သူတို့သည် အင်္ဒေါရအရပ်တွင် ဖျက်ဆီးခြင်းခံရ၍ မြေကြီးပေါ်မှ မြေဆွေးဖြစ်ကြပါပြီ။
၄ ရာ 9:37 - မြန်မာ့စံမီသမ္မာကျမ်း ယေဇဗေလ၏အလောင်းသည် ယေဇရေလပိုင်မြေကွက်ပေါ်တွင် နောက်ချေးပုံကဲ့သို့ဖြစ်လိမ့်မည်။ ဤသူမှာ ယေဇဗေလဖြစ်သည်ဟု ပြော၍မရအောင်ပင် ဖြစ်လိမ့်မည်’ဟူ၍ မိန့်တော်မူခဲ့သည့်စကား အတိုင်းဖြစ်၏”ဟု ဆိုလေ၏။ Common Language Bible သူ၏အလောင်းကိုခွဲခြား၍မသိနိုင်အောင် ထိုအရပ်တွင်နောက်ချေးကဲ့သို့ကြဲလျက်နေ လိမ့်မည်ဟု ပရောဖက်ဧလိယအားဖြင့် ထာဝရ ဘုရားမိန့်တော်မူချက်နှင့်အညီဖြစ်သည်'' ဟုဆို၏။ Garrad Bible ယေ ဇ ဗေ လ သည်၊ ယေ ဇ ရေ လ မြေ ကွက် တွင် ခွေး စာ ဖြစ် လျက် ယေ ဇဗေ လ တည်း ဟု ဆို ခွင့် မ ရှိ စေ ရန်၊ သူ့ အ လောင်း သည် ယေ ဇ ရေ လ မြေ ကွက် ပေါ် တွင် မြေ စာ ဖြစ် လိမ့် မည် ဟူ၍ တိ ရှ ဘိ မြို့ သား ကျွန် တော် ရင်း ဧ လိ ယ အား ဖြင့်၊ ထာ ဝ ရ ဘု ရား ထား တော် မူ ခဲ့ သော ဗျာ ဒိတ် တော် တည်း ဟု မိန့် ဆို လေ ၏။ Judson Bible သို့ဖြစ်၍ ဤသင်္ချိုင်းသည် ယေဇဗေလသင်္ချိုင်းဖြစ်၏ဟု အဘယ်သူမျှ မပြောနိုင်မည်အကြောင်း၊ သူ၏အလောင်းသည် ယေဇရေလမြေကွက်တွင်၊ လယ်ပြင်၌ နောက်ချေးကဲ့သို့ရှိရလိမ့်မည်ဟု ဆို၏။ |
သူတို့သည် အင်္ဒေါရအရပ်တွင် ဖျက်ဆီးခြင်းခံရ၍ မြေကြီးပေါ်မှ မြေဆွေးဖြစ်ကြပါပြီ။
သူတို့၏မင်းအရာရှိတို့ကို ဩရဘမင်းကြီးနှင့်ဇေဘမင်းကြီးကဲ့သို့လည်းကောင်း၊ သူတို့၏မင်းညီမင်းသားအပေါင်းတို့ကို ဇေဘဟမင်းကြီးနှင့် ဇာလမုန္နမင်းကြီးကဲ့သို့လည်းကောင်း ဖြစ်စေတော်မူပါ။
လူသည် သားတစ်ရာမွေးဖွား၍ နှစ်ပေါင်းများစွာအသက်ရှင်ရလျက် သူ့အသက်တာ၏နေ့ရက်သည် များပြားလျှင်လည်း သူ၏စိတ်ဝိညာဉ်သည် ကောင်းကျိုးချမ်းသာကြောင့် အလိုပြည့်စုံသည်ဟူ၍မရှိသကဲ့သို့ သူ့ကို သင်္ချိုင်းတွင်သင်္ဂြိုဟ်ခြင်းလည်းမရှိလျှင် အသေမွေးသောကလေးသည် ထိုသူထက်ပို၍ကောင်းသည်ဟု ငါဆို၏။
ထာဝရဘုရားသည် မိမိလူမျိုးတော်ကို အမျက်ထွက်၍ သူတို့အပေါ်လက်တော်ကိုဆန့်လျက် ဒဏ်ခတ်တော်မူမည်။ တောင်တို့သည်လှုပ်ခတ်ကြလိမ့်မည်။ သူတို့အလောင်းသည် လမ်းမအလယ်၌ အမှိုက်သရိုက်ကဲ့သို့ဖြစ်လိမ့်မည်။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
