အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ

သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်


ဆာ​လံ 13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​
ဆာ​လံ 13

ကယ်မတော်မူရန် တောင်းလျှောက်ခြင်း
ဂီတမှူး​အတွက်​၊ ဒါဝိဒ်​၏​ဆာလံ

1 အို ထာဝရဘုရား​၊ မည်မျှ​ကြာ​ပါ​မည်နည်း​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို အစဉ်​မေ့လျော့​တော်မူ​မည်လော​။ မျက်နှာ​တော်​ကို အကျွန်ုပ်​ထံမှ မည်မျှ​ကြာ​အောင် လွှဲ​၍​နေ​တော်မူ​မည်နည်း​။

2 အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် မည်မျှ​ကြာ​အောင် တွေးတောပူပန်​လျက် နေ​ရ​ပါ​မည်နည်း​။ အကျွန်ုပ်​၏​စိတ်နှလုံး​တွင် တစ်နေ့လုံး​ဝမ်းနည်း​လျက်​နေ​ရ​ပါ​၏​။ အကျွန်ုပ်​၏​ရန်သူ​သည် အကျွန်ုပ်​အထက်​၌ မည်မျှ​ကြာ​အောင် မြှောက်စား​ခြင်း​ခံရ​ပါ​မည်နည်း​။

3 အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ ကြည့်ရှုဆင်ခြင်​၍ အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။ အကျွန်ုပ်​၏​မျက်စိ​ကို​အလင်းပေး​တော်မူ​ပါ​။ သို့မဟုတ်လျှင် အကျွန်ုပ်​သည် သေ​ခြင်း​၌​အိပ်ပျော်​ရ​ပါ​လိမ့်မည်​။

4 အကျွန်ုပ်​၏​ရန်သူ​က​လည်း “​သူ့​ကို​ငါ​နိုင်​ပြီ​”​ဟု ဆို​ပါ​လိမ့်မည်​။ အကျွန်ုပ်​တုန်လှုပ်​သောအခါ အကျွန်ုပ်​ကို​ရန်ဖက်ပြု​သော​သူ​တို့​သည် ရွှင်လန်း​ကြ​ပါ​လိမ့်မည်​။

5 သို့ရာတွင် အကျွန်ုပ်​သည် ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို ယုံကြည်ကိုးစား​ပါ​၏​။ အကျွန်ုပ်​၏​စိတ်နှလုံး​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​၌ ရွှင်လန်း​ပါ​မည်​။

6 ထာဝရဘုရား​သည် အကျွန်ုပ်​ကို ကျေးဇူးပြု​တော်မူ​သောကြောင့် အကျွန်ုပ်​သည် ကိုယ်တော့်​ထံသို့ သီချင်းဆို​ပါ​မည်​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative