အီဂျစ်ပြည်သို့ရောက်လျှင် မိဒျန်လူမျိုးတို့က ယောသပ်ကို ဖာရောမင်းကြီး၏မှူးမတ်ဖြစ်သည့် ကိုယ်ရံတော်မှူးပေါတိဖာထံ ရောင်းလိုက်ကြ၏။
၄ ရာ 8:6 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ရှင်ဘုရင်က ထိုအမျိုးသမီးအား မေးမြန်းလျှင် ထိုအမျိုးသမီးသည်လည်း အကြောင်းစုံကိုလျှောက်တင်၏။ ထို့ကြောင့် ရှင်ဘုရင်သည် မှူးမတ်တစ်ဦးကိုခေါ်ပြီး “ဤအမျိုးသမီးပိုင်ဆိုင်သမျှနှင့် သူထွက်သွားစဉ်ကစပြီး ယခုတိုင် သူ့မြေမှထွက်သမျှတို့ကို သူ့အားပြန်ပေးပါ”ဟု မိန့်ဆို၏။ Common Language Bible မင်းကြီးကဂေဟာဇိ၏စကားမှန်မမှန် ကိုမေးမြန်းတော်မူသောအခါ အမျိုးသမီး က``မှန်ပါသည်'' ဟုလျှောက်၏။ သို့ဖြစ်၍မင်း ကြီးသည်အမတ်တစ်ယောက်ကိုခေါ်၍``ဤ အမျိုးသမီးအဝေးသို့ရောက်ရှိနေခဲ့သည့် ခုနစ်နှစ်အတွင်း သူ၏လယ်များမှထွက်သည့် အသီးအနှံတန်ဖိုးအပါအဝင်သူပိုင် ဆိုင်ခဲ့သမျှကိုသူ့အားပြန်၍ပေးစေ'' ဟုအမိန့်ပေးတော်မူ၏။ Garrad Bible မိန်း မ အား ဘု ရင် မင်း မေး သည် အ လျောက် ပြန် ကြား လေ ၏။ ထို ကြောင့် ဘု ရင် မင်း က၊ သူ ပိုင် ဆိုင် သ မျှ နှင့် ပြည် တော် က ထွက် သော နေ့ မှ စ၍ ယ နေ့ တိုင် အောင်၊ မြေ စု ဆ များ ကို ပေး စေ ဟု မိန့် ဆို လျက် အ မတ် တစ် ယောက် အား စီ မံ စေ ၏။ Judson Bible ရှင်ဘုရင်သည် မိန်းမကိုမေး၍ မိန်းမလည်းသက်သေခံ၏။ ထိုအခါရှင်ဘုရင်က၊ သူ၏ဥစ္စာရှိသမျှကိုလည်းကောင်း၊ ပြည်တော်က ထွက်သောနေ့မှစ၍ ယခုတိုင်အောင် သူ့မြေ၌ဖြစ်သမျှကိုလည်းကောင်း ပြန်ပေးစေဟု မိန့်တော်မူလျက်၊ သူ၏အမှုကို စောင့်စေခြင်းငှာ အရာရှိတစ်ယောက်ကို ခန့်ထားတော်မူ၏။ |
အီဂျစ်ပြည်သို့ရောက်လျှင် မိဒျန်လူမျိုးတို့က ယောသပ်ကို ဖာရောမင်းကြီး၏မှူးမတ်ဖြစ်သည့် ကိုယ်ရံတော်မှူးပေါတိဖာထံ ရောင်းလိုက်ကြ၏။
ဒါဝိဒ်မင်းကြီးက သူ့အား “မကြောက်နှင့်။ သင့်ဖခင်ယောနသန်ကိုထောက်ပြီး သင့်အား မေတ္တာကရုဏာကိုပြမည်။ သင့်အဘိုးရှောလုမင်းကြီးပိုင်ခဲ့သောလယ်ယာမြေအားလုံးကို သင့်အား ပြန်ပေးအပ်မည်။ သင်သည် ငါ့စားပွဲတွင် အမြဲစားသောက်ရမည်”ဟု ဆိုလျှင်
