သူသည် အာဟပ်မင်းကြီး၏သားတော် ယောရံမင်းကြီးနှင့်အတူ ရာမုတ်ဂိလဒ်မြို့သို့ စစ်ချီ၍ ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးကို တိုက်ခိုက်ရာ ဆီးရီးယားလူမျိုးတို့လက်ချက်ဖြင့် ယောရံမင်းကြီး ဒဏ်ရာရသွား၏။
၄ ရာ 9:15 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ယဟောရံမင်းကြီးသည် ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးနှင့်တိုက်ခိုက်ရာမှ ဆီးရီးယားစစ်သည်တို့လက်ချက်ဖြင့် ဒဏ်ရာရသွား၍ ထိုဒဏ်ရာကိုကုသရန် ယေဇရေလမြို့သို့ ပြန်သွားနှင့်ပြီ။ ယေဟုကလည်း “ဤအမှုကို သင်တို့သဘောတူလျှင် ယေဇရေလမြို့သို့ သတင်းမပေါက်ကြားသွားစေရန် ဤမြို့ထဲမှမည်သူ့ကိုမျှ မထွက်သွားစေနှင့်”ဟု သူတို့အား ဆို၏။ Garrad Bible ပစ် ခတ် ခံ ရ သော အ နာ ကို ကု သ ရန် ယေ ဇ ရေ လ မြို့ သို့ ယော ရံ မင်း ဆုတ် ပြန် နှင့် သ တည်း။ သို့ ဖြစ်၍ ယေ ဟု က၊ ငါ့ ကို ကြိုက် ညီ လျှင် ယေ ဇ ရေ လ မြို့ သို့ မည် သူ မျှ သ တင်း ပေး မ သွား စေ နှင့် ဟု မိန့် ဆို ပြီး မှ Judson Bible သို့ရာတွင် ယောရံမင်းသည် ရှုရိရှင်ဘုရင်ဟာဇေလကို စစ်တိုက်သောအခါ၊ ရှုရိလူထိခိုက်သော အနာကို ပျောက်စေခြင်းငှာ ယေဇရေလမြို့သို့ ပြန်သွားနှင့်ပြီ။ ယေဟုကလည်း၊ သင်တို့အလိုရှိလျှင်၊ ယေဇရေလမြို့သို့သွား၍ သတင်းကြားပြောရသောသူ တစ်စုံတစ်ယောက်ကိုမျှ မြို့ထဲကမထွက်မသွားစေနှင့်ဟု စီရင်၏။ |
သူသည် အာဟပ်မင်းကြီး၏သားတော် ယောရံမင်းကြီးနှင့်အတူ ရာမုတ်ဂိလဒ်မြို့သို့ စစ်ချီ၍ ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးကို တိုက်ခိုက်ရာ ဆီးရီးယားလူမျိုးတို့လက်ချက်ဖြင့် ယောရံမင်းကြီး ဒဏ်ရာရသွား၏။
ထိုသို့ ယောရံမင်းကြီးသည် ရာမမြို့တွင် ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးနှင့်တိုက်ခိုက်ရာမှ ဆီးရီးယားလူမျိုးတို့လက်ချက်ဖြင့်ရသွားသောဒဏ်ရာကို ကုသရန်အတွက် ယေဇရေလမြို့သို့ ပြန်သွား၏။ ယဟောရံမင်းကြီး၏သားတော် ယုဒဘုရင်အာခဇိမင်းကြီးသည်လည်း အာဟပ်မင်းကြီး၏သားတော်ယောရံမင်းကြီးဒဏ်ရာရသည်ကိုကြည့်ရှုရန် ယေဇရေလမြို့သို့ လိုက်သွားလေ၏။
ထိုသို့ ယောရံမင်းကြီးသည် ရာမမြို့တွင် ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးနှင့်တိုက်ခိုက်ရာမှရသွားသောဒဏ်ရာကို ကုသရန်အတွက် ယေဇရေလမြို့သို့ပြန်သွား၏။ ယဟောရံမင်းကြီး၏သားတော် ယုဒဘုရင်အာဇရိမင်းကြီးသည်လည်း အာဟပ်မင်းကြီး၏သားတော်ယဟောရံမင်းကြီး ဒဏ်ရာရသည်ကိုကြည့်ရှုရန် ယေဇရေလမြို့သို့ လိုက်သွားလေ၏။