“သူတို့သည် ရောဂါဆိုးဖြင့် သေလိမ့်မည်။ သူတို့အတွက် ငိုကြွေးမြည်တမ်းမည့်သူမရှိ။ သူတို့ကို သင်္ဂြိုဟ်မည့်သူမရှိ။ မြေပေါ်၌ နောက်ချေးကဲ့သို့ ဖြစ်လိမ့်မည်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ဖြင့် ပျက်စီးလိမ့်မည်။ အလောင်းကောင်တို့သည် မိုးကောင်းကင်ငှက်နှင့် မြေတိရစ္ဆာန်တို့အတွက် အစာဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
မြည်းကိုသင်္ဂြိုဟ်သကဲ့သို့ သူ့ကို သင်္ဂြိုဟ်ကြလိမ့်မည်။ ဂျေရုဆလင်တံခါးအပြင်ဘက်သို့ ဆွဲထုတ်၍ ပစ်ထားကြလိမ့်မည်။
ထိုနေ့ရက်၌ ထာဝရဘုရားကွပ်မျက်တော်မူခြင်းကိုခံရသောသူတို့သည် မြေကြီးတစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းတိုင်အောင် အနှံ့ရှိကြလိမ့်မည်။ မြည်တမ်းပေးမည့်သူမရှိ။ စုပုံထားပေးမည့်သူမရှိ။ သင်္ဂြိုဟ်ပေးမည့်သူမရှိ။ မြေပေါ်၌ နောက်ချေးကဲ့သို့ ဖြစ်ကြလိမ့်မည်။
သူတို့သည် စာလိပ်ကို စာရေးတော်ကြီးဧလိရှမာအခန်းတွင် ထားခဲ့ပြီး နန်းတော်ဝင်းရှိ ရှင်ဘုရင်ထံသို့သွား၍ ထိုအကြောင်းအရာအလုံးစုံတို့ကို ရှင်ဘုရင်ကြားသိစေရန် လျှောက်ထားလေ၏။
ထာဝရဘုရားက “ထိုကာလ၌ ယုဒဘုရင်တို့၏အရိုးများ၊ အကြီးအကဲတို့၏အရိုးများ၊ ယဇ်ပုရောဟိတ်တို့၏အရိုးများ၊ ပရောဖက်တို့၏အရိုးများ၊ ဂျေရုဆလင်မြို့သားတို့၏အရိုးများကို သူတို့၏သင်္ချိုင်းတွင်းများထဲမှ ထုတ်ပစ်ကြလိမ့်မည်။
ထိုအရိုးတို့သည် သူတို့ချစ်၍အစေခံသော၊ သူတို့လိုက်စားသော၊ သူတို့ဆည်းကပ်ကိုးကွယ်သောအရာများဖြစ်သည့် နေ၊ လ စသော ကောင်းကင်တန်ဆာအားလုံးတို့အောက်၌ ဖြန့်ထားခြင်းခံရလိမ့်မည်။ စုသိမ်းသင်္ဂြိုဟ်ခြင်း ခံရမည်မဟုတ်။ မြေပြင်ပေါ်တွင် နောက်ချေးကဲ့သို့ဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “လူသေကောင်တို့သည် လယ်ပြင်ရှိနောက်ချေးကဲ့သို့လည်းကောင်း၊ စုသိမ်းသူမရှိ၊ ရိတ်သိမ်းသူနောက်၌ပုံထားသော ကောက်လှိုင်းကဲ့သို့လည်းကောင်း ပြန့်ကျဲနေလိမ့်မည်”ဟု မိန့်တော်မူကြောင်း ပြောကြားလော့။