ် ပ ညာ မူ ကား ဦး စွာ သန့် စင်၍ နောက် သင့် တင့် နူး ညံ့ လိုက် နာ လျက် မျက် နှာ ရွေး ခြင်း၊ ဟန် ဆောင် ခြင်း မဲ့ လျက် က ရု ဏာ နှင့် လည်း ကောင်း၊ ကောင်း ကျိုး များ နှင့် လည်း ကောင်း ပြည့် စုံ ၏။
ထာ ဝ ရ ဘု ရား သည်၊ ဝင် နေ သူ တို့ ကို စောင် မ ခြင်း၊ ဖ သက် ဆိုး နှင့် မု ဆိုး မ တို့ ကို ထောက် မ ခြင်း ပြု လျက်၊ လူ ဆိုး တို့၏ လမ်း ကို ကွေ့ ကောက် စေ တော် မူ ၏။
ငါ ထာ ဝ ရ ဘု ရား ကို မှီ ဝဲ သော လူ မျိုး ခြား ကား၊ ထာ ဝ ရ ဘု ရား သည် ငါ့ ကို လူ မျိုး တော် နှင့် ခွဲ ခြား စေ လိမ့် မည် ဟူ၍ လည်း ကောင်း၊ မိန်း မ စိုး က လည်း၊ ငါ သည် သွေ့ ခြောက် သော အ ပင် ဖြစ် သည် ဟူ၍ လည်း ကောင်း မ ဆို ရ။ငါ၏ ဥ ပုသ် နေ့ ကို စောင့် လျက်၊ နှစ် သက် တော် မူ ရာ များ ကို ရွေး ချယ်၍၊ ပ ဋိ ညာဉ် တော် ကို စွဲ မြဲ သော မိန်း မ စိုး တို့ နှင့် စပ် လျဉ်း၍ ငါ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ရှိ သည် မှာ၊ သား သ မီး ထက် မြတ် သော သ ညာ က မ္ဗည်း ကို၊ငါ့ ဗိ မာန်၊ ငါ့ တံ တိုင်း အ တွင်း တွင်၊ ထို သူ တို့ အား ပေး၍၊ မ ပြတ် မ စဲ နိုင် သော နိ ယ မ အ မည် ဖြင့် မှည့် လိမ့် မည်။
၎င်း ပြင် မည် သူ မ ဆို တ ပည့် တော် ဟူ သော အ မည် ကို ထောက်၍ ဤ သူ ငယ် တစ်ဦး တစ် ယောက် ကို ရေ ၕဧ တစ် ခွက် မျှ တိုက် လျှင် အ ကျိုး မ ရ ဘဲ အ လျှင်း မ ရှိ ရ၊ ငါ အ မှန် ဆို သည် ဟူ၍ မိန့် မှာ တော် မူ လိုက်၏။
သ တင်း တော် မြတ် ကြောင့် ခ ရစ် တော် ယေ ရှု၌ လူ မျိုး ခြား တို့ သည် ငါ တို့ နှင့် အ တူ အ မွေ ခံ များ၊ ကိုယ် ခ န္ဓာ တော်၏ အင်္ဂါ များ၊ က တိ တော် ကို ခံ စား သူ များ ဖြစ် ကြ သ တည်း။
ထို သို့ ပြု ပြင် ရာ၌ လူ မျိုး ခြား နှင့် ယု ဒ လူ မျိုး အ ဖြစ် အ နေ၊ လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ၊ မ ခံ အ ဖြစ် အ နေ၊ သ ကု သိ လူ မျိုး မှ စ၍ လူ ရိုင်း အ ဖြစ် အ နေ၊ ကျွန် နှင့် လူ လွတ် အ ဖြစ် အ နေ မ ရှိ ရာ။ ခ ရစ် တော် သည် ရှိ ရှိ သ မျှ၏ အ ချက် အ ခြာ ဖြစ် တော် မူ၏။
အ ထူး ဆို သော် မေ တ္တာ သည် များ ပြား သော အ ပြစ် ကို ဖုံး အုပ် သည် ဖြစ်၍ အ ချင်း ချင်း မေ တ္တာ သ ဘော ကို တောင့် တ ကြ လော့။
ညီ အစ် ကို တို့၊ ဘုန်း ကြီး တော် မူ သော ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ယုံ ကြည် ခြင်း တ ရား တော် ကို စွဲ ကိုင် ရာ မျက် နှာ မ ငဲ့ ကြ နှင့်။မည် သူ မ ဆို တ ရား တော် အ လုံး စုံ ကို စောင့် ရှောက် ရာ ပ ညတ် တစ် ချက် မှောက် မှား လျှင် ပ ညတ် ရှိ သ မျှ နှင့် စပ်၍ ပြစ် ဒဏ် ခံ ထိုက် ၏။အ သို့ ဆို သော် သူ့ သား အိမ် ရာ ကို မ ပြစ် မှား နှင့် ဟု မိန့် တော် မူ သော အ ရှင် က သူ့ အ သက် ကို မ သတ် နှင့် ဟူ၍ လည်း မိန့် တော် မူ သည့် အ လျောက် သင် သည် သူ့ သား အိမ် ရာ ကို မ ပြစ် မှား သော် လည်း သတ် မိ လျှင် တ ရား တော် ကို လွန် ကျူး သူ ဖြစ် လေ ပြီ။လွတ် ခွင့် ဆိုင် ရာ တ ရား အ တိုင်း စီ ရင် ဆုံး ဖြတ် ခံ ရ မည့် သူ များ အ ဖြစ် ပြော ဆို ပြု မူ ကြ လော့။မ သ နား ခဲ့ သူ့ ကို စီ ရင် ဆုံး ဖြတ် ခြင်း သည် သ နား ခြင်း ကင်း လိမ့် မည်။ သ နား လျှင် မူ ကား စီ ရင် ဆုံး ဖြတ် ခြင်း ကို အောင် မြင် လိမ့် သ တည်း။ညီ အစ် ကို တို့၊ တစ် ဦး ဦး က ယုံ ကြည် ခြင်း ရှိ သည် ဟု ဆို လျက် ကိုယ် ကျင့် မ ပါ လျှင် မည် သည့် အ ကျိုး ရှိ သ နည်း။ ထို ယုံ ကြည် ခြင်း ဖြင့် ကယ် တင် ရာ ရောက် မည် လော။ညီ အစ် ကို ဖြစ် စေ၊ နှ မ ဖြစ် စေ၊ နေ့ စဉ် စား ရာ မဲ့ ဝတ် ရာ မဲ့ နေ သော်၊သင် တို့ တစ် ဦး ဦး က အ ချမ်း လုံ လျက်၊ ရောင့် ရဲ လျက်၊ စိတ် အေး စွာ သွား လေ တော့ ဟု ကိုယ် ခ န္ဓာ လို ရာ ကို မ ပေး ဘဲ ဆို လျှင် မည် သည့် အ ကျိုး ရှိ အံ့ နည်း။ထို နည်း တူ ယုံ ကြည် ခြင်း သည် ကိုယ် ကျင့် မ ပါ လျှင် ပြ က တေ့ အ သေ ဖြစ် ၏။တစ် ဦး က သင် ၌ ယုံ ကြည် ခြင်း ရှိ၏။ ငါ၌ ကိုယ် ကျင့် ရှိ၏။ ကိုယ် ကျင့် ကင်း သော သင့် ယုံ ကြည် ခြင်း ကို ပြ လော့။ ငါ မူ ကား ကိုယ် ကျင့် များ ဖြင့် ငါ့ ယုံ ကြည် ခြင်း ကို ပြ မည်။ဘု ရား သ ခင် သည် တစ် ဆူ တည်း ဖြစ် ကြောင်း သင် ယုံ သည် မှာ သင့် လျော် ပေ၏။ နတ် ဆိုး တို့ လည်း ယုံ၍ ကြက် သီး ထ ကြ သည် တ ကား ဟု ဆို လိမ့် မည်။သင် တို့ ဓ မ္မာ ရုံ သို့ ရွှေ လက် စွပ် နှင့် အ ဝတ် ကောင်း ဝတ် ဆင် သူ တစ် ယောက်၊ အ ဝတ် ညံ့ ဝတ် ဆင် သူ ဆင်း ရဲ သား တစ် ယောက် ဝင် လာ ကြ ရာ၊အ ချင်း လူ မိုက်၊ ကိုယ် ကျင့် ကင်း သော ယုံ ကြည် ခြင်း သည် အ ကျိုး မ ရှိ ကြောင်း သိ လို သ လော။ငါ တို့ အ ဘ အာ ဗြ ဟံ သည် သား ဣ ဇာက် ကို ပူ ဇော် ရာ ပ လ္လင် ပေါ် မှာ ဆက် ကပ် သည် တွင် ကိုယ် ကျင့် အား ဖြင့် ဖြောင့် မတ် ရာ ရောက် ခဲ့ သည် မ ဟုတ် လော။ကိုယ် ကျင့် နှင့် အ တူ ယုံ ကြည် ခြင်း ပြု ပြင် ရာ ကိုယ် ကျင့် အား ဖြင့် ယုံ ကြည် ခြင်း စုံ လင် ရာ ရောက် သည့် အ လျောက်၊အာ ဗြ ဟံ သည် ဘု ရား သ ခင် ကို ယုံ ကြည် သ ဖြင့် သူ ၏ ယုံ ကြည် ခြင်း ကို ဖြောင့် မတ် ခြင်း ဟု မှတ် တော် မူ သည် ဟူ သော ကျမ်း ချက် အ တည် ဖြစ် လျက် ဘု ရား သ ခင့် အ ဆွေ တော် ဟု အ ခေါ် ခံ ရ သည် ကို သင် သိ မြင် ၏။ထို ကြောင့် လူ သည် ယုံ ကြည် ခြင်း အား ဖြင့် သာ မ ဟုတ်။ ကိုယ် ကျင့် အား ဖြင့် ဖြောင့် မတ် ရာ ရောက် သည် ကို သင် တို့ သိ မြင် နိုင် ကြ ၏။ထို နည်း တူ ပြည့် တန် ဆာ ရာ ခပ် လည်း စေ တ မန် ဖြစ် သူ တို့ ကို လက် ခံ ပြီး နောက် အ ခြား လမ်း ဖြင့် လွတ် လိုက် ရာ ကိုယ် ကျင့် အား ဖြင့် ဖြောင့် မတ် ရာ ကို ရောက် ခဲ့ သည် မ ဟုတ် လော။နာမ် ကင်း သော ရုပ် သည် အ သေ ဖြစ် သ ကဲ့ သို့ ပင် ကိုယ် ကျင့် ကင်း သော ယုံ ကြည် ခြင်း သည် အ သေ ဖြစ် ၏။အ ဝတ် ကောင်း ဝတ် ဆင် သူ ကို ထောက် ထား၍ သင် တို့ က ဤ နေ ရာ ကောင်း မှာ ထိုင် ပါ ဟူ၍ လည်း ကောင်း၊ ဆင်း ရဲ သူ့ အား ထို တွင် ရပ် နေ လော့၊ သို့ မ ဟုတ် ငါ့ ခြေ တင် ခုံ အ နီး အောက် မှာ ထိုင် လော့ ဟူ ၍ လည်း ကောင်း ပြော ဆို လျှင်၊သင် တို့ ဘောင် တွင် မျက် နှာ ရွေး သ ဖြင့် မ ကောင်း သော အ ကြံ အ စည် နှင့် စီ ရင် သူ များ ဖြစ် ကြ သည် မ ဟုတ် လော။
ထို ကြောင့် ညီ အစ် ကို တို့၊ ဘု ရား သ ခင့် က ရု ဏာ တော် ကို ထောက်၍ ငါ နှိုး ဆော် တိုက် တွန်း သည် မှာ၊ ဘု ရား သ ခင် နှစ် သက် တော် မူ ဖွယ် သန့် ရှင်း သော သ က္ကာ၊ ရှင် သော ပူ ဇော် သ က္ကာ အ ဖြစ် သင် တို့ ကိုယ် ခ န္ဓာ များ ကို ဉာဏ် ဆိုင် ရာ ဝတ် ဖြစ် သည့် အ လျောက် ဆက်ကပ် ကြ လော့။ညီ အစ် ကို ချင်း အ ဖြစ် သင်္ဂ ဟ ဝတ် အ တိုင်း တစ် ယောက် ကို တစ် ယောက် ချစ်၍ ကိုယ့် ထက် ဂုဏ် တင် လျက်၊မ ဖင့် မ နွှဲ လုံ့ လ ထုတ် လျက်၊ စိတ် စေ တ နာ ထက် သန် လျက်၊ အ ရှင် ဘု ရား၏ အ စေ တော် ကို ခံ လျက်၊ရွှင် လန်း စွာ မျှော် လင့် လျက်၊ ဒု က္ခ ရောက် ရာ၌ တည် တံ့ လျက်၊ အ မြဲ ပ ဌ နာ ပြု လျက်၊ ဆင်း ရဲ သော တ ပည့် တော် တို့ အား ပေး ကမ်း လျက်၊ ဧည့် ဝတ် ပြု လျက် နေ ကြ လော့။သင် တို့ ကို ညှဉ်း ပန်း သော သူ တို့ အား၊ မ ကျိန် ဆဲ ဘဲ မေ တ္တာ ပို့၍ ကောင်း ကြီး ပေး ကြ လော့။ရွှင် လန်း သူ တို့ နှင့် ရွှင် လန်း ခြင်း၊ ငို ကြွေး သူ တို့ နှင့် ငို ကြွေး ခြင်း ပြု ကြ လော့။စိတ် ကြီး မ ဝင်၊ ဉာဏ် ကောင်း သည် ဟု မ ထင် ဘဲ အ နိမ့် အ ညံ့ နှင့် ရောင့် ရဲ လျက် အ ချင်း ချင်း တစ် သ ဘော တည်း ရှိ ကြ လော့။အ ဆိုး အ တွက် အ ဆိုး ကို မ တုံ့ မ ပြန် ဘဲ လူ ခပ် သိမ်း တို့ ရှေ့ သင့် လျော် စွာ ပြု မူ ကြံ စည် ကြ လော့။ကိုယ့် တာ ဝန် အ တိုင်း လူ ခပ် သိမ်း တို့ နှင့် အ သင့် အ တင့် နေ ကြ လော့။လက် စား ချေ ခြင်း သည် ငါ ပိုင် ဖြစ် သည့် အ လျောက် ငါ ဆပ် ပေး မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ကျမ်း ချက် ရှိ သ ဖြင့် အို ချစ် သူ တို့၊ ကိုယ် တိုင် လက် စား မ ချေ ဘဲ အ မျက် တော် ဒဏ် ကို ခွင့် ပြု ကြ လော့။ယ ခု ခေတ် ကာ လ နှင့် အ သွင် တူ ခြင်း မ ရှိ ဘဲ မည် သည့် အ ရာ မှာ ဘု ရား သ ခင့် အ လို တော် အ တိုင်း ကောင်း မွန် စုံ လင်၍ နှစ် သက် တော် မူ ရာ ဖြစ် ကြောင်း ပိုင်း ခြား သိ မြင် ရ အံ့ သော ငှါ စိတ် သ ဘော အ သစ် ရ လျက် ပုံ သ ဏ္ဌာန် ပြောင်း ခြင်း ရှိ ကြ လော့။
သို့ ရာ တွင် သင် တို့ ထံ ငါ လာ၍ တွေ့ မြင် ရ သည် ဖြစ် စေ၊ ကွဲ ကွာ လျက် ကြား ရ သည် ဖြစ် စေ၊ သင် တို့ သည် တစ် စိတ် တည်း ၌ တည် ကြည် လျက် သ တင်း တော် မြတ် ကို ယုံ ကြည် ခြင်း တ ရား အ ဖို့ တစ် သ ဘော တည်း နှင့် လုံ့ လ ထုတ် လျက် ဆန့် ကျင် ဘက် ပြု သူ တို့ အား ကြောက် ရွံ ခြင်း အ လျဉ်း မ ရှိ ဘဲ နေ ကြ ကြောင်း ငါ သိ ရ အံ့ သော ငှာ ပြည် တော် သား ချင်း တို့ အ ဖြစ် ခ ရစ် တော်၏ သ တင်း တော် မြတ် နှင့် ထိုက် လျော် စွာ ပြု မူ ကြ လော့။ ထို သို့ သော သ ဘော သည် ရန် သူ တို့၌ ပျက် စီး ခြင်း၊ သင် တို့၌ ကယ် တင် ခြင်း အ ကြောင်း ဘု ရား သ ခင့် အ ထံ တော် မှ သက် သေ ဖြစ် ၏။
ဘု ရင် မင်း က ဤ ညီ တော် တို့ အ နက် သိမ် ငယ် သူ တစ် ယောက် ယောက် ကို သင် တို့ ပြု သ မျှ ပင် ငါ့ ကို ပြု ကြောင်း ငါ အ မှန် ဆို သည် ဟု အ မိန့် ရှိ တော် မူ လိမ့် မည်။
သို့ ဖြစ်၍ အ ရှင် ဘု ရား၌ အ ကျဉ်း သား ဖြစ် သူ ငါ က သင် တို့ သည် မေ တ္တာ နှင့် အ ချင်း ချင်း သည်း ခံ လျက် ဝိ ညာဉ် တော် ပေး သော တ ဝ တည်း အ ဖြစ် ကို ရန် ကင်း ခြင်း အ ဖွဲ့ အ နှောင် အား ဖြင့် စောင့် ထိန်း ရန် စေ တ နာ ထက် သန် လျက် ခပ် သိမ်း သော နှိမ့် ချ ခြင်း၊ သိမ် မွေ့ ခြင်း၊ စိတ် ရှည် ခြင်း နှင့် တ ကွ ခေါ် ထား တော် မူ ရာ အ ဖြစ် အ နေ နှင့် ထိုက် လျော် စွာ ကျင့် ကြံ ကြ စေ ရန် နှိုး ဆော် ပါ ၏။ထို သို့ ဆင်း သက် တော် မူ သော အ ရှင် သည် အ ရာ ရာ ကို ပြည့် စုံ စေ ခြင်း ငှါ ကောင်း ကင် အ ထပ် ထပ် အ ထက် တက် ကြွ တော် မူ သော အ ရှင် ဖြစ် သည့် အ တိုင်း၊ဘု ရား သ ခင့် သား တော် ကို ယုံ ကြည် သိ ကျွမ်း ခြင်း ကြောင့် တစ် ဝ တည်း အ ဖြစ်၊ အ ရွယ် ရောက် သူ အ ဖြစ်၊ ခ ရစ် တော်၏ ပြည် စုံ ခြင်း လုံး ရပ် အ ဖြစ် သို့ ငါ တို့ ရှိ သ မျှ ရောက် သည့် တိုင် အောင် သီး သန့် ထား တော် မူ သူ တို့ ကို စုံ လင် ကြ စေ ရန် အ မှု တော် ဆောင် ရွက် ခြင်း၊ ခ ရစ် တော်၏ ကိုယ် ခ န္ဓာ တော် တည် ဆောက် ခြင်း အ လို့ ငှါ တ မန် တော် များ၊ ပ ရော ဖက် များ၊ ဓ မ္မ က ထိ က များ၊ အုပ် ထိန်း သူ ဆ ရာ များ ကို ချ ပေး တော် မူ၏။သို့ မှ ငါ တို့ သည် လူ တို့ လှည့် စား ခြင်း၊ မိ စ္ဆာ ဒိ ဌိ ကြံ စည် ရာ စဉ်း လဲ ခြင်း ဖြင့် ရှိ သ မျှ သော သြ ဝါ ဒ လေ ဝှေ့ တိုက် ရာ ပါ သွား သော သူ ငယ် များ မ ဖြစ် ဘဲ၊မေ တ္တာ နှင့် သ မ္မာ တ ရား ကို စွဲ မြဲ လျက် ဦး ထိပ် တည်း ဟူ သော ခ ရစ် တော်၌ အ နည်း နည်း အား ဖြင့် ကြီး ပွား ရ ကြ ၏။တစ် ခ န္ဓာ လုံး သည် အင်္ဂါ အ သီး အ သီး ပြု ပြင် သည် နှင့် အ မျှ အင် အား အ ရင်း နှင့် ဆက် သွယ် ခြင်း အ မျိုး မျိုး ဖြင့် စေ့ စပ် ဖွဲ့ စည်း လျက် မေ တ္တာ၌ ကိုယ် ကို ဆောက် တည် ရ ခြင်း အ လို့ ငှါ ဦး ထိပ် တော် မှ ကြီး ပွား မှု ပြု ရ ၏။သို့ ဖြစ်၍ အ ချည်း နှီး ကြံ စည် လျက် ပြု ကျင့် လေ့ ရှိ သော လူ မျိုး ခြား တို့ ကဲ့ သို့ သင် တို့ မ ပြု ကျင့် ကြ စေ ရန် အ ရှင် ဘု ရား အား ဖြင့် ငါ ဆုံး မ သ တိ ပေး ၏။ထို သူ တို့ သည် ဉာဏ် မိုက် မဲ လျက် စိတ် ခဲ ယဉ်း ခြင်း ကြောင့် ဖြစ် သော အ ဝိ ဇ္ဇာ အား ဖြင့် ဘု ရား သ ခင်၏ အ သက် တော် နှင့် စိမ်း ကား လျက်၊ပြောင် တိုက် ဝံ့ သည့် အ လျောက် ကာ မ ဂုဏ် လိုက် စား ရန် ကိုယ် ကို လွှဲ အပ် သ ဖြင့် ညစ် ညူး မှု အ မျိုး မျိုး ကို ရ မ္မက် နှင့် ပြု တတ် ကြ၏။သင် တို့ မူ ကား ယေ ရှု၌ သ မ္မာ တ ရား တည် သည် နှင့် အ ညီ ကိုယ် တော့် အ ကြောင်း ကြား နာ ခြင်း၊ ကိုယ် တော့် အား ဖြင့် သင် ကြား ခြင်း ခံ ခဲ့ သည် မှန် လျှင်၊ထို သို့ မ သင် ကြား ဘဲ အ ထက် အ ပြု အ ကျင့် ဖြစ် သော လှည့် စား ခြင်း လော ဘ အ လိုက် ပျက် ယွင်း တတ် သော လူ ဟောင်း ကို ချွတ် ပယ် စေ ရန် လည်း