ထို့ကြောင့် ပရောဖက်နာသန်ကို စေလွှတ်တော်မူ၍ ထာဝရဘုရားကို အစွဲပြုပြီး သူ့ကို ယေဒိဒိ ဟုအမည်မှည့်ခေါ်စေ၏။
၄ ရာ 9:36 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့ ပြန်လာပြီး ယေဟုအား ပြောပြကြလျှင် ယေဟုက “ဤသည်ကား ထာဝရဘုရားက မိမိအစေအပါး တိရှဘိမြို့သား ဧလိယအား ‘ယေဇရေလမြေကွက်တွင် ယေဇဗေလ၏အသားကို ခွေးတို့ စားကြလိမ့်မည်။ Common Language Bible ယေဟုအားအစီရင်ခံကြ၏။ ထိုအခါ ယေဟုက``ယေဇဗေလသည်ယေဇရေလ အရပ်တွင်ခွေးစာဖြစ်လိမ့်မည်။- Garrad Bible ပြန် လာ ကြား လျှောက် ကြ သော်၊ ယေ ဟု က ဤ အ မှု ကား အ ခြား မ ဟုတ်။ Judson Bible ယေဟုက၊ ယေဇရေလေမြေကွက်၌ ခွေးတို့သည် ယေဇဗေလ၏အသားကို စားကြလိမ့်မည်ဟု ထာဝရဘုရားသည် မိမိကျွန်တိရှဘိမြို့သား ဧလိယအားဖြင့် မိန့်တော်မူသောစကားတော်သည် ဤသို့ပြည့်စုံပြီ။ |
ထို့ကြောင့် ပရောဖက်နာသန်ကို စေလွှတ်တော်မူ၍ ထာဝရဘုရားကို အစွဲပြုပြီး သူ့ကို ယေဒိဒိ ဟုအမည်မှည့်ခေါ်စေ၏။
ယေဇဗေလနှင့်ပတ်သက်၍လည်း ထာဝရဘုရားက ‘ယေဇရေလမြို့ရိုးနားတွင် ခွေးတို့သည် ယေဇဗေလကို စားကြလိမ့်မည်’ဟု မိန့်တော်မူပြီ။
ဧလိယ ဆင့်ဆိုသောထာဝရဘုရား၏စကားတော်အတိုင်း အာခဇိမင်းကြီး အနိစ္စရောက်လေ၏။ သူ၌သားမရှိသောကြောင့် ယဟောရံသည် ယောရှဖတ်မင်းကြီး၏သား ယုဒဘုရင် ယဟောရံမင်းကြီးနန်းစံနှစ်နှစ်တွင် အာခဇိမင်းကြီး၏အရိုက်အရာကို ဆက်ခံ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ဂိတ္တဟေဖာမြို့နေ အမိတ္တဲ၏သား မိမိအစေအပါးပရောဖက်ယောနအားဖြင့် မိန့်မှာတော်မူခဲ့သည့်စကားအတိုင်း ယေရောဗောင်မင်းကြီးသည် လီဘိုဟာမတ်မြို့မှ အရာဗပင်လယ်တိုင်အောင် အစ္စရေးနယ်နိမိတ်တစ်လျှောက်ကို ပြန်လည်သိမ်းယူခဲ့၏။
ဤသည်မှာ “သင်၏သားမြေးလေးဆက်အထိ အစ္စရေးလူမျိုးတို့၏ရာဇပလ္လင်တွင် စံမြန်းရမည်”ဟု ထာဝရဘုရားက ယေဟုအား မိန့်မှာထားသည့်စကားအတိုင်း ပြည့်စုံလာခြင်းဖြစ်၏။
ယေဇဗေလကိုမူကား ယေဇရေလမြေကွက်တွင် ခွေးတို့ စားကြလိမ့်မည်။ သူ့ကိုသင်္ဂြိုဟ်မည့်သူ ရှိမည်မဟုတ်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆိုပြီးသည်နှင့် တံခါးကိုဖွင့်ပြီး ထွက်ပြေးသွားလေ၏။
ယေဇဗေလကို သင်္ဂြိုဟ်ဖို့သွားကြသောအခါ ဦးခေါင်းခွံ၊ ခြေထောက်၊ လက်ဖဝါးတို့မှလွဲ၍ အခြားဘာမျှမရှိတော့ပေ။
အာရုန်နှင့်သူ၏သားတို့သည် မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာတော်မူခဲ့သောအရာရှိသမျှတို့ကို လုပ်ဆောင်ကြလေ၏။