Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၄ ရာ 8:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သေ​သွား​သော​သူ​ကို ဧလိရှဲ​အသက်ပြန်ရှင်​စေ​ခဲ့​သည့်​အကြောင်း ဂေဟာဇိ​က ရှင်ဘုရင်​အား ပြောပြ​နေစဉ်​ပင် အသက်ပြန်ရှင်​လာ​သော​သူငယ်​၏​မိခင်​သည် မိမိ​အိမ်​နှင့်​မြေ​ကို ပြန်​ရ​ရန်​အတွက် ရှင်ဘုရင်​ထံ​လာရောက်​အသနားခံ​လေ​၏​။ ထို့ကြောင့် ဂေဟာဇိ​က ချက်ချင်းပင် “အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ ဤ​သူ​တို့​သည် ဧလိရှဲ​အသက်ပြန်ရှင်​စေ​ခဲ့​သော​သူငယ်​နှင့် သူ​၏​မိခင်​ဖြစ်​ပါ​၏”​ဟု လျှောက်တင်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 သို့​ဖြစ်​၍​ဂေ​ဟာ​ဇိ​သည်​သေ​သူ​အား အ​ဘယ်​သို့ ဧ​လိ​ရှဲ​ရှင်​ပြန်​စေ​ကြောင်း​ကို​သံ​တော်​ဦး​တင် လျက်​နေ​၏။ ထို​အ​ချိန်​၌​ရှု​နင်​မြို့​သူ​သည်​ရောက် ရှိ​လာ​၍ မင်း​ကြီး​အား​အ​သ​နား​ခံ​ခြင်း​ဖြစ်​၏။ ဂေ​ဟာ​ဇိ​က​မင်း​ကြီး​အား``အ​ရှင်​မင်း​ကြီး၊ ဧ​လိ​ရှဲ​အ​သက်​ရှင်​ပြန်​စေ​သော​သူ​ငယ်​နှင့် မိ​ခင်​မှာ​ဤ​သူ​တို့​ပင်​ဖြစ်​ကြ​ပါ​၏'' ဟု လျှောက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 သေ သူ့ ကို ရှင် ပြန် စေ ကြောင်း ပြန် ကြား ခိုက် ရှင် ပြန် စေ ဘူး သော သူ ငယ့် မိ ခင် သည် ကိုယ့် အိမ် မြေ ကို ရ လို ကြောင်း နှင့် ဘု ရင် မင်း ထံ အ သ နား ခံ ရာ ဂေ ဟာ ဇိ က၊ အို အ ရှင် မင်း မြတ်၊ ဧ လိ ရှဲ ရှင် ပြန် စေ သော သူ ငယ် နှင့် မိ ခင် ကား ထို သူ တို့ ပင် တည်း ဟု တင် လျှောက် သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ဧ​လိ​ရှဲ​သည် သေ​သော​သူ အ​သက်​ရှင်​စေ​ကြောင်း​ကို ဂေ​ဟာ​ဇိ​သည် ပြန်​လျှောက်​စဉ်​တွင်၊ အ​သက်​ရှင်​စေ​သော သူ​ငယ်၏​အ​မိ​သည် ကိုယ်​အိမ်၊ ကိုယ်​မြေ​ကို​ရ​အံ့​သော​ငှာ အ​သ​နား​တော်​ခံ​လေ၏။ ဂေ​ဟာ​ဇိ​က​လည်း၊ အ​ရှင်​မင်း​ကြီး၊ ဤ​မိန်း​မ​ကား ယ​ခု​ပြော​သော​မိန်း​မ၊ ဤ​သူ​ငယ်​ကား ဧ​လိ​ရှဲ​အ​သက်​ရှင်​စေ​သော​သူ​ငယ်​ဖြစ်​ပါ​သည်​ဟု လျှောက်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၄ ရာ 8:5
16 ပူးပေါင်းရင်းမြစ်များ  

ဆီးရီးယား​ဘုရင်​ဗင်္ဟာဒဒ်​မင်းကြီး​သည် မိမိ​စစ်သည်​အပေါင်း​တို့​ကို စုရုံး​၍ ရှင်ဘုရင်​သုံးဆယ့်​နှစ်​ပါး​အပါအဝင် မြင်းတပ်​၊ ရထားတပ်​တို့​ဖြင့် ချီတက်​လာ​ပြီး ရှမာရိ​မြို့​ကို ဝိုင်းရံ​တိုက်ခိုက်​လေ​၏​။


ထို့နောက် မိမိ​ငယ်သား​ဂေဟာဇိ​အား “​ထို​ရှုနင်​မြို့သူ​ကို ခေါ်လိုက်​ပါ​”​ဟု​ဆို​၏​။ ဂေဟာဇိ​ခေါ်​လိုက်​သဖြင့် ထို​အမျိုးသမီး​သည် ဧလိရှဲ​ရှေ့​၌ ရပ်​နေ​၏​။


ထို့နောက် ဧလိရှဲ​သည် ထ​၍​အခန်း​ထဲတွင် ခေါက်တုံ့ခေါက်ပြန်​လျှောက်​၏​။ တစ်ဖန် သူငယ်​ပေါ် ပြန်၍​မှောက်​နေ​သောအခါ သူငယ်​သည် ခုနစ်​ကြိမ်​နှာချေ​ပြီး မျက်လုံး​ပွင့်လာ​၏​။