သေသွားသောသူကို ဧလိရှဲအသက်ပြန်ရှင်စေခဲ့သည့်အကြောင်း ဂေဟာဇိက ရှင်ဘုရင်အား ပြောပြနေစဉ်ပင် အသက်ပြန်ရှင်လာသောသူငယ်၏မိခင်သည် မိမိအိမ်နှင့်မြေကို ပြန်ရရန်အတွက် ရှင်ဘုရင်ထံလာရောက်အသနားခံလေ၏။ ထို့ကြောင့် ဂေဟာဇိက ချက်ချင်းပင် “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ ဤသူတို့သည် ဧလိရှဲအသက်ပြန်ရှင်စေခဲ့သောသူငယ်နှင့် သူ၏မိခင်ဖြစ်ပါ၏”ဟု လျှောက်တင်လေ၏။
ထို့နောက် ဧလိရှဲသည် ဒမတ်စကပ်မြို့သို့သွားရာ ထိုအချိန်တွင် ဆီးရီးယားဘုရင် ဗင်္ဟာဒဒ်မင်းကြီးသည် နာမကျန်းဖြစ်နေ၏။ ထိုအခါ သူ့အား “ဘုရားသခင်၏လူ ဤမြို့သို့ရောက်နေပါ၏”ဟု လျှောက်တင်လျှင်
ထိုအခါ ယေဟုက ပြတင်းပေါက်သို့မော့ကြည့်ပြီး “မည်သူရှိသနည်း၊ ငါ့ဘက်မှာ မည်သူနေမည်နည်း”ဟု မေး၏။ ထိုအခါ မိန်းမစိုးနှစ်ဦးသုံးဦးက သူ့ကို ငုံ့ကြည့်ကြသဖြင့်
ဒါဝိဒ်မင်းကြီးသည် အစ္စရေးအကြီးအကဲများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မင်းမှုထမ်းတပ်ဖွဲ့အကြီးအကဲများ၊ လူတစ်ထောင်အုပ်များနှင့် လူတစ်ရာအုပ်များအားလုံး၊ ရှင်ဘုရင်နှင့်သားတော်တို့၏ဥစ္စာပစ္စည်းများ၊ တိရစ္ဆာန်များကိုကြီးကြပ်ပေးရသူများအားလုံး၊ နန်းတွင်းအကြီးအကဲများ၊ စစ်သူရဲများနှင့် ရဲစွမ်းသတ္တိရှိသူအားလုံးတို့ကို ဂျေရုဆလင်မြို့တွင် စုဝေးစေ၏။
လူတစ်ဦးပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားနှစ်သက်တော်မူသောအခါ ထိုသူ၏ရန်သူများကိုပင် သူနှင့်သင့်မြတ်စေတော်မူ၏။
ရှင်ဘုရင်၏စိတ်နှလုံးသည် ထာဝရဘုရား၏လက်တော်၌ရှိ၍ ရေစီးသောချောင်းများကဲ့သို့ဖြစ်၏။ ကိုယ်တော်သည် ၎င်းကို အလိုတော်ရှိသည့် နေရာတိုင်းသို့ လှည့်စေတော်မူ၏။
သင့်ညီအစ်ကိုသည် သင်နှင့်အနေဝေးလျှင်ဖြစ်စေ၊ သူ့ကို သင်မသိလျှင်ဖြစ်စေ သင်သည် ထိုတိရစ္ဆာန်ကို သင့်အိမ်သို့ဆောင်သွားပြီး သင့်ညီအစ်ကိုလာရှာသည်အထိ သင့်ထံ၌ ထား၍ သူ့ကို ပြန်ပေးရမည်။
အမ္မုန်ဘုရင်က “အစ္စရေးလူမျိုးတို့ အီဂျစ်ပြည်မှလာစဉ်က အာနုန်ချောင်းမှ ယဗ္ဗုတ်ချောင်းတိုင်အောင်၊ ဂျော်ဒန်မြစ်တစ်လျှောက် သိမ်းယူခဲ့သော ငါ့ပြည်ကို ယခု အေးအေးဆေးဆေးပြန်ပေးပါ”ဟု ယေဖသ၏တမန်တို့အား ပြန်ပြော၏။