ကောင်း၊စိတ် အ ကြံ အ စည် အ သစ် ရ စေ ရန် လည်း ကောင်း၊သ မ္မာ တ ရား ဆိုင် ရာ ဖြောင့် မတ် သန့် ရှင်း ခြင်း အား ဖြင့် ဘု ရား သ ခင့် အ လို တော် နှင့် အ ညီ ဖန် ဆင်း သော လူ သစ် ကို ဝတ် ဆင် စေ ရန်လည်း ကောင်း သင် ကြား ကြ လေ ပြီ။သို့ ဖြစ်၍ ငါ တို့ သည် ကိုယ် အင်္ဂါ ချင်း ဖြစ် ကြ သော ကြောင့် မု သာ ကို စွန့် ပယ် လျက်၊ သ စ္စာ စ ကား ကို အ ချင်း ချင်း ပြော ဆို ကြ လော့။စိတ် ဆိုး သည် တွင် အ ပြစ် မ သင့် စေ နှင့်။ မာရ် နတ် ကို အ ခွင့် မ ပေး ဘဲ၊ နေ မ ဝင် မီ စိတ် ပြေ ကြ လော့။ခိုး ဖူး သူ သည် ထပ် မံ မ ခိုး ဘဲ ဆင်း ရဲ သူ့ အား ပေး ကမ်း နိုင် ရန် ကောင်း သော အ လုပ် ကို ကိုယ့် လက် ဖြင့် ကြိုး စား လုပ် ကိုင် စေ။သင် တို့ နှုတ် မှ အ လ ဇ္ဇီ စ ကား မ ထွက် စေ ဘဲ၊ ကြား နာ သူ တို့၌ အ ကျိုး ကျေး ဇူး ဖြစ် စေ ရန်၊ ဆောက် တည် ဖွယ် ကောင်း သော စ ကား ကို သာ ထွက် စေ ကြ လော့။
နွမ်း ပါး သူ့ ကို သ နား မ စ သူ သည်၊ ထာ ဝ ရ ဘု ရား အား ချေး ငှား ရာ ရောက် သ ဖြင့်၊ ပြု ခဲ့ ဖူး သော ကျေး ဇူး ကို၊ ဆပ် ပေး တော် မူ လိမ့် မည်။
ထာ ဝ ရ ဘု ရား ၏ တောင် တော် ပေါ် သို့ တက် ရ သူ၊ သန့် ရှင်း ရာ ဌာ န တော်၌ ရပ် တန့် ရ သူ ကား၊ မည် သူ ပါ နည်း။သန့် စင် သော လက်၊ စင် ကြယ် သော စိတ် ရှိ လျက်၊ အ န တ္တ ကို မ စွဲ မ လမ်း၊ လှည့် ဖြား ၍ သ စ္စာ မ မူ သူ ပေ တည်း။ထို သူ သည်၊ ထာ ဝ ရ ဘု ရား အ ထံ တော် မှ ကောင်း ကြီး မင်္ဂ လာ ကိုလည်း ကောင်း၊ ကိုယ့် ကယ် တင် ပိုင် ရှင် ဘု ရား သ ခင့် အ ထံ တော် မှ ဖြောင့် မတ် ခြင်း ကို လည်း ကောင်း၊ ခံ ယူ ရ လိမ့် မည်။
မေတ္တာ သည် စိတ် ရှည် လျက် ကျေး ဇူး ပြု တတ်၏။ မေ တ္တာ သည် ငြူ စူ ခြင်း၊ ထောင် လွှား ခြင်း၊ ဝင့် ဝါ ခြင်း၊မ သင့် မ လျော် ပြု ကျင့် ခြင်း၊ ကိုယ့် အ ကျိုး ကို ရှာ ခြင်း၊ စိတ် တို ခြင်း၊ နစ် နာ မှု ကို အ ရေး ယူ ခြင်း များ နှင့် ကင်း သည့် ပြင်၊အ ဓ မ္မ ကြောင့် မ ရွှင် လန်း ဘဲ သ မ္မာ ဓ မ္မ ကြောင့် ရွှင် လန်း၍ အ ရာ ရာ ကို ရပ် ခံ လျက်၊အ ရာ ရာ ကို ယုံ ကြည် လျက်၊ အ ရာ ရာ ကို မြော် လင့် လျက်၊ အ ရာ ရာ ကို သည်း ခံ လျက် နေ၏။
သို့ ဖြစ်၍ ယုံ ကြည် ခြင်း တ ရား ဆိုင် ရာ အိမ် သူ အိမ် သား များ မှ စ သော သူ ခပ် သိမ်း တို့ အား အ ခါ အ ခွင့် ရ ရှိ သည့် အ တိုင်း ကျေး ဇူး ပြု ကြ ကုန် အံ့။
ပေ တ ရု က သင် တို့ သိ ကြ သည့် အ တိုင်း ယု ဒ အ မျိုး သား ဖြစ် သူ သည် လူ မျိုး ခြား နှင့် ဆက် ဆံ ပေါင်း ဖော် သော ထုံး စံ မ ရှိ သော် လည်း မည် သူ ကို မျှ မ သန့် မ စင် ကြယ် ဟူ၍ မ ခေါ် သင့် ကြောင်း ငါ့ အား ဘု ရား သ ခင် ဖော် ပြ တော် မူ သော ကြောင့်၊
အို ထာ ဝ ရ ဘု ရား၊ တဲ တော်၌ တည်း ခို ရ သူ၊ သန့် ရှင်း သော တောင် တော် ပေါ်၌ နေ ထိုင် ရ သူ ကား၊ မည် သူ ပါ နည်း။စုံ လင် စွာ ကျင် လည် လျက်၊ ဖြောင့် မတ် စွာ ပြု ကျင့် လျက်၊ စိတ် ပါ ကိုယ် ရောက် မှန် ကန် စွာ ပြော ဆို သူ၊
ထို ကြောင့် ကိုယ် ကို ပြု စေ လို သ မျှ အ တိုင်း သူ တစ် ထူး တို့ အား ပြု ကြ လော့။ ဤ သည် ကား ပ ည တ္တိ ကျမ်း၊ ပ ရော ဖက် ကျမ်း များ အ လို တည်း။
စိတ် သန် သော ငါ တို့ သည် စိတ် နုန့် သူ တို့၏ အား နည်း ခြင်း ဝန် များ ကို ထမ်း သင့်၏။ ကိုယ့် စိတ် တွေ့ တိုင်း မ ပြု ဘဲ အ သီး အ သီး တို့ သည်၊အို လူ မျိုး ခြား တို့၊ လူ မျိုး တော် နှင့် အ တူ ရွှင် လန်း ကြ လော့ ဟူ၍ လည်း ကောင်း။လူ မျိုး ခြား ရှိ သ မျှ တို့၊ ထာ ဝ ရ ဘု ရား ကို ချီး မွမ်း ကြ လော့။ လူ အ မျိုး မျိုး တို့ ချီး မြှောက် ကြ စေ ဟူ၍ လည်း ကောင်း ဗျာ ဒိတ် တော် ရှိ သည် ပြင်။ယေ ရှဲ၏ အ မြစ် အ ညွန့် ထွက် မည့် အ လျောက် လူ မျိုး ခြား တို့ သည် ကိုယ့် အ ပေါ် တွင် အုပ် စိုး ရန် ပေါ် ထွန်း သော ထို အ ရှင် ကို အား ကိုး မျှော် လင့် ကြ လိမ့် မည် ဟု ဟေ ရှာ ယ ဆင့် ဆို သ တည်း။မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။ညီ အစ် ကို တို့၊ သင် တို့ သည် ပါ ရ မီ နှင့် လည်း ကောင်း၊ အ သိ ပ ညာ နှင့် လည်း ကောင်း စုံ လင် ပြည့် လျှံ သည် ဖြစ်၍ အ ချင်း ချင်း ပဲ့ ပြင် နိုင် ကြောင်း ငါ စိတ် ချ လျက် ရှိ သော် လည်း၊သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် သန့် ရှင်း၍ နှစ် သက် တော် မူ ဖွယ် ပူ ဇော် သ က္ကာ အ ဖြစ် လူ မျိုး ခြား တို့ ကို ဆက် ကပ် ရ အံ့ သော ငှါ ဘု ရား သ ခင့် သ တင်း တော် ဝတ် ကို ပူ ဇော် လျက် လူ မျိုး ခြား တို့ တွင် ခ ရစ် တော် ယေ ရှု၏ အ မှု တော် ဆောင် အ ဖြစ် ဘု ရား သ ခင် ကျေး ဇူး တော် ကို ခံ စား ရ သည့် အ လျောက် ငါ့ ကိုယ် တိုင် သ တိ ပေး၍ ရဲ ရင့် စွာ ရေး လိုက်၏။ထို အ ဖြစ် နှင့် ငါ သည် ဘု ရား သ ခင် အား ဝတ် ပြု ခွင့် ကို ထောက်၍ ခ ရစ် တော် ယေ ရှု၌ ဂုဏ် ရောက်၏။နိ မိတ် လ ဏ္ခ ဏာ များ၊ အံ့ ဖွယ် ရာ များ၏ တန် ခိုး နှင့် လည်း ကောင်း၊ သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး နှင့် လည်း ကောင်း၊ ငါ့ အ ပြော အ ဆို အ ပြု အ မူ များ အား ဖြင့် လူ မျိုး ခြား တို့ လိုက် နာ စေ အံ့ သော ငှါ ခ ရစ် တော် ပြု တော် မူ သော အ ရာ များ ကို သာ ငါ ပြော ဝံ့ သည့် အ တိုင်း ငါ သည် ယေ ရု ရှ လင် မြို့ က ဣ လု ရိ ပြည် တိုင် အောင် ဒေ သ စာ ရီ လှည့် လည် လျက် ခ ရစ် တော်၏ သ တင်း တော် မြတ် ကို အ ကုန် အ စင် ကြား ပြော ခဲ့ ပြီ။အ ပေါင်း အ ဖော်၌ ဆောက် တည် ခြင်း ကောင်း ကျိုး ရှိ စေ ရန် သူ့ စိတ် တွေ့ တိုင်း ပြု ကြ ကုန် အံ့။
အ ဆုံး စ ကား မှာ သင် တို့ ရှိ သ မျှ သည် ညီ ညွတ် သော သ ဘော၊ သက် ဝင် သော သ ဘော၊ သင်္ဂ ဟ သ ဘော၊ ညှာ တာ သော သ ဘော၊ နှိမ့် ချ သော သ ဘော ရှိ လျက်
ထို့ ကြောင့် ဘု ရား သ ခင် ရွေး ကောက် မြတ် နိုး၍ သီး သန့် ထား တော် မူ သူ များ အ ဖြစ် ဖြင့် အ သည်း စွဲ သ နား ခြင်း၊ က ရု ဏာ ပြ ခြင်း၊ နှိမ့် ချ ခြင်း၊ သိမ် မွေ့ ခြင်း၊ စိတ် ရှည် ခြင်း များ ကို ဝတ် ဆင် ကြ လော့။