ထိုအခါ အမှုထမ်း​တစ်​ဦး​က “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ မည်သူ​မျှ​မ​ရှိ​ပါ​။ အစ္စရေး​ပြည်​ရှိ ပရောဖက်​ဧလိရှဲ​က အရှင့်​အိပ်ခန်း​တွင်း​မှ​ပြော​သော​စကား​များ​ကို အစ္စရေး​ဘုရင်​အား ပြန်ပြောပြ​လေ့​ရှိ​ပါ​၏​”​ဟု လျှောက်တင်​၏​။


အစ္စရေး​ဘုရင်​သည် မြို့ရိုး​ပေါ်တွင်​ဖြတ်လျှောက်​စဉ် အမျိုးသမီး​တစ်​ဦး​က သူ့​အား “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ အကျွန်ုပ်​ကို ကယ်​တော်မူ​ပါ​”​ဟု အော်ဟစ်​၏​။


ထိုအခါ ရှင်ဘုရင်​က ထို​အမျိုးသမီး​အား မေးမြန်း​လျှင် ထို​အမျိုးသမီး​သည်​လည်း အကြောင်းစုံ​ကို​လျှောက်တင်​၏​။ ထို့ကြောင့် ရှင်ဘုရင်​သည် မှူးမတ်​တစ်​ဦး​ကို​ခေါ်​ပြီး “​ဤ​အမျိုးသမီး​ပိုင်ဆိုင်​သမျှ​နှင့် သူ​ထွက်သွား​စဉ်က​စပြီး ယခု​တိုင် သူ့​မြေ​မှ​ထွက်​သမျှ​တို့​ကို သူ့​အား​ပြန်ပေး​ပါ​”​ဟု မိန့်ဆို​၏​။


ထိုအခါ သူ့​ဇနီး​ဇေရက်​နှင့် သူ့​မိတ်ဆွေ​အပေါင်း​တို့​က “​အတောင်​ငါးဆယ်​မြင့်​သော​သစ်တိုင်​တစ်​ခု​ကို​ပြုလုပ်​စေ​ပြီး မော်ဒကဲ​ကို ထို​သစ်တိုင်​ပေါ်တွင်​ဆွဲ​ထား​မည့်​အကြောင်း မနက်ဖြန်​မနက်​တွင် ရှင်ဘုရင်​ထံ အခွင့်တောင်း​ပါ​။ ပြီးမှ ရှင်ဘုရင်​နှင့်အတူ စားသောက်ပွဲ​သို့ ဝမ်းမြောက်​စွာ​သွား​ပါ​”​ဟု အကြံပေး​ကြ​၏​။ ဟာမန်​သည်​လည်း ထို​အကြံ​ကို​နှစ်သက်​သဖြင့် သစ်တိုင်​ကို​ပြုလုပ်​စေ​၏​။


အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​၏​ရှင်ဘုရင်​၊ ကိုယ်တော်​ကို အကျွန်ုပ်​ချီးမြှောက်​ပါ​မည်​။ ကိုယ်တော်​၏​နာမ​တော်​ကို ကာလ​အစဉ်အဆက်​ကောင်းချီးထောမနာ​ပြု​ပါ​မည်​။


လူ​၏​စိတ်နှလုံး​သည် မိမိ​သွား​ရာ​လမ်း​ကို ကြံစည်​တတ်​၏​။ သို့သော် ထာဝရဘုရား​သည် သူ​၏​ခြေလှမ်း​များ​ကို တည့်မတ်​စေ​တော်မူ​မည်​။


တစ်ဖန် နေ​အောက်​တွင် ငါ​ပြန်​၍​တွေ့မြင်​သည်​ကား ပြိုင်ပွဲ​သည် လျင်မြန်​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ စစ်ပွဲ​သည် ခွန်အားကြီး​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ အစားအစာ​သည် ပညာရှိ​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ ဓနဥစ္စာ​သည် အသိဉာဏ်​ရှိ​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ မျက်နှာရ​ခြင်း​သည်​လည်း တတ်သိ​နားလည်​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ အကြောင်းမူကား အချိန်​ကာလ​နှင့်​အကြောင်းတိုက်ဆိုင်မှု​သည် ထို​သူ​အားလုံး​တို့​၌ ရောက်လာ​တတ်​၏​။


သို့ဖြစ်လျှင် ဤ​အရာ​များ​ကို​ထောက်၍ မည်သို့​ဆို​ရ​မည်နည်း။ ဘုရားသခင်​သည် ငါ​တို့​ဘက်​၌​ရှိ​တော်မူ​လျှင် မည်သူ​သည် ငါ​တို့​ကို ဆန့်ကျင်​နိုင်​မည်နည်း။


ရုသ​လည်း လယ်​ထဲသို့ ထွက်​သွား​၍ ကောက်ရိတ်သမား​တို့​နောက်မှ​လိုက်​ပြီး ကောက်သင်းကောက်​ရာ တိုက်တိုက်ဆိုင်ဆိုင် ထို​လယ်ကွက်​သည် ဧလိမလက်​မျိုးနွယ်စုဝင် ဗောဇ​ပိုင်​သော​လယ်ကွက်​ဖြစ်​နေ​၏​။


ရှောလု​မင်းကြီး​သည် ဒါဝိဒ်​၏​အသံ​ကို မှတ်မိ​သဖြင့် “​ဤ​အသံ​သည် ငါ့​သား ဒါဝိဒ်​၏​အသံ မ​ဟုတ်​လော​”​ဟု အော်မေး​ရာ ဒါဝိဒ်​က “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ အကျွန်ုပ်​အသံ ဟုတ်​ပါ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