အစ္စရေးဘုရင်သည် မြို့ရိုးပေါ်တွင်ဖြတ်လျှောက်စဉ် အမျိုးသမီးတစ်ဦးက သူ့အား “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ အကျွန်ုပ်ကို ကယ်တော်မူပါ”ဟု အော်ဟစ်၏။
ဣသရေလဘုရင်သည်မြို့ရိုးပေါ်တွင်လမ်းလျှောက် သွားစဉ် အမျိုးသမီးတစ်ယောက်က``အရှင်မင်း ကြီး၊ ကျွန်တော်မအားကယ်တော်မူပါ'' ဟုဟစ် အော်လေသည်။
ဣ သ ရေ လ ဘု ရင် သည် မြို့ ရိုး တစ် လျှောက် မြန်း ကြွ စဉ်၊ မိန်း မ တစ် ယောက် က၊ အို အ ရှင် မင်း မြတ်၊ ကယ် တော် မူ ပါ ဟု ဟစ် လျှင်
ဣသရေလရှင်ဘုရင်သည် မြို့ရိုးပေါ်မှာ လျှောက်သွားစဉ်၊ မိန်းမတစ်ယောက်က အရှင်မင်းကြီး၊ ကယ်မတော်မူပါဟု အော်ဟစ်၏။
အီဂျစ်ပြည်တစ်ပြည်လုံးဆာလောင်မွတ်သိပ်သောအခါ လူတို့သည် အစားအစာအတွက် ဖာရောမင်းကြီးထံ အော်ဟစ်ကြ၏။ ထိုအခါ ဖာရောမင်းကြီးသည် အီဂျစ်ပြည်သားအပေါင်းတို့အား “ယောသပ်ထံသို့ သွားကြလော့။ သင်တို့အား သူပြောသည့်အတိုင်းပြုကြလော့”ဟု မိန့်ဆို၏။
တေကောမြို့သူ ထိုအမျိုးသမီးသည် ရှင်ဘုရင်ထံသွား၍ မြေပေါ်ပျပ်ဝပ်ဦးညွှတ်လျက် “အရှင်မင်းကြီး၊ ကယ်မတော်မူပါ”ဟု လျှောက်၏။
ထိုသို့ မြို့ကိုဝိုင်းထားချိန်ကြာလာသောအခါ ရှမာရိမြို့တွင်း၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကြီး ဆိုက်ရောက်ပြီး မြည်းခေါင်းတစ်ခေါင်းကို ငွေစရှစ်ဆယ်ရှယ်ကယ်၊ ခိုချေးတစ်ကက်၏လေးပုံတစ်ပုံကို ငွေစငါးရှယ်ကယ် ဖြစ်သွားလေ၏။
ထိုအခါ ရှင်ဘုရင်က “သင့်ကို ထာဝရဘုရားကယ်တော်မမူလျှင် သင့်ကို ငါမည်သို့ကယ်ရမည်နည်း။ ကောက်နယ်တလင်းမှလော၊ သို့မဟုတ်လျှင် စပျစ်သီးနယ်ရာကျင်းမှလော”ဟု ပြန်လည်မိန့်ဆို၏။
စစ်ကြောစီရင်ရာနေ့၊ ဝေးသောအရပ်မှဖျက်ဆီးခြင်းဘေး ရောက်လာသောနေ့၌ သင်တို့မည်သို့ပြုကြမည်နည်း။ မည်သူ့ထံပြေး၍ အကူအညီတောင်းကြမည်နည်း။ သင်တို့၏စည်းစိမ်ဥစ္စာများကို မည်သည့်နေရာ၌ထားခဲ့ကြမည်နည်း။
ထိုမြို့၌ရှိသော မုဆိုးမတစ်ဦးသည် သူ့ထံသို့ အကြိမ်ကြိမ်လာပြီး ‘ကျွန်မဘက်၌နေ၍ ကျွန်မကိုတရားစွဲဆိုသူအား တရားသဖြင့်စီရင်ပေးပါ’ဟု လျှောက်လေ၏။
“အစ္စရေးအမျိုးသားတို့၊ ကူညီကြပါ။ ဤသူသည် လူမျိုးတော်ကိုလည်းကောင်း၊ ပညတ်တရားကိုလည်းကောင်း၊ ဤနေရာကိုလည်းကောင်း ဆန့်ကျင်လျက် အရပ်ရပ်တို့၌ လူအပေါင်းတို့အား သွန်သင်နေသူဖြစ်၏။ ထိုမျှမက ဂရိလူမျိုးတို့ကိုလည်း ဗိမာန်တော်ထဲသို့ခေါ်ဆောင်လာ၍ ဤသန့်ရှင်းရာဌာနကို ညစ်ညူးစေပါပြီ”ဟု အော်ဟစ်ကြ၏။