သို့ ဖြစ်၍ ခ ရစ် တော် ကြောင့် နှိုး ဆော် ခြင်း၊ မေ တ္တာ တ ရား ကြောင့် တိုက် တွန်း ခြင်း၊ ဝိ ညာဉ် တော် နှင့် ပေါင်း သင်း ဆက် ဆံ ခြင်း၊ အ သည်း စွဲ သ နား ခြင်း အ ရာ ရာ ကို ရ ရှိ လျင်၊သို့ ဖြစ်၍ ချစ် သူ တို့၊ အ ခါ ခပ် သိမ်း လိုက် နာ တတ် ကြ သည့် အ တိုင်း ပင် ငါ ပါ ရှိ သည် ဟု မှတ်၍ မ ဟုတ်။ ယ ခု ကွာ လျက် ရှိ သော် လည်း ကိုယ့် ကယ် တင် ရေး ကို ကြောက် ရွံ့ တုန် လှုပ် စွာ ကြိုး စား ပြု ပြင် ကြ လော့။သ ဘော ပေါက်၍ ဆောင် ရွက် ကြ စေ ခြင်း ငှါ သင် တို့ စိတ် ထဲ၌ စေ တ နာ တော် အ လျောက် ပြု ပြင် တော် မူ သော အ ရှင် ကား ဘု ရား သ ခင် ပေ တည်း။သင် တို့ သည် အ ပြစ် မဲ့ ရာ၊ ရန် ကင်း ရာ ရောက် လျက် ကောက် ကျစ် စဉ်း လဲ သော လူ့ ဘောင် တွင် ဘု ရား သ ခင်၏ စင် ကြယ် သော သား သ မီး များ အ ဖြစ် နှင့် အ သက် ဆိုင် ရာ တ ရား တော် ကို ကိုင် ပြ လျက် ဤ လော က၌ အ လင်း အိမ် များ သ ဖွယ် ထင် ရှား ကြ သ ဖြင့် ငါ ဆောင် ရွက် ခြင်း၊ ကြိုး စား ခြင်း၊ အ ကျိုး မဲ့ မ ဖြစ် စေ ဘဲ ခ ရစ် တော်၏ နေ့ တော် တွင် ဂုဏ် တင် ခွင့် ရ စေ ခြင်း ငှာ အ ရာ ခပ် သိမ်း ကို ညည်း ညူ ခြင်း၊ ငြင်း ဆန် ခြင်း ကင်း လျက် ဆောင် ရွက် ကြ လော့။သင် တို့ ဝတ် ပြု၍ ပူ ဇော် ရာ ယုံ ကြည် ခြင်း အ ပေါ် တွင် သွန်း လောင်း ရာ အ ဖြစ် ပူ ဇော် ခံ ရ လျှင် ငါ သည် ဝမ်း မြောက် လျက် သင် တို့ နှင့် အ တူ ရွှင် လန်း မည်။သင် တို့ လည်း ဝမ်း မြောက် လျက် ငါ နှင့် အ တူ ရွှင် လန်း ကြ လော့။သို့ ရာ တွင် သင် တို့၏ အ ဖြစ် အ နေ ကို ငါ သိ သ ဖြင့် စိတ် သက် သာ ခွင့် ရ ခြင်း ငှာ တိ မော သေ ကို မ ကြာ မီ လွှတ် လိုက် မည် ဟု အ ရှင် ယေ ရှု ၌ ငါ အောက် မေ့ ၏။တစ် သ ဘော တည်း၊ တစ် မေတ္တာ တည်း၊ တစ် စိတ် တည်း၊ တစ် ညီ တစ် ညွတ် တည်း နှင့် ငါ့ ရွှင် လန်း ခြင်း အ ကြောင်း ကို စုံ လင် ကြ စေ လော့။
မွတ် သိပ် သူ့ ကို အ စာ ကျွေး ခြင်း၊ နေ ရာ မဲ့ ဆင်း ရဲ သူ့ ကို ကိုယ့် အိမ် သို့ ဆောင် သွင်း ခြင်း၊ တွေ့ ကြုံ သော အ ဝတ် မဲ့ သူ ကို ခြုံ လွှမ်း ခြင်း၊ ညာ တ ကာ တို့ မှ မ လွှဲ မ ရှောင် ခြင်း ဖြစ် သည် မ ဟုတ် လော။
ညီ အစ် ကို တို့၊ အ ချင်း ချင်း မ ပုတ် ခတ် ကြ နှင့်။ ညီ အစ် ကို ကို ပုတ် ခတ် ခြင်း၊ စီ ရင် ဆုံး ဖြတ် ခြင်း ပြု သူ သည် ပ ညတ် တ ရား ကို ပုတ် ခတ် ရာ၊ စီ ရင် ဆုံး ဖြတ် ရာ ရောက်၏။ ပ ညတ် တ ရား ကို စီ ရင် ဆုံး ဖြတ် လျှင် သင် သည် ပ ညတ် တ ရား အ တိုင်း လိုက် နာ သူ မ ဟုတ်။ စီ ရင် ဆုံး ဖြတ် သူ ဖြစ် လေ ပြီ တ ကား။ကယ် တင် ခွင့်၊ ဖျက် ဆီး ခွင့် ပိုင် တော် မူ သော အ ရှင် သည် တစ် ပါး တည်း သော ဓ မ္မ သတ် ရှင်၊ တ ရား မင်း ဖြစ် တော် မူ၏။ အ ပေါင်း အ ဖော် ကို စီ ရင် ဆုံး ဖြတ် သော သင် ကား မည် သူ နည်း။
လူ့ မျက် နှာ ကို မ ထောက် သင့်။ လူ သည် တစ် လုပ် စာ မျှ အ တွက် နှင့် ပင်၊ လွန် ကျူး လိမ့် မည်။
သို့ ဖြစ်၍ ထို ကာ လ က ငါ တို့ သည် မည် သူ့ ကို မျှ ပ ဝ တ္တိ အ လျောက် မ သိ မ မှတ်၊ ခ ရစ် တော် ကို ပင် ပ ဝ တ္တိ အ လျောက် သိ မှတ် ခဲ့ သော် လည်း ထို သို့ သိ မှတ် တော့ မည် မ ဟုတ်။
ဗျာ ဒိတ် တော် ကား ငါ မြတ် နိုး လျက် နှစ် သက် သူ ငါ ရွေး ချယ် သော ကျွန် ရင်း ပေ တည်း။ ငါ့ ဝိ ညာဉ် တော် ကို သူ့ အ ပေါ် တွင် တင် မည့် အ လျောက် ထို သူ သည် လူ မျိုး ခြား တို့ အား တ ရား တော် ကို ကြား ပြော လိမ့် မည်။
ကိုယ် တော် ကို ခန့် ညား သူ၊ ဥ ပ ဒေ သ တော် များ ကို စောင့် ရှောက် သူ ရှိ သ မျှ တို့ ၏ အ ပေါင်း အ ဖော် ဖြစ် ပါ၏။
သို့ ဖြစ် လျှင် ဤ အ ကြောင်း အ ရာ များ ကို ထောက် သော် မည် သို့ ဆို ရ အံ့ နည်း။ ဘု ရား သ ခင် သည် ငါ တို့ ဘက်၌ ရှိ တော် မူ လျှင် တစ် ဘက်၌ ရှိ ဝံ့ သူ ကား မည် သူ နည်း။သား တော် ရင်း ကို မ ငြင်း ဘဲ ငါ တို့ ရှိ သ မျှ အ ဖို့ အပ် တော် မူ လိုက် သော အ ရှင် သည် သား တော့် ပြင် အ ရာ ရာ ကို မ ပေး ဘဲ မည် သို့ နေ တော် မူ အံ့ နည်း။
ထို ကြောင့် ငါ ဦး စွာ နှိုး ဆော် သည် မှာ ငါ တို့ သည် ဘု ရား တ ရား ကို လုံး လုံး ကြည် ညို လျက် ငြိမ် ဝပ် ချမ်း သာ စွာ နေ ခွင့် ရ စေ ရန် ဘု ရင် မင်း များ၊ အ စိုး ရ မင်း များ မှ စ ၍ ခပ် သိမ်း တို့ အ ဖို့ မေ တ္တာ ပို့ ခြင်း၊ တောင်း လျှောက် ခြင်း၊ အ သ နား တော် ခံ ခြင်း၊ ကျေး ဇူး တော် ချီး မွမ်း ခြင်း များ ကို ပြု ကြ လော့။ဘု ရား ကြည် ညို သည် ဟု ဝန် ခံ သော မိန်း မ တို့ ဆင် သင့် သည့် ကောင်း မှု များ ကို ဆင် ယင် ကြ စေ ရန် ငါ အ လို ရှိ၏။မိန်း မ သည် အ နော် အ တာ ကို အ စုံ အ လင် ခံ လျက် ငြိမ် ဝပ် စွာ အ သင် အ ကြား ခံ နေ စေ။သင် ကြား ခြင်း ငှါ သော်လည်း ကောင်း၊ ယောက်ျား ကို အ စိုး တ ရ ပြု ခြင်း ငှါ သော် လည်း ကောင်း၊ ငါ အ ခွင့် မ ပြု။ ငြိမ် ဝပ် စွာ နေ စေ။ဖန် ဆင်း တော် မူ ခြင်း ကို ဦး စွာ အာ ဒံ၊ နောက် ဧ ဝ ခံ ရ ၏။၎င်း ပြင် အာ ဒံ သည် လှည့် စား ခြင်း ကို ခံ ရ သည် မ ဟုတ်။ မိန်း မ ခံ ရ သ ဖြင့် လွန် ကျူး ရာ ရောက် ၏။သို့ ရာ တွင် ယုံ ကြည် ခြင်း၊ ချစ် ခြင်း၊ သန့် ရှင်း ခြင်း၊ ဣ န္ဒြေ စောင့် ခြင်း များ၌ တည် နေ ကြ လျှင်၊ သား ဖွား မှု ဖြင့် ကယ် တင် ရာ ရောက် လိမ့် မည်။ထို သို့ ပြု ခြင်း ကား ကောင်း မြတ်၍ လူ ခပ် သိမ်း တို့ သည် ကယ် တင် ရာ ရောက် လျက် သ မ္မာ တ ရား တော် ကို သိ ကျွမ်း စေ လို တော် မူ သော ငါ တို့ ကယ် တင် ရှင် ဘု ရား သ ခင့် ရှေ့ လက် ခံ ဖွယ် ဖြစ်၏။
ဘု ရား သ ခင် နှင့် ကျွမ်း ဝင် ခွင့် ကြောင့် တိုး ပွား လျက် ကောင်း မှု အ သီး အ မျိုး မျိုး ကို သိ သည့် အ လျောက် အ ရှင် ဘု ရား နှင့် ထိုက် လျော် စွာ ကျင့် ကြံ သ ဖြင့်၊
အ ကျွန်ုပ်၏ သ န္ဓေ ကို မြင် တော် မူ လျက်၊ အင်္ဂါ များ ကို နေ့ စဉ် ပြု ပြင်၍ တစ် စုံ တစ် ခု မျှ မ ပြီး သေး မီ ကာ လ တွင်၊ စာ ရင်း တော် ၌ အ ကုန် အ စင် မှတ် သား လျက် ရှိ ခဲ့ ပါ ၏။
