နံနက်စောစောထသောအခါ ရေကိုနေထိုးသဖြင့် မောဘလူမျိုးတို့ဘက်မှကြည့်လျှင် ရေသည်သွေးရောင်ကဲ့သို့နီရဲနေ၏။
၄ ရာ 3:23 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူတို့က “ဤကား သွေးများပင်တည်း။ ရှင်ဘုရင်တို့သည် တစ်ဦးကိုတစ်ဦးအချင်းချင်းပြန်လည်တိုက်ခိုက်သတ်ဖြတ်ကြပြီ။ မောဘလူမျိုးတို့၊ ဥစ္စာပစ္စည်းများ သွားလုယူကြစို့”ဟု ဆိုလျက် Common Language Bible မောဘပြည်သားတို့က``သွေးတွေပါတကား။ ရန်သူ့ တပ်မတော်သုံးခုသည်အချင်းချင်းတိုက်ခိုက်သတ် ဖြတ်ကြလေပြီ။ ငါတို့သွား၍သူတို့၏တပ်စခန်း ကိုလုယက်ကြကုန်အံ့'' ဟုကြွေးကြော်ကြ၏။ Garrad Bible ဘု ရင် မင်း တို့ သည် အ ချင်း ချင်း လုပ် ကြံ၍ သေ ကြ လေ ပြီ။ အ ချင်း မော ဘ လူ မျိုး တို့၊ လု ယူ ကြ ကုန် အံ့ ဟု ညာ လျက်၊ ဣ သ ရေ လ တပ် သို့ ရောက် ကြ သော်၊ Judson Bible အသွေးဖြစ်၏။ စင်စစ်ရှင်ဘုရင်တို့သည် တစ်ယောက်ကိုတစ်ယောက်လုပ်ကြံ၍ သေကြပြီ။ သို့ဖြစ်၍ မောဘပြည်သားတို့၊ လုယူကြလော့ဟုဆိုကြ၏။ |
နံနက်စောစောထသောအခါ ရေကိုနေထိုးသဖြင့် မောဘလူမျိုးတို့ဘက်မှကြည့်လျှင် ရေသည်သွေးရောင်ကဲ့သို့နီရဲနေ၏။
အစ္စရေးတပ်စခန်းသို့ ဝင်သွားကြ၏။ ထိုအခါ အစ္စရေးတပ်သားတို့သည် ထ၍တိုက်ခိုက်သဖြင့် မောဘလူမျိုးတို့ ထွက်ပြေးကြရာ မောဘပြည်အထိ သူတို့ကို လိုက်၍တိုက်ခိုက်သတ်ဖြတ်လေ၏။
အကြောင်းမှာ ဘုရားရှင်သည် ဆီးရီးယားတပ်သားတို့အား စစ်ရထားသံ၊ မြင်းခွာသံများဖြင့် စစ်တပ်ကြီးချီလာသောအသံကို ကြားရစေတော်မူသဖြင့် သူတို့က “ကြည့်ပါ။ အစ္စရေးဘုရင်သည် ငါတို့ကို တိုက်ခိုက်ရန် ဟိတ္တိဘုရင်၊ အီဂျစ်ဘုရင်တို့ကို စစ်ကူတောင်းပြီးချီလာလေပြီ”ဟု အချင်းချင်းပြောဆိုကြလျက်
ထို့ကြောင့် ယောရှဖတ်မင်းကြီးနှင့် သူ၏လူတို့သည် တိုက်ရာပါပစ္စည်းများကို လာရောက်သိမ်းယူကြ၏။ အလောင်းများ၌ ပစ္စည်းဥစ္စာများ၊ အဖိုးတန်အသုံးအဆောင်များ အမြောက်အမြား တွေ့ရှိ၍ မိမိတို့အတွက် ချွတ်ယူကြ၏။ တိုက်ရာပါပစ္စည်း အလွန်များပြားသဖြင့် တစ်ချီတည်းမသယ်နိုင်။ သုံးရက်တိုင်တိုင် သယ်သွားကြရ၏။
ရန်သူက ‘ငါလိုက်မည်။ သူတို့ကို ငါမီမည်။ တိုက်ယူသောပစ္စည်းကိုခွဲဝေ၍ ငါ့စိတ်အလိုပြည့်မည်။ ငါ့ဓားကိုထုတ်၍ သူတို့ကို ငါ့လက်ဖြင့် ဖျက်ဆီးမည်’ဟု ဆိုသောအခါ
ငှက်သိုက်ကိုရယူနိုင်သကဲ့သို့ ငါ့လက်သည် လူမျိုးတို့၏ဥစ္စာပစ္စည်းကို ရယူနိုင်ပြီ။ စွန့်ပစ်ထားသောငှက်ဥတို့ကို ကောက်သိမ်းသကဲ့သို့ ငါသည် မြေတစ်ပြင်လုံးကို ကောက်သိမ်းပြီ။ တောင်ပံခတ်ခြင်း၊ နှုတ်ဟခြင်း၊ မြည်တွန်ခြင်း မရှိ”ဟု ဆို၏။
‘ယောက်ျားတစ်ယောက်အတွက် မိန်းမပျိုတစ်ယောက်၊ နှစ်ယောက်၊ သိသရအတွက် တိုက်ခိုက်လုယူသောပစ္စည်းထဲမှ ရောင်စုံအဝတ်အစား၊ ငါ့အတွက် ရောင်စုံပန်းထိုးအဝတ်အစား၊ ရောင်စုံပန်းထိုးလည်စည်း စသည်တို့ကိုခွဲဝေနေကြခြင်းသာဖြစ်မည်’ဟူ၍ ဖြစ်၏။