ထို့နောက် အဗရှလုံ၏အလောင်းကိုဆွဲချပြီး တောထဲရှိတွင်းကြီးတစ်တွင်းထဲသို့ပစ်ချကာ သူ့အပေါ်တွင် ကျောက်ပုံကြီးပုံထားကြ၏။ အစ္စရေးအမျိုးသားအပေါင်းတို့လည်း အသီးသီး မိမိတို့နေရာသို့ ပြန်ပြေးကြလေ၏။
၄ ရာ 8:21 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ယောရံမင်းကြီးသည် မိမိ၌ရှိသမျှသောစစ်ရထားတို့နှင့်တကွ ဇာဣရမြို့သို့ ချီ၍ သူ့အားဝိုင်းရံလာသော ဧဒုံတပ်သားတို့နှင့် စစ်ရထားမှူးတို့ကို ညအချိန် ထ၍တိုက်ခိုက်ရာ သူ၏စစ်သည်တို့သည်လည်း ကိုယ့်တဲသို့ ပြန်ပြေးကြလေ၏။ Common Language Bible သို့ဖြစ်၍ယဟောရံသည်မိမိ၏စစ်ရထား အလုံးအရင်းနှင့် ဇာဣရမြို့သို့ချီတက်တော် မူရာထိုအရပ်တွင် ဧဒုံတပ်မတော်၏ဝိုင်းရံ ခြင်းကိုခံရလေသည်။ မင်းကြီးနှင့်စစ်ရထား မှူးတို့သည် ယင်းသို့ဝိုင်းရံမှုကိုချိုးဖောက်လွတ် မြောက်သွားကြ၏။ သူ၏စစ်သည်တော်တို့သည် မိမိတို့နေရပ်သို့ကစဥ့်ကရဲထွက်ပြေး ကြကုန်၏။- Garrad Bible ရ ထာ တပ် အပေါင်း တို့ နှင့် တ ကွ ဇာ ဣ ရ မြို့ သို့ ဘု ရင် မင်း ချီ ရပ် ရာ ကိုယ် တိုင် နှင့် ရ ထား တပ် ဗိုလ် များ ကို ဝိုင်း လာ သော ဧ ဒုံ သူ ရဲ တို့ အား ညဉ့် အ ချိန် ထ၍ တိုက် ခိုက် လျှင် ကိုယ့် စစ် သား တို့ အိမ် ရောက် ဆုတ် ပြေး ကြ သည့် အ တွက် Judson Bible ယဟောရံမင်းသည် ရထားစီးသူရဲအပေါင်းတို့နှင့်တကွ၊ ဇာဣရမြို့သို့စစ်ချီ၍ ညအခါဝိုင်းသော ဧဒုံလူများ၊ ရထားအုပ်များကို လုပ်ကြံသဖြင့်၊ ဧဒုံလူတို့သည် မိမိတို့နေရာသို့ပြေးကြ၏။ |
ထို့နောက် အဗရှလုံ၏အလောင်းကိုဆွဲချပြီး တောထဲရှိတွင်းကြီးတစ်တွင်းထဲသို့ပစ်ချကာ သူ့အပေါ်တွင် ကျောက်ပုံကြီးပုံထားကြ၏။ အစ္စရေးအမျိုးသားအပေါင်းတို့လည်း အသီးသီး မိမိတို့နေရာသို့ ပြန်ပြေးကြလေ၏။
ထိုအခါ ရှင်ဘုရင်သည် ထ၍မြို့တံခါး၌ သွားထိုင်၏။ လူအပေါင်းတို့ကလည်း “ကြည့်ရှုလော့။ မြို့တံခါး၌ ရှင်ဘုရင် ထိုင်တော်မူ၏”ဟု တစ်ဆင့်စကားကြားသိကြလျှင် ရှင်ဘုရင်ထံသို့ လာကြ၏။ အစ္စရေးလူမျိုးတို့မူကား မိမိတို့အိမ်သို့ အသီးသီးပြန်ပြေးကြ၏။
အာမဇိမင်းကြီးသည် ဧဒုံစစ်သည်အယောက်တစ်သောင်းကို ဆားချိုင့်ဝှမ်းတွင် တိုက်ခိုက်သတ်ဖြတ်ပြီး ထိုစစ်ပွဲတွင် သေလမြို့ကို သိမ်းပိုက်နိုင်ခဲ့၏။ ထိုမြို့၏အမည်ကို ယောကသေလမြို့ဟု ယနေ့တိုင် ခေါ်ဆိုလျက်ရှိ၏။
ဂျေရုဆလင်မြို့အား စစ်မက်ဗိုလ်ခြေတို့ဝိုင်းရံကြသည်ကိုသင်တို့တွေ့မြင်ကြသောအခါ ထိုမြို့၏ပျက်စီးဆိတ်သုဉ်းခြင်းနီးကပ်လာပြီဖြစ်ကြောင်း သိမှတ်ကြလော့။