ငါ့ လူ မျိုး တို့ ကို နှစ် သိမ့် ချမ်း သာ ခြင်း ရ စေ ကြ လော့။ လ မိုင်း အ ဖြစ် စေ့ ကုန် ပြီ။ ဒု စ ရိုက် အ တွက် ဆပ် ပေး ခဲ့ ပြီ။ အ ပြစ် ရှိ သ မျှ အ တွက်၊ ငါ ထာ ဝ ရ ဘု ရား လက် တော် မှ၊ နှစ် ဆ ဒဏ် ခံ ပြီး ဖြစ် ကြောင်း၊ ယေ ရု ရှ လင် မြို့ အား မေ တ္တာ စ ကား ဖြင့် ကြော် ငြာ ကြွေး ကြော် ကြ လော့ ဟု၊ သင် တို့ ဘု ရား သ ခင် မိန့် တော် မူ၏။
ငါ တို့ သည် ညီ အစ် ကို ချင်း ချစ် သော ကြောင့် သေ ခြင်း အ နေ မှ ရှင် ခြင်း အ နေ သို့ ကူး ပြောင်း ကြောင်း သိ ကြ၏။ မ ချစ် သူ ကား သေ ခြင်း အ နေ၌ တည် သ တည်း။
ကိုယ် တော် က မည် သူ မ ဆို ငါ့ နာ မ ကို ထောက်၍ ဤ သူ ငယ် ကို လက် ခံ လျှင် ငါ့ ကို လက် ခံ၏။ ငါ့ ကို လက် ခံ သူ လည်း ငါ့ ကို စေ လွှတ် တော် မူ သော အ ရှင် ကို လက် ခံ၏။ သင် တို့ တွင် အ သိမ် ငယ် ဆုံး သော သူ သည် ကြီး မြတ် သော သူ ဖြစ် သည် ဟု မိန့် တော် မူ၏။
ညီ အစ် ကို တို့၊ ငါ့ ပုံ စံ ကို လိုက် လျက် ငါ တို့ ပြ သည့် နည်း တူ ပင် လျှောက် လိုက် သူ တို့ ကို မှတ် ကြ လော့။
အို ညီ အစ် ကို တို့၊ သင် တို့ ရှိ သ မျှ သည် ကွဲ ပြား ခြင်း မ ရှိ ဘဲ တစ် သံ တည်း ပြော ဆို လျက် သ ဘော ထား တစ် မျိုး၊ ဆုံး ဖြတ် ပုံ တစ် မျိုး တည်း အား ဖြင့် စေ့ စပ် စုံ လင် ကြ မည့် အ ကြောင်း ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ နာ မ တော် နှင့် ငါ နှိုး ဆော် ပါ ၏။
မေ တ္တာ နှင့် သ မ္မာ တ ရား ကို စွဲ မြဲ လျက် ဦး ထိပ် တည်း ဟူ သော ခ ရစ် တော်၌ အ နည်း နည်း အား ဖြင့် ကြီး ပွား ရ ကြ ၏။
ညီ အ ကို တို့ တ ဦး ဦး လွန် ကျူး စဉ် ပင် တွေ့ မိ လျင် ဝိ ညာဉ် သက် ဝင် သော သင် တို့ သည် စုံ စမ်း မ ခံ မိ စေ ရန် ကိုယ် ကို သ တိ မူ လျက် သိမ် မွေ့ သော စိတ် နှင့် ပဲ့ ပြင် က ရ လော့။သို့ ဖြစ်၍ ယုံ ကြည် ခြင်း တ ရား ဆိုင် ရာ အိမ် သူ အိမ် သား များ မှ စ သော သူ ခပ် သိမ်း တို့ အား အ ခါ အ ခွင့် ရ ရှိ သည့် အ တိုင်း ကျေး ဇူး ပြု ကြ ကုန် အံ့။ငါ သည် သင် တို့ ထံ မည် မျှ ကြီး သော အ က္ခ ရာ နှင့် ကိုယ့် လက် ဖြင့် ရေး လိုက် သည် ကို ကြည့် ကြ လော့။ကိုယ် ကာ ယ၌ ဂုဏ် အ သ ရေ ထင် ပေါ် စေ လို သ မျှ သော သူ တို့ သည် အ ခြား မ ဟုတ် ခ ရစ် တော်၏ ကား တိုင် အ တွက် ကိုယ် တိုင် ညှင်း ပန်း ခံ ရ မည် စိုး၍ သင် တို့ ကို လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ စေ ကြ၏။မု ချ အား ဖြင့် လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ သော သူ တို့ ပင် ပ ညတ် တ ရား ကို ကိုယ် တိုင် မ စောင့် ရှောက် ဘဲ သင် တို့ ကိုယ် ကာ ယ အ တွက် ကြောင့် ဂုဏ် တင် ခွင့် ရ ရန် သင် တို့ ကို လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ စေ ကြ၏။ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ကား တိုင် တော် မှ တ ပါး မည် သည့် အ ရာ ကြောင့် မျှ ဂုဏ် မ တင် မိ ပါ စေ နှင့် ထို ကား တိုင် ပေါ် မှ ဤ လော က သည် ငါ နှင့် စပ်၍ တင် ခြင်း ငါ သည် ဤ လော က၌ စပ်၍ တင် ခြင်း ကို ခံ ခဲ့ ရ ပြီ။လှီး ဖြတ် ခြင်း မင်္ဂ လာ ရှိ မ ရှိ ပ ဌာ န မ ဟုတ် လူ သစ် ဖြစ် ခြင် သာ ပ ဌာ န ဖြစ်၏။ဘု ရား သ ခင်၌ ဣ သ ရေ လ လူ မျိုး ဖြစ် သူ ဤ နည်း လမ်း အ တိုင်း လျောက် လိုက် သ မျှ သော သူ တို့ အ ပေါ်၌ ငြိမ် သက် ခြင်း နှင့် က ရု ဏာ တော် သည် တည် ရှိ ပါ စေ သော်။ယ ခု မှ စ၍ မည် သူ မျှ ငါ့ ကို ဒု က္ခ မ ရှာ စေ နှင့် ယေ ရှု၏ တံ ဆိပ် တော် သည် ငါ့ ကိုယ် ခ န္ဓာ၌ ရိုက် ထင် လျက် ရှိ၏။ညီ အ ကို တို့ ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ကျေး ဇူး တော် သည် သင် တို့ စိတ် ဝိ ညာဉ် နှင့် အ တူ တည် ရှိ ပါ စေ သော်။တ ယောက် ဝန် ကို တ ယောက် ထမ်း ဆောင် သ ဖြင့် ခ ရစ် တော်၏ တ ရား တော် ကို ပြည့် စုံ စေ က ရ လော့။
ကိုယ် တော် သည်၊ နွမ်း ပါး သူ၏ ညာ ဘက်၌ ရပ် တန့် လျက်၊ သေ ဒဏ် စီ ရင် သူ တို့ လက် မှ ကယ် တော် မူ လိမ့် မည်။
သင်္ဂ ဟ ဝတ် ကို ပြု မြဲ ပြု ကြ လော့။ ဧည့် ဝတ် အား ဖြင့် အ ချို့ တို့ သည် စေ တ မန် တော် များ ကို မ မှတ် ဘဲ ဧည့် ခံ ကြ ပြီး ဖြစ်၍ ထို ဝတ် ကို မ လစ် လပ် ကြ နှင့်။တဲ တော် ဝတ် ကို ဆောင် ရွက် သူ တို့ မ စား ထိုက် သော ပူ ဇော် ရာ ပ လ္လင် တော် သည် ငါ တို့၌ ရှိ၏။အ ပြစ် အ ဖို့ ဖြေ ရာ အ သွေး ကို သန့် ရှင်း ရာ ဌာ န တွင်း သို့ ပ ရော ဟိတ် မင်း ဆောင် သွင်း ပြီး လျှင် ဆိုင် ရာ အ ကောင် များ ကို တပ် စား ခန်း ပြင် မှာ ကျွမ်း လောင် စေ ကြ သည့် နည်း တူ၊ယေ ရှု လည်း အ သွေး တော် အား ဖြင့် လူ မျိုး တော် ကို သန့် ရှင်း စေ ခြင်း ငှာ မြို့ တံ ခါး ပြင် မှာ အ သေ ခံ တော် မူ ၏။သို့ ဖြစ်၍ ငါ တို့ သည် ကိုယ် တော် အ တွက် ကဲ့ ရဲ့ ခံ လျက် တပ် စား ခန်း ပြင် ကိုယ် တော် ရှိ ရာ သို့ ထွက် သွား ကြ ကုန် အံ့။ငါ တို့ သည် ဤ လော က တွင် တည် မြဲ ရာ မြို့ မ ရှိ။ နောင် ဘ ဝ မြို့ တော် ကို တောင့် တ လျက် နေ ကြ၏။သို့ ဖြစ်၍ နာ မ တော် ကို ဝန် ခံ ရာ နှုတ် ခမ်း အ သီး တည်း ဟူ သော ချီး မွမ်း ခြင်း ကို ဘု ရား သ ခင့် ထံ ထို အ ရှင် အား ဖြင့် အ စဉ် မ ပြတ် ပူ ဇော် ဆက် ကပ် ကြ ကုန် အံ့။ကျေး ဇူး ပြု ခြင်း၊ ပေး ကမ်း ခြင်း ဝတ် ကို မ လစ် လပ် ကြ နှင့်။ ထို သို့ သော ပူ ဇော် သ က္ကာ များ ကို ဘု ရား သ ခင် နှစ် သက် တော် မူ၏။အ ကြောင်း ပြ ရ မည့် သူ များ အ ဖြစ် သင် တို့ ဝိ ညာဉ် အ တွက် စောင့် ရှောက် သော အ ကြီး အ မှူး တို့၏ စ ကား ကို နား ထောင် ဝန် ခံ လျက် နေ ကြ လော့။ သို့ မှ သူ တို့ သည် သင် တို့ အ ကျိုး ယုတ် စေ မည့် ညည်း တွား ခြင်း ဖြင့် မ ဟုတ်၊ အား ရ ဝမ်း မြောက် စွာ ဆောင် ရွက် ခွင့် ရ ကြ လိမ့် မည်။အ နည်း နည်း တွင် ရိုး ဖြောင့် စွာ ငါ တို့ ကျင့် ကြံ ပြု မူ လို သည့် အ လျောက် ကြည် လင် သော သြ တ္တ ပ္ပ စိတ် ရှိ ကြောင်း စိတ် ချ သော ငါ တို့ အ ဖို့ ပ ဌ နာ ပြု ကြ လော့။ငါ သည် သင် တို့ ထံ လျင် မြန် စွာ ပြန် ရောက် ခွင့် ရ ခြင်း ငှာ ထို သို့ ပြု စေ ရန် အ ထူး နှိုး ဆော် လိုက်၏။
