အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ငါထာဝရဘုရားသည် မြေပေါ်၌ မိုးရွာစေမည့်အချိန်မရောက်မချင်း အိုးထဲမှမုန့်ညက် မကုန်၊ ဘူးထဲမှဆီ မလျော့ရ’ဟူ၍ မိန့်တော်မူနှင့်ပြီ”ဟု ဆို၏။
၄ ရာ 4:6 - မြန်မာ့စံမီသမ္မာကျမ်း အိုးများပြည့်သွားသောအခါ သူက သားအား “နောက်ထပ်အိုးတစ်လုံးယူခဲ့ပါ”ဟုဆိုလျှင် သူ့သားက “အိုးမရှိတော့ပါ”ဟုပြောလိုက်သည်နှင့် ဆီများလည်း ရပ်သွားလေ၏။ Common Language Bible ထိုအိုးများအားလုံးဆီပြည့်သောအခါ မုဆိုးမက``အိုးလွတ်ကျန်သေးသလော'' ဟု သားတို့အားမေး၏။ သားတစ်ယောက်က``မကျန် တော့ပါ'' ဟုဆိုလိုက်သည်နှင့်ဆီထွက်ရပ်လေ၏။- Garrad Bible အိုး ပေး ဦး လော့ ဟု သား တစ် ယောက် အား တောင်း သော်၊ တစ် လုံး မျှ မ ကျန် ပြီ ဟု ပြန် ဆို သည် နှင့် ဆီ ထွက် ရပ် လေ ၏။ Judson Bible အိုးများ၌ ဆီပြည့်သောအခါ၊ အိုးတစ်လုံးကိုယူခဲ့ဦးဟု သားအားဆိုလျှင်၊ အိုးလပ်မရှိပါဟု ပြန်ပြောသော်၊ ဆီသည် တန့်လျက်နေ၏။ |
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ငါထာဝရဘုရားသည် မြေပေါ်၌ မိုးရွာစေမည့်အချိန်မရောက်မချင်း အိုးထဲမှမုန့်ညက် မကုန်၊ ဘူးထဲမှဆီ မလျော့ရ’ဟူ၍ မိန့်တော်မူနှင့်ပြီ”ဟု ဆို၏။
ထိုအခါ ဘုရားသခင်၏လူက ရှင်ဘုရင်ကို အမျက်ထွက်၍ “သင်သည် ငါးကြိမ်ခြောက်ကြိမ်ရိုက်သင့်၏။ သို့မှ ဆီးရီးယားဘုရင်ကို အပြီးသတ်တိုက်ခိုက်နှိမ်နင်းနိုင်မည်။ ယခုမှာ ဆီးရီးယားဘုရင်ကို သုံးကြိမ်သာ အောင်နိုင်လိမ့်မည်”ဟု ဆို၏။
ထို့ကြောင့် သူသည် ဧလိရှဲထံမှပြန်သွား၍ သားတို့နှင့်အတူ တံခါးကိုအထဲမှပိတ်ကာ သူ့ထံယူလာပေးသောအိုးများထဲသို့ ဆီများကိုလောင်းထည့်၏။
ကိုယ်တော်သည် သူတို့၏မယုံကြည်မှုကြောင့် ထိုနေရာ၌ များစွာသောတန်ခိုးလက္ခဏာတို့ကို ပြုတော်မမူခဲ့ပေ။
လူအပေါင်းတို့သည် စား၍ဝကြ၏။ ထို့နောက် ကြွင်းကျန်သောမုန့်အကျိုးအပဲ့များကိုကောက်သိမ်းကြရာ တစ်ဆယ့်နှစ်တောင်းအပြည့်ရကြ၏။
လူအပေါင်းတို့သည် စား၍ဝကြ၏။ ထို့နောက် ကြွင်းကျန်သောမုန့်အကျိုးအပဲ့များကို ကောက်သိမ်းကြရာ ခုနစ်တောင်းအပြည့်ရကြ၏။
ထိုအခါ ယေရှုသည် သူတို့၏မျက်စိကိုတို့လျက်“သင်တို့၏ယုံကြည်ခြင်းအတိုင်း သင်တို့၌ဖြစ်စေ”ဟု မိန့်တော်မူသော်
ကိုယ်တော်ထံမှတန်ခိုးတော်ထွက်၍ လူအပေါင်းတို့ကိုကျန်းမာစေသောကြောင့် လူထုပရိသတ်အားလုံးသည် ကိုယ်တော်ကိုတို့ထိနိုင်ရန် ကြိုးစားကြ၏။
ထိုသူတို့သည် ဝလင်စွာစားကြပြီးသောအခါ ယေရှုက တပည့်တော်တို့အား“တစ်စုံတစ်ခုမျှ အလဟဿမဖြစ်စေရန် ကြွင်းကျန်သောအကျိုးအပဲ့များကို ကောက်သိမ်းကြလော့”ဟု မိန့်တော်မူ၏။
ထိုပြည်ထွက်အစားအစာကိုစားပြီး နောက်တစ်နေ့တွင် မန္နမုန့်ပြတ်လေ၏။ အစ္စရေးအမျိုးသားတို့သည် မန္နမုန့်ကို မစားရကြတော့ပေ။ ထိုနှစ်တွင် ခါနာန်ပြည်ထွက်အသီးအနှံကို စားရကြ၏။