ထို့နောက် သူသည် သူငယ်အပေါ် ကိုယ်ကိုသုံးကြိမ်မှောက်ပြီး ထာဝရဘုရားထံ “အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ဤသူငယ်ကို ပြန်၍အသက်ရှင်စေတော်မူပါ”ဟူ၍ အော်ဟစ်တောင်းလျှောက်၏။
၄ ရာ 4:34 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူငယ်ပေါ်တွင် နှုတ် နှုတ်ချင်း၊ မျက်လုံး မျက်လုံးချင်း၊ လက် လက်ချင်း ထပ်ပြီး လှဲအိပ်လေ၏။ ထိုသို့ သူငယ်ပေါ်တွင် ကိုယ်ကို မှောက်၍နေသောအခါ သူငယ်၏ကိုယ်မှာ နွေးလာ၏။ Common Language Bible ထိုနောက်သူငယ်၏အပေါ်တွင်မှောက်လျက်နှုတ်ချင်း၊ မျက်စိချင်း၊ လက်ချင်းထပ်၍ထား၏။ ယင်းသို့ သူငယ်၏အပေါ်တွင်မှောက်၍နေသောအခါ သူငယ်၏ကိုယ်ခန္ဓာသည်နွေးစပြုလာ၏။- Garrad Bible တက်၍ သူ ငယ့် အ ပေါ် တွင် မှောက် လျက် နှုတ် ချင်း၊ မျက် စိ ချင်း၊ လက် ချင်း အပ် လျက် တုပ် ဝပ် နေ ၏။ သူ ငယ့် အ သား ပူ နွေး သော်၊ Judson Bible သူငယ်၏အနီးအပါးသို့ချဉ်း၍၊ သူ့အပေါ်မှာအိပ်လျက် နှုတ်ချင်း၊ မျက်စိချင်း၊ လက်ချင်းထပ်လျက်၊ သူငယ်အပေါ်မှာ ကိုယ်ကိုလှန်သဖြင့် သူငယ်အသားသည် နွေးစရှိ၏။ |
ထို့နောက် သူသည် သူငယ်အပေါ် ကိုယ်ကိုသုံးကြိမ်မှောက်ပြီး ထာဝရဘုရားထံ “အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ဤသူငယ်ကို ပြန်၍အသက်ရှင်စေတော်မူပါ”ဟူ၍ အော်ဟစ်တောင်းလျှောက်၏။
ထို့နောက် ဧလိရှဲက အစ္စရေးဘုရင်အား “လက်ကိုလေးပေါ် တင်လော့”ဟုဆိုလျှင် သူလည်း လက်ကိုလေးပေါ်တင်၏။ ထိုအခါ ဧလိရှဲက မိမိလက်ကို အစ္စရေးဘုရင်၏လက်ပေါ် တင်၏။
ထိုအခါ ပေါလုသည် ဆင်းလာ၍ သူ့အပေါ် မိမိကိုယ်ကိုလှဲ၍ ဖက်ထားပြီးလျှင် “ရုတ်ရုတ်သဲသဲမဖြစ်ကြနှင့်။ အကြောင်းမူကား သူ့အသက်သည် သူ၌ရှိ၏”ဟု ဆိုလေ၏။