ကိုယ့် ကောင်း မှု ကို ထင် ရှား လို သည့် အ ကြံ နှင့် လူ တို့ ရှေ့ မ ပြု မိ စေ ရန် သ တိ မူ ကြ လော့။ ပြု မိ လျှင် ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ ထံ မှ အ ကျိုး ဆက် မ ခံ ရ။နိုင် ငံ တော် တည် ထောင် ပါ စေ သော။ အ လို တော် သည် ကောင်း ကင် ဘုံ၌ ပြည့် စုံ သ ကဲ့ သို့၊မြေ ကြီး ပေါ် မှာ ပြည့် စုံ ပါ စေ သော၊ တစ် ရက် စာ ကို ယ နေ့ သ နား တော် မူ ပါ။အ ပြစ် မြီ စား တို့ အ ပေါ် တွင် ကိုယ် တိုင် ဖြေ လွှတ် ကြ သ ကဲ့ သို့ အ ကျွန်ုပ် တို့၏ အ ပြစ် မြီ များ ကို ဖြေ လွှတ် တော် မူ ပါ။စုံ စမ်း ရာ သို့ မ ဝင် စေ ဘဲ အ ဆိုး မှ ကယ် လွှတ် တော် မူ ပါ ဟူ၍ တည်း။သင် တို့ သည် သူ တစ် ထူး တို့ လွန် ကျူး မှု များ ကို ဖြေ လွှတ် ကြ လျှင် ကောင်း ကင် ဘုံ ရှင် သင် တို့ အ ဘ လည်း သင် တို့ အ ပေါ် တွင် ဖြေ လွှတ် တော် မူ လိမ့် မည်။သူ တစ် ထူး တို့ ကျူး လွန် မှု များ ကို မ ဖြေ လွှတ် ကြ လျှင် မူ ကား၊ သင် တို့ ကျူး လွန် မှု များ ကို သင် တို့ အ ဘ ဖြေ လွှတ် တော် မူ မည် မ ဟုတ်။၎င်း ပြင် အ စာ ရှောင် သော အ ခါ အ စာ ရှောင် သည် ကို လူ တို့ မြင် စေ ရန် မျက် နှာ ဖျက် တတ် သော သီ လ ကြောင် တို့ ကဲ့ သို့ မျက် နှာ ညှိုး ငယ် မ ရှိ စေ ကြ နှင့်။ ထို သူ တို့ မှာ တူ သော အ ကျိုး ကို ခံ ရ ကြ ပြီ ငါ အ မှန် ဆို၏။သင် မူ ကား အ စာ ရှောင် သည့် ကာ လ ဦး ခေါင်း ကို ဆီ လိမ်း၍ မျက် နှာ ကို လည်း သစ် လော့။သို့ မှ သင် အ စာ ရှောင် သည် ကို လူ တို့ မ မြင် ဘဲ မ ထင် မ ရှား စံ နေ လျက် မ ထင် ရှား ရာ ကို ရှု မြင် တော် မူ သော သင့် အ ဘ သည် သိ၍ အ ကျိုး ဆက် ကို သ နား တော် မူ လိမ့် မည်။ပိုး မွှား ချေး ညှော် စား လျက် သူ ခိုး ထွင်း ဖောက် ခိုး ယူ တတ် ရာ ဤ မြေ ကြီး ပေါ် တွင် ဘ ဏ္ဍာ များ ကို သို မှီး၍ မ ထား ကြ နှင့်။ထို့ ကြောင့် သင် လှူ ဒါန်း သော အ ခါ လူ တို့ ထံ မှ ဂုဏ် ပ ကာ သ န ရ ခြင်း ငှာ ဓ မ္မာ ရုံ များ၊ လမ်း များ တွင် သီ လ ကြောင် တို့ တီး မှုတ် လေ့ ရှိ ကြ သည့် နည်း တူ သင့် ရှေ့ မ တီး မ မှုတ် စေ နှင့်။ ထို သူ တို့ မှာ လှူ သော အ ကျိုး ကို ခံ ရ ကြ ပြီ၊ ငါ အ မှန် ဆို၏။
ခ ရစ် တော်၏ အ လို တော် အ တိုင်း မ ဟုတ်၊ လူ တို့ သင် ရိုး မှ စ၍ လော ကီ စာ ဝါ ငယ် အ တိုင်း သင်္ဂြိုဟ် အ တတ် နှင့် မိ စ္ဆာ ဒိ ဌိ အ ယူ ဖြင့် သင် တို့ ကို မည် သူ မျှ တင် စား ခွင့် မ ရ စေ ရန် သ တိ ပြု ကြ လော့။
သင် တို့ သည် သင်္ဂ ဟ ဝတ် ကို အ ယောင် မ ဆောင် မေ တ္တာ ရှိ ကြ စေ ရန် သ မ္မာ တ ရား အ တိုင်း လိုက် နာ ခြင်း အား ဖြင့် စိတ် သန့် ရှင်း စေ ပြီး ဖြစ် သော ကြောင့် ပျက် စီး တတ် သော မျိုး အား ဖြင့် မ ဟုတ် ရှင် လျက် တည် မြဲ သော ဘု ရား သ ခင့် တ ရား တော် မ ပျက် စီး တတ် သော မျိုး တော် အား ဖြင့် အ သစ် ဖွား ကြ သည့် အ လျောက် တစ် ဦး ကို တစ် ဦး စိတ် ပါ ကိုယ် ရောက် ချစ် ကြ လော့။
ဘု ရား သ ခင် ကို မည် သူ မျှ မ မြင် စ ဘူး သော် လည်း ငါ တို့ အ ချင်း ချင်း ချစ် ကြ လျှင် ဘု ရား သ ခင် သည် ငါ တို့၌ တည် တော် မူ လျက် ကိုယ် တော် ကို ချစ် ခြင်း လည်း ငါ တို့၌ စုံ လင် ပြီ။
အ ပေါင်း အ ဖော် ကို ကိုယ် နှင့် အ မျှ ချစ် လော့ ဟူ သော ကျမ်း တစ် ချက်၌ ပ ညတ် တ ရား အ လုံး စုံ ချုပ် ခြာ လျက် ရှိ၏။
မေ တ္တာ နှင့် ကောင်း မှု ကို လုံ့ လ ထုတ် အံ့ သော ငှာ တစ် ယောက် ကို တစ် ယောက် ထောက် ထား ခြင်း၊အ ချို့ တို့ ဓ လေ့ အ တိုင်း စည်း ဝေး ဝတ် ကို မ လှပ် ထား ဘဲ နေ့ တော် နီး ကြောင်း သင် တို့ မျှော် မြင် သည့် အ လျောက် အ ချင်း ချင်း အား အ ထူး နှိုး ဆော် ခြင်း များ ကို ပြု ကြ ကုန် အံ့။
အား နည်း သူ နှင့် အ ဘ မဲ့ သူ တို့ အ မှု ကို ဆုံး ဖြတ် ခြင်း၊ ညှဉ်း ပန်း ခံ ရ သူ နှင့် ဆင်း ရဲ သူ တို့ ကို ဖြောင့် မတ် စွာ စီ ရင် ခြင်း၊
ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ ကယ် တင် တော် မူ ခြင်း ရောက် ချိန်၊ အောင် မြင် တော် မူ ခြင်း ထင် ရှား ချိန် တိုင် လု ပြီး ဖြစ်၍၊ တ ရား စောင့် လျက် ဖြောင့် မတ် စွာ ပြု ကျင့် ကြ လော့။မြို့ စောင့် ရှိ သ မျှ တို့ သည် မျက် စိ ကွယ်၍၊ အ သိ ပ ညာ ကင်း ကြ၏။ ရှိ သ မျှ တို့ သည် အ အိပ် ခုံ မင် သ ဖြင့်၊ ဝပ် လျား ယောင် ယမ်း လျက်၊ အ၍ မ ဟောင် တတ် သော ခွေး များ ဖြစ် ကြ ၏။အ စား ကြူး၍ တင်း မ တိမ် နိုင် သော ခွေး များ ဖြစ် သည် နှင့် ဉာဏ် ကင်း သော သိုး ကျောင်း များ ပါ တ ကား။ ရှိ သ မျှ သော အ သီး အ သီး တို့ သည်၊ ကိုယ့် ကျိုး ကို ရှာ၍၊ ကိုယ့် လမ်း သို့ လွဲ သွား ကြ ၏။သူ တို့ က၊ လာ ကြ၊ စ ပျစ် ရည် ကို ငါ ယူ ခဲ့ မည်။ သေ ရည် သေ ရက် ကို သောက် ကြူး ကြ စို့။ နက် ဖြန် နေ့ လည်း ယ နေ့ ကဲ့ သို့ မ နှိုင်း ယှဉ် နိုင် သော ပွဲ နေ့ ကြီး ဖြစ် လိမ့် မည် ဟု ဆို တတ် ကြ ၏။ဥ ပုသ် နေ့ ကို မ ဖျက် ဘဲ စောင့် ခြင်း၊ ဒု စ ရိုက် မ ပြု မိ စေ ရန် လက် ကို ချုပ် တည်း ခြင်း ပြု ကျင့် သော သူ၊ စွဲ မြဲ သော လူ့ သား သည် မင်္ဂ လာ ရှိ၏။
နှစ် ဦး သုံး ဦး တို့ သက် သေ မ ခံ လျှင် ဥ က္က ဋ္ဌ အ ပေါ် တွင် စွဲ ဆို ချက် ကို လက် မ ခံ နှင့်။ ပြစ် မှား သူ တို့ ကို ကား ကြွင်း သူ တို့ ပါ ကြောက် ရွံ့ စေ ခြင်း ငှါ ရှိ သ မျှ တို့ မျက် မှောက် တွင် ဆုံး မ လော့။
ငါ့ နာ မ ကို ထောက်၍ နှစ် ဦး သုံး ဦး တို့ စည်း ဝေး လျှင် စည်း ဝေး ရာ ထို သူ တို့ အ လယ် တွင် ငါ ရှိ သည် ဟု မိန့် တော် မူ၏။
အ ဆိုး ပြု ကျင့် သူ တို့ တစ် ဘက်၌ ငါ့ အ ဖို့ မည် သူ ထ မည် နည်း။ ဒု စ ရိုက် ပြု ကျင့် သူ တို့ တစ် ဘက် ၌ ငါ့ အ ဖို့ မည် သူ ရပ် တန့် မည် နည်း။
ဆူ ဖြိုး သော နွား တစ် ကောင် ကို၊ အ ချင်း ချင်း မုန်း ထား သော စိတ် နှင့် စား ရ သည် ထက်၊ ဟင်း ရွက် တစ် နပ် စာ ကို ချစ် ခြင်း မေတ္တာ နှင့် စား ရ ခြင်း သည်၊ သာ၍ မြတ်၏။
ထို အ ခါ ကျမ်း တတ် တစ် ယောက် သည် ကိုယ် တော် ကို စုံ စမ်း ရန် ထ ပြီး လျှင် ဆ ရာ၊ ထာ ဝ ရ အ သက် ကို အ ပိုင် ရ ခြင်း ငှာ မည် သို့ ပြု ရ ပါ မည် နည်း ဟု မေး ရာ၊ပ ည တ္တိ ကျမ်း တွင် မည် သို့ ရေး ထား သ နည်း။ မည် သို့ ဖတ် ရ သ နည်း ဟု မိန့် တော် မူ သော်၊ထို သူ က သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး၊ အ သက် ဝိ ညာဉ်၊ အ စွမ်း သ တ္တိ၊ ဉာဏ် သ တ္တိ အ ကြွင်း မဲ့ ချစ် လော့ ဟူ၍ လည်း ကောင်း၊ အ ပေါင်း အ ဖော် ကို ကိုယ် နှင့် အ မျှ ချစ် လော့ ဟူ၍ လည်း ကောင်း ရေး ထား ပါ သည် ဟု ပြန် ဆို သော်၊ကိုယ် တော် က သင် သည် မှန် ကန် စွာ ဖြေ ဆို လေ ပြီ၊။ ထို အ တိုင်း ပြု လျှင် အ သက် ကို ရ လိမ့် မည် ဟု မိန့် တော် မူ၏။ကျမ်း တတ် သည် အ ပြစ် တင် လွတ် လို၍ အ ပေါင်း အ ဖော် ကား မည် သူ ပါ နည်း ဟု မေး မြန်း သော် ယေ ရှု ဖြေ ဆို တော် မူ သည် မှာ၊သွား ကြ။ ဝံ ပု လွေ အုပ် ထဲ သို့ သိုး သား ငယ် များ ကို လွှတ် သ ကဲ့ သို့ သင် တို့ ကို ငါ စေ လွှတ်၏။လူ တစ် ဦး သည် ယေ ရု ရှ လင် မြို့ မှ ယေ ရိ ခေါ မြို့ သို့ ခ ရီး သွား စဉ် ဓား ပြ တို့ လက် တွင်း သို့ ရောက် သ ဖြင့် အ ဝတ် ချွတ် လျက် သေ လု မ တတ် ရိုက် နှက် ပြီး လျှင် ထား ခဲ့ ကြ ရာ၊ပ ရော ဟိတ် တစ် ပါး သည် ထို လမ်း ဖြင့် သွား မိ၍ တွေ့ မြင် သော် ကွင်း သွား လေ၏။၄င်း နည်း တူ လေ ဝိ ဂိုဏ်း သား တစ် ယောက် သည် ထို နေ ရာ သို့ ရောက် လာ၍ တွေ့ မြင် သော် ကွင်း သွား ပြန် လေ၏။ခ ရီး သည် ရှ မာ ရိ လူ မျိုး တစ် ယောက် မူ ကား ရောက် လာ၍ တွေ့ မြင် သော် က ရု ဏာ သက် သ ဖြင့် ချဉ်း ကပ် ပြီး လျှင်၊ဒဏ် ရာ များ ကို ဆီ၊ စ ပျစ် ရည်၊ လိမ်း ကျံ ပတ် စည်း၍ ကိုယ် မြည်း ပေါ် တွင် တင် ပြီး နောက် စ ရပ် သို့ ဆောင် သွား ပြု စု သည့် ပြင်၊နောက် နေ့၌ ငွေ နှစ် ကျပ် ကို စ ရပ် ဒါ ယ ကာ အား ထုတ် ပေး လျက် ထို သူ့ ကို ပြု စု ပါ။ ပို မို ကုန် ကျ သ မျှ ကို ပြန် လာ သည့် ကာ လ ကျွန် တော် ဆပ် ပါ မည် ဟု ဆို၏။ထို သုံး ဦး အ နက် ဓားပြ လက် တွင်း သို့ ရောက် သူ နှင့် အ ပေါင်း အ ဖော် မည် သူ မှန် သည် ထင် သ နည်း ဟု မေး တော် မူ သော် ကြင်နာ သူ တည်း ဟု ဖြေ ဆို ရာယေ ရှု က ထို နည်း တူ သင် သွား၍ ပြု လော့ ဟု မိန့် တော် မူ ၏။
နာ သူ တို့ ကို ကျန်း မာ စေ ကြ လော့၊ သေ သူ တို့ ကို ရှင် ပြန် စေ ကြ လော့၊ နူ သူ တို့ ကို သန့် စေ ကြ လော့။ နတ် များ ကို နှင် ထုတ် ကြ လော့၊ အ ဖိုး မဲ့ ရ ကြ သည့် အ လျောက် အ ခ မဲ့ ပေး ကြ လော့။
ထို သို့ ပြု လျှင် သင် သည် ဘု ရား သ ခင်၏ တ ရား သ ဖြင့် စီ ရင် တော် မူ ချက် ထင် ရှား ရာ၊ အ မျက် တော် သင့် ရာ နေ့ တော် တိုင် အောင် နောင် တ ရ ခြင်း ကင်း၍ ခဲ ယဉ်း သော စိတ် သ ဘော အ ရ အ မျက် တော် ဒဏ် ကို သို ထား ဆည်း ပူး လျက် နေ ရက် လေ စွ တ ကား။ကိုယ် တော် သည် လူ အ သီး အ သီး အ ပြု အ မူ အ လျောက် ဆပ် ပေး တော် မူ သည် မှာ တည် ကြည် စွာ သု စ ရိုက် ပြု လျက်၊
ဖန် ဆင်း တော် မူ သော အ ရှင့် ပုံ သ ဏ္ဌာန် တော် နှင့် အ ညီ အ သိ ပ ညာ ထိုး ထွင်း ခြင်း ငှာ အ သစ် ပြု ပြင် လျက် ရှိ သော လူ သစ် ကို ဝတ် ဆင် ကြ လေ ပြီ။
ငါ ချစ် သော ညီ အစ် ကို တို့၊ သင် တို့ သည် ဤ အ ကြောင်း အ ရာ များ ကို သိ ကြ၏။ သို့ ရာ တွင် အ သီး အ သီး ကြား နာ ရန် လျင် မြန် ကြ စေ။ ပြော ဆို ရန် နှင့် အ မျက် ထွက် ရန် နှောင့် နှေး ကြ စေ။ညီ အစ် ကို တို့၊ သင် တို့ ယုံ ကြည် ခြင်း ကို စံ ချ သော အ ရာ ဖြင့် တည် ကြည် ခြင်း ဖြစ် ပွား ကြောင်း သိ မြင် လျက် အ ထပ် ထပ် စုံ စမ်း ရာ ကျ ရောက် သည့် ကာ လ ဝမ်း မြောက် ရန် သက် သက် ဟု မှတ် ယူ ကြ လော့။လူ၏ အ မျက် သည် ဘု ရား သ ခင့် ဖြောင့် မတ် ခြင်း တ ရား ကို မ ဖြစ် ပွား စေ နိုင်။
တစ် ကိုယ် တည်း ၌ အင်္ဂါ များ ရှိ ရာ ထို အ များ ဖြစ် သော အင်္ဂါ အ ပေါင်း သည် တစ် ကိုယ် တည်း ဖြစ် သည့် နည်း တူ ခ ရစ် တော် လည်း ဖြစ် တော် မူ၏။
ဘု ရင် မင်း က ဤ သိမ် ငယ် သူ တစ် ယောက် ယောက် ကို သင် တို့ မ ပြု ကြ သည် မှာ ငါ့ ကို မ ပြု ကြောင်း ငါ အ မှန် ဆို သည် ဟု အ မိန့် ရှိ တော် မူ မည့် အ တိုင်း
သေ ခြင်း နှင့် ရှင် ခြင်း သော် လည်း ကောင်း၊ စေ တ မန် တော် နှင့် နတ် မင်း များ သော် လည်း ကောင်း၊ ပ စ္စု ပ္ပန် နှင့် အ နာဂတ် အ ရာ များ သော် လည်း ကောင်း၊ တန် ခိုး ရှင် များ သော် လည်း ကောင်း၊ ဘ ဝဂ် နှင့် အ ဝီ စိ သော် လည်း ကောင်း၊ဖန် ဆင်း ထား သော အ ရာ မည် သည် မ ဆို ငါ တို့ ကို အ ရှင် ခ ရစ် တော် ယေ ရှု၌ ရှိ သော ဘု ရား သ ခင်၏ မေ တ္တာ တော် မှ မ ကွာ စေ နိုင် ဟူ၍ ငါ စိတ် ချ သ တည်း။
ဘု ရား သ ခင့် ကြွယ် ဝ သော ကျေး ဇူး တော့် ဆိုင် ရာ ဘ ဏ္ဍာ စိုး ကောင်း များ အ ဖြစ် အ သီး သီး ဆု ကျေး ဇူး တော် ခံ ရ သည့် အ လျောက် အ ချင်း ချင်း တို့ အား ပြု စု လျက်၊အ ရာ ရာ၌ ယေ ရှု ခ ရစ် အား ဖြင့် ဘု ရား သ ခင့် ဘုန်း တော် ထင် ပေါ် စေ ရန် ဟော ပြော သူ သည် ဘု ရား သ ခင့် နှုတ် သ တ္တိ နှင့် လည်း ကောင်း၊ အ မှု တော် ဆောင် ရွက် သူ သည် ဘု ရား သ ခင် သ နား တော် မူ သော အ စွမ်း သ တ္တိ နှင့် လည်း ကောင်း ပြု စေ။ ထို အ ရှင် ယေရှု ခ ရစ် သည် က မ္ဘာ အ ဆက် ဆက် ဘုန်း တော်၊ တန် ခိုး တော် ကြီး ပါ စေ သ တည်း အာ မင်။
အ ကျွန်ုပ်၌ ကောက် ကျစ် စွာ ပြု ကျင့် သော မာ န ကြီး သူ တို့ ကို အ ရှက် ကွဲ စေ တော် မူ ပါ။ ဥ ပ ဒ သ တော် များ ကို အ ကျွန်ုပ် ဆင် ခြင် လျက် နေ ပါ မည်။
ဖြောင့် မတ် ခြင်း တ ရား နှင့် က ရု ဏာ တ ရား ကို လိုက် ရှာ သော သူ သည်၊ အ သက် ရှင် ခြင်း၊ ဖြောင့် မတ် ခြင်း၊ အ သ ရေ ရှိ ခြင်း များ ကို တွေ့ တတ်၏။
အ သို့ ဆို လျှင် ငါ ဆာ မွတ် သော် ကျွေး မွေး ခြင်း၊ ရေ ငတ် သော် တိုက် ခြင်း၊ အာ ဂ န္တု ဖြစ် သော် ဧည့် ခံ ခြင်း၊
သူ ခပ် သိမ်း တို့ နှင့် အ သင့် အ တင့် နေ ခြင်း ကို လည်း ကောင်း၊ ထာ ဝ ရ ဘု ရား ကို ဖူး မြင် ရ စေ သော သန့် ရှင်း ခြင်း ကိုလည်း ကောင်း လိုက် ရှာ ကြ လော့။
ထို ကြောင့် ငါ တို့ သည် ငြိမ် သက် ခြင်း၊ အ ချင်း ချင်း တည် ဆောက် ခြင်း အ မှု များ ကို ကြံ စည် ကြ၏။
ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ကျေး ဇူး တော် ကို သင် တို့ သိ ကြ သည့် အ တိုင်း ကိုယ် တော် သည် ကြွယ် ဝ သော် လည်း ဆင်း ရဲ ခံ တော် မူ ခြင်း အား ဖြင့် သင် တို့ ကို ကြွယ် ဝ စေ ရန် သင် တို့ အ တွက် ဆင်း ရဲ သော အ ဖြစ် ကို ယူ တော် မူ၏။
ကောင်း မှု ကို လက် မ လွတ် ဘဲ ပြု ကြ ကုန် အံ့။ အား လျော့ ခြင်း ကင်း လျှင် အ ချိန် စေ့ သော် ငါ တို့ ရိတ် သိမ်း ကြ ရ လိမ့် မည်။
ကိုယ် တော် သည် ကောင်း မြတ်၍၊ အ ကောင်း ပြု တော် မူ သည့် အ လျောက်၊ အ ထုံး အ ဖွဲ့ တော် များ ကို သွန် သင် တော် မူ ပါ။
ဟော ပြော ခွင့် ရ၍ နက် နဲ ရာ ရှိ သ မျှ၊ အ သိ ပ ညာ ရှိ သ မျှ ကို ထိုး ထွင်း လျက် တောင် များ ကို ရွှေ့ နိုင် သည့် တိုင် အောင် ယုံ ကြည် ခြင်း အ စုံ အ လင် ရ သော် လည်း မေ တ္တာ မ ရှိ လျှင် အ ချည်း နှီး ဖြစ်၏။
ငါ့ သ မီး၊ နား ထောင် လော့။ ဆင် ခြင် ၍ နာ ယူ လော့။ ကိုယ့် လူ မျိုး နှင့် အိမ် ထောင် သား ချင်း တို့ ကို မေ့ လျော့ လျက်၊သင့် အ ရှင် ဖြစ် သော ကိုယ် တော် ကို ရှိ ခိုး လော့။ သင်၏ အ ဆင်း တင့် တယ် ခြင်း ကို ပြည့် ရှင် မင်း ကြီး နှစ် သက် တော် မူ သည့် ပြင်၊
ဝိ ညာဉ် တော့် ဆိုင် ရာ အ သီး မူ ကား ချစ် ခြင်း၊ ရွှင် လန်း ခြင်း၊ ငြိမ် သက် ခြင်း၊ စိတ် ရှည် ခြင်း၊ က ရု ဏာ ပြ ခြင်း၊ ကျေး ဇူး ပြု ခြင်း၊ သစ္စာ တည် ခြင်း၊ သိမ် မွေ့ ခြင်း၊ ကိုယ် ကို ချုပ် တည်း ခြင်း များ တည်း။
မြေ ကြီး ဆိုင် ရာ များ ကို မ ဟုတ်။ အ ထက် အ ရာ များ ကို ဂ ရု ပြု ကြ လော့။သား သ မီး ဖြစ် သူ တို့၊ အ ရှင် ဘု ရား ရှေ့ နှစ် သက် ဖွယ် ဖြစ် သည့် အ တိုင်း မိ ဘ စ ကား ကို အ ရာ ရာ တွင် နား ထောင် ကြ လော့။အ ဘ ဖြစ် သူ တို့၊ သား သ မီး စိတ် မ ပျက် စေ ခြင်း ငှာ မ ဆွ ကြ နှင့်။ကျွန် ဖြစ် သူ တို့၊ လူ့ စိတ် နှင့် တွေ့ လို သူ တို့ နည်း တူ မျက် မှောက်၌ သာ မ ဟုတ်။ အ ရှင် ဘု ရား ကို ခန့် ညား လျက် ရိုး ဖြောင့် သော စိတ် နှ လုံး နှင့် ရုပ် ခ န္ဓာ အ လျောက် အ ရှင် ဖြစ် သူ တို့ အ မိန့် ကို အ ရာ ရာ တွင် နား ထောင် ကြ လော့။အ ကျိုး ဆက် အ ဖြစ် ပိုင် ရာ တော် ကို အ ရှင် ဘု ရား ထံ မှ ခံ ရ မည့် အ ကြောင်း သိ သည် နှင့် အ ညီ မည် သည့် အ မှု မ ဆို ပြု သော် လူ့ အ မှု မ ဟုတ်။ အ ရှင် ဘု ရား အ မှု တော် ဟု မှတ်၍ စိတ် ပါ ကိုယ် ရောက် ပြု ကြ လော့။ မ တ ရား ပြု သူ သည် မ တ ရား မှု အ ကျိုး ကို မျက် နှာ မ ရွေး ခံ စား ရ မည် ဖြစ်၍ အ ရှင် ခ ရစ် တော်၏ ကျွန် အ ဖြစ် ဆောင် ရွက် ကြ လော့။အ သို့ ဆို သော် သေ ပြီး ဖြစ် သော သင် တို့ အ သက် သည် ခ ရစ် တော် နှင့် အ တူ ဘု ရား သ ခင်၌ ဝှက် ထား လျက် ရှိ သည့် အ လျောက်၊
ကိုယ့် လွန် ကျူး မှု ကို ကွယ် ဝှက် တတ် သူ သည်၊ မ ချမ်း မ သာ။ ဝန် ချ၍ စွန့် ပယ် သော သူ မူ ကား၊ က ရု ဏာ တော် ကို ခံ ရ လိမ့် မည်။
သူ သည် စွန့် ကြဲ ပြီ။ နွမ်း ပါး သူ တို့ အား ပေး ကမ်း ပြီ။ သူ့ ဖြောင့် မတ် ခြင်း သည်၊ ကာ လ အ စဉ် တည်၍၊ ဦး ချို သည်၊ ဂုဏ် အ သ ရေ နှင့် ချီး မြှောက် ခံ ရ လိမ့် မည်။
စုံ လင် ခြင်း ဟူ သ မျှ ၏ အ ဆုံး ကို အ ကျွန်ုပ် သိ မြင် ခဲ့ ပါ ပြီ။ ပ ညတ် တော် မူ ကား၊ အ လွန် ကျယ် ဝန်း လှ ပါ ၏။
ဖြောင့် မတ် သူ သည် ယုံ ကြည် ခြင်း အား ဖြင့် အ သက် ရှင် လိမ့် မည် ဟု ကျမ်း ဆို ရှိ သည့် အ ပြင် ပ ညတ် များ အ လိုက် ပြု ကျင့် သူ သာ အ သက် ရှင် လိမ့် မည် ဟူ သော ကျမ်း တစ် ချက် ရှိ သည့် အ လျောက် ပ ညတ် တ ရား တော် သည် ယုံ ကြည် ခြင်း တ ရား နှင့် မ တော် မ စပ်၊ ပ ညတ် တ ရား ကြောင့် မည် သူ မျှ ဘု ရား သ ခင် ရှေ့ ဖြောင့် မတ် ရာ မ ရောက် နိုင် ကြောင်း ထင် ရှား ၏။
ထို ကြောင့် ညီ အစ် ကို တို့၊ ဘု ရား သ ခင့် က ရု ဏာ တော် ကို ထောက်၍ ငါ နှိုး ဆော် တိုက် တွန်း သည် မှာ၊ ဘု ရား သ ခင် နှစ် သက် တော် မူ ဖွယ် သန့် ရှင်း သော သ က္ကာ၊ ရှင် သော ပူ ဇော် သ က္ကာ အ ဖြစ် သင် တို့ ကိုယ် ခ န္ဓာ များ ကို ဉာဏ် ဆိုင် ရာ ဝတ် ဖြစ် သည့် အ လျောက် ဆက်ကပ် ကြ လော့။
သင် တို့ ဘောင် တွင် ရန် တွေ့ တိုက် လှန် ခြင်း များ သည် မည် သို့ ဖြစ် ပွား သ နည်း။ သင် တို့ ကိုယ် အင်္ဂါ များ တွင် တိုက် လှန် တတ် သော ဝါ သ နာ များ မှ မ ဟုတ် လော။ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ကိုယ် ကို နှိမ့် ချ ကြ လော့။ သို့ မှ သင် တို့ ကို ချီး မြှောက် တော် မူ လိမ့် မည်။ညီ အစ် ကို တို့၊ အ ချင်း ချင်း မ ပုတ် ခတ် ကြ နှင့်။ ညီ အစ် ကို ကို ပုတ် ခတ် ခြင်း၊ စီ ရင် ဆုံး ဖြတ် ခြင်း ပြု သူ သည် ပ ညတ် တ ရား ကို ပုတ် ခတ် ရာ၊ စီ ရင် ဆုံး ဖြတ် ရာ ရောက်၏။ ပ ညတ် တ ရား ကို စီ ရင် ဆုံး ဖြတ် လျှင် သင် သည် ပ ညတ် တ ရား အ တိုင်း လိုက် နာ သူ မ ဟုတ်။ စီ ရင် ဆုံး ဖြတ် သူ ဖြစ် လေ ပြီ တ ကား။ကယ် တင် ခွင့်၊ ဖျက် ဆီး ခွင့် ပိုင် တော် မူ သော အ ရှင် သည် တစ် ပါး တည်း သော ဓ မ္မ သတ် ရှင်၊ တ ရား မင်း ဖြစ် တော် မူ၏။ အ ပေါင်း အ ဖော် ကို စီ ရင် ဆုံး ဖြတ် သော သင် ကား မည် သူ နည်း။နက် ဖြန် မည် သို့ ဖြစ် မည် မ သိ ဘဲ လျက် ယ နေ့ ဖြစ် စေ၊ နက် ဖြန် ဖြစ် စေ၊ ထို ထို မြို့ သို့ သွား၍ တစ် နှစ် နေ ခိုက် အ မြတ် အ စွန်း ရ အောင် ကူး သန်း ရောင်း ဝယ် မည် ဟု ပြော ဆို သူ အ ချင်း တို့၊ သင် တို့ အ သက် ကား မည် သို့ နည်း။ သင် တို့ သည် တစ် ခ ဏ မျှ ထင် ပေါ်၍ ပျောက် လွင့် တတ် သော အ ခိုး အ ငွေ့ သ ဖွယ် ဖြစ် ၏။ထို သို့ မ ပြော မ ဆို ဘဲ ထာ ဝ ရ ဘု ရား အ လို တော် ရှိ လျှင် ငါ တို့ သည် အ သက် ရှင် လျက် ဤ အ မှု၊ ထို အ မှု ကို ပြု မည် ဟု ဆို သင့်၏။ယ ခု မူ ကား သင် တို့ သည် ထောင် လွှား ဝါ ကြွား တတ် ကြ၏။ ထို သို့ သော ဝါ ကြွား ခြင်း မ သင့် ချေ။အ ကောင်း ကို သိ လျက် မ ပြု ဘဲ နေ သူ၌ အ ပြစ် သင့်၏။အ လို ဆ န္ဒ ရှိ ကြ သော် လည်း မ ရ ကြ။ သူ့ အ သက် ကို သတ်၍ ပြိုင် ဆိုင် ကြ သော် လည်း မ ရ နိုင် ကြ သည် ဖြစ်၍ ရန် တွေ့ တိုက် လှန် မှု များ ကို ပြု တတ် ကြ၏။ မ ရ ကြ သည် မှာ မ လျှောက် မ တောင်း သော ကြောင့်၊